Showing posts with label Fiji. Show all posts
Showing posts with label Fiji. Show all posts




ရှေးဟောင်း နှောင်းဖြစ်တွေ ပြောကြတော့ သက်ထားက သူမရောက်ဖူးတဲ့ ဖီဂျီ အကြောင်း မေးလာပါတယ်။ ဒါနဲ့ ပဲ ဟိုးတုန်းက ဖီဂျီ တခေါက် အလည်ရောက် တဲ့ အကြောင်းတွေ ကို ပြန်ပြီး စဉ်းစားရာက ပို ့စ်တွေ တင်ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ လေးနှစ် က မရည်ရွယ်ပဲ ဖီဂျီကျွန်းကို အလည်အပတ် သွားဖြစ်ခဲ့ ပါတယ်။ ရောက်ချင်တော့ လည်း ကြံဖန်ရောက်သွားတာပါပဲ။ အဲ့ဒီ မတိုင်ခင်က ဖီဂျီ ဆိုတာ ကြားဖူးသလိုလို မကြားဖူးသလိုလို နဲ့ ဝေဝေ ဝါးဝါးပါ။ ခွင့်ရက်ရှည် ခရီးတို တခုကို အချိန်တိုအတွင်း စီစဉ် ပေးခဲ့တာပါ။

ပထမ စီစဉ် ပေးတုန်းက တော့ ကီဝီ တို ့မြေ ဝယ်လင်တန် ပါ။ မရောက်ချင်တော့ လည်း ကီဝီ သံရုံးက ရစ်ပါတယ်။ မြန်မာနိုင်ငံ သားတွေ အတွက် ၂ ပါတ်လောက် ကြာနိုင်ပါသတဲ့။ ဒါနဲ့ ပဲ အလုပ်ပါးပြီး အဆင်အပြေဆုံး ပိတ်ရက်မှီအောင် ရုံးက စီစဉ်ပေးတာကတော့ ဖီဂျီ ကျွန်းပါတဲ့။ စီစဉ်ပေးတဲ့ Finance Manager ဘိုးတော်က ပြောတယ် ငါတောင် တခါမှ မရောက်ဘူး တဲ့ အပြင် မင်းတို ့က အလကား သွားရတာ သိပ် ကံကောင်းတယ်ဆိုပဲ။ သွားမယ့် သွား မြို ့တော်ဖြစ်တဲ့ ဆူဗ ကို သွားတဲ့ ဘာပဲဖြစ်ဖြစ် လုံခြုံတာပေါ့တဲ့။


fiji map from holidaycity

ဒါနဲ့ပဲ ကိုယ်ဖာသာ ကိုယ် ဗီဇာ ဝင်ဖို ့တွေ လုပ်ရတယ်။ မှတ်မှတ် ရရ ဖီဂျီ ကော်စစ်ဝန်ရုံး ရှိတဲ့ အဆောက်အဦ က ဓာတ်လှေကားမှာ ဓာတ်လှေကား သွားနှုန်း ပြတဲ့ မီတာကြီး တပ်ထားတာပါပဲ။ အဲ့ဒီ တခါပဲ မြင်ဖူးတာပါ။ အဲ့ဒီ ဓာတ်လှေကားက တစက်ကန့် ကို ဘယ်လောက် အမြန်နှုန်း နဲ့ တက်ဆင်းနေ သလဲ ပြတာပါ။ မော်တော်ကား မြန်နှုန်းပြ ဒိုင်ခွက်လိုပါပဲ။

အင်တာနက်က ကြည့်တော့ ဓာတ်ပုံတွေက လှပြီး အမိုက်စားဆိုတော့ ရောက်ဖူးချင်တော့လည်း တို ့ကိုမှ ဗီဇာချပေးပါ့မလား စိုးရိမ်ခဲ့ရသေးတာ။ ကောင်စစ်ဝန်ရုံး ကလည်း တိတ်ဆတ်ပြီး ဗီဇာလျှောက်တဲ့ သူ တယောက်မှ မရှိပါဘူး။ ဗီဇာကြေး ကလည်း ဖီဂျီ ဒေါ်လာ ၉၂ တဲ့ တော်တော် ကြေးကြီးတယ် ပြောရမယ်။ ဒါနဲ့ ပဲ ၂ ခေါက်လောက် သွားပြီးတဲံ အခါ ဖီဂျီ ဗီဖာ တံဆိပ်တုံး တခု ရလာပါတော့တယ်။

ဒီလိုနဲ့ ပဲ ရုံးက စီစဉ်ပေးတဲ့ အဲပစိဖိတ် ကို ၅ နာရီလောက် စီးပြီး အလုပ်က ကဗျာဆရာ နဲ့ ၂ ယောက် စိုင်ကော်လို ့ ခြုံပေါ်ပဲ ရောက်တယ် ပြောရမလား finance မန်နေဂျာ အရောက်ပို ့တဲ့ ဖီဂျီ မြေကို ရောက်ပါတော့တယ်။

ညီမူရာ


Share

CBox

My CBox has been hijacked by some spammer. So, CBox has been removed. Sorry for inconvenience causes.