ဒီနှစ် ဒီဇင်ဘာ အစားအသောက်တွေ တော်တော်စားဖြစ်တယ်။ ဝိတ်လား တက်လိုက်တာမှ အရမ်းပဲ။ ဒါပေမယ့် စားကောင်းပါတယ်။ မတတ်နိုင်တော့ဘူးလေ။ ဗိုက်ခေါက်တွေ တော်တော် ထူနေတော့ တိုးပြီးရင်းတိုး တက်ပြီးရင်းတက်။ ကိုယ်က ပန်းသီးပုံ Apple Shade ဗိုက်။ သက်ထားက Pear Shade ဗိုက်လေး နဲ့ ။
ခုည လည်း ခရစ်စမတ်အကြို နေ ့ ညစာစားပြီး ခဏနေတော့ ဘယ်အခန်းကလည်း မသိဘူး ဟင်းတွေချက်လိုက်တာ မွှေးကြိုင်နေတာပဲ။ သည်းခံသေးတယ် နောက်ဆုံး ဘယ်လိုမှ သည်းမခံနိုင်တာနဲ့ပဲ Fair Price ပြေးပြီး ဈေးဝယ်ရတယ်။ အိမ်ရောက်တာနဲ့ ဝယ်လာတာတွေ ရေဆေး ဆားလူးပြီး ဆီအိုးတည် ကြော်လိုက်တာပဲ။ ညလည်း ဖြစ်တော့ အနံ့တွေ သိပ်ပြင်းမှာစိုးလို ့ အဖုံးလေး အုပ်ပြီးကြော်လိုက်တာပေါ့။
ဟော ပထမဆုံးကတော့ ရေသတ်တဝါပါပဲ၊ ခြေထောက်တွေ အများကြီးနဲ့လေ။ ကြော်လို ့ အနေတော် ရရင် သိပ်မွှေးတယ်။
နောက်တော့ နောက်တော့မှာ။
အားလုံးကျက်ပါပြီ ပန်းကန်တချပ်တည်းမှာ အားလုံးစုပြီး ထည့်ထားလိုက်တယ်။ မွှေးနေတာပါပဲဗျာ။ စားလို ့ သိပ်ကောင်းတဲ့ အဆာပြေ ခရစ်စမတ်အကြို။ အမှတ်တရ ညလယ်စာလေးပေါ့။ ကော်ဖီဆိမ့်ဆိမ့်လေးသောက်ပြီး ခုပဲစားပြီးတာ။
ညီမူရာ...
| Share |
5 comments:
-
ပုဇွန်လေးတွေ...ကြော်ထားလိုက်တာများ စားချင်စရာ ကောင်းအောင် လုပ်တတ်ပါ့ ၊ ဆီကြော်တွေ တယောက်ထဲ အဲ့လောက် အများကြီး မစားနဲ့နော်၊ ဟဲဟဲ...ဒီဂိုလဲ နဲနဲလောက်.......
-
သရေကျသွားတယ်ဗျို့။
-
အဲလိုပုဇွန်ကြော်မျိုးမစား၇တာကြာပြီ။ ငယ်ငယ်ကတော့ အဖွားက ပုဇွန်သေးသေးလေးတွေ လှော်ပေးတာ ဒီတိုင်းစားကြတာ မှတ်မိတယ်။
-
စိတ်ကူးထဲမှာ ဆလပ်ရွက်တွေ ပါဝါးစားသွားတယ်။ကောက်းလိုက်တာ အချဉ်ရည်ကလေးနဲ့ ရွတ်..
CBox
My CBox has been hijacked by some spammer. So, CBox has been removed. Sorry for inconvenience causes. |
ရှလွတ် Christmas !!!