မိုဘိုင်းဖုန်း တွေ သုံးတာ ၁ နှစ်ခွဲ ၂ နှစ်လောက်ကြာတဲ့အခါ နှေးလာ လေးလာ တတ်ပါတယ်။ ဆက်သွယ်စရာ နံပါတ်တွေ သိပ်များတဲ့အခါမျိုး SMS တွေ သိပ်များတဲ့အခါမျိုး၊ ကင်မရာ ပါတဲ့ဖုန်းများဆို ဓာတ်ပုံတွေ သိပ်များတဲ့အခါမျိုးမှာ မိုဘိုင်းဖုန်းထဲက အိုအက်စ် Operating System လည်း အိုအက်စ်တို ့ သဘာဝအတိုင်း နှေးကွေး လာတတ်ပါတယ်။ ဒါမှမဟုတ်ရင် ဖုန်းဟန်းသွားတာ စကရင် ပျောက်တာ၊ ဖုန်းခေါ်မရ ပြုမရ စသဖြင့် ချူချာပြီး ဝယ်ကာစလို မဟုတ်တော့တာ တော်တော်ကြီး သတိထား လာမိမှာပါ။
အဲ့ဒီအခါကျရင် အလွယ်ဆုံးကတော့ Factory Default လို ့ခေါ်ကြတဲ့ စက်ရုံက ထုတ်ကာစ စံတခုအဖြစ် သတ်မှတ်ထားတဲ့ အခြေအနေကို ပြန်ထားပေးလိုက်ရုံပါပဲ။ နိုကီယာမှာတော့ ဖက်ထရီ ဒီဖော့် လို ့ခေါ်ပြီး ဆိုနီဖုန်းအချို ့မှာတော့ Master Reset လို ့ခေါ်ကြပါတယ်။
ဖက်ထရီ ဒီဖော့မထားခင် အထူးလုပ်ဆောင်ရမှာကတော့ ဖုန်းထဲမှာ မှတ်ထားတဲ့ ဖုန်းနံပါတ် Contacts တွေကို ကူးယူထားဖို ့ပါပဲ။ နောက်ပိုင်းဖုန်းတွေမှာ လုပ်ဆောင်ရပိုလွယ်အောင် ကွန်တတ် ဖုန်းနံပါတ်တွေကို ဆင်းကဒ်ထဲကနေ မဖတ်ဘဲ သူရို ့ဖုန်းထဲကို အတင်းကူးခိုင်းတတ်ပါတယ်။ အဲ့ဒီ ဖုန်းတွေမှာ မူလ ဆင်းကဒ် (SIM Directory) ကို Clear လုပ် ပြီးမှ ဖုန်းထဲက ကွန်တတ်တွေကို အားလုံး ဆင်းကဒ်ထဲ ကူးယူထားရုံနဲ့ အဆင်ပြေပြီး အလုပ်ရှုပ် သက်သာပါတယ်။ (ဆင်းကဒ် ပေါ်မူတည်ပြီး ဖုန်းနံပါတ် ၅၀၀ ၊ ၁၀၀၀ စသဖြင့်သာ သိမ်းလို ့ရတတ်တာပါ)။
ကိုယ့်ဖုန်းထဲမှာ ဖုန်းနံပါတ်တွေ မှတ်ထားတာ သိပ်လည်းများနေမယ်၊ နောက်ပြီး ပိုလို ့ စိတ်ချရအောင် သိမ်းချင်တယ်ဆိုရင်တော့ သက်ဆိုင်ရာ ဖုန်းဆော့ဝဲလ် နဲ့ ကွန်ပျူတာထဲကို Sync လုပ်ပြီး ကူးယူပွားထားနိုင်ပါတယ်။
ringtone တို ့ ဘာတို ့ကို မန်မိုရီကတ်ထဲ မထားဘဲ ဖုန်းထဲထားရင် သူတို ့ကိုလည်း သိမ်းရမှာပါ၊ စာရေးသူဆို အဘိဓာန် တွေ ထည့်ထားတော့ သူတို ကိုလည်း သိမ်းထားရသေးတယ်။
လိုအပ်သည်များကို သိမ်းထားပြီးပြီ ဆိုရင်တော့ ရဲရဲကြီးသာ Factory Default/ Master Reset သာလုပ်လိုက်ပါ။ ဖုန်းက သိသိသာသာကြီး မြန်လာတာကို တွေ ့ရမှာဖြစ်ပါတယ်။
အဲ့သလို လုပ်လို ့မှ သူကလေးက နှေးကွေး လေးလံ ဆဲဆိုရင်တော့ နောက်တနည်းက ဖန်းဝဲလ် အပ်ဒိပ် (Firmware Update) လုပ်ဖို ့ပါပဲ။ စာရေးသူ အကြိုက်ဆုံးပေါ့ဗျာ။ ဖန်းဝဲလ် အပ်ဒိပ်လုပ်တာက ကွန်ပျူတာကို ဖော်မက်ရိုက်ပြီး အိုအက်စ် အဆင့်မြင့် လိုက်သလိုပါပဲ။ ဝင်းဒိုးအိပ်စ်ပီ ကနေ ဝင်းဒိုးဆဲဗင်း တင်သလိုလေးပေါ့။ ဒါပေမယ့် အခန့်မသင့်ရင် ဒါမှမဟုတ် ဖုန်းထုတ်လုပ်သူက အထောက်အပံ့ မပေးရင်။ ဖုန်းနဲ့ ကွန်ပျူတာ ချိတ်ဆက်လို ့မရရင်တော့ ဘယ်လိုမှ လုပ်လို ့မရပါဘူး။
သုံးဖူးသမျှထဲမှ ဖန်းဝဲလ် အပ်ဒိတ်ကို လုပ်မယ်ဆိုတာကတော့ အိုင်ဖုန်းပါပဲ။ အိုအက်စ် အသစ် မထုတ်လိုက်နဲ့ အိုင်ကျွန်းနဲ့ ဖုန်း ချိတ်လိုက်တာနဲ့ မေးတော့တာပါပဲ။ တခါတလေ ကိုယ် တောင်မှ မသိဘူး သူက ဒေါင်းလုပ် လုပ်မလား ဖြစ်နေပြီ၊ ဒါနဲ့ပဲ ဟို တပါတ် ကတင် iPhone OS 3.1.2 ကို အပ်ဒိပ်လုပ် ဖြစ်သွားသေးတယ်။ သူ ့ အပ်ဒိပ် ကတော့ သက်တောင့်သက်သာပါပဲ။
ရင်သိမ့်တုန် နဲ့ စိတ်ဒုက်ခတော်တော် ရောက်သွားတာကတော့ နိုကီယာ ဆော့ဝဲလ် အပ်ဒိတ်တာ Nokia Software Updater (NSU) ပါပဲ။ ၆၂၈၈ ဆို သုံးမရဖြစ်သွားသေးတယ် နောက်ပိုင်း ကွန်ပျူတာကို ဗိုင်းရပ်စ် အဝင်ခံပြီး ဖုန်းကို လှမ်းဟက် လိုက်တော့မှ ပြန်ရသွားတယ်။
နောက်ပိုင်း နိုကီယာ ဆော့ဝဲလ် အပ်ဒိတ်တာ လည်းတော်တော်ငြိမ်သွားတယ် E-51 ကို သုံးခါရှိပြီ ဖန်းဝဲလ် အပ်ဒိတ်လုပ်ထားတာ အိုကေလို ့။ တခါလုပ်ပြီးတိုင်း တခါပိုမြန်သွားတယ်။
ဒီတလော သက်ထားရဲ့ ဆိုနီ ၈ လ လောက်ပဲရှိသေးတယ် တော်တော် လေးပြီး ခဏခဏ ကြောင်နေတာနဲ့ပဲ ပထမ မာစတာ ရီဆက်လုပ်တယ် ဒါလည်း အဆင်မပြေတာနဲ့ပဲ ဖန်းဝဲလ် အဆင့်မြင့်မယ်ဆိုပြီး လိုက်ရှာလိုက်တာ အဆင်ပြေသွားပါတယ်။ ကွန်ပျူတာနဲ့ ဖုန်းချိတ်ဆက်မယ့် ကြိုးတော့ လိုတာပေါ့ဗျာ။
ဆိုနီ ရဲ ့ အင်တာနက် စာမျက်နှာ မှာ ကိုယ့်ဖုန်းမော်ဒယ် နံပါတ်ကို ရွေးပြီး အပ်ဒိတ်ဆားဗစ် ဆော့ဝဲလ် (SEUS - Sony Ericsson Update Service) ကို ဒေါင်းလုပ် လုပ်ရမှာ ဖြစ်ပါတယ်။ ပြီးရင် ကွန်ပျူတာထဲမှာ Install လုပ်လိုက်ပါ။ ပြီးရင် ဖုန်းနဲ့ ကွန်ပျူတာ ချိတ်ပြီး Update Service ဆိုတဲ့ ဆော့ဝဲလ်ကို ဖွင့်လိုက်ပါ။
ဖွင့်လိုက်တယ် ဆိုရင်ပဲ ဆော့ဝဲလ်က ကွန်ပျူတာမှ တပ်ထားတဲ့ ဖုန်းကို ရှာ အင်တာနက်ပေါ်တက်ပြီး ဖန်းဝဲလ် အသစ်ရှိမရှိ ရှာမှာ ဖြစ်ပါတယ်။ များသော အားဖြင့် အသစ် ရှိနေတတ်တာ များပါတယ်။
တွေ ့ပြီဆိုတာနဲ့ သူက ဒေါင်းလုပ်လုပ်ပါတယ်။ ကြားထဲမှာ ထူးထူးခြားခြား လုပ်ခိုင်းတာဆိုလို ့ ဖုန်းကို ကွန်ပျူတာကနေ ဖြုတ်၊ ဘက်ထရီပါဖြုတ်၊ ဘက်ထရီ ပြန်တပ် ပြီးရင် "c" key ခလုပ်ကို အကြာကြီး နှိပ် ပြီးမှ ကြိုးကို ဖုန်းမှာ တပ် နောက်တော့ ကွန်ပျူတာနဲ့ ပြန်ချိတ် အဲသလို တွေ လုပ်ရတာပါပဲ၊ နိုကီယာ တို ့ အိုင်ဖုန်းတို ့ နောက်ဖုန်းတမျိုးတို ့ဆို အဲသလိုမလုပ်ရတော့ တော်တော်ကို ထူးဆန်းပါပေ့လို ့ အောက်မေ့မိပါတယ်။ ပထမဆုံးအအကြိမ် ဆိုနီကို အပ်ဒိတ်လုပ်တော့ လည်း အဲသလိုတွေ မှတ်သားရတာပေါ့။
ပြီးတာနဲ့ ဖန်းဝဲလ် ကို အပ်ဒိတ်ဆော့ဝဲလ် မေးသမျှ ဖြေပြီး လုပ်သွားရုံပါပဲ သူလည်းပဲ အဆင်ပြေပါတယ်။ ဒီလိုနဲ့ပဲ ခြောက်ခု မြောက်သော အီလက်ထရောနစ် ကိရိယာ ဂတ်ဂျက်စ် ရဲ ့ ဖန်းဝဲလ် ကို တားမရ ဆီးမနိုင်တဲ့ ဗီဇနဲ့ ဝါသနာအရ အောင်မြင်ချောမွေ ့စွာနဲ့ အပ်ဒိတ်လုပ်နိုင်လိုက်ပါပြီ၊ အဲ့ဒီ ခြောက်ခုထဲမှာ ဘလော့မှာ တင်ဖြစ်တာကတော့ ဒီတခုနဲ့ဆို လေးခုပါ၊ ကျန်တဲ့ ၂ ခု (တတိယမြောက် နဲ့ ငါးခုမြောက်) ကို နောက်အချိန်ရရင် ရေးပြီး မှတ်တမ်းမှတ်ရာ ထားပါဦးမယ်။ ၂ ခုလုံး ဖုန်းပါပဲ။ :D
သက်ထား လည်း သူ ့ ဆိုနီဖုန်း အရမ်းမြန်လာလို ့ ကျေနပ်နေလေရဲ့။ လုပ်ရကျိုးနပ်တယ်ပေါ့ဗျာ။
အောက်မှာ screen shot တချို ့ ဖမ်းပြီး အမှတ်တရ တင်ထားလိုက်ပါတယ်။
ဆိုနီ အပ်ဒိတ် ဆားဗစ် ဆော့ဝဲလ် က စိမ်းစိမ်းလေးနဲ့ ကြည့်ကောင်းတယ်။
ဖုန်းတွေ နှေးကွေးလေးလံမှု တို ့ကို လက်ပူတိုက် ဖြေရှင်းနိုင်ပါစေလို ့
ညီမူရာ ... ...
| Share |
ဒီတခါတော့ (Nokia Software Updater) နိုကီယာ ဆော့ဝဲလ် အဆင့်မြှင့်တဲ့ ပရိုဂရမ်က ကောင်းကောင်း အလုပ်လုပ်သွားပါပြီ။ လေးခုမြောက်သော အီလက်ထရောနစ် ကိရိယာ ကို ဖန်းဝဲလ် အဆင့်မြှင့်လိုက် တာပါ။ နိုကီယာ ဆော့ဝဲလ် အဆင့်မြင့်တဲ့ ပရိုဂရမ်က ဟိုတခေါက် ၆၂၈၈ မှာ ပြသနာ တွေ ပေးသွားတော့ ဒီတခါလည်း ရင်တထိတ်ထိတ် နဲ့ပါပဲ။ ဖန်းဝဲလ် အဆင့်မြှင့်တာ ဒီတခါတော့ ချောမော အောင်မြင် စိတ်ချမ်းသာစွာ နဲ့ အဆင်ပြေပြေ လုပ်လို ့ရသွားပါတယ်။ တတိယမြောက် ဖန်းဝဲလ် အဆင့်မြင့်တဲ့ ဟာကတော့ ရေးနေတုန်း ဖြစ်လို ့ မတင်ရသေးပါဘူး။
ဘာကြောင့် ရင်ထိတ်သလဲ ဆိိုတော့ ဖန်းဝဲလ်ကို ပြန်ထည့်ရတာ လက်ဝင်လွန်းလို ့ပါပဲ။ အခြား ပရိုဂရမ် တခုကနေ အလွယ်တကူ ပြန်ထည့်သွင်းလို ့ ရပေမယ့် အဲ့ဒီ ပရိုဂရမ်ကို သွင်းရင် စက်က်ို ဗိုင်းရပ်စ် အဝင်ခံရသလို ဖြစ်နေလို ့ပါ။ သက်ထားကတော့ အဲ့ဒီ တခေါက် တော်တော် အလုပ်ရှုပ်သွားပြီးကထဲက ဖုန်းတွေ စက်တွေကို မကလိပါနဲ့တော့ ရှင်ရယ် လို ့ ပြောထားလို ့ ဒီတခေါက်ကတော့ သူကလေး အိပ်နေတုန်း ညကြီးမင်းကြီး ထပြီး လုပ်တာပါပဲ။
စုစုပေါင်း နာရီဝက် မရှိတရှိ နောက်ဆုံး နိုကီယာ ဖုန်းဖွင့်တဲ့ တီးလုံးသံသာ လေးကြားတော့ မှပဲ စိတ်ဒုန်းဒုန်း ချနိုင်တော့တယ်။ ဖုံးကတော့ ဖန်းဝဲလ် ဗားရှင်း ၂၀၀ လောက် ကွာသွားပါတယ်။ မြန်လည်း မြန်လာသလို ခံစားရပါတယ်။
မနေနိုင် မထိုင်နိုင် လုပ်ချင်သူများအတွက် ပိုပြီး ရောဂါ တက်အောင် Screen Shot တွေ ရိုက်တင်ပေးလိုက်ပါတယ်။
ပုံမှန် လောက်လေး အသုံးပြုနေသူတွေကို တော့ သွားမလုပ်လိုက်ပါနဲ့ လို ့ အကြံပေးချင်ပါတယ်။
နိုကီယာ ဆော့ဝဲလ် အဆင့်မြှင့် ပရိုဂရမ် အဆင့်ဆင့် Screen Shots။
နိုကီယာ ဆော့ဝဲလ် အပ်ဒိတ်တာ ချည်းပဲ ဒေါင်းလုပ် ချ အင်စတော လုပ်ရုံပဲ လုပ်ဖို ့ လိုတာပါ။ Nokia PC Suit တောင် မလိုပါဘူး။ အင်တာနက် ကွန်နက်ရှင် ကောင်းဖို ့။ ဖုံးနဲ့ စက်နဲ့ ချိတ်တဲ့ USB port နဲ့ cable ကြိုး ကောင်းဖို ့ ဖုံးဘက်ထရီ အားပြည့် နေဖို ့သာလိုပါတယ် လို ့ ဝါသနာ တူ ဘော်ဒါ များကို အားပေးအားမြှောက်ပြုရင်း ...
ညီမူရာ
| Share |
နိုကီယာ ၆၂၈၈ ကို ဆော့ကစားခြင်း (၂)
ဒါနဲ့ ဘယ်လို လုပ်ရင် ပြန်ရမလဲ ဆိုပြီး အင်တာနက်တွေပေါ် လိုက်ရှာရင်းနဲ့ အချိန် တပါတ်လောက် ကုန်သွားပါ တော့တယ်။ ပျောက်သောသူ တောင်မှ ရှာရင်တွေ ့နိုင်သေးတာပဲ ဆိုပြီး ဇွဲကြီးကြီးနဲ့ ရှာတာ နောက်ဆုံး တွေ ့ သွားပါတယ်။ အလုပ်နဲ့ ပတ်သက်တဲ့ ကိစ္စ တောင်မှ အဲ့သလို ရှာချင်မှ ရှာမိမယ်၊ အခုဟာက မရရင် မဖြစ်ဘူးဆိုတော့ ရှာရတာပေါ့။ ပထမ သုံးလေးရက် က ဘယ်လိုမှ အစရှာမရဘူး။
အဲ့ဒီကျမှ ကိုယ်သုံးနေတဲ့ ဖုန်းအကြောင်း တော်တော် စုံစုံလင်လင် သိသွားပါတယ်။ နိုကီယာက ကနဦးမှာ DCT-3 နဲ့ DCT-4 ဆိုတဲ့ စနစ်တွေနဲ့ ဖုန်းကို လော့ခ် လုပ်ထားပါတယ်။ နောက်ပိုင်းမှာ လူတွေက အန်လော့ခ် လုပ်လာကြတော့ Base Band 5 (BB5) ဆိုတဲ့ စနစ်အသစ်ကို မိတ်ဆက်ပြီး နောက်ပိုင်း နိုကီယာတွေမှာ သုံးပါတယ်။ စာရေးသူရဲ့ ၆၂၈၈ ကလည်း BB5 စနစ်သုံး ဖုန်းပါ။ BB5 ဆိုတာ ဘာလဲ သိချင်သူများ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ လေ့လာနိုင်ပါတယ်။ နိုကီယာ ၆၂၈၈ မော်ဒယ် ဟာ Symbian စနစ်သုံး Series 40 3rd Edition (initial release) ဖုန်းတလုံး ဖြစ်ပါတယ်။
နောက်ဆုံး ဂွတ်ဂယ် ကျေးဇူးနဲ့ ဆိုဒ်တခု သွားတွေ့တယ် ဘလူး-နိုကီယာ တဲ့။ အဲ့ဒီ ဆိုဒ် မှာ နိုကီယာ ဖုန်းတွေ အကုန်လုံး နီးပါရဲ ့ Firmware (Flash Files) တွေကို စုဆောင်းပေးထားပါတယ်။ သူ ့စနစ်နဲ့ သူ စနစ်တကျ ခွဲပေးထားတာပေါ့။ ဖုန်းကို ပြင်တဲ့ သူတွေတော့ အလွန်သုံးဝင်မယ့် ဆိုဒ် ဖြစ်ပါတယ်။ လေ့လာလိုသူများ Blue-Nokia ကို ဒီနေရာ ကနေ သွားနိုင်ပါတယ်၊ ၆၂၈၈ ရဲ့ ဖန်းဝဲလ် ကို ရှာလိုက်တော့ နိုကီယာ က ထုတ်ထားတဲ့ ၆.၁ ဗားရှင်းအပြင်။ ပြင်ပက ဆော့ဝဲလ် သမားတွေ ရေးထားတဲ့ ၆.၄၃ ဗားရှင်းအထိ ရှိနေတာ တွေ ့လိုက်ရပါတယ်။ ဒါနဲ့ပဲ သိတဲ့အတိုင်း နောက်ဆုံး အငြိမ်ဆုံးလို ့ သေချာတဲ့ ၆.၄၃ ကိုပဲ ဒေါင်းလုပ် ဆွဲချလိုက်ပါတယ်။
ဖန်းဝဲလ် ၆.၄၃ ကို ဆွဲချပြီး အင်စတော လုပ်ကြည့်တော့ ဖိုင်တွေကို သာ ကွန်ပျူတာထဲ ကော်ပီကူး ထည့်ပေးသွားတယ် ဘာမှ မလုပ်ပေးသွားပါဘူး။ စာရေးသူ အဖြစ်က ဒီဗီဒီပြားရပြီး အောက်စက်မရှိလို့ ရုပ်ရှင် မကြည့်ရတာနဲ့ တူနေပါတယ်။ ဒါနဲ့ ကြားခံ ဆော့ဝဲလ် တခုခု လိုဦးမှာပဲ ဆိုပြီး ဂွတ်ဂယ်ကြီး အားကိုး ရပြန်ပါတယ်။
နောက်ထပ် သုံး လေးရက်လောက် နေမှ ဖိုရမ်တခုကို တွေ့ပါတယ်။ Gsm Hosting တဲ့၊ အဲ့ဒီ ဖိုရမ်မှာ ဘာသွားတွေ့လည်း ဆိုတော့ နိုကီယာ တွေ ဖုန်းသာ Physical အစိတ်အပိုင်း မပျက်စေနဲ့ ဆော့ဝဲလ် ပိုင်း ဖန်းဝဲလ်ပိုင်း သာ ပြစ်ချက် ဖြစ်ပါစေ ပြန်ကောင်းအောင် လုပ်နိုင်ရမယ် ဆိုတဲ့ တော့ပစ် တခု သွားတွေ ့ပါတယ်။ အဲ့ဒီအထဲက ညွန်းထားတဲ့ အဆင့် ၅ ခု အတိုင်း လိုက်လုပ်လိုက်တာ နောက်ဆုံးမှာ စာရေးသူရဲ့ နိုကီယာ ၆၂၈၈ ဖုန်း ပုံမှန်ပြန်ဖြစ်သွားပါတယ်။ ဖုန်းက လုံး၀ ပါဝါဖွင့် လို ့မရတော့ တောင်မှ ပြန်ကောင်းပါတယ်။ ဘယ် နိုကီယာ BB5 စနစ်သုံး မဆို လုပ်လို့ရပါတယ်။
တပါတ်လောက် စိတ်အညစ်ခံပြီး နောက်ဆုံး ပြန်ရသွားတော့ လင်မယား ၂ ယောက်လုံး ပျော်လိုက်တာလေ၊ ပြောမပြတတ်အောင်ပါပဲ။ သူကလည်း အကောင်းကနေ သုံးမရဖြစ်တဲ့ ဖုန်း ပြန်ကောင်းတော့ ပျော်။ စာရေးသူကလည်း လျှောက်ကလိတာ ပြန်အဆင်ပြေလို ့ပျော် နဲ့ တပါတ်လောက် စိတ်ညစ် စိတ်ပင်ပန်းခဲ့တာတွေ တောင် ပျောက်ကုန်ပါတယ်။ သူက ပြန်ကောင်းအောင် လုပ်နိုင်တဲ့ နည်း ရှာဖွေတွေ ့ရှိသွားတဲ့ စာရေးသူကိုလည်း ပြုံးကြည့်လို ့။ သူ ့အပြုံးကြောင့် လောကကြီးကို ခဏလောက်တောင် မေ့လို ့သွားပါတယ်။
ညီမူရာ။
အောက်ပါ အင်တာနက် စာမျက်နှာများကြောင့် ဖုန်းကို ပြန်ကောင်းစေတာပါ။
Blue Nokia
GSM Hosting
Download Phoenix_2008_34V1 software
Find and Download BB5 Flashes File
Instruction By Jawad
1-install Phoenix_2008_34-V1.exe and wait for about 5 min to finish installation,the patch soft will appear,now click PATCH,restart PC.
2-Download and install needed flash file from here (note:install only needed flash file,not more than one)
3-Launch phoenix and go File--Manage connections..--select NO CONNECTION and Apply.
4-Go FILE--Open Product--select your model and OK.
4-Go Flashing--Firmware update,new window popup,Press [...] button and select desired product code (If you install more than one flash file,products will be mixed for you now)
5-check DEAD PHONE USB FLASHING and press Refurbish,soft will ask you to powerON the phone do it and enjoy FREE FAST EASY BB5 FLASHING.
Credited to jawad8305 @ forums.gsmhosting.com
| Share |
နိုကီယာ ၆၂၈၈ ကို ဆော့ကစားခြင်း (၁)
ကိုယ့်မှာ ရှိတဲ့ ဂတ်ဂျက်စ် (Gadget) တွေကို ကလိရတာလောက် အရသာရှိတာ ဘာမှ မရှိပါဘူး။ အထူးသဖြင့် ဂတ်ဂျက်စ်ရဲ့ ဖန်းဝဲလ် (ဒါမှမဟုတ် System Software) ကို အဆင့်မြင့်ရတာ ပိုပြီး အရသာရှိပါတယ်။ ဘာအသစ်အဆန်းများ မြင်ရမလဲ ဘာတွေ ပိုကောင်းအောင် လုပ်ပေးထားမလဲ ဆိုတာလေး က ပိုလို ့ ရင်ခုန်စရာ ကောင်းပါတယ်။ နောက်တမျိုးကလည်း အဲ့ဒီလို ဖန်းဝဲလ် ကို အဆင့်မြင့်နေတုန်း ဘာအဆင်မပြေမှုများ ကြုံပြီး ကိုယ့်ပစ္စည်း သုံးမရဖြစ်မလဲ ဆိုတဲ့ စိုးရိမ် ပူပန်မှု Risk လေးကလည်း အရသာ တမျိုးပါပဲ။
ဒါနဲ့ပဲ ဒုတိယမြောက် အဖြစ် နိုကီယာ လက်ကိုင်ဖုန်းကို ဖန်းဝဲလ် အဆင့်မြင့်ဖြစ်ပါတယ်။ စာရေးသူ ဆီမှာ ဖုံးအပိုရှိတော့ လုပ်ရဲတာပေါ့။ ဖြစ်ချင်တာဖြစ် စမ်းမယ်ဆိုပြီး လုပ်လိုက်ပါတယ်။ နိုကီယာ ၆၂၈၈ မော်ဒယ် ဆလိုက်ဖုန်းပါ။ နိုကီယာ မှာလည်း ဆော့ဝဲလ် အဆင့်မြင့်တဲ့ Nokia Software Updater (NSU) ခေါ်တဲ့ ဆော့ဝဲလ် အက်ပ်ဒိတ် လုပ်တဲ့ စနစ်ရှိတော့ လွယ်ကူမယ် ထင်ပြီး အဲ့ဒါလေး နိုကီယာကပဲ ဆွဲချပြီး အဆင့်မြင့်လိုက်တယ်။
နိုကီယာ က ပေးတဲ့ဆော့ဝဲလ် မို ့ အဆင်ပြေမှာပဲဆိုပြီး ရိုးရိုးပဲတွေးဖြစ်တယ်။ ပုံမှန်ပဲ နိုကီယာက ပေးတဲ့ဆော့ဝဲလ် အင်စတော လုပ်ပြီး ဖုန်းကို ကွန်ပျူတာနဲ့ ချိတ်ပြီး ဖွင့်လိုက်တယ်။ ဟော ဆော့ဝဲလ်က ဖုန်း ကို လည်း သိတယ် ဖန်းဝဲလ် အဟောင်းက ၅.၉၆ ဖြစ်ပြီး သူတို ့ နိုကီယာကနေ အခု ၆၂၈၈ ဖုန်းအတွက် ဖန်းဝဲလ်က ၆.၁ ဖြစ်နေပြီး အဆင့်မြှင့်မလား ဆိုတော့၊ အိုကေ လုပ်လိုက်တယ်။
ဆော့ဝဲလ်က တခု နှစ်ခုလောက် ထပ်သေချာအောင် အိုကေ တွေ မေးပြီး ဖန်းဝဲလ် အဆင့်မြင့်ခြင်းကို လုပ်ပါတော့တယ်။ ၄၀ ရာခိုင်နှုန်း လောက်လည်း ရောက်ရော ယူအက်စ်ဘီ ပြုတ်လိုက် တပ်လိုက် အသံ တဒင်ဒင်ကို ကွန်ပျူကနေ ကြားရပြီး ဖုန်း နဲ့ ကွန်ပျူတာ ကွန်နက်ရှင် ချိတ်ထားတာ လွတ်တယ် ဆိုတဲ့ အဲရာ အမှားကြီး ပေါ်ပြီး ဖုန်းက လုံး၀ သုံးမရအောင် ဖြစ်သွားပါတော့တယ်။ ဒုတ်ခေါ ဘယ်ကနေ ဘယ်လို ပြန်စစ ကွန်ပျူတာကနေ ဖုန်းကို မသိတော့ပါဘူး။ အင်တာနက်တွေ မှာ အသည်းအသန် လိုက်ရှာတော့မှ နိုကီယာ ဆော့ဝဲလ် အက်ပ်ဒိတ်တာ (NSU) တွေက တခါတလေ အဲ့သလို လိုအပ်ချက်တွေ နဲ့ အဲရာ ဖြစ်တတ်တယ် ဆိုတာဖတ်လိုက်ရတယ်။
နိုကီယာ ဖိုရမ်တွေ FAQ တွေမှာ လိုက်မေး လိုက်ရှာတော့ နောက်ဆုံး ဆားဗစ်စင်တာ သာ ပို ့ပါဆိုတဲ့ အကြောင်းသာ ပြန်ရတယ်။ သွားပြီပေါ့ ဖုန်းက အဲ့ဒါမျိုးဖြစ်တာကို Brick Phone(အုတ်ခဲလို သုံးမရ) ဖြစ်တယ် လို ့ သူရို ့ဖိုရမ်တွေမှာ သတ်မှတ်ပါတယ်။ ပါဝါ ကို လုံး၀ ဖွင့်လို ့မရတော့ ရင် Dead Phone ဖြစ်သွားတယ် လို ့့လည်း ခေါ်ပါတယ််။ သွားပါပြီ ဖုန်း တလုံး။ ဆားဗစ်စင်တာ သွားလည်း အနည်းလေးတော့ ၃၀ ၄၀ လောက်ကုန်မှာကိုး။
သူကတော့ ကနဦး တားပါသေးတယ် သုံးလို ့ရနေတဲ့ အကောင်းကြီး ဘာတွေလျှောက် လုပ်မလို ့လည်းတဲ့။ အမျိုးသားတို ့ ရဲ ့ ဗီဇကို တားမရတဲ့ အဆုံး သက်ထားက ဘေးကနေ ထိုင်ကြည့်နေတာပေါ့။ အခုလို ဖုန်း သုံးမရဖြစ်သွားတော့ သူလည်း မပျော် စာရေးသူလည်း စိတ်မကောင်း။ ဒါနဲ့ ဘယ်လို လုပ်ရင် ပြန်ရမလဲ ဆိုပြီး အင်တာနက် တွေပေါ် လိုက်ရှာရင်းနဲ့ အချိန်တပါတ်လောက် ကုန်သွားပါတော့တယ်။
ဆက်လက်ဖော်ပြပါမည်
ညီမူရာ
| Share |
ဒီလပိုင်းမှာ ရှိရှိသမျှ ကွန်ဇိုး နဲ့ မိုဘိုင်းဖုန်းတွေကို ဖန်းဝဲလ် အသစ် တင်ဖြစ်တယ်။ စာရေးသူက ကျွမ်းကျင်သူ မဟုတ်ပါဘူး။ ဒါပေမယ့် အမျိုးသားတွေ ရဲ့ ဗီဇအရ ရှိတဲ့ ပစ်စည်းလေးတွေကို ဟိုကလိ ဒီကလိချင်တဲ့ စိတ်တော့ ရှိတာပေါ့။
ဒါနဲ့ပဲ ပထမဆုံး စာရေးသူ အမျိုးသမီးရဲ ့ ပီအက်စ်ပီ (စလင်း) ကို ပထမဆုံး ဖန်းဝဲလ် အဆင့်မြင့်ဖြစ်တယ် ။ မူလက အမ်-၃၃ ၃.၉၅ ဖန်းဝဲလ်ကနေ အမ်၃၃ရဲ့ ၄.၀၁ ဖန်းဝဲလ်ကို အဆင်မြင့်လိုက်တယ်။ အဆင့်မြင့်နေတုန်းကတော့ ပထမဆုံး ရင်တခုန်ခုန်နဲ့ပေါ့။ ဘာများဖြစ်သွားမလဲ ဘာများဖြစ်သွားမလဲ။ အမျိုးသမီးကလည်း သူ ့ဂိမ်းစက်လေး ပျက်သွားမယ်ပေါ့။ ၄.၀၁ အောင်မြင်စွာ အဆင့်မြင့်ပြီးသွားမှပဲ ဟင်းချ နိုင်တော့တယ်။ အဲ့ဒီကနေ အားတက်သွားလိုက်တာ လွန်ခဲ့တဲ့ အောက်တိုဘာ တတိယပါတ်မှာ အမ်၃၃ အဖွဲ့ရဲ့ နောက်ဆုံးထုတ် ဖန်းဝဲလ်ဖြစ်တဲ့ စီအက်ဖ်ဒဗလျူ ၅.၀ အမ်၃၃-၃ ကို ထပ်မံပြီး အဆင့်မြင့်ဖြစ်ပြန်တယ်။ ဒီတခါတော့ ပထမအခေါက်က အတွေ ့အကြုံရှိပြီးသားဆိုတော့ အေးအေးဆေးဆေးနဲ့ပဲ ပြီးဆုံးသွားတယ်။
စီအက်ဖ်ဒဗလျူ လို ့ ခေါ်တဲ့ ကပ်စတန်ဖန်းဝဲလ်(ပြုပြင်ထားတဲ့ ဖန်းဝဲလ်) ကို ဒါ့အဲ့လက်စ် လို ့အမည်ရတဲ့ ပရိုဂရမ်မာ တဦးက ဒိုင်ခံရေးသားတယ်လို ့လည်း အင်တာနက်သတင်းတွေမှာ ဖော်ပြကြပါတယ်။ မူလဆိုနီရဲ ့ဖန်းဝဲလ်ကို (အိုအက်ဖ်ဒဗလျူ-အော်ရဂျင်နယ် ဖန်းဝဲလ်) လို ့ခေါ်ကြပြီး ယူအမ်ဒီ ဒစ်ပြားနဲ့ ဂိမ်းတွေပဲ ဆော့လို ့ရတာပါ။
ဟုမ်းဘရူး လိုခေါ်တဲ့ စိတ်ကြိုက်ပြုပြင်ရေးသားထားတဲ့ ဖန်းဝဲလ်တွေကတော့ ဒေါင်းလုပ် ရယူထားတဲ့ ဂိမ်းတွေကို ဆော့လို ့ရတဲ့အပြင် အခြား မူလဆိုနီ ဖန်းဝဲလ်မှာပါ မရတဲ့ လုပ်ဆောင်ချက်တွေ ပါရနိုင်ပါတယ်။
အခု ဒုတိယနောက်ဆုံးထုတ်ထားတဲ့ စီအက်ဖ်ဒဗလျူ ၅.၀ အမ်၃၃-၃ မှာဆိုရင် ပီအက်စ်ပီကို ကွန်ပျူတာနဲ့ ချိတ်ဆက်လိုက်တာနဲ့ အလိုအလျှောက် သိနိုင်အောင်လုပ်ထားပါတယ်။ နောက်ပြီး အလိုအလျောက်ပိတ်နိုင်တဲ့ တိုင်မာကို လည်း နေရာအနှံမှာ ထည့်ပေးထားပါတယ်။
ဘာပဲဖြစ်ဖြစ် စာရေးသူကတော့ ၅.၀ အမ်၃၃-၃ ကို ပိုလို ့နှစ်သက်သဘောကျမိပါကြောင်း၊
(နိုဝင်ဘာ ၁၄၊၂၀၀၈ ခု) ညီမူရာ
| Share |
CBox
My CBox has been hijacked by some spammer. So, CBox has been removed. Sorry for inconvenience causes. |