at Tuesday, March 10, 2009 Labels: , Posted by nyimuyar

ဗို်က်ဆာလျှင် ပုံတွေကြည့်ပါ


သက်ထား ကြော်တဲ့ တို့ဟူးကြော် စားလို ့ကောင်းတယ်နော်။

အရင်က ဆီထမင်း ကို ပုံမှန် ဒယ်အိုးကြီးနဲ့ ထိုးတာပေါ့ အကြာကြီးချက်ရတယ်ဗျာ။ နောက်ကျမှ သက်ထားက ဝီရှီမီကနေ နည်းတွေ့သွားတယ်။

ဝီရှီမီ က ကိုအန်ဒီ ဆီ က နည်းယူ ချက်ထားတဲ့ ဆီထမင်း သိပ်မြန်တယ် မိနစ်၂၀ ပဲ။ ကျေးဇူးပါ ကိုအန်ဒီမြင့်။နှမ်းထောင်း က ကလည်း သူကလေးပဲ လုပ်ထာ။ အာပြဲခြောက် ကြွပ်ကြွပ်လေးလည်း သူကလေးပဲ ကြော်တာ။ လက်ဖက်ရည်က Milk Lipton Tea (Gold) သူကလေးပဲ ဖျော်တာ။ အီဖေကို က အမှန်အကန် အားပေးတာ။ သိပ်ကောင်းတာပဲ စားကြပါဦးလား။


ဒါကတော့ ကြာပါပြီ မူဆာဖာ မျက်စောင်းထိုး ကုလားဆိုင်က တိုရှည်အကြီးကြီး တခုကို စင်း ၃.၆ ပေးရတယ်။ ဗိုက်ကို ၀ရော။ အဲ့ဒီ ဆိုင်က အားလူးပူရီ ကို သက်ထားက သိပ်ကြိုက်တာ။ အဲ့ဒီနေ ့က အာလူးပူရီ စောစောကုန်သွားလို ့ မဆလာဒိုဆာ ဆိုတဲ့ တိုရှည်အကြီးကြီး မှာလိုက်တာ။ ဘိုမကြီး တယောက်ဆို ကြီးလွန်းလို ့တဲ့ သဘောတွေကျပြီး သူလည်း အဲ့ဒါစားမယ် ဖြစ်သွားသေးတယ်။ မြန်မာပြည်မှာ ခေါ်တာကြတော့ တိုရှည်တဲ့ သူရို ့ ကုလားတွေ ခေါ်တာကြတော့ ဒိုဆာ တဲ့။ တိုရှည်ဖြစ်ဖြစ် ဒိုဆာဖြစ်ဖြစ် ဘယ်ဟာခေါ်ခေါ် စားလို ့ကောင်းဖို ့အရေးကြီးပါတယ်။

ညီမူရာ



Share

10 comments:

  1. ဗိုက်ဆာလို့ပုံတွေ ကြည့်သွားပြီး မျက်ရည်စက်လက်နဲ့ပြန်သွားပါ၏၏၏၏၏

  1. most of hawker centers sell 1 thosai for less than S$1 in Singapore.May be U bought this one from 5 star hotel. :P

  1. KOM: :D
    ngapiy: not 5 star hotel, opposite of Mustafa center, there is a india vegitian food stall, we bought and ate at that shop

  1. ပုံကြည့်ပြီးဗိုက်ဆာလာတာ။

  1. သက်ထားက တော်လိုက်တာ... ဆီထမင်း ငါးခြောက် နှမ်းထောင်း လက်ဖက်ရည် တဝကြီး စားပစ်လိုက်ပြီ...

  1. ခေါင်းညှိပ် ခေါင်းခါမတက်သာ
    ဗိုက်ကဆာ...

  1. 11 March 2009 at 10:47  
    ပုံရိပ် / Pon Yate said...

    တို့ဟူးကြော် စားချင်လိုက်တာ။

  1. အချိန်မှားပြီ ရောက်လာတယ်။ ဗိုက်ပိုဆာသွားပြီ။ :(

  1. 11 March 2009 at 17:42  
    ရဲမြတ်သွင် said...

    စကာင်္ပူ မှာ (Komala's Resturant နဲ ့တခြားဆိုင်တွေ)မှာ ကုလားစာ ဝယ်စားရင် ကိုညီမူရာပြောသလိုပဲ စင်း ၃ ကနေ ၅ အတွင်းပေးရတယ်။ ဟော်ကာမှာတော့မစားဖူးဘူး။ ကြုံရင် City Hall အောက်က ကုလားစာရောင်းတဲ့ဆိုင်မှာ Bhattura ဝယ်စားကြည့်ပါလား၊ Bhattura ကို သံပုရာသီးညှစ်၊ပြီးရင်ကြက်သွန်နီ၊ ငရုတ်သီးပွကို ကိုက်စား၊ စားလို ့ကောင်းမှကောင်း။

  1. တိုရှည်လဲ သိပ်ကြိုက်။ ဆီထမင်းလဲ ကြိုက်။ သူကလေးက လုပ်တတ်လိုက်တာ။ ဒီလို စေတနာအပြည့်နဲ့ သက်ထားဆိုတော့ ကံကောင်းတာပေါ့။

CBox

My CBox has been hijacked by some spammer. So, CBox has been removed. Sorry for inconvenience causes.