at Monday, April 20, 2009 Labels: , Posted by nyimuyar


ဟော့ဒေါ့ မစားဖြစ်တာ တော်တော်ကြာသွားတာနဲ့ပဲ လုပ်စားဖြစ်တယ်။ စာရေးသူ တို ့ လုပ်စားတဲ့ ဟော့ဒေါ့ ကတော့ ကိုယ့် အကြိုက် သင့်တော်တာလေးတွေ နဲ့ ပဲ လုပ်ဖြစ်ပါတယ်။

ဟော့ဒေါ့ လုပ်တဲ့ ပေါင်မုန့် ကို အလယ်က ခွဲပြီး ပူနေတဲ့ ဒယ်အိုးပေါ်မှာ ၁ မိနစ်လောက် အပူပေးပါတယ်။ ပေါင်မုန့်ကို တခါတလေလည်း ဆပ်ဝေးပုံစံ ဘေးတိုက်ခွဲတယ်၊ တခါတလေလည်း ပုံမှန် ဟော့ဒေါ့လို အပေါ်ကနေခွဲတယ်။ ဖီလင်လာရင် လာသလိုပဲပေါ့။ ဟော့ဒေါ့ ဝက်အူချောင်းတွေကို ဓားနဲ့ မွှန်းပြီး ဆီနည်းနည်းလေး နဲ့ မကပ်တဲ့ ဒယ်အိုးပေါ်မှာ လှိမ့်ပေးရတယ်။ သုံးမိနစ်လောက် ကြာတဲ့အခါ ဝက်အူချောင်း ကောင်းကောင်း ကျက်ပါတယ်။ ဝက်အူချောင်းကိုလည်း စိတ်ရှည်ရင် ရှည်သလို အနုပညာမြောက်မွှန်းတယ်။ စိတ်မရှည်တဲ့အခါလည်း ဟိုခြစ် ဒီခြစ်ပေါ့၊

ကြက်သွန်နီ ကို ခပ်ထူထူလှီး၊ ခရမ်းချဉ်သီး ရှိရင် ခရမ်းချဉ်သီးကို အတုံးလေးတွေ လှီး၊ ပေါင်မုန့် ထဲ ညှပ်စားတဲ့ ချိစ် အပြားကို အနေတော် အရှည်လေးတွေ လှီး ထားပါတယ်။

အားလုံး အဆင်သင့် ဖြစ်တော့ ခုနက အပူပေးထားတဲ့ ပေါင်မုန့် ထဲကို ချိစ် အပြားလေးတွေ ညှပ်၊ ဝက်အူချောင်း ညှပ်၊ ကြက်သွန်နီ လှီးထားတာလေးတွေ ညှပ်၊ ခရမ်းချဉ်သီး တွေ ညှပ်(ဒီတခေါက်တော့ ခရမ်းချဉ်သီး မရှိတာနဲ့ပဲ မထည့်ရဘူး)၊ ငရုတ်ကောင်းမှုန် ့ဖြူး၊ Mustard က နဲနဲလေး စားမှာကို ဘူးသေးမရှိတာနဲဲ့ မဝယ်ဖြစ်ပြန်ပါဘူး၊ ဒါနဲ့ Chilli Sauce ပဲဆမ်း ဖြစ်တယ်။

ဘာပဲ ဖြစ်ဖြစ် အခုလို ကိုယ်တိုင် အိမ်မှာ လုပ်တော့လည်း စားချင်တဲ့ အချိန် ပူပူနွေးနွေးနဲ့ အန္တရာယ် ကင်းကင်း၊ အကုန်အကျ သက်သက်သာသာ နဲ့ အရသာရှိရှိ စားရတာပါပဲ။ သက်ထားက ကြိုက်လို ့ ဆိုပြီး အဆိုပြုတာနဲ့ ၅ ရက်ဆက်တိုက် စားဖြစ်သွားတဲ့ မနက်စာ ပူပူနွေးနွေး ဟော့ဒေါ့ တွေပေါ့ဗျာ။

အိမ်လုပ် ဟော့ဒေါ့များကို(ဗိုက်ဆာနေတာမို ့ ဓာတ်ပုံကတော့ ဟော့ဒေါ့ တခုထဲ ရိုက်မိတယ်) ပိုစ့်ဖတ်ရင်း သွားရည်ကျနိုင်ရန် အလို ့ငှာ စေတနာရှေ့ထားပြီး ပုံတင်ပေးထားပါတယ်။ ရှုစားနိုင်ပါပြီ။


အလှအပ ထက် အရသာကို ရှေ့ထားပြီး ရိုက်ထားတဲ့ ဟော့ဒေါ့ဖြစ်ပါတယ်။

ညီမူရာ

Share

3 comments:

  1. အရသာရှိမယ့်ပုံပါဘဲ...လှလဲလှပါတယ်..
    တစ်ခါလောက်တော့ကိုယ်တိုင်စမ်းကြည့်အုန်းမယ်
    ယုံမလားတော့မသိဘူး..တစ်သက်နဲ့တစ်ကိုယ် ဟော့ဒေါ့ တစ်ခါမှမစားခဲ့ဘူးဖူး...မလေးရှားရောက်ခဲ့တုန်းက ချစ်သူဆီက တစ်ကိုက်ယူစားဖူးတယ်.. ကောင်းတယ် သိလား.. ကျေးဇူး...

  1. ဟော.ဒေါ့လေးက စားချင်စရာ ... ဒီမှာ ဖတ်ချင်စရာတွေ အများကြီး ရှိသေးတယ်။ အေးဆေးမှ လာဖတ်ပါဦးမယ်။

  1. ဟောဒေါ့

    တလုံး လောက်

    စား ချင် တယ်

    တစ်ခါမှမစားဘူးဖူး

CBox

My CBox has been hijacked by some spammer. So, CBox has been removed. Sorry for inconvenience causes.