at Saturday, April 04, 2009 Labels: , Posted by nyimuyar


ဒီတခါတော့ (Nokia Software Updater) နိုကီယာ ဆော့ဝဲလ် အဆင့်မြှင့်တဲ့ ပရိုဂရမ်က ကောင်းကောင်း အလုပ်လုပ်သွားပါပြီ။ လေးခုမြောက်သော အီလက်ထရောနစ် ကိရိယာ ကို ဖန်းဝဲလ် အဆင့်မြှင့်လိုက် တာပါ။ နိုကီယာ ဆော့ဝဲလ် အဆင့်မြင့်တဲ့ ပရိုဂရမ်က ဟိုတခေါက် ၆၂၈၈ မှာ ပြသနာ တွေ ပေးသွားတော့ ဒီတခါလည်း ရင်တထိတ်ထိတ် နဲ့ပါပဲ။ ဖန်းဝဲလ် အဆင့်မြှင့်တာ ဒီတခါတော့ ချောမော အောင်မြင် စိတ်ချမ်းသာစွာ နဲ့ အဆင်ပြေပြေ လုပ်လို ့ရသွားပါတယ်။ တတိယမြောက် ဖန်းဝဲလ် အဆင့်မြင့်တဲ့ ဟာကတော့ ရေးနေတုန်း ဖြစ်လို ့ မတင်ရသေးပါဘူး။

ဘာကြောင့် ရင်ထိတ်သလဲ ဆိိုတော့ ဖန်းဝဲလ်ကို ပြန်ထည့်ရတာ လက်ဝင်လွန်းလို ့ပါပဲ။ အခြား ပရိုဂရမ် တခုကနေ အလွယ်တကူ ပြန်ထည့်သွင်းလို ့ ရပေမယ့် အဲ့ဒီ ပရိုဂရမ်ကို သွင်းရင် စက်က်ို ဗိုင်းရပ်စ် အဝင်ခံရသလို ဖြစ်နေလို ့ပါ။ သက်ထားကတော့ အဲ့ဒီ တခေါက် တော်တော် အလုပ်ရှုပ်သွားပြီးကထဲက ဖုန်းတွေ စက်တွေကို မကလိပါနဲ့တော့ ရှင်ရယ် လို ့ ပြောထားလို ့ ဒီတခေါက်ကတော့ သူကလေး အိပ်နေတုန်း ညကြီးမင်းကြီး ထပြီး လုပ်တာပါပဲ။

စုစုပေါင်း နာရီဝက် မရှိတရှိ နောက်ဆုံး နိုကီယာ ဖုန်းဖွင့်တဲ့ တီးလုံးသံသာ လေးကြားတော့ မှပဲ စိတ်ဒုန်းဒုန်း ချနိုင်တော့တယ်။ ဖုံးကတော့ ဖန်းဝဲလ် ဗားရှင်း ၂၀၀ လောက် ကွာသွားပါတယ်။ မြန်လည်း မြန်လာသလို ခံစားရပါတယ်။

မနေနိုင် မထိုင်နိုင် လုပ်ချင်သူများအတွက် ပိုပြီး ရောဂါ တက်အောင် Screen Shot တွေ ရိုက်တင်ပေးလိုက်ပါတယ်။
ပုံမှန် လောက်လေး အသုံးပြုနေသူတွေကို တော့ သွားမလုပ်လိုက်ပါနဲ့ လို ့ အကြံပေးချင်ပါတယ်။

နိုကီယာ ဆော့ဝဲလ် အဆင့်မြှင့် ပရိုဂရမ် အဆင့်ဆင့် Screen Shots။


Software updater is Loading...









100 to 300






eventually successful in upgrading :D

နိုကီယာ ဆော့ဝဲလ် အပ်ဒိတ်တာ ချည်းပဲ ဒေါင်းလုပ် ချ အင်စတော လုပ်ရုံပဲ လုပ်ဖို ့ လိုတာပါ။ Nokia PC Suit တောင် မလိုပါဘူး။ အင်တာနက် ကွန်နက်ရှင် ကောင်းဖို ့။ ဖုံးနဲ့ စက်နဲ့ ချိတ်တဲ့ USB port နဲ့ cable ကြိုး ကောင်းဖို ့ ဖုံးဘက်ထရီ အားပြည့် နေဖို ့သာလိုပါတယ် လို ့ ဝါသနာ တူ ဘော်ဒါ များကို အားပေးအားမြှောက်ပြုရင်း ...
ညီမူရာ

Share

3 comments:

  1. 5 April 2009 at 01:28  
    အောင်ဒင် said...

    got one question. What you posted was a normal firmware update?
    I used to update my phone before but I don't see any special changes or anything. That's why later I am not interested in updating.
    now you recommend and may be I try to update it. :D
    thanks anyway.

  1. what i notice about changes is, Music player, nokia try to improve abt music player and bit faster as well. I can see album art work in Music, so we can see our fav: cel: pic while playing music.

  1. မလုပ်ပါရစေနဲ့ တော်ကြာဘလော့ အတွက်ဒါတ်ပုံ ရိုက်စရာကင်မရာ မရှိတော့ဘဲနေမယ။်

CBox

My CBox has been hijacked by some spammer. So, CBox has been removed. Sorry for inconvenience causes.