BLE Joo Koon Location Map (from LTA)

Image from Land Transport Authority, Singapore



အစိမ်းလိုင်း ဘွန်းလေး ဘူတာကနေ ထပ်မံ တိုးချဲ့ထားတဲ့ (BLE) ကြို ့ကုန်း Joo Koon ဘူတာအထိ ၃.၈ ကီလိုအရှည်ရှိတဲ့ ရထားလမ်းပိုင်းဟာ ယနေ ့နံနက် ၅ နာရီခွဲမှာ စတင် အသက်ဝင်လာပြီဖြစ်ပါတယ်။

စင်ကာပူ ပို ့ဆောင်ရေး ဝန်ကြီး နဲ့ အဖွဲ့က ဘွန်းလေးကနေ တိုးချဲ ့ပြေးဆွဲမယ့် ဘူတာ ၂ ခုဖြစ်တဲ့ ပိုင်အိုးနီးယား နဲ့ ကြို ့ကုန်း ဘူတာ လမ်းပိုင်းကို တရားဝင်အဖြစ် ပိုင်အိုးနီးယား ဘူတာမှာ ၂၇ ရက် ဖေဖော်ဝါရီ နေ ့လယ် ၁ နာရီ မှာ အခမ်းအနားနဲ့ ဖွင့်လှစ်ပေးလိုက်တာ ဖြစ်ပါတယ်။

တိုးချဲ ့လမ်းပိုင်းကို ပထမဆုံး ပြေးဆွဲမယ့် ရထားဟာ ၂၈ ဖေဖော်ဝါရီ (ဒီကနေ ့) မနက် ၅ နာရီ ၂၈ မိနစ် တိတိမှာ စတင် မောင်းနှင်ပြေးဆွဲမယ်လို ့ သတင်းထုတ်ပြန်ထားပါတယ်။

လူပေါင်း ၃သောင်းခွဲ ကျော်လောက် အချိန်ကုန် သက်သာ ချောမွေ ့စေတဲ့ အကျိုးခံစားခွင့်တွေ ရရှိတဲ့ ကြို ့ကုန်း တိုးချဲ့လမ်းပိုင်း ကို ၂၀၀၅ ခုနှစ် သြဂုတ်လမှာ စတင်ခဲ့တာဖြစ်ပြီး စင်ကာပူဒေါ်လာ ၄၃၆သန်း (ဘီလျှံ ၄၀) ကုန်ကျခဲ့တာ ဖြစ်ပါတယ်။

အစိမ်းလိုင်း အရှေ ့က အနောက်ပြေးဆွဲတဲ့ ရထားလမ်းပိုင်းဟာ ယခုဆိုရင် ၄၉.၂ ကီလိုမီတာ အရှည် နဲ့ ၃၁ ဘူတာ ရှိသွားပြီဖြစ်ပါတယ်။ ယခင် To Boon Lay လို ့ စာတန်းထိုးတဲ့ နေရာတွေ တံဆိပ်ကပ်ထားတဲ့ ဘူတာ က နေရာတွေ အားလုံးလည်း To Joo Koon လို ့ ပြောင်းလဲရေးထားပြီ ဖြစ်ပါတယ်။ ရထားတွေ ပေါ်က ဘူတာပြ မြေပုံတွေ ကိုလည်း မကြာမီ အချိန်တို အတွင်းမှာ အပြီးသတ် လဲလှယ်သွားမယ် လို ့ သတင်းတွေ ထုတ်ပြန်ထားတာ တွေ ့ရပါတယ်။



photo by Icemoon


၁၉၉၀ မှာ စတင်ဖွင့်လှစ် ပြေးဆွဲတဲ့ အစိမ်းလိုင်းရဲ ့ အနောက်ဖက် အဆုံး ဘူတာ ဖြစ်တဲ့ ဘွန်းလေး ဟာ ယနေ ့ကစပြီး နောက်ဆုံးဘူတာ မဟုတ်တော့ပါဘူး။ သူ ့အစား ကြို ့ကုန်း ဘူတာ က နောက်ဆုံး ဘူတာ အဖြစ် ပြောင်းလဲ နေရာယူသွားပြီ ဖြစ်ပါတယ်။

ညီမူရာ

Share

ခရီးက ပြန်လာတော့ သူငယ်ချင်း အချို ့က မေးတယ် ဘာတွေကြားသေးလည်း ဘာတွေထူးသေးလည်း ပေါ့။ သိကြတဲ့ အတိုင်း ကိုယ့်ရပ်ကိုယ်ရွာ ဘာတွေ သတင်းထူးလည်း ကြားချင်ကြတာ သဘာဝမဟုတ်လား။

ရေခြားမြေခြား နေတာကြာတော့ အတင်းအဖျင်း မှန်တာရော မမှန်တောရော ကြားချင် ကြသူတွေချည်းပါပဲ။ ထိုသို ့လျှင် မြင်တွေ ့ကြားသိ ခဲ့ရပါသည် ဆိုပြီး ကိုယ်တွေ ့သိရတာရော ကောလဟာလ တွေရော ပြောလိုက်ပါတယ်။ ကိုယ်အတွေး ကိုယ့်ယူဆချက် နဲ့ ဘယ်ဟာ အမှန် ဘယ်ဟာအမှား ဆိုတာကတော့ နားထောင် ဖတ်ရှုသူကိုယ်တိုင် ချင့်ချိန်ဖို ့ပဲရှိတာကိုး။

ဆီဈေးတွေ ကျနေတယ် ဘာကြောင့် ကားခတွေ မလျှော့တာလည်း ဆိုတော့ အခြားစားရိတ် အပိုပစ္စည်းဈေး တွေမကျလို ့ပါတဲ့။ လိုင်းကား ဆရာတို ့ တွက်ခြေကိုက်ပြီး ခုလူမပြည့်လည်း မောင်းတယ်ဆရာ။

ဒေါ်လာ ဈေးတွေကျပြီး လောင်စာဆီ တွေ အဲ့သလောက်မကျဘူးတဲ့။ ဒေါ်လာအကျမှာ လောင်စာဆီဈေး တွေ အရင်လို တန်းနေတော့ တင်သွင်းသူတွေ ကိုက်သတဲ့။
မီးက ပေးဆို ပေးလို ့ဖြစ်နေပြီ မီးစက်တွေအတွက် ဒီဇယ်ရောင်းကောင်းအောင် တမင်ဖြတ်ပေးထားရတာဆိုပဲ၊ ဟုတ်မဟုတ်တော့ ဘုရားမှ သိမယ်။

အခု ပိုက်ဆံတွေက အရမ်းကို ဟောင်းနွမ်းပြီး စုတ်ပြတ်သတ်ကုန်ကြပြီ။ သူအစုတ်ပေးလည်း ကိုယ်ယူ။ ကိုယ်အပြတ်ပေးလည်း သူယူ ဖြစ်ကုန်ပြီ ငြင်းလို့မရတော့ဘူး။ အဲ့ဒါ တထောင်တန် တရွက်ထုတ်ဈေးက ၅၀၀ လောက်ကုန်သတဲ့ ဆိုတော့ တထောင်တန် တရွက်ဖြစ်တိုင်း မူလတန်ဖိုး တထောင်ရယ် ထုတ်လုပ်စားရိတ် ၅၀၀ ရယ်ဖြစ်လို ့ မကိုက်ဘူးဆိုတဲ့ သတင်းတွေတော့ ကြားပါတယ်။

အရောင်းအဝယ်တွေလည်း ပါးတယ် စီးပွားရေးကလည်း ကျ အရောင်းအဝယ်တွေကလည်း မဖြစ်နဲ့ တော်တော် ကြိုးစားရတယ်တဲ့။ ဈေးတွေ ပလာဇာ တွေလည်း အေးအေးလူလူ ပါပဲ။ စတား တံဆိပ် တီဗီ။ ဒီဗီဒီ တွေကတော့ ၅၀ ရာခိုင်နှုန်း အထူးလျှော့ဈေးတဲ့ ဒါတောင် သိပ်မဝယ်ကြဘူးတဲ့ဗျာ။

ကိုယ်တွေကသာ တခါသုံး ဖုံးကဒ်တွေ မကိုက်ဘူး ကိုက်တယ် မတန်ဘူးတန်တယ် လုပ်နေတာ။ ဂဏန်းတွက်တဲ့ ချက်တဲ့ သူများကျတော့ သိပ်ကောင်းတာပဲဗျာ။ အရင်ငှားထားတဲ့ လိုင်း ဟန်းဖုန်းတွေတောင် ပြန်အပ်လိုက်ပြီး ဒါမျိုးချည်း ဝယ်သုံးနေတယ်တဲ့။ ပိုတောင် လုံခြုံသွားသလိုပါပဲတဲ့။

တိုင်စီတွေလည်း မီတာတွေ ကိုယ်စီ နဲ့ တိုင်စီမီတာ တလုံး ၂ သိန်းပေးရသတဲ့ ။ ဒါပေမယ့် ဘယ်သူမှ မီတာနဲ့ မလိုက်ဘူး အရင်အတိုင်း ပါးစပ်ဈေးနဲ့ ကြိုက်ဈေးမေးပြီး စီးကြတာပဲ။

စူပါမားကတ်တွေလည်း မီးမလာရင် မီးစက်တွေနဲ့ သူရို ့လည်း အဲယားကွန်း မဖွင့်နိုင်ကြတော့ မွမ်းကြပ်ကြပ်ကြီးပေါ့။ လူတွေ ပါးတော့ ဈေးဝယ်လို ့ကောင်းပါတယ်။ လိုင်းကား စီးတဲ့ သူတွေ လည်း အသွားအပြန် လိုင်းကား လမ်းစားရိတ်တင် တရက် တထောင်လောက်နီးနီးရှိတယ်။

ဘာစားစား အနည်းဆုံး ၅၀၀ လောက်ကနေ စတယ်။ ပုံမှန်က တထောင်လောက်ရှိတယ်။ရေသန့်တဘူး ၂၅၀ ကနေ ၃၂၀ လောက်ထိ ရှိတယ်။ အယ်လ်ပိုင်း ရေသန့် က ခု နာမည်ရနေတယ် ဆိုပဲ။ ဆိုင်တော်တော်များများ အယ်ပိုင်းပဲ ရှိတယ်။ ရေသန် ့ဝယ်တိုင်း မီးပျက်လို ့ မအေးဘူးနော် ဆိုတာချည်းပါပဲ။ လီတာ ၂၀ ဘူးကြီးတွေက အိမ်အရောက် ၃၅၀ တဲ့။

အကြွေတွေလည်းရှားကုန်ပြီ။ ၅၀ တန် အမ်းစရာမရှိဘူး တစ်ရှူးတထုပ်စီ အမ်းတာ တစ်ရှူးထုတ်တွေ အများကြီးပဲရတယ်။ဈေးသည်တွေကတော့ တစ်ရှူးထုပ် အမ်းမယ်ဆိုတာချည်းပဲ။ ကိုယ်ကတော့ ပြန်ပေးလို ့မရဘူး တစ်ရှူးတထုတ် ၅၀ ဆိုပြီး။ အချို ့စားသောက် ဆိုင်တွေကျတော့ ရာတန် အမ်းစရာမရှိလို ့ဆိုပြီး သူတို ့ ဆိုင်တံဆိပ်နဲ့ ဘောပင်တွေ အမ်းတယ်။ သကြားလုံး ခေတ်မဟုတ်တော့ဘူး။ ဟုတ်ပါပြီ ဈေးသည်တို့ရယ်လို ့ပဲ ပြောလိုက်ချင်တော့တယ်။

ဆေးကုသ စားရိတ်တွေကတော့ မိုးပေါ်ကပေါ့။ အကယ်ဒမီမှာ လူနာတယောက် ဆေးရုံတင်တာ နှလုံးခုန်စက်တပ်ထားရသတဲ့။ မီးပျက်တုန်း မီးစက်အပြောင်းမှာ နဲနဲနောက်ကျသွားလို ့ဆိုလား တပ်ထားတဲ့ နှလုံးခုန်စက် ရပ်ပြီး ကွယ်လွန်သွားတယ်။ ခွဲခန်းဝင်ရင် ခွဲစိတ်ဆရာဝန်ကို ခွဲခချည်းပဲ ၇ သိန်းလောက် ပေးရသတဲ့။ အကြီးစားခွဲစိတ်မှုပေါ့ဗျာ။ ဆေးရုံဖိုးမပါသေးဘူးတဲ့။

နာဂစ် အဖျားခတ်တဲ့ ရန်ကုန်မှာ အပင်ကြီးတွေ မရှိတော့ဘူး ဆောင်းတွင်းတောင် တော်တော်ကြီး ပူတယ်။ အဓိပတိလမ်းတို ့ စစ်ကိုင်းလမ်းတို ့လည်း အရိပ်ကို မရှိတော့ဘူး။

ကြားရ မြင်ရတာတွေကတော့ အစုံပေါ့။ ခုတော့ ကောလဟာလ ခပ်များများဆိုတော့ ဒီလောက်နဲ့ တော်ဦးမှ။

ညီမူရာ။



Share

အလုပ်တွေရှုပ်ပြီး အရှုပ်တွေလုပ် နေရတာကြောင့် ခုတလော သိပ်မအားပါ။ ဒါပေမယ့် ဒီနေ ့တော့ မအားတဲ့ကြားထဲက သက်ထားက တိုဟူးကျိုမယ် ဆိုလို ့ ဓာတ်ပုံလေးတွေ ရိုက်ပြီး စာရေးဖြစ်ပါတယ်။

တလောက စီးတီးဟောရောက်တုန်း ပဲမှုန် ့အစိမ်းတထုပ် ဝယ်လာဖြစ်တယ်။ တိုဟူးကျိုမယ် ဆိုပြီး မအားတာနဲ့ လုပ်မစားဖြစ်လိုက်ပါဘူး။ ဒီကနေ ့မှ ပဲ အကောင်အထည် ဖော်ဖြစ်သွားတယ်။ ကျိုတဲ့နည်းကတော့ နေးတစ်မြန်မာက ကိုဇိုဇို ရဲ့ ၆ မိနစ်အမြန် ကျိုနည်းပါ။

လူ ၂ ဦးစာအတွက် ၆မိနစ် တိုဟူးကျိုနည်း

ပဲမှုန် ့ (ဆန်ချိန်ခွက်) နဲ့ ၂ ခွက်
ရေ (အဲ့ဒီဆန်ချိန်ခွက်နဲ့) ၄ခွက်ခွဲ
ပဲမှုန် ့ကို ရေနဲ သေချာ ခပ်ကြာကြာ မွှေလိုက်ပါတယ်။ ဇကာတွေက အပေါက်ကြဲနေလို ့ ဇိုဇိုကြီးရဲ ့နည်းလို ဇကာမတိုက်တော့ပါဘူး။
ဆား လက်ဖက်စားဇွန်း နဲ့ သုံးပုံတပုံ
စားဆော်ဒါ နည်းနည်း ရယ်
နနွင်းမှုန် ့ ဇွန်းဖျား လေးနဲ့ နည်းနည်း တခါထဲ ထည့်မွှေထားပါတယ်။

ပြီးတော့ အသားထူတဲ့ အိုးထဲမှာ ပဲအရည်တွေ ထည့်ပြီး မီးပြင်းဆုံးနဲ့ ၃ မိနစ် ခပ်သွက်သွက်မွှေရင်း ကျိုပါတယ်။ အရည်တွေ ပြစ်စပြုတဲ့ အနေက အဲ့ဒီ ၃ မိနစ်လောက်ဆို ရောက်ပါပြီ။ မီးကို ခပ်မြှင်းမြှင်း(အနည်းဆုံး) နဲ့ နောက်ထပ် ၃ မိနစ်လောက် မွှေရင်း ကျိုပါတယ်။





အရမ်းပြစ်လာပြီး ပဲအိုးထဲက အငွေ ့တွေ ထွက်လာပြီ ဆို မီးပိတ်ပြီး အအေးခံမယ့် ကော်ခွက်ထဲ လောင်းထည့် ခြစ်ချပါတယ်။ ရှိတဲ့ ကော်ခွက်တွေက သေးနေတော့ မဆံ့မှာ စိုးပြီး ရေခဲမုန် ့ ဝယ်စားတုန်းက ကော်ဘူး အပြာရောင် နဲ့ ထည့်အအေးခံထားပါတယ်။ အပေါ်မှာ မျက်နှာပြင်ချောအောင် ဆီသုတ်လိုက်ပါသေးတယ်။



တော်တော်ကြီး ကြာပြီး အားလုံး အေးသွားပြီဆိုမှ လှီးပြီး အသုတ် စပါယ်ရှယ်လစ် သက်ထားက တိုဟူးသုတ်ပါတော့တယ်။ ကိုယ်တိုင်ကျိုပြီး သုတ်တဲ့ တိုဟူးဆိုတော့ လတ်ဆတ်ပြီး အလွန်ပဲ စားလို ့ကောင်းပါတယ်။



အသေးစိတ် နည်းရေးပေးပြီး မျှဝေတဲ့ နေးတစ်မြန်မာက ကိုဇိုဇို ကို အထူးပဲ ကျေးဇူးတင်ပါကြောင်း နှင့် မူလ အစ ကျိုနည်း မျှပေးတယ်ဆိုတဲ့ မြန်မာကျူးပစ်က မပျိုမေ၊ မဆွီတီ တို ့ကိုလည်း ထပ်လောင်း ကျေးဇူးတင်ပါကြောင်း။


ညီမူရာ

Share

ကွန်ပျူတာ ကို စပြီးသိတာက အင်္ဂလိပ် ဘာသာနဲ့ ထုတ်ဝေတဲ့ မြန်မာ့အလင်း သတင်းစာ ထဲက ကြော်ငြာကြောင့်ပါ။ အမှတ်မမှားဘူးဆိုရင် ၁၉၉၆ လောက်ကလို ့ထင်ပါတယ်။ ကွန်ပက် တံဆိပ် စားပွဲတင် ကွန်ပျူတာ ပေါ့။ တကယ်တမ်း စပြီး မြင်ဖူးတာကလည်း တပ်မတော်ခန်းမ မှာ ကျင်းပတဲ့ ပြပွဲတခုမှာ စပြီး မြင်ဖူးတာပါ။

ကွန်ပျူတာ စသင်တော့ ၁၉၉၈၊ ဝင်းဒိုး ၃.၁ ခေတ်ပေါ့ဗျာ။ ဒီလိုနဲ့ ၂၀၀၀ ခုနှစ် ကေအမ်ဒီမှာ သင်တန်းတခုတက်တော့ အဲ့ဒီမှာ ဝင်းဒိုး ၉၈ တို ့ windows NT 4 တို ့သုံးရတယ်။ ကိုမြင့်ဦးက အဲ့ဒီတုန်းက စာသင်သေးတယ်။ ဝင်းဒိုး၉၈ ခေတ်ဆိုတော့ သိတဲ့အတိုင်း ကွန်ပျူတာကို ပိတ်ရင် နောက်ဆုံးမှာ အခုကွန်ပျူတာကို စိတ်ချစွာ ပိတ်နိုင်ပါပြီ ဆိုပြီ အမဲနောက်ခံ နဲ့ လိမ္မော်ရောင် စာတမ်းပေါ်ပါရောလား။ ဒါပေမယ့် သင်တန်းတွေမှာ စက်ကို shutdown ဆင်းပြီးတာနဲ့ သင်တန်းသားတွေက ပြန်တာပဲ ဝါပါခလုပ်တွေ ပိတ်လေ့မရှိကြဘူးလေ။

အဲ့ဒီတုန်းက မြန်မာလက်ကွက် ကျွမ်းအောင် ကဗျာလေး စာလေးကလည်း စရေးခါစ ဆိုတော့ ကွန်ပျူတာ ဖွင့်တာ ပိတ်တာ ကိုပဲ စိတ်ကူးဉာဏ်ကွန် ့မြူးပြီး ကဗျာတပုဒ် ရေးဖြစ်သွားတယ်။ ကွန်ပျူတာ ဖက်ကနေ ခံစားပြီး ရေးဖြစ်သွားတာပေါ့။ အဲ့ဒီတုန်းက စာရေးသူ အကြိုက်ဆုံး CE Freehand Font နဲ့ ရေးတာပေါ့။ မုန်းမှဖြင့် လို ့ နာမည်လေး ရွေးပေးဖြစ်တယ်။




မုန်းမှဖြင့်


တို့ကိုစသုံး တပြုံးပြုံးနှင့်
မေးတိုင်း အိုကေ မင်းပဲဖြေပြီး
ကျေနပ်အောင်သုံး ခုတော့မုန်းမို့
သခင်မကြင် ထွက်ခွာရင်တော့
ပါဝါ ကိုပါ ပိတ်ခဲ့ပေါ့


၁ နိုဝင်ဘာ ၂၀၀၀
It's now safe to turn off your computer ကို ခံစားရေးဖွဲ့သည်။

(အဲ့ဒီတုန်းက ကဗျာတွေအဆုံးမှာ အင်္ဂလိပ်စာ သုံးလုံးရေးဖြစ်တယ် ကိုယ်က ကွန်ပျူတာသင်တန်းတက်ခါစ သင်တန်းတွေကလည်း နာမည်သုံးလုံးတွေများတော့ ကိုယ့်နာမည် ရဲ့အတိုကောက် သုံးလုံးကို ရွေးပြီး ရေးတာပါပဲ။ ခုတော့ ရက်စွဲပဲ ထည့်လိုက်ပါတယ်။)

ညီမူရာ

Share


နှစ်တနှစ် ရဲ ့ အစ ဒုတိယလ ဖြစ်တဲ့ ဖော်ဖော်ဝါရီ ဟာ စာရေးသူတို ့အတွက် အမှတ်ရစရာ အများကြီး ရှိပါတယ်။ နိုင်ငံ နဲ့ လူမျိုးအတွက်လည်း အထိမ်းအမှတ်လတွေလည်း ဖြစ်ပါတယ်။ ပြည်ထောင်စုနေ ့ လို ့ သတ်မှတ်ကြတဲ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ ့ဟာ နိုင်ငံအတွက် အထိမ်းအမှတ်လ ဖြစ်သလို စာရေးသူတို ့ မိသားစု အတွက်လည်း အထိမ်းအမှတ်နေ ့ဖြစ်ပါတယ်။

ဟိုးလွန်ခဲ့တဲ့ ၃၅ နှစ်က စာရေးသူရဲ ့ မိဘ နှစ်ပါးရဲ ့ မင်္ဂလာပွဲ ကျင်းပခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်ကလည်း စာရေးသူ နဲ့ သက်ထားတို ့ရဲ ့ မင်္ဂလာပွဲကို လည်း ပြည်ထောင်စု နေ့မှာပဲ ကျင်းပခဲ့တာပါ။ ပထမဆုံး နှစ်ပတ်လည် နေ ့ကိုတော့ အိမ်မှာပဲ အဆင်ပြေသလို ကျင်းပဖြစ်ပါတယ်။

ကိုအန်ဒီရဲ့ ဘလော့ထဲက ပူရီ လုပ်နည်းကို ဖတ်ပြီး သက်ထားက ပူရီလုပ်တယ်။ သူ လုပ်တဲ့ ပထမဆုံး ပူရီ ကို နှစ်ယောက်သား ကြည်နူးစွာ စားဖြစ်ရင်း ပထမဆုံး နှစ်ပတ်လည်ကို ဖြတ်သန်း ဖြစ်သွားတယ်။ ညနေခင်းဟာ အရောင်တွေ လက်လို ့ပေါ့။



နောက် ၂ ရက်လောက် ခြားတော့ ချစ်သူတွေကြား အမှတ်တရ နေ ့ဖြစ်တဲ့ ချစ်သူများနေ ့ကို ရောက်လာတော့ တာပါပဲ။ မနှစ်ကတော့ ကမ်းခြေမှာ နှစ်ယောက်ထဲ ညစာနဲ့ ဗာလင်တိုင်း အထိမ်းအမှတ် လုပ်ဖြစ်ပါတယ်။ ဒီနှစ်တော့ စာရေးသူ နဲ့ သက်ထားတို ့ရဲ ့ ၅ ကြိမ်မြောက် ချစ်သူများနေ ့ အဖြစ်အိမ်မှာပဲ မုန် ့ဟင်းခါး ချက်စားဖြစ်ပါတယ်။





သူငယ်ချင်း အချို ့ကိုလည်း ဖိတ်ပြီး မုန့်ဟင်းခါးနဲ့ပဲ တည်ခင်း ဧည့်ခံဖြစ်ပါတယ်။ သူငယ်ချင်းတွေ ပွဲအတောင်းဆုံးဖြစ်ပြီး အဆင်အပြေဆုံး ဖြစ်တဲ့ အသင့်လုပ်ထားတဲ့ မုန့်ဟင်းခါးထုပ်တွေကိုပဲ မွမ်းမံ ပြင်ဆင်ကာ ချက်ပြုတ်ဖြစ်တာပါ။ ဒီတခေါက်တော့ ထူးခြားသွားအောင် ဗာလင်တိုင်းအမှတ်တရ ပဲကပ်ကြော် ကို ကိုယ်တိုင်ကြော်ဖြစ်သွားပါတယ်။




သူငယ်ချင်း ၂ ယောက် က အမှတ်တရ အဖြစ် ဘဂဝမ်ဆိုလို က ကိတ်မုန့် တဗူးဝယ်လာလို ့ ကိတ်မုန် ့နဲ့ လည်း ကျင်းပဖြစ်ပါတယ်။



လာလည်သူ အပေါင်းကို ဘလော့ ဖတ်ရင်း သွားရည်များ ကျပါဦးလို့ ဖိတ်ခေါ်ရင်း ချစ်သူများ အားလုံး ပျော်ရွှင်ကြည်နူး နိုင်ပါစေ။

သက်ထား နှင့် ညီမူရာ

Share



လူလည် အာရှသား

ရေး၊ဆို အရိုး


(တချို့လူတွေကို)၂ အားကျပြီး၊ ရှိစုမဲ ့စုတွေရောင်းချပြီး၊
လေယာဉ်ပျံပေါ်တက်နှုတ်ဆက်တော့ ကျွန်တော် ခန့်ခန့်ကြီးဗျ

(အမေ့ကိုမှာမယ်)၂ အမေမှတ်သာထား၊
အမျိုးနဲ ့ရပ်ကွက်ကို ပတ်သာကြွား၊
ကျွန်တော်ဒီနေ့ပဲ ဖောရင်းသွားပြီ ဖလိုက်အသစ်ကြီးနဲ ့ဗျ၊

(ကောင်းကင်ပေါ်တက်)၂ တော့ လန့်အော်တယ်၊
တဖြည်းဖြည်းမြင့်တက်လာ၊ မိုးတိမ်ထဲ ပြတင်းပေါက်ကချောင်း၊
သိကြားမင်းတွေ့ရင် နှုတ်ဆက်မလားပဲ၊

(မိုးပျံနေတဲ့)၂ တိုက်တွေကြား၊ နည်းနည်း ရင်းနှီးတဲ ့မျက်နှာများ၊
ခင်ဗျားတို့သုံးတတ်တဲ ့ အခေါ်အဝေါ်တွေနဲ ့ ကျွန်တော်နှုတ်ဆက်တယ်၊

chorus 1 : ဘကုန်းလား ယပလက်လား၊ ဖဦးထုတ် ဂငယ်လား၊ ဒါမှမဟုတ် အ ပဲလား မပဲလား၊
အူကြောင်ကြောင်(လူကုံထံ) ရွှေတွေတဲ ့လား၊ ဘယ်သူဘာဖြစ်ဖြစ် အလုပ်အတူသွား၊
နေဝင်မီးပိတ် ပုရွက်ဆိတ်များ၊ အရုဏ်တက်တိုင်းထ မနက်တိုင်းတက်ကြွ လူလည်အာရှသား၊

(မနက်ဆိုမြည်မယ်)၂ Alarm နာရီ၊ ရည်းစားမှ ဖြောင့်အောင်မလွမ်းနိုင်မီ၊
အရောင်စုံလူတွေကြားထဲ တိုးရဦးမယ်၊ အလုပ်နောက်မကျမီ၊
(အားရင်ထိုင်ရေး)၂ စာမျက်နှာတွေ၊ ဖုန်းခဈေးကြီးလို့ မဆက်နိုင်သရွေ့၊
အဝေးက ဦးချကြ၊ ရွှေတိဂုံမြေ ပြန်မရောက်သေးသရွေ့တော့၊


chorus 2: ဘာဖြစ်ဖြစ်သတိသာထား၊ ငါတို့ရည်းစား သူများနဲ ့ညား၊
အသေသာမှတ်စွဲထား၊ what so ever ပျော်အောင်သာနေကြ၊
မဟာလူတန်းစား အိပ်မက်များ၊ အိမ်ပြန်အခန်းပိတ် ကျိတ်ငိုကြ၊
အရုဏ်တက်တိုင်းထ၊ မနက်တိုင်း တက်ကြွ လူလည် အာရှသား၊


chorus 1, chorus 2

နားဆင်လိုသူများ ဒီနေရာမှာ ရယူနိုင်ပါတယ်။ လူလည် အာရှသား

အခက်အခဲ အမျိုးမျိုးကြောင့် ဖန်တီး ထုတ်လုပ်သူများ ထံမှ ခွင့်ပြုချက် တောင်းခံနိုင်ခြင်းမရှိပါ။

ဒီကနေ ့ပဲ နားထောင်ရတဲ့ သီချင်းလေး တပုဒ်ပါ။
လက်ရှိ မြန်မာလူငယ်တွေ အကြောင်း ရေးထးတာ ပီပြင်လွန်းလို ့ အရမ်းခံစားရပါတယ်။ နားထောင်ပြီးပြီးချင်း ကြိုက်နှစ်သက်လွန်းလို ့ ဘလော့မှာ တင်လိုက်ပါတယ်။
သီချင်းလေး ကို ဝေမျှပေးကြတဲ့ သူငယ်ချင်း တွေအားလုံးကို ကျေးဇူး


ညီမူရာ

Share



တိုင်းတပါးမှာ နေတဲ့သူတိုင်း အနည်းနဲ့အများ ဆိုသလို မြန်မာပြည်ကို ဖုန်းခေါ်ရခက်တဲ့ ဒုက္ခခံစားဖူးကြမှာပါ။ တချိန်တခါက စာရေးသူလည်း အဲ့ဒီဒုက္ခတွေကို ကောင်းကောင်းကြီးခံစားဖူးပါတယ်။ အဲဒီတုန်းက သွားရတဲ့ နိုင်ငံကလည်း စလုံးလို မြန်မာပြည်ကို ခေါ်တဲ့ ဖုံးကဒ်တွေက မပေါ၊ ဖုံးကဒ်တွေကလည်း ပေါ်ပင်လေးတွေကို စမ်းတဝါးဝါးဝယ်ပြီး အများပြည်သူသုံး ဖုံးတွေကနေ ခေါ်ရတာပေါ့။

နောက်ပြီး စာရေးသူ ဖုံးဆက်မယ် အီးမေးလ်နဲ့ ကြိုချိန်းထားရင် သက်ထားက ဖုံးဆိုင်မှာ သွားသွားစောင့်ရတာပေါ့၊ တခါတလေ ဖုံးကဒ်ကြောင့် ဒါမှမဟုတ် ဘာမှန်းမသိတဲ့ မည်သို ့မည်ပုံ ဖြစ်သည်မသိ ဆိုတဲ့ အကြောင်းအချက်တွေကြောင့် ခေါ်တဲ့သူလည်း စိတ်မော။ စောင့်ရတဲ့သူလည်း စိတ်မော ဆိုတာတွေ ဖြစ်ကြပါတယ်။

ဒါနဲ့ပဲ အဲဒီတုန်းက ကဗျာဉာဏ်တွေကလည်း တယ်ကွန့်မြူးဆိုတော့ (နုစဉ် အခါတုန်းကပေါ့ဗျာ) ကဗျာ စာတွေ စပ်လိုက်ရောဆိုပါတော့။ ရန်ကုန် ပြန်တုန်း ဟိုဟိုဒီဒီ လျှောက်ဖွရင်း သက်ထား သိမ်းထားတဲ့ ကဗျာအချို ့ရေးထားတဲ့ စာအုပ်ရယ် အခြားကော်ပီတွေရယ် ပြန်တွေ ့လို ့ ဒီမှာ တင်လိုက်ပါတယ်။ အခြားနေရာတွေ မှာလည်း တချိန်တုန်းက တင်ဖူးပါတယ်။ ဆိုဒ်တွေ ပျက်သွားတာနဲ့ ဒေါင်းတာနဲ့ ပြန်ရှာမရ ဖြစ်ဖူးပါတယ်။

ခုတော့လည်း နည်းပညာတွေ တိုးတက်ပြီး pfingoး နဲ့ အခြား နည်းပညာကောင်းများရဲ ့ကျေးဇူးကြောင့် ဖုန်းခေါ်သူတွေ ဆက်သွယ်ရတဲ့သူတွေ အဆင်တွေ ပြေကုန်ကြတယ် ဆိုတော့ ဝမ်းသာမိပါတယ်။

မျှော်သူရင်မှာမော (၂)

နာရီကို ကြည့် စောင့်နေမိ
ခုချိန်ဆို ခေါ်သင့်ပြီ
မျှော်လင့်သူ ရင်ထဲ ...

ခေါ်သံမကြား ဖုန်းလေးနား
မျှော်ကာဇောနဲ ့ မောနေသူ
ဘယ်သူလာလို ့ နှစ်သိမ့်မယ် ...

ဖုနး်ခေါ်သံတိတ် စိုးရိမ်စိတ်နှင့်
ဆိတ်ဆိတ် ရင် ထဲ မျက်ရည်ဝဲလို ့
ရတက်ပွေ သောကနဲ့ ပူပန်ရသူလေးကို
အချစ်ရယ် ရက်စက်နိုင်အား ...

(၁၆ ဂျူလိုင် ၂၀၀၅)
-----------------------------

ခေါ်သူရင်မှာ ဇော

နာရီကိုကြည် ့ ခေါ်နေမိ
ခေါ်နေမိ အကြိမ်ကြိမ်ရှိ
ဒီချိန်ဆို သူကလေး
မျှော်နေမှာ သိနေလို ့
ဘယ်လိုပင် ကြိုးစားလည်း
ခေါ်လို ့မရ ထွက်ဒေါသ
ခေါ်လို ့မရ ထွက်ဒေါသ ...

ငါခေါ်တာ ချစ်သူနား
ရောက်သွားတာက တခြား
အလွတ်ရ နံပါတ်အား
နှိပ်လိုက်တာ အမှန်ဗျား
ပြန်ဖြေတာ နံပါတ်အမှား
ထည့်လိုက်ရတဲ့ အကြွေစေ ့များ
ထည့်လိုက်ရတဲ့ အကြွေစေ့များ ...

မတွေ ့ရတဲ ့ ချစ်သူရဲ ့
အသံလေးတော့ ကြားချင်တယ်
အိုင်ဒီဒီ ပရိုဗိုက်တာရယ်
ဒီတခါကူညီကွယ်
စိတ်လောလို ့ မောပြီတကယ်
စိတ်လောလို ့ မောပြီတကယ် ...

စိတ်ဓာတ်တွေ ပြုတ်ကျ
ဖုန်းခွက်ကို ဆောင့်ချ
သေချာပြီ ခေါ်မရ
ဆောက်တည်ရာ မရ
သူ ့ကိုလေ သတိရ
သူ ့ကိုလေ သတိရ ...

မျှော်နေတဲ့ သူ ့မျက်နှာ
စိတ်အစဉ်မှာ စွဲထင်လာ
မျှော်သူရင်မှာ မောနေမလား
မျှော်သူရင်မှာ မောနေမလား ...

ခေါ်သူရင်မှာ ဇောတွေကပ်
အလွမ်းတွေက အတောမသတ်
ကြားချင်တဲ့ ချစ်သူ ့အသံ
မကြားရတော့ ဒေါတွေကန်
ခြေလှမ်းတွေက မမှန်
ရင်မှာလေ မုန်တိုင်းထန်
ရင်မှာလေ မုန်တိုင်းထန် ...

ဒါတွေကို သူသိမလား
မေးခွန်းတွေ ကများ
စောင့်နေတဲ့ ချစ်သူကို သနား
ဖုန်းကဒ်အသစ် အလကား
နောက်ဆုံးမတော့
လေလှိုင်းရယ် မင်းရက်စက်သွား
လေလှိုင်းရယ် မင်းရက်စက်သွား ...

(၁၈ ဂျူလိုင် ၂၀၀၅)
--------------------------
ဒုတိယ ကဗျာ ကို သက်ထားက ဘယ်လိုကြီးလည်း ကဗျာနဲ့လည်း မတူဘူးဆိုလို ့ Rap တီးလုံး နဲ့ နားထောင်လေ လို ့ ပြောဖြစ်သေးတယ်။

အခုတော့လည်း နှစ်ယောက်သား ပြန်ဖတ်ရင်း ပြုံးကြ ကြည်နူးကြပေါ့။

အဲ့ဒီအချိန် ကဗျာရေးတုန်း က ငြိမ်းကို ဆိုပြီး ကဗျာတွေ အဆုံးမှာ ရေးတယ်။ အဲ့ဒီ ထက် ရှေးကျတဲ့ ကဗျာတွေ ကျတော့ စာလုံးသုံးလုံး နဲ့ ကဗျာတွေ အဆုံးမှာ သုံးတယ်။ ခုတော့ ရက်စွဲပဲ ရေးလိုက်ပါတယ်။

ညီမူရာ

Share


ရန်ကုန် မှာ ရိုက်လာခဲ့တဲ့ ပုံအချို ့ကို တင်လိုက်ပါတယ်

ရွှေတိဂုံဘုရားက ပုံတွေ ဖြစ်တာကြောင့် ပုံအရွယ် ခပ်ကြီးကြီး (၈၀၀ ၆၀၀) တွေကို မချုံဘဲ တင်လိုက်ပါတယ်

Image Hosted by ImageShack.us
By nyimuyar at 2009-02-07
မြောက်ဖက်မုဒ် မှ စေတီငယ်တဆူ နှင့် အာရုံခံတန်ဆောင်း

Image Hosted by ImageShack.us
By nyimuyar at 2009-02-07
မြောက်ဖက်မုဒ် ဓာတ်လှေကား မှ ရင်ပြင်တော် ဖက်သို ့ မြင်ရစဉ်

Image Hosted by ImageShack.us
By nyimuyar at 2009-02-07
မြောက်ဖက်မုဒ် သောကြာထောင့် ဂြိုဟ်တိုင် နှင့် စေတီရံများ
Image Hosted by ImageShack.us
By nyimuyar at 2009-02-07
သောကြာထောင့် အာရုံခံ တန်ဆောင်းကြီးအတွင်းမှ ရုပ်ပွားတော်များ
Image Hosted by ImageShack.us
By nyimuyar at 2009-02-07
ရွှေချ ကပ်လှူပူဇော်ရန် ရုပ်ပွားတော်များနှင့် ထိန်းသိမ်း သန့်ရှင်းနေသူ တဦး
Image Hosted by ImageShack.us
By nyimuyar at 2009-02-07
အရှေ ့ဖက်မုဒ် သို ့ အသွားမြင်ကွင်း
Image Hosted by ImageShack.us
By nyimuyar at 2009-02-07
အရှေ ့ဖက်မုဒ် သို ့ အသွားမြင်ကွင်း
Image Hosted by ImageShack.us
By nyimuyar at 2009-02-07
တနင်းလာ ဂြိုဟ်တိုင် နှင့် စေတီတော်ကြီး
Image Hosted by ImageShack.us
By nyimuyar at 2009-02-07
ရွှေသင်္ကန်းကပ်ရန် ငြမ်းဆင်ထားသော စေတီတော်ကြီး
Image Hosted by ImageShack.us
By nyimuyar at 2009-02-07
မူလ စံကျောင်းတော်မှ ပြင်ပသို ့ တန်ဆောင်းအတွင်း ပြောင်းရွေ ့အပူဇော်ခံထားသော ဆယ်တော်မူ ရုပ်ပွားတော်

Image Hosted by ImageShack.us
By nyimuyar at 2009-02-07
ဆယ်တော်မူ ရုပ်ပွားတော်
Image Hosted by ImageShack.us
By nyimuyar at 2009-02-07
ဆယ်တော်မူ ရုပ်ပွားတော်
Image Hosted by ImageShack.us
By nyimuyar at 2009-02-07
နေလ ရုပ်ပွားတော် နှင့် စံကျောင်းတော်
Image Hosted by ImageShack.us
By nyimuyar at 2009-02-07
နေလ ရုပ်ပွားတော်
Image Hosted by ImageShack.us
By nyimuyar at 2009-02-07
နေလ ရုပ်ပွားတော်
Image Hosted by ImageShack.us
By nyimuyar at 2009-02-07
ရှင်စောပု ဘုရင်မကြီး ၏ ကောင်းမှု ရုပ်ပွားတော်
--------------------------
Fujian Qingfu Gong Temple (Strand Road)
တရုတ်တန်း စဉ့်အိုးတန်း အောက်ဖက်ထိပ် လက်ရှည် (ဖုကျန် ့) တရုတ်များ၏ ဘုရားကျောင်း အတွင်းမှ ပုံများ
Image Hosted by ImageShack.us
By nyimuyar at 2009-02-07
Image Hosted by ImageShack.us
By nyimuyar at 2009-02-07
Image Hosted by ImageShack.us
By nyimuyar at 2009-02-07
Image Hosted by ImageShack.us
By nyimuyar at 2009-02-07



Share


ဒီနှစ်ဦး တရုတ်နှစ်ကူး ရန်ကုန် ပြန်ဖြစ်တယ်၊ လင်မယား ၂ ယောက် ဝယ်ခြမ်းသုံးစွဲကြတာ ပါသွားတဲ့ ငွေတွေတောင် မလောက်ဘူး။ ဒီတခေါက် မှတ်မိသလောက် ဈေးလေးတွေ အမှတ်တရ အနေနဲ့ ရေးမှတ်ထားလိုက်ပါတယ်။

Silk Air ၁၄ ရက် ၂ ယောက်တွဲ လက်မှတ် တယောက် ၃၃၆ စင်းဒေါ်လာ နဲ့ ၆၇၂ စင်းဒေါ်လာ ပေးရတယ်။ ဆစ်အဲလ် က သိတဲ့အတိုင်း စောတော့ အငှားကားကို ကြိုခေါ်ရတာ လေဆိပ် အရောက် ဒေါ်လာ ၂၀ ပေးရတယ်။ ကားက နောက်မှာ ဂတ်စ်အိုးကြီး တင်ထားလို ့ သေတ္တာတလုံးကို လူတွေကြားထဲ ထားရသေးတယ်။ ကားက အခုမှ ထွက်သလားမသိပါဘူး ကားထဲမှာ အနံ့အသက် မကောင်းဘူး ကားကို မူးရောပဲ။ သက်ထားဆို မူးပြီး စာရေးသူပေါ်ကို အန်တောင် အန်ချလိုက်တယ်လေ။ တလမ်းလုံး ရန်ကုန်ရောက်တဲ့အထိ မွှေးကြိုင်နေတာပါပဲ။ တော်သေးတာက အဲ့ဒီနေ ့မနက်က နွားနို ့ပဲ သောက်ထားလို ့ သာပေါ့။

ရန်ကုန်မှာ ဈေးသိပ်မတက်တာက အငှားကားခတွေပဲ အရင်နှစ်တွေကထက် သိပ်အကွာကြီးမဟုတ်ဘူး။ တိုင်စီ တွေ ဟိုနားဒီနား ၁၀၀၀ ကျပ်ပဲ။ လိုင်းကားခတွေက အရင်အတိုင်း ခရီးတဖြတ် ကျပ် ၅၀ပဲ။ ဒါပေမယ့် ခရီးအဖြတ်လေးတွေ နဲနဲ တိုသွားသလားခံစားရတယ်။ ဂိတ်အစအဆုံး ၂၅၀ လောက်တွေကို ဖြစ်လို ့။ အထူးယာဉ် ကားကြီးတွေ ပေါ်လာတော့ ခရီးဝေးစီးတဲ့ သူတွေ ကိုက်တယ် ဘယ်စီးစီး ၂၀၀ လေ။

အစားအသောက် မီးလိုတောက် ဆိုတော့ အစားအသောက် ဈေးကတော ့ မှတ်မိသလားပဲ။
စားမိသလောက်ရယ် မှတ်မိသလောက်ရယ်။
သိချင်လို ့ ဈေးမေးနေတဲ့ အမျိုးတွေ အတွက်ရယ်။
နောက် ပြန်ကြည့်လို ့ရအောင် မှတ်တမ်းသဘောမျိုးပါပဲ။

အီကြာကွေး တွေ တချောင်း ၁၅၀၊ စမူဆာ တခု ၂၀၀ (နဲနဲတော့ ကြီးတယ်)။
လပ်ကီးဆဲဗင်း
ပဲပလာတာ တပွဲ ၄၀၀၊
လက်ဖက်ရည်ဆိုင်မှာ ရောင်းတဲ့ ပေါင်းထားတဲ့ ကော်ပြန့်စိမ်း တပွဲ ၅၀၀၊
အသားပေါင်း ၂ လုံးပါ တပွဲ ၆၀၀၊
လက်ဖက်ရည် တခွက် ၃၀၀၊
ကော်ဖီ နှပ် တခွက် ၃၀၀၊
-------------------------------------------
ဝိုင်ကေကေအို က ကြေးအိုးဆီချက် ၂၉၀၀ (သိပ်မကောင်းတော့ဘူး)
ဝိုင်ကေကေအို က ကြက်သား ဆီချက် ၁၂၀၀ စုတ်ပြတ်သတ်နေတာပဲ
ဝိုင်ကေကေအို မှာ ပုလင်းနဲ့ အအေး တပုလင်း ၃၅၀ (သူများဆိုင်ထက် ၅၀ များတယ်)
-------------------------------------------
အပြင်ဆိုင်တွေမှာ လက်ဖက်ရည်၊ကော်ဖီ ရိုးရိုး တခွက် ၂၀၀၊
ကော်ဖီမစ် ပလိန်း တခွက် ၂၀၀၊ နက်စ်ပလိန်းတခွက် ၂၅၀
ရှယ်တခွက် ၂၅၀၊ ဆိုင်နဲနဲကြီးသွားရင် ရှယ်က ၃၀၀ ဖြစ်သွားတယ်။
-------------------------------------------
မုန့်ဟင်းခါး ရပ်ကွက်ထဲမှာ ၂၀၀၊ အကြော်နဲ့ ၂၅၀
အုန်းနို ့ခေါက်ဆွဲ အလွတ် ၂၅၀၊ အကြော်နဲ့ ၃၀၀
တင်တင်အေးမှာ အလွတ်တပွဲ ၄၀၀။ ငါးဖယ်နဲ့ ၇၀၀
-------------------------------------------
ရှမ်းခေါက်ဆွဲ အလွတ်(အသားမပါ) ၃၀၀။ အသားနဲ့ ၅၀၀
လှည်းတန်းဈေးထဲက ဆိုင်မှာ အလွတ် ၅၀၀၊ အသားနဲ့ ၈၀၀
အခြားဆိုင်လည်း အသားနဲ့ ၈၀၀။
-------------------------------------------
၂၁လမ်း အောက်လမ်း က ဘဲသား ဆီချက်ခေါက်ဆွဲ ၈၀၀၊ ကော်ရည် ၈၀၀
ပိုးစိုးပက်စက် ကောင်းတုန်းပဲ
-------------------------------------------
သံဈေးက မြေအိုးမြီးရှည် တပွဲ ၁၈၀၀။ ပင်လယ်စာ ၂၀၀၀
-------------------------------------------
ဒံပေါက် တပွဲ ဘယ်ဆိုင်စားစား ၁၅၀၀
ကြက်သားသုတ် အသားသုတ် တပွဲ ၁၂၀၀၊
အရိုးသုတ်၊ အရေခွံသုတ်၊ အသဲအမြစ်သုတ် ၈၀၀
-------------------------------------------
ဗိုလ်တထောင် လမ်း၅၀ လောကနတ်က ဘဲသားမုန် ့ ကြက်သားမုန် ့ ၂၅၀၊ ပဲမုန် ့ ၁၅၀
အခြားဆိုင်မှာ ဘဲသားမုန် ့ ၃၀၀
-------------------------------------------
ပုဇွန်ထုပ််ကြီး ၈၀၀၀ ဈေး (မဆိုးပါဘူး ဒီက ကျားပုဇွန်တွေ ထက်ကြီးတယ်)
-------------------------------------------
ပုဇွန်ခြောက် ကျပ်တိုက် ရွှေပုဇွန်ခြောက် တဆယ်သား ၂၂၀၀ က စတယ် ၂၆၀၀ လောက်ထိရှိတယ်
ရခိုင်ခြောက် အကြီးတွေ တဆယ်သား ၁၀၀၀ ကနေ ၂၀၀၀ လောက်ထိ ရှိတယ် (၂၀၀၀ လောက်ဆို နည်းတာကြီးတွေမဟုတ်ဘူး)
လျှံကြည်မင်း ပုဇွန်ခြောက်ဆိုင်၊ အမှတ် ၂၂၈၊၂၃၀ သိမ်ကြီးဈေး ဒီရုံ မြေအောက်ထပ်။ ဖုန်း ၁၄၀၆၀၀ လိုင်းခွဲ ၆၃၄၊၆၄၅
ရွှေသန့်သန့် ပုဇွန်ခြောက် ဆိုင် ဆက်ဆံရေး မကောင်းတော့ဘူး။ ဒါနဲ့ပဲ တခြားဆိုင်ရှာဝယ်လိုက်တာ။
-------------------------------------------
သီဟိုဠ်စေ ့ အလုံးမပျက် တဆယ်သား ၁၀၀၀ ဈေး၊ အခြမ်း တဆယ်သား ၇၅၀ ဈေး၊
မန်ကျည်းသီး တပိသာ ၁၂၀၀ ဈေး
-------------------------------------------
ဆိတ်သားခြောက် အမွ (တဆယ်သားထုပ်) ၃၈၀၀ (စီးတီးမတ်မှာ ဆို လေးထောင်ကျော်တယ်)
ကြိုးစည်း အရှည် အထုပ်ကြီး ၂၀၀၀၊ အတို ၁၅၀၀
ဆိတ်သားခြောက်ကြော် တဆယ်သား ၂၃၀၀။
(စံပြ ဆတ်သားခြောက် ဆိုင်၊ ၁၇၈ ၁၇၉ သိမ်ကြီးဈေး ဒီရုံ မြေအောက်ထပ်၊ ဖုံး ၂၄၀၆၀၀ လိုင်းခွဲ ၁၈၁)
-------------------------------------------
တရုတ်တန်း က မောင်ကိန်းမျက်နှာချင်းဆိုင် ဖက်တီးမ ကောက်ညှင်းထုပ် ဆိုင်က
ဝက်သား ကောက်ညှင်းထုပ် တထုပ် ၈၀၀။
အန်ကူး တခု ၃၀၀။
-------------------------------------------
ဒေါ်ချွန်း ကော်ပြန့်စီမ်းက အခု ဆိုင်ခန်းကျဉ်းလေးနဲ့ ဖြစ်နေပြီး နေ့လည် ၁၂ နာရီဆိုတာနဲ့ ရပြီး
ကော်ပြန် ့စိမ်း လေးလိပ်ပါ တပွဲ ဆိုင်စား ၇၅၀၊ ပါဆယ် ၈၀၀
-------------------------------------------
ရွှေယုန်မင်း က ဖရုံယို တထုပ် ၃၀၀ (အချောင်းတော့ သေးတယ်)
ချဉ်ပေါင်ရွက် ၅စည်း၊များများဝယ်ရင် ၆စည်း ၅၀၀
-------------------------------------------
မိုးကောင်း ဘုရားထိပ်က
ထမနဲ ၂၀ သား ၅၀၀
မုန် ့ကလားမဲ ၁၅ကျပ်သား ၅၀၀
ရေမုန့် တခု ၁၅၀။ ၅၀၀ ဖိုး လေးခု၊ ၁၀၀၀ ဖိုး ၉ ခု
-------------------------------------------
အမဲအူပြုတ် တချောင်း ၃၀
အမဲအူပြုတ်သုတ် တပွဲ ၅၀၀
ဝက်သားဒုတ်ထိုး မစားလိုက်ရဘူး စိတ်မကောင်းဖြစ်လိုက်တာ အရမ်းပဲ
-------------------------------------------
ကျောက်မြောင်း နိဓြောဓ လမ်းက ပုဇွန်ခွက်ကြော်သုတ် တပွဲ ၅၀၀ (၂ခုကို သုတ်တာ)
ကောင်းတုန်းပဲ
-------------------------------------------
မင်္ဂလာဈေး လေးထပ် မအေးသိန်း ဆေးဆိုင်မှာ
စန်ထရမ် ဆေးဗား လူကြီးသောက် အလုံး ၂၇၀ ပါ သုံးသောင်း၁ထောင်
ရီဗိုက်တယ် တဗူး ၅၀၀၀
အိုရာမင်း အက်ဖ် ၄၉၀၀
ဗိုက်ဗယ်ရွန် အနီ ၇၉၀၀
ဖယ်ရိုဗစ် ၃၉၀၀
ပျားရည် တပုလင်း ၁၁၀၀ တဲ့ ဝင်းသူဇာမှာ
-------------------------------
ပြည်ထောင်စု ရိပ်သာလမ်း က ဖီးလ် ထမင်းဆိုင်မှာ
အဖွားငြုပ်သီးကြော် ၁၀၀ ဂရမ် ၉၀၀
မရမ်းသီးအခြောက် ငပိချက် ၁၀၀ ဂရမ် ၈၀၀
မေမြို ့ ဆီတို ့ဟူး သေးသေးလေး တပြား ၁၅၀
----------------------------------
တရုတ်တန်း က ရှမ်းကြက်သွန်ချဉ် တဆယ်သား ၃၀၀
တရုတ်တန်း က ဆီတို ့ဟူး တထုပ် ၃၀၀
ဝက်သားလုံးကြော် ငါးလုံးပါတယ် တချောင်း ၅၀၀
ဒေါ်မြရင် ဝက်အူချောင်း တထုပ် ၂၅၀၀ (စိန်ဂေဟာမှာ ၂၇၀၀)
မန်းတလေး တံဆိပ် ဝက်အူချောင်း ကြက်အူချောင်း လက်သန်းလုံးလောက်လေးတွေ တထုပ် ၁၀၀၀
-----------------------------------------------
မိန်းထဲ စစ်ကိုင်းလမ်း အင်းဝ ဆောင်ရှေ ့ ကန်တင်းက
ထမင်းကြော် တပွဲ ၆၀၀ များလွန်းလို ့ မနည်း စားရတယ်
အဲ့ဒီမှာပဲ ပုလင်းနဲ့ အအေး ၃၀၀ ပဲ
-------------------------------------------------
တက်ကနိုလန်း က ဓာတ်ပုံကူးဆိုင်ကို ဘားလမ်း အရောင်းဆိုင် ရဲ ့မျက်စောင်းထိုး
မှာ ဆိုင်ခန်းအကျယ်ကြီး နဲ့ ဖွင့်ထားတယ် မီးပျက်လည်း မီးစက်ကြီးနဲ့ ကူးပေးတာ
4x6 တပုံကို ၉၀ ပဲ တနာရီခွဲလောက် စောင့်ရတယ်။
----------------------------------------------------
သက်ထား ရဲ ့ ဖောက်သည် ဆိုင်ကတော့ ဗိုလ်ချုပ်ဈေးသစ် မြင့်မြင့်သိန်း ဆိုင်ပေါ့။
အဲ့ဒီ ဆိုင် စည်ကားချက်က တော့ သက်ထား ကို ၂ နာရီ နီးနီး စောင့်လိုက်ရတယ်။
-------------------------------------------------------
Pucci ပူစီ ကိတ် ဆိုင်က လိပ်ပြာမုန် ့က ၇၀၀။
ကြက်ဥ ခရင်မ် ကိတ်ပျော့လေးတွေက ၁၀၅၀
-------------------------------------------------------
မြောင်းမြဒေါ်ချို မုန် ့ဟင်းခါးခြောက် တထုပ် ၂၁၀၀ (အရင်နှစ်က ၁၈၀၀ လားလို ့)
-------------------------------------------------------
မှတ်မိသလောက် ကတော့ ဂလောက်ပါပဲ။

အဲဒီတလော စင်း ၁ ဒေါ်လာ ကို မြန်မာငွေ ၇၂၀ ဝန်းကျင်ပေါက်ပါတယ်

Share




အဌမမြောက် ကမ္ဘာ့အံ့ချီးဖွယ် တခုဖြစ်လာမယ့် ကမ္ဘာ့ ဝိပဿနာ စေတီတော်မြတ်ကြီးကို အိန္ဒိယနိုင်ငံ အနောက်ဖက် စီးပွားရေးမြို့တော် ဖြစ်တဲ့ မွန််ဘိုင်းမြို ့(ယခင် ဘုံဘေမြို့) မှာ ဒီကနေ ့ ၂၀၀၉ ခု ဖေဖော်ဝါရီလ ၇ ရက်နေ ့ နဲ့ ၈ ရက်နေ့များမှ စတင်ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။

ကမ္ဘာ့ ဝိပဿနာ စေတီတော်မြတ်ကြီး ကို စတင် တည်ထားဖို ့ ဦးဆောင်ခဲ့တာကတော့ မြန်မာနိုင်ငံသား ဝိပဿနာ တရားပြဆရာ မဟာသဒ္ဓမ္မဇောတိကဓဇ ဂုရုကြီး ဦးဂိုအင်ကာ ပဲ ဖြစ်ပါတယ်။ မွန််ဘိုင်းမြို့ မြောက်ဖက်မှာ တည်ရှိတဲ့ ဂိုရိုင်းချောင်းဘေးက ဂိုရိုင်းကျွန်း (Gorai Island) ပေါ်မှာ စီးပွားရေးလုပ်ငန်းရှင် တဦးလှူဒါန်းထားတဲ့ အမေရိကန် ဒေါ်လာ ၅ သန်းတန် မြေ ၁၁ ဧက ပေါ်မှာ ၁၉၉၇ ခုနှစ်မှာ စတင်ပြီး တည်ထားခဲ့တာပါ။


စေတီတော်ကြီး ကို မြန်မာနိုင်ငံမှာ ရှိတဲ့ ရွှေတိဂုံ စေတီတော်ကြီး ပုံအတိုင်း တည်ထားတာဖြစ်ပြီး၊ ရွှေတိဂုံ စေတီတော်ကြီးကို ပူဇော်သော အားဖြင့် မူလ ရွှေတိဂုံ စေတီတော်ကြီးထက် အမြင့်ပေ ၁ ပေ နှိမ့်ချပြီး ၃၂၅ ပေ အမြင့်သာ တည်ထားတာ ဖြစ်ပါတယ်။

အမြင့်ပေ ၃၂၅ ပေ။ အကျယ်အဝန်း အချင်း ပေ ၂၈၀ နဲ့ မြေ ၁၁ ဧကပေါ်မှာ တည်ထားတဲ့ ကမ္ဘာ့ ဝိပဿနာ စေတီတော်မြတ်ကြီး ရဲ ့ အထူးခြားဆုံး အချက်ကတော့ အတွင်း အောက်ဖက်မှာ လှိုဏ်ဂူ ပုံစံ တည်ဆောက်ထားပြီး ဒေါက်တိုင် တခုမှ မပါဘဲ၊ သံကူကွန်ကရစ်လည်း လုံး၀မသုံးဘဲ ကျောက်တုံး၊ ကျောက်သား ချည်း သက်သက် ဖြင့် ကျောက်တုံး အချင်းချင်း ချိတ်ဆက်ကျားကန်ကာ တိုင်မဲ့ တည်ထားတာ ဖြစ်ပါတယ်။ ရှေးခေတ် နည်းပညာနဲ့ ခေတ်ပေါ် အင်ဂျင်နီယာ ပညာများပေါင်းစပ် တည်ထားတာ ဖြစ်ပြီး၊ ဂုရုကြီးက နောင် နှစ်ပေါင်း ၂၀၀၀ လောက်ထိအောင် မပျက်မယွင်း တည်တံ့အောင် ရည်ရွယ် ဆောက်လုပ်ထားတာ ဖြစ်တယ်လို ့ ဆိုပါတယ်။

ဒါကြောင့်လည်း ကျောက်သားချည်း သက်သက် တည်ဆောက်ထားသော အကြီးဆုံး ဒေါက်တိုင်မဲ့ လိုဏ်ဂူကြီး အဖြစ် အဌမမြောက် ကမ္ဘာ့အံ့ချီးဖွယ် ဖြစ်လာနိုင်တယ်လို ့ ဆိုကြတာဖြစ်ပါတယ်။

အဲ့ဒီ လိုဏ်ဂူပုံစံ ဒေါက်တိုင်မပါတဲ့ စေတီအောက်ဖက်က ခန်းမ ဆောင်ကြီးထဲမှာ ဝိပဿနာ တရားအားထုတ်တဲ့ ရောဂီ ၈၀၀၀ (ရှစ်ထောင်) တပြိုက်နက် တရားအားထုတ်နိုင်မှာ ဖြစ်ပြီး လိုဏ်ဂူရဲ ့အကျယ်အဝန်းက စတုရန်းမီတာ ၆၀၀၀ (စတုရန်းပေ ၆၄၅၈၃) ကျယ်ဝန်းပါတယ်။ လိုဏ်ဂူပေါ်က စေတီတော်မှာ ဂေါတမ ဗုဒ- ရဲ ့ ဓာတ်တော်များကို ဌာပနာထားတာဖြစ်ပါတယ်။ စေတီတော်ကြီးမှာ အရံစေတီငယ် ၂ ဆူပါဝင်ပါတယ်။



စေတီတော်ကြီးကို ဂုရုကြီး ဦးဂိုအင်ကာ ရဲ ့ ဆရာရင်း၊ တရားပြဆရာကြီး ဦးဘခင် ရဲ ့ ကျေးဇူးတရားတွေကို အမှတ်ရ အောက်မေ့သော အားဖြင့် ဆရာကြီး ဦးဘခင် စိတ်ဆန္ဒ အပြင်းပြဆုံး ဖြစ်တဲ့ သာသနာ စတင်ခဲ့ရာ အိန္ဒိယနိုင်ငံ မှာ သာသနာ တခေတ်ပြန်လည်ထွန်းတောက် စေရမည် ဆိုတဲ့အတိုင်း ပြန်လည် ဖြန့်ဝေခြင်းဖြစ်ပြီး ဆရာကြီး ဦးဘခင်ရဲ ့ ကျေးဇူးတရားတွေကို ပူဇော်တာလည်း ဖြစ်ပါတယ်။

ရန်ကုန်မြို ့ အပြည်ပြည်ဆိုင်ရာ ပဋိပတ ိလုပ်ငန်းဌာန (အိုင်အမ်စီ) မှာ ဆရာကြီး ဦးဘခင် တည်ထားကိုးကွယ်ထားတဲ့ ဓမ္မရောင်ခြည်စေတီတော် ကို ပူဇော်သော အားဖြင့် စေတီတော်ကြီး ရဲ ့ အတွင်း အောက်ဖက်မှာ လိုဏ်ဂူပုံ တည်ထားခဲ့တာဖြစ်ပါတယ်။

စေတီတော်ကြီးကို ၁၁ နှစ်အတွင်း ကြိုးစား တည်ထားခဲ့တာဖြစ်ပြီး ကုန်ကျစားရိတ်ကတော့ အိန္ဒိယနိုင်ငံ သုံး ရူပီးငွေ သန်း ၈၀၀ (၈၀ ကုဋေ) (အမေရိကန် ဒေါ်လာ ၁၆.၄၃ သန်း နီးပါး) သုံးစွဲထားတာ ဖြစ်ပါတယ်။

သီရိလင်္ကာနိုင်ငံ ဆံချည် အရပ်ကနေ သီရိလင်္ကာ ဝန်ကြီးချုပ်ကိုယ်တိုင် ပင့်ဆောင်လှူဒါန်းတဲ့ ဗုဒ- ရဲ ့ အရိုး ဓာတ်တော်များ နဲ့ ဌာပနာပြု တည်ထားကိုးကွယ်ထားတဲ့ ဒီ ကမ္ဘာ့ ဝိပဿနာ စေတီတော်မြတ်ကြီး ကို ခရစ်နှစ် ၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ ့မှာ အပြီးသတ်နိုင်ခဲ့ပါတယ်။ ပထမဆုံး ဝိပဿနာ တရားစခန်း အဖြစ် ၁ ရက် တရားစခန်းကို ၂၀၀၈ ခု ဒီဇင်ဘာလ ၂၁ ရက်နေ ့မှာ ဂုရုကြီး ဦးဂိုအင်ကာ ဦးစီးကာ ကမ္ဘာ အရပ်ရပ်က တရားရောဂီ ၈၀၀၀ နဲ့ စတင်ဖွင့်လှစ်လိုက်ပါပြီ။



ဒီကနေ ့ ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ အိန္ဒိယနိုင်ငံ သမ္မတ ပရာတီ ဘာတေး က တရားဝင်ဖွင့်လှစ်ပေးမှာ ဖြစ်ပြီး ထီးတင်ပွဲကို လည်း တရက်ထဲမှာ မြန်မာရိုးရာ ဓလေ့ထုံးစံများအတိုင်း တင်လှူ ပူဇော်မှာ ဖြစ်ပါတယ်။ စေတီတော်ကြီး အတွက် မြန်မာမှု ပန်းချီ နဲ့ အနုလက်ရာများကို မြန်မာနိုင်ငံမှ ပညာရှင်များက ပြုလုပ်ပေးတာဖြစ်ပြီး ငှက်မြတ်နားတော် ကိုလည်း မြန်မာနိုင်ငံမှပဲ ပြုလုပ်ပေးထားတာ ဖြစ်ပါတယ်။ ငှက်မြတ်နားတော်နှင့် စိန်ဖူးတော်အား လေယာဉ်ပျံဖြင့် ၂ဝဝ၉ ခု ဇန်နဝါရီလ(၂၆) ရက်ခန့်တွင် အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့သို့ပို့ဆောင်ပြီး ထီးတော်မြတ်အားသင်္ဘောဖြင့် ပို့ဆောင်ခဲ့တယ် ဆိုပါတယ်

စေတီတော်ကြီးကို နှစ်စဉ် ဘုရားဖူး ၁ သိန်းခန် ့ လာရောက်ဖူးမြော် ကြည်ညိုကြမယ်လို ့လည်း ခန့်မှန်းထားကြပါတယ်။ ကမ္ဘာလှည့် ခရီးသွားများ အထူး စိတ်ဝင်စားကြမယ်လို ့လည်း သက်ဆိုင်ရာ က မှန်းထားကြပါတယ်။

စေတီတော်ကြီး တည်ထားမှုကို ဦးစီးတဲ့ တရားပြဆရာ ဂုရုကြီး ဦးဂိုအင်ကာ သည် မြန်မာနိုင်ငံသား အိန္ဒိယနွယ်ဖွား ထင်ရှားကျော်ကြားတဲ့ စီးပွားရေးသမားကြီး တဦးဖြစ်ခဲ့ပြီး ယခု ဗန-ုလ အင်တာနေရှင်နယ် လီမိတက် ပိုင်ရှင်တွေရဲ ့ ဖခင်ကြီးပါ။ ဂုရုကြီးကို ၁၉၂၄ ခုနှစ်မှာ အထက်မြန်မာပြည်မြိုတော် မန လေးမှာ ဖွားမြင်ခဲ့တာပါ။ ဂုရုကြီးတို ့ သာသနာပြု ဇနီးမောင်နှံမှာ သား ၆ ဦး ထွန်းကားပါတယ်။

ညီမူရာ

စေတီတော်ကြီး ဖွင့်ပွဲ အခမ်းအနား ဗီဒီရို ဖိုင် ဖေဖော်ဝါရီ ၈ ၂၀၀၉ခု၊
ဖေဖော်ဝါရီ ၇ ရက်နေ ့မှာ ထီးတင်ပါတယ်။ ၈ ရက်နေ ့မှာ အများပြည်သူ အတွက် ဖွင့်လှစ်ပါတယ်။


all photos from: globalpagoda.org
Reference: Global Pagoda
: S.N Goenka
: Sons of Goenka
: ဓမ္မဇောတိ တရားရိပ်သာ (ရန်ကုန်၊ ငါးထပ်ကြီးဘုရားလမ်း) Dhamma Joti
: Dhamma

Share

CBox

My CBox has been hijacked by some spammer. So, CBox has been removed. Sorry for inconvenience causes.