Showing posts with label Technical. Show all posts
Showing posts with label Technical. Show all posts

VMware ဗီအမ်ဝဲ ရဲ့ အခမဲ့ ဆော့ဝဲ တွေက အောက်ပါအတိုင်းဖြစ်ပြီး
(i) vSphere Hypervisor
(ii) Server
(iii) Player
(iv) vCenter Converter

ခုဆက်လက် မျှဝေသွားမှာကတော့ (iii) VMware Player ပဲ ဖြစ်ပါတယ်။ VMware Player ဗီအမ်ဝဲ ပလေယာ ဒေါင်းလုပ်ချရမယ့် နေရာ ကိုသွားလို ့ ကိုယ့်သုံးမယ့် ပလက်ဖောင်းနဲ့ သင့်တော်မယ့် ဗားရှင်း ကို ဆွဲချပါ။ ညီမူရာ က ၀င်းဒိုး ပလက်ဖောင်း ပေါ်မှာ သုံးမှာဖြစ်လို့ VMware Player for Windows 32-bit and 64-bit ကို ဒေါင်းလုပ်ချပါတယ်။

ကိုယ့်စက်ထဲ သွင်းဖို ့ ဒေါင်းလုပ်ချထားတဲ့ ဖိုင်ကို Run လိုက်တာနဲ့ ဒီလိုမျိုး စမြင်ရမှာပါ။


အင်စတော လုပ်နည်းတို ့ ထုံးစံအတိုင်း Next တွေကို နှိပ်ပေးရမှာပါ။



စက်ထဲ သွင်းလို ့ပြီးတဲ့အခါ Desktop ပေါ်က ဗီအမ်ဝဲ Icon ရှာပြီး Run စလိုက်ပါ။


ဗီအမ်ဝဲ တက်လာပါလိမ့်မယ်။ Create a New Virtual Machine ၁ ကိုနှိပ်ပါ။ ဗီအမ်ဝဲ အသစ်ဆောက်ဖို ့ wizard တက်လာပါလိမ့်မယ်။ အရင်နေ ့ကလိုပဲ စီဒီ ဒီဗီဒီ ကနေ အင်စတော လုပ်ချင်ရင် အပေါ်တခုဖြစ်တဲ့ Installer Disc ကို ရွေးပြီး ဒီဗီဒီ ဒရိုက်ကို ရွေးရုံပါပဲ။
ညီမူရာ ကတော့ အိုင်ဆို Iso Image ကနေ အင်စတော လုပ်မှာ ဖြစ်တဲ့အတွက် ဒုတိယ တခု ကို ရွေးပါတယ်။ ကိုယ့်စက်ထဲက အိုင်ဆို ဖိုင်ရှိတဲ့ နေရာကို သွားဖို ့အတွက် Browse (၃) ကို နှိပ်ပါ။


ဖိုင်ရွေးဖို ့ window တခု တက်လာပါလိမ့်မယ်။ အိုင်ဆို ရှိတဲ့ နေရာကို (၁) ရွေးပေးလိုက်ပါ။ ပြီးရင်ဖိုင်ကို Open (၂) လိုက်ပါ။


ဖိုင်နာမည် လမ်းကြောင်းမှန်ကို တွေ ့ရပါလိမ့်မယ့် Next (၃) ကို နှိပ်ပါ။


ကိုယ့် ရွေးလိုက်တဲ့ အိုင်ဆိုကို ဆော့ဝဲက ဖတ်ပြီး လိုအပ်တဲ့ ရွေးချယ်မှုတွေ လုပ်ခိုင်းပါလိမ့်မယ်။ လိုင်စင် Key တွေ OS အမျိုးအစား ဗားရှင်း တွေပါ။ လိုင်စင် Key ကို မထည့်လိုက်ရင် နောက်မှ သပ်သပ် Activate လုပ်ရလိမ့်မယ် ဆိုတာ အသိပေးပါလိမ့်မယ်။ Yes ကို နှိပ်ပါ။


ပြီးတာနဲ့ ဗီအမ်ကို ဘယ်နေရာမှာ သိမ်းမလဲ။ Virtual Hard Disc အရွယ်အစား တွေ ရွေးခိုင်းပါလိမ့်မယ်။ စိတ်တိုင်းကျရွေးချယ်ပြီးလို ့ Next နှိပ်လိုက်ပါ။


ကိုယ်ရွေးထားတဲ့ Summary ပြပါလိမ့်မယ် စိတ်တိုင်းမကျရင် Back နဲ့ ပြန်ပြင်လို ့ရပြီး စိတ်တိုင်းကျရင် Finish ပေါ့။


ဒါဆိုရင် ဗီအမ် ပလေယာ VM Player မှာ ကိုယ့် ဗီအမ် နာမည် ကို မြင်ရပြီး စပြီးသုံးချင်(Install) လုပ်ချင်ရင် Play Virtual Machine ကို နှိပ်ပေးပါ။



ကိုယ့်ရွေးထားတဲ့ အတိုင်း အိုင်ဆို ကနေ boot ပြီး Install လုပ်နေတာ မြင်ရမှာ ဖြစ်ပါတယ်။


တခုခု ပြန်ချိန်ညှိချင်လို ့ Edit Virtual Machine Setting ကို ရွေးလိုက်ရင်
Virtual Machine Setting Window တက်လာမှာ ဖြစ်ပါတယ်။ အဲ့ဒီမှာ Hardware တွေကို စိတ်ကြိုက်ချိန်ညှိ နိုင်သလို။


နာမည် တွေ OS အမျိုးအစားတွေကို ချိန်ညှိနိုင်ပါသေးတယ်။


ပြောရရင် ဗီအမ်ဝဲ က ဗီကျူရယ် ဘောက်စ် ထက် အဆင့်တွေ နည်းပါတယ်။ ဘယ်အရာ မဆို အကောင်းအဆိုးဆိုတာ ရှိသလို လူတကိုယ် အကြိုက်တမျိုးဖြစ်ပြီး ၂ ခုစလုံး နာမည်ကြီး ဆော့ဝဲတွေဖြစ်တာကြောင့် ဘယ်ဟာက ကိုယ်နဲ့ပို အဆင်ပြေမယ်ဆိုတာ ကတော့ ကိုယ်တိုင်ပဲ စမ်းသုံးရင်း ဆုံးဖြစ်ကြပါလို ့ တိုက်တွန်းရင်း ....
ညီမူရာ ...

Share


VirtualBox ရဲ့ ဆော့ဝဲ ကို ဒေါင်းလုပ်ချပြီး Install စလုပ်လိုက်တယ်ဆိုရင် ကိုယ့်စက်ရဲ့ လုံခြုံရေးဆိုင်ရာ ဆက်တင် တွေအရ ဒီလို အချက်ပေး တာ တွေ ့ရမှာပါ။ Run လိုက်ပါ


ပြီးရင် Next လုပ်ပေးလိုက်ပါ။


အင်စတော လုပ်မယ့် နေရာကို ဒီအတိုင်းပဲ ဘာမှ မပြင်ပါနဲ့ Next ကိုပဲ နှိပ်ပေးပါဦး။


ဗီအမ် VM က သူလိုအပ်တဲ့ နက်ဝေါ့ပိုင်းဆိုင်ရာတွေ အင်စတောလုပ်မှာပါ။ Yes ပါပဲ။



တဆက်တည်းမှာပဲ လိုအပ်တဲ့ဆော့ဝဲ ဒရိုင်ဘာတွေ သွင်းဖို ့ မေးတာပါ Install ကို နှိပ်ပါ


နောက်ထပ် သုံးခါ ထပ်မေးပါဦးမယ် Install ချည်းပဲ ခပ်ရဲရဲ နှိပ်ပေးပါ မကြောက်ပါနဲ့


ဒါဆို အော်ရကဲ ရဲ့ ဗီကျူရယ် ဘောက် Oracle VirtualBox Application Software သင့်စက်ထဲမှာ အောင်မြင်စွာ အင်စတော လုပ်ပြီးပါပြီ Finish ကို နှိပ်ပေးပါ။


ပြီးရင် အခုမှ VirtualBox စမှာဖြစ်တဲ့ အတွက် စက်ထဲက VirtualBox ဆော့ဝဲကို Run/Start လိုက်ပါ။

စစခြင်း ဗီအမ် မန်နေဂျာ ၀င်းဒိုး VM Manager Windows ထဲက New ဆိုတာကို ကလစ် နှိပ်ပါ ဒါဆိုရင် ပုံပါအတိုင်း Create New Virtual Machine ဆိုတာ မြင်ရပါမယ် Next နှိပ်ပါ


ဗီအမ် ရဲ့ နာမည် (1) ကို ပေးရမှာဖြစ်လို ့ စိတ်ကူးရှိသလို ပေးပါ။ OS အမျိုးအစား (2) နဲ့ Version (3) ကို ရွေးပေးပါ။ Next နှိပ်ပါ။ ပြီးရင် Memory ကို ကိုယ့် Host Machine စက်မှာ တပ်ထားတဲ့ထဲက Guest VM အတွက် လိုသလောက် ပေးပါ (4) ။ အစိမ်းရောင် အထိ အများဆုံး ပေးလို ့ရပါတယ်။ အနီရောင် တွေအထိ ပေးမိရင် မူရင်း Host OS ရဲ့ စွမ်းရည် တအားကျသွားနိုင်ပါတယ်။ Next နှိပ်ပါ။


Boot Hard Disk ကို သူ့ဟာသူ အမှန်ခြစ်ပေးထားပါလိမ့်မယ်။ ဒီနေရာမှာ အသစ်ဖြစ်တဲ့အတွက် Create new hard drive ရွေးပေးပါ။ Next and Next ကို နှိပ်ပေးပါ။


Hard Disk Storage Type ဗာကျူရယ် ဟာ့ဒစ်ကို ဆောက်တော့မှာပါ။ ဒိုင်နာမစ်ပဲရွေးပါ သူက လိုရင်လိုသလောက်ပဲ ကြီးကြီးသွားမှာပါ။ ပြီးရင် အဲ့ဒီ ဗာကျူရယ် ဟာ့ဒစ်ကို ဘယ်မှာ သိမ်းမလဲ ဆိုတာ Folder Destination လေး ရွေးပေးလိုက်ပါဦး ပြီးရင် စစခြင်း ဟာ့ဒစ် အရွယ်အစားကို ချိန်ညှိလို ့ရပါတယ်။ ပုံမှန်ဆို ၂၀ Gb ကို သူ့ဟာသူ သတ်မှတ်ပေးထားပါတယ်။ အတိုးအလျှော့လုပ်လို ့ရပါတယ်။ Next နှိပ်ပါ။ နောက်ဆုံးမှာ Summary ပြပါလိမ့်မယ်။ Finish လေး နှိပ်ပေးလိုက်ပါဦး။ ဒီအဆင့်တွေဟာ ကွန်ပျူတာတလုံးကို လိုအပ်တဲ့ ဟာ့ဒစ်တို ့ မန်မိုရီတို့ တပ်ဆင်သလို အဆင့်တွေပါ။

ဒါဆို Oracle VM မန်နေဂျာမှာ ကိုယ်ခုပဲ တည်ဆောက်လိုက်တဲ့ VM ကို မြင်ရပါပြီ။ ကိုယ်ပေးလိုက်တဲ့နာမည် ကိုယ်ရွေးလိုက်တဲ့ ဟာ့ဝဲလ်တွေနဲ့ အတူတွေ့ရမှာပါ။
ဆက်ပြီး OS တင်ဖို ့အတွက် စီဒီ ဒီဗီဒီ Drive လိုပါသေးတယ်။ ဆက်ကြဦးစို ့။



ကိုယ်ရဲ့ ဗီအမ်ကို Select/Click ပြီး ဆက်တင် (၁) ကို နှိပ်ပါ။ ဒါဆို ဆက်တင် ၀င်းဒိုးလေး မြင်ရပါမယ်။
Storage (၂) ဆိုတာ ကို နှိပ်ပါ အဲ့ဒီအချိန်မှာ စီဒီ ပုံလေးဘေးမှာ Empty လို ့ပြနေပါလိမ့်မယ်။ အဲ့ဒီ စီဒီပုံ (၃) ကို နှိပ်ပါ။


Attributes ဆိုတဲ့ နေရာက စီဒီ၊ဒီဗီဒီ ဟိုးဘက်ဘေးက စီဒီပုံ (၁) ကို နှိပ်လိုက်ရင် Dropdown Menu တခု ကျလာပါလိမ့်မယ်။ အဲ့ဒီထဲက ကိုယ့်ရဲ့ တကယ့် စီဒီ အချပ်ထည့်မယ့် Host စက်ရဲ့ Physical Optical Drive ကို ရွေးပေးပါ။ ပုံထဲမှာ ညီမူရာ သုံးမှာက Z: drive ဖြစ်လို ့ Z: ကို ရွေး လိုက်တာပါ။ တဆက်တည်းမှာ အဲ့ဒီ optical drive ကို VM ကနေ ကျော်သုံးတာကို ခွင့်ပြုပေးမယ်ဆိုတဲ့ Passthrough (၃) ကို အမှန်ခြစ်ပေးပါ။ ဒါဆိုရင် မူလက ဘာမှမရှိတဲ့ နေရာ (၄) မှာ Host Drive ‘Z:’ ဆိုပြီး ပြနေတာကို တွေ့ရပါလိမ့်မယ်။ အိုကေ ဆိုတဲ့ (၅) ကို နှိပ်ပေးပါ။

ဒါဆိုရင် Host စက်ရဲ့ ဒီဗီဒီကနေ ပြီး VM ကို OS Installation လုပ်ဖို ့အသင့်ဖြစ်နေပါပြီ။
Host စက်ရဲ့ ဒီဗီဒီ drive ထဲ သွင်းချင်တဲ့ Bootable OS Installer disc အချပ် အရင်ထည့်ပါ။


VM မန်နေဂျာမှာ ကိုယ့် ဗီအမ် ကို ရွေးပြီး Start ဆိုတာ နှိပ်လိုက်ပါ (ကွန်ပျူတာ ခလုပ်ကို ဖွင့် လိုက်သလိုပါပဲ)။



ဗီအမ် boot တက်လာတာကို မြင်ရပါလိမ့်မယ်။



အချိန်အနည်းငယ်အတွင်း Host စက်ရဲ့ ဒီဗီဒီ drive ကနေ ဖတ်ပြီး ကိုယ် သွင်းမယ့် OS ကို Install လုပ်နေတာကို မြင်ရပါလိမ့်မယ့်။


အဲ့ဒီလို DVD မဟုတ်ပဲ အင်စတော်လာတွေကို Image ရိုက်ထားတဲ့ အိုင်ဆို Iso တွေပဲ ရှိတယ်ဆိုရင်လည်း လုပ်လို ့ရပါတယ်။


ခုန တုန်းကလို ပဲ မန်နေဂျာမှာ ဗီအမ် ကို ရွေးပြီး ဆက်တင် ကိုနှိပ်ပါ။


ဆက်တင် နေရာမှာ Storage (၁) ကို ရွေးပါ ပြီးရင် တဆက်တည်း စီဒီအပေါင်းပုံ (၂) ကို နှိပ်ပါ။ ဒါဆိုရင် မေးခွန်းမေးပါလိမ့်မယ့် အဲ့ဒီနေရာမှာ Choose disk (၃) ကို နှိပ်ပေးပါ။


ကိုယ့် အင်စတော်လာ Image Iso File (၁) ကို ရွေးပေးရပါလိမ့်မယ်။ ပြီးရင် Open (၂) ကို နှိပ်ပေးပါ။ ဒါဆို ကိုယ့်ရဲ့ Installer Image Iso အိုင်ဆို ကို (၃) နေရာမှာ မြင်ရပါလိမ့်မယ်။ အိုကေ (၄) ကို နှိပ်ပေးပါ။


ဒါဆိုရင် VM ကို Iso Image File ကနေ အင်စတောလုပ်ဖို ့ အသင့်ဖြစ်ပါပြီ။ မန်နေဂျာမှာ ဗီအမ် ကို ရွေးပြီး Start လုပ်ပေးလိုက်ပါ။


ဒါဆို ဗီအမ် boot တက်သွားပြီး အချိန်တခဏ အတွင်းမှာ Iso Image ကနေ အင်စတော စလုပ်နေတာကို မြင်ရမှာ ဖြစ်ပါတယ်။
OS Installation လုပ်ပုံလုပ်နည်း ကိုတော့ လုပ်နိုင်မယ်လို ့ ယူဆလို ့ မဖေါ်ပြပေးလိုက်ပါဘူး။
Virtual Machine ဗီအမ် ကို စမ်းသပ်လိုသူများ အဆင်ပြေပြေ နဲ့ စက်တလုံးထဲပေါ်မှာ ကိုယ့်စက်နိုင်သလောက် Multiple VMs တွေ သုံးကြည့်နိုင်ပါစေလို ့ ဆန္ဒပြုရင်း ဖြင့် ....

ညီမူရာ ...

Share

ကိုယ့်မှာ စက်(ကွန်ပျူတာ) ကလည်း တလုံးပဲရှိတယ် နောက်ပြီး ကိုယ့်သုံးနေတဲ့ စက် ကိုလည်း မပိတ်ချင်။ ဖေါ်မက်ရိုက်တာတွေ ဘာတွေမလုပ်ဘဲ နောက် အိုအက်စ် “OS” တမျိုး ဒါမှမဟုတ် နောက်စက်တလုံး (စက်အများ) ကို သုံးချင်တဲ့အခါ Virtual Machine (VM) ဟာ သိပ်အသုံးကျပါတယ်။

ဗီအမ် VM ဆိုတာ အပြင်မှာ စက်မရှိဘဲ ဆော့ဝဲလ်ဖြင့် ဖန်တီးထားသော စက် (ကွန်ပျူတာ) ကိုခေါ်တာပါ။ အကျွမ်းတဝင်မရှိသူများ အတွက်ရည်ရွယ်ပြီး မျှဝေလိုက်တာဖြစ်လို ့ သိတဲ့သူတွေအတွက် တော့ အသုံံးလိုမယ် မထင်ပါဘူး။ အရင့်အရင် တုန်းကတော့ duabl boot လို ့ခေါ်တဲ့ စက်တလုံးကို OS ၂ ခု ဒါမှမဟုတ် Multiple boot ဆိုပြီး လေးခု အထိ တင်သုံးကြပါတယ်။ ဒါပေမယ့် သူက တချိန်မှာ OS တခုပဲသုံးလို ့ရပါတယ်။
picture from cdmit.epfl.ch

နောက်ပိုင်း VM တွေ ပေါ်လာတော့ တချိန်ထဲမှာ Hardware နိုင်ရင် နိုင်သလောက် VM တွေ တင်လို ့ရလာပါတယ်။ တပြိုင်နက်တည်း လည်း စက်တွေအများကြီး သုံးလို ့ရလာပါတယ်။ VM ဆိုတာ ဆော့ဝဲနဲ့ တကယ့် စက်လို ဖန်တီးထားတာပါ။ သူက ဆော့ဝဲ နဲ့ ဖန်တီးထားတာ ဖြစ်လို့ Application Layer ပေါ်ကနေ တကယ့်စက်ရဲ့ Hardware တွေကို လှမ်းခိုင်းတာ မျှသုံးတာ ဖြစ်ပါတယ်။

VM တွေမှာ မူလ ကိုယ်သုံးနေတဲ့ ပင်မ စက် (OS) ကို Host OS (အိမ်ရှင်) လို ့ သတ်မှတ်ပြီး သူ ့အပေါ်မှာ ဆော့ဝဲလ် နဲ့ ဖန်တီးထားတဲ့ ဗီအမ် တွေကို Guest OS (ဧည့်သည်) လို ့ ခေါ်ကြပါတယ်။

ဘယ်အရာမဆို အားသာချက် အားနည်းချက်ဆိုတာ ရှိစမြဲမို ့ VM တွေမှာလည်း အားသာ အားနည်းချက်တွေရှိပါတယ်။

အဓိက အားသာချက်တွေ အနေနဲ့ကတော့
မတူညီတဲ့ အိုအက်စ် OS တွေကို ကွန်ပျူတာ စက်တလုံးထဲပေါ်မှာတင် ဆောင်ရွက်လို ့ရတာပါ။
Windows နဲ့ Linux လို မတူညီတဲ့ ဆော့ဝဲ နည်းပညာ ညွှန်ကြားမှု ဆိုင်ရာ ISA တွေကို ဆောင်ရွက်ပေးနိုင်ပါတယ်။
စက်တလုံးထဲပေါ်မှာ ဖြစ်လို ့ ထိန်းသိမ်း စောင့်ရှောက် ကြည့်ရှုရ လွယ်ကူသက်သာပါတယ်။

အဓိက အားနည်းချက် တွေ အနေနဲ့ကတော့
Hardware ပိုင်းဆိုင်ရာတွေကို အသုံးချတဲ့အခါ တကယ့် စက်အစစ်လို မမြန်တာတွေ့ပါမယ်။
(ဥပမာ။ ဂရပ်ဖစ်ကဒ် တွေ ဟာ့ဒစ်။ CD/DVD/USB Drive ဒရိုက်တွေကို သုံးတဲ့အခါ မမြန်တာ ကြုံတွေ့ရနိုင်ပါတယ်)


VM တွေ အများကြီးကို စက်တလုံးထဲပေါ်မှာ ပြိုင်တူ သုံးနေတဲ့အခါ VM တခုနဲ့တခု လုပ်ဆောင်နိုင်မှု စွမ်းအားတွေ အမြန်နှုန်း တွေဟာ အသေအချာ အသေးစိတ် မချိန်ညှိထားသရွေ့ ဘယ်လိုမှ တူညီမှာ မဟုတ်ပါဘူး။
(ဥပမာ အားဖြင့် အပြင်မှာ Spec ထပ်တူညီတဲ့ ကွန်ပျူတာ ၂လုံး ဆင်ထားမယ်ဆိုရင် လုပ်ဆောင်နိုင်မှု စွမ်းအား အမြန်နှုန်းတွေက တူညီမှာဖြစ်ပေမယ်လို့ VM တွေအနေနဲ့ကတော့ ခဲယဉ်းမှာပါ။)

VM ဆော့ဝဲ တွေအများကြီး ရှိတဲ့အထဲမှာ ညီမူရာ နှစ်သက်တဲ့ VM application အချို့ ရှိပါတယ်။ မိုက်ခရို ဆော့ ရဲ့ Windows Virtual PC ။ Oracle က ထုတ်တဲ့ VirtualBox ရယ်။ Vmware Inc က ထုတ်တဲ့ VMware တို့ပဲ ဖြစ်ပါတယ်။ အခု ညီမူရာ မျှဝေချင်တာကတော့ Oracle ရဲ့ VirtualBox ပဲဖြစ်ပါတယ်။ 


VirtualBox ကို အခုအောက်ပါ နေရာများကနေ ဒေါင်းလုပ်ချ ယူနိုင်ပါတယ်။

Virtual Box Download

VirtualBox (Old Builds): VirtualBox 4.1

ညီမူရာ

...

Share

ဒိုင်နာမစ် အိုင်ပီ နက်ဝေါ့ ၂ ခုကို အတူတကွ အသုံးပြုခြင်း
ဒိုင်နာမစ် အိုင်ပီ ဝေ တဲ့ နက်ဝေါ့ နှစ်ခု ရှိတဲ့ နေရာမှာ အတော်ကြာကြာပဲ အလုပ်လုပ် ခဲ့ရဘူးတယ်။ ထုံးစံအတိုင်း ပထမ နက်ဝေါ့က domestic local network ပါ။ database တွေ လိုကယ် exchange တွေ လိုကယ် အင်တာနက် စာမျက်နှာတွေ ရှိတယ်။ ဒါပေမယ့် အင်တာနက်တွေ external network တွေကို လုံးဝ ချိတ်လို့ မရတဲ့ လုံခြုံရေး အဆင့်မြင့် နက်ဝေါ့တခုပေါ့။ နောက် network တခုက ပြင်ပ အင်တာနက် ကို စိတ်ကြိုက်ချိတ်ပြီး သုံးလို့ရတဲ့ နက်ဝေါ့ တခုပါ။ နှစ်ခုလုံးက dynamic IP တွေ ဖြစ်နေတော့ တော်တော် ထိန်းရခက်ပါတယ်။

ဖြစ်ချင်တာက လိုကယ် နက်ဝေါ့ database ။ exchange နဲ့ လိုကယ် အင်တာနက်စာမျက်နှာ တွေကို သွားခိုင်းတဲ့အခါ လိုကယ် နက်ဝေါ့ကို သွား။ အင်တာနက် လိပ်စာ နက်ဝေါ့ တွေကို သွားခိုင်းတဲ့အခါ အက်တာနက် နက်ဝေါ့ ကိုသွား။ အဲ့သလိုမျိုး သက်ဆိုင်ရာ ညွှန်းဆိုတဲ့ စာမျက်နှာ လိပ်စာတွေကို နက်ဝေါ့ကတ် ကို မပြောင်း မချိန်းရဘဲ လွယ်လင့်တကူ ရောက်သွားဖို့ပါပဲ။

အစပိုင်းမှာ နည်းမသိတော့ တော်တော်ပဲ အခက်တွေ့ပါတယ်။ လိုကယ်ကို disable လုပ်လိုက် အိပ်စတာနယ်ကို disable လုပ်လိုက်နဲ့။ တခါတခါကျတော့ နှစ်ခုလုံး တပြိုက်နက် လိုလို သုံးဖို့ လိုလာတဲ့အခါကျတော့ လုပ်လို့ မရတော့ပါဘူး။ ရှာဖွေလေ တွေ့ရှိလေ ဆိုတော့ နောက်ဆုံး မှာ အဆင်ပြေသွားပါတော့တယ်။

ဒါပေမယ့် အခြေခံ နက်ဝေါ့ နည်းပညာရပ်တွေကိုတော့ သိထားရမှာဖြစ်ပါတယ်။
အရင်ဆုံး လိုကယ် နက်ဝေါ့ ရဲ့ Network, Host နဲ့ subnet mask ကို နားလည်ထားရမှာ ဖြစ်ပါတယ်။ ဒါဆိုရင် ၅၀ ရာနှုန်းလောက် ပြီးနေပါပြီ။

နောက်ထပ် ကိုယ့် proxy Gateway ဆာဗာ လိပ်စာကို သိရမှာဖြစ်ပါတယ်။

နောက်တခု က route print လုပ်ပြီး မက်ထရစ် (metric) ကို လေ့လာရမှာပါ။ မာတီပယ် နက်ဝေါ့မှာ အရေးအကြီးဆုံးပါပဲ။ မက်ထရစ် က ၁ ကနေ ၉၉၉၉ ထိ ဂဏန်း နံပါတ် တခုကို သုံးနိုင်ပြီး အငယ်ဆုံးကို အရင်ဆုံး ခေါ်မယ်လို ့ အကြမ်းဖျင်း မှတ်ထားနိုင်ပါတယ်။ ဥပမာ ၅၀ နဲ့ ၆၀ ဆိုရင် ၅၀ ကို အရင်လွတ်ပါတယ်။ routing table က package တွေ ကို forward လုပ်ဖို့ အနီးစပ်ဆုံး နံပတ်ငယ် တဲ့ မက်ထရစ်ကနေ စပြီး တူမတူ စစ်လို့ပါပဲ။ မက်ထရစ်ကို မပေးခဲ့ရင် အငယ်ဆုံး ၁ ကို ပုံသေယူပါတယ်။

ဒီလောက်ဆို ရပါပြီ။ ပထမဆုံး နက်ဝေါ့ ၂ခုလုံး ချိတ်နေရ ပါမယ်။ အဲ့ဒီအချိန်မှာ route print ခေါ်ပြီး နက်ဝေါ့ ၂ ခုလုံးရဲ့ မက်ထရစ် ကို မှတ်ထားရပါမယ်။ အရင်ချိတ်ထားတဲ့ နက်ဝေါ့ရဲ့ မက်ထရစ်က ငယ်နေတတ်ပါတယ်။ ဘယ် destination က internal network ဆိုတာလောက်ကိုတော့ ခွဲတတ်ရမှာပေါ့။ internal network ရဲ့ မက်ထရစ်ကို မှတ်ပြီး route delete နဲ့ ဖျက်ပြစ်ရပါမယ်။ * နဲ့ internal network route အားလုံး ဖျက်လို့ရပါတယ်။

ပြီးရင် route add နဲ့ လိုကယ်နက်ဝေါ့ destination ကို ဒီလို ပြန်ထည့်ပေးရပါမယ်။

route ADD [destination] MASK [mask] [gateway] METRIC [metric]
eg.
route ADD 157.0.0.0 MASK 255.0.0.0 157.55.80.1 METRIC 101

ပြန်ထည့်ပေးတဲ့အခါ မက်ထရစ်ကို ခပ်ကြီးကြီးလေး ပေးလိုက်ပါ။ external network ရဲ့ မက်ထရစ် ထက် ကြီးပေးရမှာပါ။

ဥပမာ ပထမဆုံး ဘာမှ မလုပ်ခင် local မက်ထရစ်က ၅၀။ external မက်ထရစ်က ၈၀ ဖြစ်နေခဲ့တယ် ဆိုပါစို့ ။ ဒါဆိုရင် internal (local) network ကို route delete နဲ့ ဖျက်ပြီး ပြန်အသစ်ထည့် တဲ့အခါ သူ့ရဲ့ မက်ထရစ် ကို အကြီးဆုံး ဖြစ်အောင် ၈၀ ထက် ကြီးတဲ့ နံပါတ်တခုခု (၈၁ ဒါမှဟုတ် ၉၀ ဒါမှမဟုတ် ၂၀၀ စသဖြင့်) ပေးလိုက်ရင် ရပါပြီ။

ဒါပေမယ့် တခု သတိထားရမှာက လိုကယ် နက်ဝေါ့ ကွန်ပျူတာတွေ ဆာဗာတွေ database ဆာဗာတွေ exchange ဆာဗာ တွေ အကုန်လုံးကို host name နဲ့ ချိတ်လို့မရတော့ဘဲ IP address နဲ့ ပြောင်းချိတ်ပေးရမှာ ဖြစ်ပါတယ်။ ကိုယ့်က နှစ်ခုလုံး တပြိုင်နက် ချိတ်ချင်တော့ ဒီလောက်တော့ အပင်ပန်းခံပေးရမှာပါ။ ဒါဆိုရင် နှစ်ခုလုံးကို လွယ်လင့်တကူ အလုပ်မရှုပ်တော့ဘဲနဲ့ သုံးလို့ ရမှာဖြစ်ပါတယ်။

အခု ရေးထားတာ လုပ်လို့ရတယ် သုံးလို့ရတယ်ဆိုတဲ့ အကြောင်း နည်းပညာပိုင်းအရ မျှဝေတာဖြစ်ပြီး နက်ဝေါ့ အကြောင်းကို နည်းနည်း တီးခေါက်မိတဲ့ လူတွေ ဖတ်မှ နားလည်မှာ ဖြစ်လို့ အခြားသူများ အတွက် ရှုပ်ထွေးမှု ဖြစ်ခဲ့မယ်ဆိုရင် ခွင့်လွတ်ပါ။ နည်းပညာ အကြောင်းအရာတွေက အင်္ဂလိပ်လို ဖတ်ရင် ပိုနားလည်ကြမှာဖြစ်လို့ ဆက်ပြီး သိချင်သူများ အောက်ပါ နေရာတွေမှာ ဆက်လေ့လာပါလို့ ညွှန်းလိုက်ပါရစေ။

Microsoft route
Route cmd ref
understanding IP Address


နည်းပညာ တွေကို မျှဝေပေးခဲ့တဲ့ သူများအားလုံးကို ဒီနေရာကနေ ကျေးဇူးတင်လိုက်ပါတယ်။

ညီမူရာ ......

Share


ကာလီဘာ လိုမျိုး အသုံးဝင်ပြီး အခမဲ ့သုံးလို ့ရတဲ့ နောက်ဆော့ဝဲလ်တမျိုးကတော့ MobiPocket က ထုတ်တဲ့ MobiPocket Creator ပါ။ သူ ့မှာ Home Edition နဲ့ Publisher Edition ဆိုပြီး ၂မျိုးရှိပါတယ်။ Publisher Edition ကမှ ဖိုင်အမျိုးအစား ပြောင်းဖို ့ အဆင်အပြေဆုံးပါပဲ။ ဒီနေရာ ကနေ အခမဲ့ ရယူ နိုင်ပါတယ်။
အထက်ပါပုံမှာ မိုဘီပေါ့ကတ် ခရီရေတာ ထုတ်ဝေသူ ဆော့ဝဲလ် ဒေါင်းလုပ် လုပ်ရန် နေရာ

ကိုယ့်မှာ ရှိတဲ့ ဖိုင်အမျိုးအစား တော်တော်များများကို ပြောင်းလို ့ရသလို ။ ကိုယ်တိုင် ebook ကို ကိုယ်တိုင် ထုတ်လုပ်ပြီး သူ ့တို ့ ဆီမှာ တင်ရောင်းလို ့လည်း ရပါသေးတယ်။ အခု ကတော့ ဖတ်လို ့ အဆင်ပြေဖို ့ ပြောင်းနည်းကို ပဲ ရေးသွားမှာပါ။

ထုံးစံ အတိုင်းပဲ ဒေါင်းလုပ် လုပ် စက်ထဲ အင်စတော လုပ်ပြီးလို ့ ဖွင့်လိုက်ရင် သူ ့ရဲ့ မူလ ပထမ အဖွင့်နေရာကို ရောက်သွားမှာပါ။ Import from Existing File ဆိုတဲ့ ညာဖက် နားက နေရာမှာ ဖိုင်အမျိုးအစား လေးမျိုးကနေ ပြောင်းလို ့ရပါတယ်။ ဒီတခါမှာလည်း ပီဒီအက်ဖ် ကနေ ပြောင်းမှာမို ့ Adobe PDF ကို ရွေးနှိပ်ပေးရပါမယ်။

PDF ကိုရွေးခဲ့တာ ဖြစ်လို ့ PDF icon လေးနဲ့ စတဲ့ wizard ဝင်းဒိုးတခု ပွင့်လာပါလိမ့်မယ်။


အဲ့ဒီမှာ မိုဘီပေါ့ကတ် Library ထဲ ထည့်လို(ပြောင်းလို) တဲ့ ဖိုင်ကို ရွေးရမှာဖြစ်ပြီး choose a file နေရာက Browse ကိုနှိပ်ပြီး ကိုယ်ပြောင်းလိုတဲ့ ဖိုင်ကို သွားရွေးရမှာပါ။ Open ဆိုတဲ့ ဒိုင်ယာလော ့ ဝင်းဒိုး တခုပွင့်လာပါမယ်။

ပြောင်းချင်တဲ့ဖိုင်ကို သွားရွေးပေတော့။ ဘယ်နေရာမှာ သိမ်းမလဲ ဖိုဒါ ကိုပါ ရွေးချယ်နိုင်ပါတယ်။ ဘာသာစကားတို ့ ပြောင်းပေးမယ့် Encoding တို ့ကိုတော့ မူလပေါ်နေတဲ့ အတိုင်းပဲ ထားလိုက်ပါ။

ရွေးပြီးသွားရင် Import ကို နှိပ်လိုက်ပါ။
Import လုပ်ပြီးသွားတာနဲ့ Publication Files ဆိုတဲ့နေရာမှာ ခုပဲ ရွေးချယ် Import လုပ်လိုက်တဲ့ ဖိုင်ကို မြင်ရမှာဖြစ်ပါတယ်။

ပြီးရင် အဲ့ဒီ ဖိုင်ကို select မှတ်ရွေးပြီး ဟိုးထိပ်က Build ဆိုတာကို နှိပ်ပေးရပါမယ်။ ဒါဆိုရင် Build Publication ဆိုတဲ့ နေရာကို ရောက်သွားမှာပါ။

ပုံမှန်ကတော့ ဘာမှ ပြောင်းစရာမလိုပါဘူး။ တကယ်လို ့ ကိုယ်က Metadata တွေ စာအုပ်ကာဗာတွေ ထည့်ချင် လဲချင်ရင် ဘယ်ဘက်က သက်ဆိုင်ရာ နေရာတွေမှာ နှိပ်ပြီး ပြောင်းလဲ ဖြည့်စွက်လို ့ ရပါသေးတယ်။ ခုတော့ ဒီတိုင်းပဲထားပြီး အောက်က Build ဆိုတဲ့ ခလုပ်လေးကို ပဲ နှိပ်လိုက်ပါ။

လုပ်တာ အောင်မြင် ပြီးသွားရင် Build finished ဆိုတဲ့ နေရာကို ရောက်သွားပါမယ်။ အဲ့ဒီမှာ ပြောင်းပြီးသား နေရာကို ရောက်ချင်ရင် Open folder containing ebook ဆိုတဲ့ နေရာကို ရွေးပြီး OK နှိပ်ပေးရပါမယ်။

ဒါဆိုရင် ကိုယ်ပြောင်းထားတဲ့ ဖိုင်ရှိတဲ့ နေရာကို ရောက်သွားမှာပါ။ ဖိုင်တွေအများကြီး ကြားမှာ .prc ဆိုတဲ့ ဖိုင်အမျိုးအစားကို ရှာရမှာပါ။ တွေ ့ရင် ကော်ပီကူးထားပါ။

ပြီးရင် ကင်ဒယ် ကုို ကွန်ပျူတာ နဲ့ ချိတ်ဆက် ပြီး ပထမ တုံးကလို documents folder ထဲမှာ paste ချပေးလိုက်တာနဲ့ MobiPocket Creator (Publisher Edition) နဲ့ ပြောင်းလဲပုံ အဆင့်ဆင့် ပြီးဆုံးအောင်မြင်သွားပါပြီ။

ထုံးစံအတိုင်း အရေးအကြီးဆုံးကတော့ နည်းစနစ်မှန်စွာ ကင်ဒယ်ကို ကွန်ပျူတာကနေ ပြန်ဖြုတ်မို ့ မမေ့ပါနဲ့ လို ့ မှာရင်း ရပ်နားပါရစေ။

ညီမူရာ...
you may aslo like: Nook Color by MrDBA, Kindle Review by MgPyone

Share

CBox

My CBox has been hijacked by some spammer. So, CBox has been removed. Sorry for inconvenience causes.