ဗို်က်ဆာလျှင် ပုံတွေကြည့်ပါ
သက်ထား ကြော်တဲ့ တို့ဟူးကြော် စားလို ့ကောင်းတယ်နော်။
အရင်က ဆီထမင်း ကို ပုံမှန် ဒယ်အိုးကြီးနဲ့ ထိုးတာပေါ့ အကြာကြီးချက်ရတယ်ဗျာ။ နောက်ကျမှ သက်ထားက ဝီရှီမီကနေ နည်းတွေ့သွားတယ်။
ဝီရှီမီ က ကိုအန်ဒီ ဆီ က နည်းယူ ချက်ထားတဲ့ ဆီထမင်း သိပ်မြန်တယ် မိနစ်၂၀ ပဲ။ ကျေးဇူးပါ ကိုအန်ဒီမြင့်။နှမ်းထောင်း က ကလည်း သူကလေးပဲ လုပ်ထာ။ အာပြဲခြောက် ကြွပ်ကြွပ်လေးလည်း သူကလေးပဲ ကြော်တာ။ လက်ဖက်ရည်က Milk Lipton Tea (Gold) သူကလေးပဲ ဖျော်တာ။ အီဖေကို က အမှန်အကန် အားပေးတာ။ သိပ်ကောင်းတာပဲ စားကြပါဦးလား။
ဒါကတော့ ကြာပါပြီ မူဆာဖာ မျက်စောင်းထိုး ကုလားဆိုင်က တိုရှည်အကြီးကြီး တခုကို စင်း ၃.၆ ပေးရတယ်။ ဗိုက်ကို ၀ရော။ အဲ့ဒီ ဆိုင်က အားလူးပူရီ ကို သက်ထားက သိပ်ကြိုက်တာ။ အဲ့ဒီနေ ့က အာလူးပူရီ စောစောကုန်သွားလို ့ မဆလာဒိုဆာ ဆိုတဲ့ တိုရှည်အကြီးကြီး မှာလိုက်တာ။ ဘိုမကြီး တယောက်ဆို ကြီးလွန်းလို ့တဲ့ သဘောတွေကျပြီး သူလည်း အဲ့ဒါစားမယ် ဖြစ်သွားသေးတယ်။ မြန်မာပြည်မှာ ခေါ်တာကြတော့ တိုရှည်တဲ့ သူရို ့ ကုလားတွေ ခေါ်တာကြတော့ ဒိုဆာ တဲ့။ တိုရှည်ဖြစ်ဖြစ် ဒိုဆာဖြစ်ဖြစ် ဘယ်ဟာခေါ်ခေါ် စားလို ့ကောင်းဖို ့အရေးကြီးပါတယ်။
ညီမူရာ
| Share |
10 comments:
-
most of hawker centers sell 1 thosai for less than S$1 in Singapore.May be U bought this one from 5 star hotel. :P
-
KOM: :D
ngapiy: not 5 star hotel, opposite of Mustafa center, there is a india vegitian food stall, we bought and ate at that shop
-
ပုံကြည့်ပြီးဗိုက်ဆာလာတာ။
-
သက်ထားက တော်လိုက်တာ... ဆီထမင်း ငါးခြောက် နှမ်းထောင်း လက်ဖက်ရည် တဝကြီး စားပစ်လိုက်ပြီ...
-
ခေါင်းညှိပ် ခေါင်းခါမတက်သာ
ဗိုက်ကဆာ...
-
တို့ဟူးကြော် စားချင်လိုက်တာ။
-
အချိန်မှားပြီ ရောက်လာတယ်။ ဗိုက်ပိုဆာသွားပြီ။ :(
-
စကာင်္ပူ မှာ (Komala's Resturant နဲ ့တခြားဆိုင်တွေ)မှာ ကုလားစာ ဝယ်စားရင် ကိုညီမူရာပြောသလိုပဲ စင်း ၃ ကနေ ၅ အတွင်းပေးရတယ်။ ဟော်ကာမှာတော့မစားဖူးဘူး။ ကြုံရင် City Hall အောက်က ကုလားစာရောင်းတဲ့ဆိုင်မှာ Bhattura ဝယ်စားကြည့်ပါလား၊ Bhattura ကို သံပုရာသီးညှစ်၊ပြီးရင်ကြက်သွန်နီ၊ ငရုတ်သီးပွကို ကိုက်စား၊ စားလို ့ကောင်းမှကောင်း။
-
တိုရှည်လဲ သိပ်ကြိုက်။ ဆီထမင်းလဲ ကြိုက်။ သူကလေးက လုပ်တတ်လိုက်တာ။ ဒီလို စေတနာအပြည့်နဲ့ သက်ထားဆိုတော့ ကံကောင်းတာပေါ့။
CBox
My CBox has been hijacked by some spammer. So, CBox has been removed. Sorry for inconvenience causes. |
ဗိုက်ဆာလို့ပုံတွေ ကြည့်သွားပြီး မျက်ရည်စက်လက်နဲ့ပြန်သွားပါ၏၏၏၏၏