at Friday, December 25, 2009 Labels: , Posted by nyimuyar

ဒီနှစ် ဒီဇင်ဘာ အစားအသောက်တွေ တော်တော်စားဖြစ်တယ်။ ဝိတ်လား တက်လိုက်တာမှ အရမ်းပဲ။ ဒါပေမယ့် စားကောင်းပါတယ်။ မတတ်နိုင်တော့ဘူးလေ။ ဗိုက်ခေါက်တွေ တော်တော် ထူနေတော့ တိုးပြီးရင်းတိုး တက်ပြီးရင်းတက်။ ကိုယ်က ပန်းသီးပုံ Apple Shade ဗိုက်။ သက်ထားက Pear Shade ဗိုက်လေး နဲ့ ။

ခုည လည်း ခရစ်စမတ်အကြို နေ ့ ညစာစားပြီး ခဏနေတော့ ဘယ်အခန်းကလည်း မသိဘူး ဟင်းတွေချက်လိုက်တာ မွှေးကြိုင်နေတာပဲ။ သည်းခံသေးတယ် နောက်ဆုံး ဘယ်လိုမှ သည်းမခံနိုင်တာနဲ့ပဲ Fair Price ပြေးပြီး ဈေးဝယ်ရတယ်။ အိမ်ရောက်တာနဲ့ ဝယ်လာတာတွေ ရေဆေး ဆားလူးပြီး ဆီအိုးတည် ကြော်လိုက်တာပဲ။ ညလည်း ဖြစ်တော့ အနံ့တွေ သိပ်ပြင်းမှာစိုးလို ့ အဖုံးလေး အုပ်ပြီးကြော်လိုက်တာပေါ့။


ဟော ပထမဆုံးကတော့ ရေသတ်တဝါပါပဲ၊ ခြေထောက်တွေ အများကြီးနဲ့လေ။ ကြော်လို ့ အနေတော် ရရင် သိပ်မွှေးတယ်။

နောက်တော့ နောက်တော့မှာ။

အားလုံးကျက်ပါပြီ ပန်းကန်တချပ်တည်းမှာ အားလုံးစုပြီး ထည့်ထားလိုက်တယ်။ မွှေးနေတာပါပဲဗျာ။ စားလို ့ သိပ်ကောင်းတဲ့ အဆာပြေ ခရစ်စမတ်အကြို။ အမှတ်တရ ညလယ်စာလေးပေါ့။ ကော်ဖီဆိမ့်ဆိမ့်လေးသောက်ပြီး ခုပဲစားပြီးတာ။


ညီမူရာ...

Share

5 comments:

  1. ရှလွတ် Christmas !!!

  1. ပုဇွန်လေးတွေ...ကြော်ထားလိုက်တာများ စားချင်စရာ ကောင်းအောင် လုပ်တတ်ပါ့ ၊ ဆီကြော်တွေ တယောက်ထဲ အဲ့လောက် အများကြီး မစားနဲ့နော်၊ ဟဲဟဲ...ဒီဂိုလဲ နဲနဲလောက်.......

  1. သရေကျသွားတယ်ဗျို့။

  1. အဲလိုပုဇွန်ကြော်မျိုးမစား၇တာကြာပြီ။ ငယ်ငယ်ကတော့ အဖွားက ပုဇွန်သေးသေးလေးတွေ လှော်ပေးတာ ဒီတိုင်းစားကြတာ မှတ်မိတယ်။

  1. စိတ်ကူးထဲမှာ ဆလပ်ရွက်တွေ ပါဝါးစားသွားတယ်။ကောက်းလိုက်တာ အချဉ်ရည်ကလေးနဲ့ ရွတ်..

CBox

My CBox has been hijacked by some spammer. So, CBox has been removed. Sorry for inconvenience causes.