အခမဲ့ ခြင်မြည်သံ ကြိမ်နှုန်းမြင့် ဖုန်းမြည်သံ
ဒီကနေ ့ မိတ်ဆွေတဦးက ပြောတာနဲ့ပဲ အင်တာနက် စာမျက်နှာတခုကို ရောက်ပါတယ်။ စိတ်ဝင်စားစရာ တခုက အဲ့ဒီ မှာ လွှင့်တင်ထားတာတွေက ခြင်မြည်သံ ရှိတဲ့ ဖုန်းရဲ ့ဖုန်းမြည်သံလေးတွေပါ။ အဲလို မြင့်မာတဲ့ ကြိမ်နှုန်း ရှိတဲ့ အသံတွေ ဆိုရင် (တုန်ခါသံ) လူရဲ ့နားက ဘယ်လောက် ဆူညံနေပါစေ ကြားရတယ် ဆိုပါတယ်။
ခြင်မောင်းသံ လို ့လည်း စာရေးသူတို ့ ခေါ်ခဲ့ကြဖူးပါတယ်။ ပျံနေတဲ့ ခြင်တောင် ပျံလို ့မရအောင် လုပ်နိုင်တဲ့ တုန်ခါမှုမြင့် အသံလှိုင်းပါ။ အဲ့ဒီ တုန်ခါမှုမြင့် အသံလှိုင်း (ဖရီကွန်စီ) ကို လူရဲ့ နားစည်ရဲ့ ကြားနှိုင်မှု ဟာ အသက်အပိုင်းအခြားနဲ့ လည်း ဆိုင်ပါသတဲ့။
အောက်က လင့်ခ်တွေမှာပါတဲ့ ဖရီကွန်စီ နဲ့ အသက်အပိုင်းအခြားကို ကြည့်ပြီး မိမိရဲ့ နားက ကြားနှိုင်တဲ့ အသံတုန်ခါမှု ဖုန်းသံကို နားဆင်နိုင်ပြီး ကောင်းကောင်း ကြားတယ်ဆို တဆက်တည်း သိမ်းဆည်းထားနှိုင်ပါတယ်။
ကိုယ့်ရဲ ့ ကြားနှိုင်မှု စွမ်းရည်ကို လည်း စစ်ဆေးပြီးဖြစ်သလို အသုံလည်းဝင်မယ့် ဖုန်းခေါ်သံလည်းပဲ ဖြစ်ပါတယ်။
ညီမူရာ
| Share |
CBox
| My CBox has been hijacked by some spammer. So, CBox has been removed. Sorry for inconvenience causes. |


0 comments:
Post a Comment