at Wednesday, April 15, 2009 Labels: , Posted by nyimuyar


ခေါက်ဆွဲခြောက် ထုပ်တွေ အကြောင်း ကတော့ သိကြတဲ့ အတိုင်း သက်ထားက မိန်းခလေးပီပီ တုံယမ်းမှ ချဉ်စပ်မှ စပ်ပြဲလန် နေမှ ကြိုက်တာ ဆိုတော့ စာရေးသူက ပြောရတယ်။ မိန်းမရေ အဲ့သလောက် စပ်တာတွေတော့ မစားနဲ့လို့။ အဲ့ဒီနေ့က လမသာဘူးပေါ့။ အဲ့ဒီမှာ သက်ထားက အရမ်းစပ်တာ မစားရရင်ဖြင့် ကင်မ်ချီ ခေါက်ဆွဲထုတ်တော့ သောက်မယ် ဖြစ်ပြန်ရော။ ဒါနဲ့ တားမရတဲ့ အဆုံး ဝယ်ကွာ ဆိုတော့ လမင်းကြီးက သာလို ့။ အဲ့ဒီ ကင်မ်ချီ ခေါက်ဆွဲပြုတ်ထုပ်တွေကိုလည်း သောက်လိုက်တာမှ အကြာကြီးပဲ။ အဲ့သလောက် ကြိုက်တာ။



ဒါနဲ့ အိမ်က အတူနေတဲ့ ညီလေးတွေ က ခေါက်ဆွဲထုပ် အသစ်တမျိုး (ဆီချက်) ဝယ်စားကြရော။ အဲ့ဒီ ညီငယ် က အဲ့ဒီ တံဆိပ် ဆီချက် ခေါက်ဆွဲ ထုပ်ကို ခဏခဏ ဝယ်စားတော့ သက်ထားက အဲ့ဒီလောက် တောင် စားနေတာ စားကောင်းလို ့ ဖြစ်မယ် ဝယ်ကွေျး ဆိုတော့ စာရေးသူတို ့ ၂ ယောက် တထုပ် ဝယ်စားဖြစ်တယ်။ လုပ်စားကြည့်တော့ အမယ် အရသာ မဆိုးဘူးကွ ဆိုတာ နဲ့ နောက်ထပ် သုံးထုပ် သွားပြေး ဝယ်လိုက်တာ အောက်က ပုံအတိုင်းပါပဲ။ ခုလောလော ဆယ်တော့ လင်ရော မယားရော အဲ့ဒီ တံဆိပ် နဲ့ ဆီချက် ခေါက်ဆွဲထုပ်တွေ ပိုင်ဆိုင် ထားပါရော့လားဗျာ။

အရသာ က မဆိုးဘူး စာရေးသူတို့နဲ့ အကိုက်ပဲ။ သက်ထားကတော့ အနီရောင် လေးကို ပိုကြိုက်သတဲ့။ စာရေးသူကတော့ အစိမ်းရောင် အထိပဲ စားရသေးတယ်။ နောက်နေ ့မှ စားကြည့်လိုက်ဦးမယ်။




ဒါတောင် နောက်ထပ် အိမ်က အကိုကြီး တယောက်က အစမ်းစားကြည့်ရင်း ကြိုက်လို ့ ဆိုပြီး သူလည်း အထုပ်ကြီး ၂ ထုပ် သွားဝယ်လာတာ တအိမ်လုံး အဲ့ဒီ တံဆိပ် အရသာကွဲ ခေါက်ဆွဲတွေ နည်းတာမဟုတ်ဘူး။

စာဖတ်သူတွေ ရော ခေါက်ဆွဲထုပ် တပါတ်ကို ဘယ်နှထုပ် လောက်များ စားဖြစ်ပါသလဲ။ ခေါက်ဆွဲထုပ်များများ စားရင် ဆံပင်တွေ ပိုကျွတ် တတ်တယ်။ ဒါကြောင့် စာရေးသူတို ့ကတော့ ရေနဲ့ ၂ ခါပြန် ပြုတ်လေ ့ရှိပါတယ်ဗျား။ အစပ်အရမ်းပြင်းတဲ့ အထုပ်တွေ ဆို ကြက်ဥ တလုံးခွဲထည့်လိုက်တယ် အစပ်ပေါ့ပြီး အရသာပိုရှိသွားတယ်လေ။

ညီမူရာ .

Share

8 comments:

  1. တူနေပြီ။ တူနေပြီ။
    တို့လည်း ခေါက်ဆွဲပဲ စားရတာ။

  1. ခေါက်ဆွဲ..ခေါက်ဆွဲ..
    အရင်တုန်းကများ ယမ်ယမ်ချဉ်စပ်ကို အိုးနဲ့တည်၊ ကြက်ဥဖောက်ထည့်၊ ပွက်ပွက်ဆူရင် ကန်ဇွန်းရွက်အချောင်းလိုက်ထည့်ပြီး သူငယ်ချင်းနဲ့အတူတူ မြ၀တီဇတ်ကားစောင့်ရင်းစားခဲ့တာတွေ သတိရတယ်။ တစ်ယောက်တည်းနေတော့မစားဖြစ်တော့ဘူး... း(

  1. ကျွန်တော့် သက်ထွေး.. အဲလေ `သက်ထား´ကတော့ Koka တံဆိပ်ကို ကြိုက်တယ်။ Spicy ဟာ။ အတော်ကောင်းတယ်။ အဲဒီထဲမှာ ရှောက်ရွက်လိုမျိူးပါပြီး မွှေးတယ်။

  1. တစ်ခါတစ်လေမှ စားဖြစ်တယ်။ စားဖြစ်ရင်တော့ Cup သေးသေးကလေး နဲ့လာတဲ့ ခေါက်ဆွဲ စားဖြစ်တယ်။

  1. ကင်ချီအရသာခေါက်ဆွဲစားဖြစ်တယ်....။
    ZT လို ဗူးလေးတွေနဲ့ ခေါက်ဆွဲလည်း
    ကိုညီမူယာတို့ ခေါက်ဆွဲပြုတ်တွေ သိပ်စားသလိုထင်ရတယ်...။
    အများကြီးစားရင် မကောင်းဘူး ထင်တယ်နော်...။

  1. စင်ဒန်လား - ခုတော့ ခေါက်ဆွဲ ကို နည်းနည်းခြင်းစီ လျှော့စားနေရတယ်။ ကိုအန်ဒီ ပြောသလို ကိုက တံဆိပ်လည်း စားဖူးပါတယ်။ ဒါပေမယ့် အခုတံဆိပ်ကို ပိုသဘောကျမိတယ်။
    ဇက်တီ - ခွက်နဲ့ ခေါက်ဆွဲက နည်းတော့ မ၀ဘူးဗျ၊ ဒါနဲ့ အထုပ်ပဲ စားတော့တယ်။
    စန္ဒကူးမေ- ယမ်ယမ်ချဉ်စပ်လည်း ကောင်းတာပါပဲ။ ကင်မ်ချီ ခေါက်ဆွဲလည်း ကောင်းတာပါပဲ။
    ဖြိုးမော် - ခေါက်ဆွဲထုပ်တွေ ကတော့ တိုက်ဆိုင်တိုင်း စားဖြစ်နေတာပါပဲ ညီရေ

  1. You can fry these noodles as well. Put onion and some vegetables into hot oil (a bit) and put already boiled noodle. Finally, put other ingredients and fry them.
    In Thailand, it is called Phet Ma Ma.

  1. ခေါက်ဆွဲထုတ် သိပ်မစားဖြစ်ပါ။ ဟိုးအရင်ကစားဘူးတာ ဆံပင်ကျွတ်တာ သတိထားမိပါတယ်။ တံဆိတ်လေးတွေ မှတ်ထားမယ်။ တခါတရံသွေးတောင်းရင် စားရအောင်။

CBox

My CBox has been hijacked by some spammer. So, CBox has been removed. Sorry for inconvenience causes.