ကမ္ဘာပေါ်မှာ ရှိတဲ့ တိရစ္ဆာန်လေးတွေ ထဲမှာ ကြောင်တွေဟာ ချစ်စရာ အကောင်းဆုံးကွ၊ လို ့ပြောတော့ သက်ထားက ရီလို ့သာနေပါတယ်။ ကြောင်တွေနဲ့ စာရေးသူ ဘယ်လို ရှေးဘဝ ရေစက်ရှိတယ်လို ့ မဆိုနိုင်ဘူး ကြောင်မြင်ရင် ချစ်လို ့သာနေပါတယ်။ လမ်းမှာ ကြောင်တကောင် တမြှီးများ မတွေ ့လိုက်နဲ့ ချစ်စရာလေး တို ့ ချစ်စရာကြီးတို ့ စသဖြင့် ရေရွတ်တတ်ပါတယ်။ ကြောင် ချစ်သူပဲ ဆိုကြပါစို ့ရဲ ့။
ဖြစ်ချင်တော့ သက်ထား က ကြောင်တွေကို အသဲယားတတ်သူပါ။ သူက ကြောင်တွေ နဲ့ ရင်းနှီးကျွမ်းဝင်မှု မရှိတာလည်း ပါပါတယ်။ စာရေးသူ က ငယ်ကတည်းက ကြောင်တွေ နဲ့ တရုံးရုံး နပမ်းလုံးပြီး နေတာခဲ့တာ ဆိုတော့ ကြောင်တကောင်တွေ ့တာနဲ့ အသွေးအရောင် ပုံစံကြည့်ပြီး အထီးလား အမလားကို အမြီးလှန်မကြည့်ဘဲ ခွဲခြားတဲ့အထိ ရင်းနှီးတာလေ။
အစကတော့ သက်ထားကတော့ အမြင်ကတ်ပေါ့။ ကြောင်တွေကို သူ ့ထက်တောင် ပိုချစ်သလား လို ့ တောင် ထင်ရှာမလားပဲ။ တကယ်တော့ ကြောင်ကလေး တွေကို ချစ်ရတာ သိပ်ကို သန့်ရှင်းတဲ့ အချစ် လို ့များပြောရင် အဟားခံရမယ်နဲ့ တူပါတယ်။ သက်ထားကို ရှင်းပြရတယ် သူ ့ကို ချစ်တဲ့ အချစ်က တမျိုး ကြောင်ကလေးတွေ အပေါ်ထားတဲ့ အချစ်က တမျိုးလို ့။ နောင်တော့လည်း သူနားလည်သွားပါတယ်။ စာရေးသူက ချစ်တတ်သူမဟုတ်လား။
စာရေးသူ ဘဝမှာ မွေးခဲ့ကြောင်တွေ ချစ်ခဲ့ရတဲ့ကြောင်တွေ လွမ်းခဲ့ရ စိတ်မကောင်းဖြစ်ခဲ့ရတဲ့ ကြောင်လေးတွေ ဆိုတာ နည်းမှမနည်းပဲကိုး။ ငယ်ငယ်ကဆို စာရေးသူတို ့ မိဘတွေက ဘယ်သူ က ဘယ်ကြောင်လေးကို တာဝန်ယူရမယ်ဆိုပြီး ခွဲတမ်းချထားတာလေ။ ကိုယ့်ကြောင် ကို ကိုယ်တာဝန်ယူရ သူတို ့ ချီးတွေ သေးတွေကို ရှင်းရ။ သူတို ့ ပြန်မလာရင် စိတ်ပူရ၊ အခြား ညီအကို မောင်နှမ တွေ ရဲ ့ ကြောင် နဲ့ ပြိုင်ရနဲ့ တကယ့်ကို ကိုယ့်သားသမီး ကျနေတာပါပဲ။
အဲ့ဒီထဲက အချစ်စိတ်တွေ ရှင်သန်ပွားများလာ လိုက်တာ သက်ထားနဲ့ ကျမှပဲ အချစ်တွေ ဖူးစတော့ နဲ့ အဆုံးသတ် သွားတော့တယ်။
ဒီတခေါက် ရန်ကုန်ပြန်တော့ အမေတို ့ အိမ်မှာ ကြောင်မကြီးတကောင်နဲ့ ၂လခွဲ သုံးလ သားလောက် ကြောင်မီးခိုးကျားလေး တကောင် ရောက်နေတယ်။ အမေတို ့က အသက်ရလာတော့ ကြောင်မမွေးချင်ကြတော့ဘူး။ ဒါပေမယ့် ဒီလိုပဲ ကြောင်တွေ က ခဏတာ ရောက်ရောက်လာတတ်တယ်။
အိမ်မှာလည်း ကြောင်မရှိတာကြာတော့ အဖေတို ့အမေတို ့က အဖော်ရတယ်။ ဟင်းအကျန်လေးတွေ ကွေျးရတာပေါ့ဆိုပြီး လက်ခံထားလိုက်ကြတယ်။ ကြောင်အသေးလေးကို ငယ်သေးလို ့ ပိစိလေး လို ့ခေါ်ကြတယ်။
ပိစိလေးက ငယ်သာငယ်တာ တရက်တော့ အိမ်သာတံခါး မေ့ပြီး မပိတ်မိတာ သူက ဝင်ပြီး အီးပါတယ်လေ။ မသင်ရဘူး။ အဲဒါနဲ့ အမေတို ့က ချစ်သွားပြီး အိမ်မှာ ခေါ်ထားချင်ကြတယ်။ ဒီလို နဲ့ နောက်ရက်ကျတော့ ပိစိလေးကို မတွေ ့တော့ဘူး။ သူ အမေကြာင်မကြီးကလည်း ရှာ ကိုယ်တွေ ကလည်း ရှာနဲ့ သက်ထားကတောင် စိတ်ပူရှာတယ်။ နောက် ၅ ရက်လောက်နေမှ ပိန်ချုံးပြီး ပြန်ရောက်လာတယ်။ ကြောင်မကြီး ဘယ်ကနေ သွားပြန်ရှာတွေ ့လာလဲမသိပါဘူး။
ပိစိလေး ပြန်လာတော့ တအိမ်လုံး ဝမ်းသာကြတာပေါ့။ သက်ထားကလည်း တခါမှ ကြောင်လေးတွေ နဲ့ မရင်းနှီးဖူးတော့ သူခမျာ အခုမှ ကြောင်တွေကို စိတ်ပူရတဲ့ ဒုက္ခ ခံစားဖူးတာပါ။ ကြောင်အငယ်လေး ကို အခုမှ ရင်းရင်းနှီးနှီး ကိုင်ဖူး ထိဖူးတာတဲ့လေ။ နောက်တော့ သူလည်း သံယောဇဉ် တွေ ဖြစ်ပြီး ချစ်သွားလေရဲ ့။ ပိစိလေးက ချစ်စရာလေးနော် လို ့တောင် ခဏခဏ ပြောတဲ့အထိပါပဲ။ ပထမတော့ သက်ထားလည်း ကြောင်ပေါက်လေးကို မကိုင်ရဲဘူးလေ။ နောက်တော့ ချစ်လို ့ဆိုပြီး လိုက်လိုက်ဖမ်း တာ။ ဟိုပိစိက ထွက်ပြေးနဲ့ ပျော်စရာကြီးပေါ့။
သံယောဇဉ်ဆိုတာ ငြိတွယ်တတ်တဲ့ သဘောရှိပေမယ့် စာရေးသူကတော့ ကြောင်ဆိုတာ မြင်လိုက်တာနဲ့ ချစ်နေတော့ တာပါပဲ။ အခုဆိုရင် ကြောင်တွေ ဟာ သိပ်ချစ်စရာကောင်းတာပဲ လို ့ ဆိုတော့ သက်ထားက ပြုံးရင်း ထောက်ခံနေပါတော့တယ်။
ညီမူရာ
| Share |
CBox
My CBox has been hijacked by some spammer. So, CBox has been removed. Sorry for inconvenience causes. |
မမိုးချိုသင်းနဲ့ မဟာမိတ်ဖွဲ့လို့ရပါပြီ..။