ညီမူရာ
ပျံလွန်တော်မူသွားကြပြီဖြစ်တဲ့ မင်းကွန်းဆရာတော်ကြီး တချိန်က မင်းကွန်းတောင်ရိုးမှာ ရှိတဲ့ ခန်းမဆောင်ကြီးကို စပြီး အမည်ပေးသွားတဲ့ နာမည်တခုပါ။ သံဃာများ သံဃာကိစ်စ များ စုဝေးညီညာစွာ ပြုလုပ်ရာ ဖြစ်တဲ့အတွက် ညီမူရာ လို ့ ပေးခဲ့ကြောင်း ကျောက်စာရေးထိုးထားတယ် လို ့ ၂၀၀၃ ခုနှစ်ထုတ် သတင်းစာထဲမှာ ပါတဲ့ စာရေးဆရာမ ဒေါက်တာမတင်ဝင်း ရဲ ့ ဆောင်းပါတပုဒ်မှာ ပါခဲ့ပါတယ်။ အဲ့ဒီဆောင်းပါးကို ဖတ်ပြီးတဲ့ တပြိုင်နက် စာရေးသူရဲ့ စိတ်မှာ ဒီ ညီမူရာ ဆိုတဲ့ စကားလုံး စွဲထင်နေတာ နှစ်ပေါင်းများစွာပါပဲ။ တဖန် ၂၀၀၈ ခုနှစ် ဧပြီလ ၂၉ ရက်နေ ့က ပျံလွန်တော်မူသွားတဲ့ မစိုးရိမ် ဆရာတော်ကလည်း မပျံလွန်ခင် တရက် အလိုမှာပဲ အမေရိကန်က သာသနမောဠိခန်းမဆောင် ဖွင့်ပွဲမှာ ယခုဒီခန်းမကို သံဃာတော်များ သာသနာ့ရေး ကာကွယ်စုဝေးညီညာရာ ဖြစ်တဲ့အတွက် ညီမူရာ ခန်းမလို ့ ပေးစေလိုကြောင်း မိန့်မှာခဲ့တယ် ဆိုပါတယ်။
စာရေးသူကတော့ လူတဦးတယောက်မှာ စိတ်နဲ့ ခန်ဓာ ရှေ့သွားနောက်လိုက် ညီအောင်။ မိမိတို ့ရဲ ့ စိတ်တွေ အစဉ်သဖြင့် ညီညာနေအောင် အမြဲထိန်းသိမ်းစောင့်ရှောက် ဖို ့လိုအပ်တယ်လို ့ ၂၀၀၃ ခုနှစ် ဆောင်းပါးဖတ်ပြီးကတည်းက ခံစားမိလို ့ ညီမူရာ လို ့ ဘလော့တခု ကိုရေးဖြစ်ခဲ့ကြောင်း။
ငြိမ်းချမ်းစွာဖြင့်
ညီမူရာ
| Share |
CBox
| My CBox has been hijacked by some spammer. So, CBox has been removed. Sorry for inconvenience causes. |


Good name..