နှစ်တနှစ် ရဲ ့ အစ ဒုတိယလ ဖြစ်တဲ့ ဖော်ဖော်ဝါရီ ဟာ စာရေးသူတို ့အတွက် အမှတ်ရစရာ အများကြီး ရှိပါတယ်။ နိုင်ငံ နဲ့ လူမျိုးအတွက်လည်း အထိမ်းအမှတ်လတွေလည်း ဖြစ်ပါတယ်။ ပြည်ထောင်စုနေ ့ လို ့ သတ်မှတ်ကြတဲ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ ့ဟာ နိုင်ငံအတွက် အထိမ်းအမှတ်လ ဖြစ်သလို စာရေးသူတို ့ မိသားစု အတွက်လည်း အထိမ်းအမှတ်နေ ့ဖြစ်ပါတယ်။
ဟိုးလွန်ခဲ့တဲ့ ၃၅ နှစ်က စာရေးသူရဲ ့ မိဘ နှစ်ပါးရဲ ့ မင်္ဂလာပွဲ ကျင်းပခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်ကလည်း စာရေးသူ နဲ့ သက်ထားတို ့ရဲ ့ မင်္ဂလာပွဲကို လည်း ပြည်ထောင်စု နေ့မှာပဲ ကျင်းပခဲ့တာပါ။ ပထမဆုံး နှစ်ပတ်လည် နေ ့ကိုတော့ အိမ်မှာပဲ အဆင်ပြေသလို ကျင်းပဖြစ်ပါတယ်။
ကိုအန်ဒီရဲ့ ဘလော့ထဲက ပူရီ လုပ်နည်းကို ဖတ်ပြီး သက်ထားက ပူရီလုပ်တယ်။ သူ လုပ်တဲ့ ပထမဆုံး ပူရီ ကို နှစ်ယောက်သား ကြည်နူးစွာ စားဖြစ်ရင်း ပထမဆုံး နှစ်ပတ်လည်ကို ဖြတ်သန်း ဖြစ်သွားတယ်။ ညနေခင်းဟာ အရောင်တွေ လက်လို ့ပေါ့။
နောက် ၂ ရက်လောက် ခြားတော့ ချစ်သူတွေကြား အမှတ်တရ နေ ့ဖြစ်တဲ့ ချစ်သူများနေ ့ကို ရောက်လာတော့ တာပါပဲ။ မနှစ်ကတော့ ကမ်းခြေမှာ နှစ်ယောက်ထဲ ညစာနဲ့ ဗာလင်တိုင်း အထိမ်းအမှတ် လုပ်ဖြစ်ပါတယ်။ ဒီနှစ်တော့ စာရေးသူ နဲ့ သက်ထားတို ့ရဲ ့ ၅ ကြိမ်မြောက် ချစ်သူများနေ ့ အဖြစ်အိမ်မှာပဲ မုန် ့ဟင်းခါး ချက်စားဖြစ်ပါတယ်။
သူငယ်ချင်း အချို ့ကိုလည်း ဖိတ်ပြီး မုန့်ဟင်းခါးနဲ့ပဲ တည်ခင်း ဧည့်ခံဖြစ်ပါတယ်။ သူငယ်ချင်းတွေ ပွဲအတောင်းဆုံးဖြစ်ပြီး အဆင်အပြေဆုံး ဖြစ်တဲ့ အသင့်လုပ်ထားတဲ့ မုန့်ဟင်းခါးထုပ်တွေကိုပဲ မွမ်းမံ ပြင်ဆင်ကာ ချက်ပြုတ်ဖြစ်တာပါ။ ဒီတခေါက်တော့ ထူးခြားသွားအောင် ဗာလင်တိုင်းအမှတ်တရ ပဲကပ်ကြော် ကို ကိုယ်တိုင်ကြော်ဖြစ်သွားပါတယ်။
သူငယ်ချင်း ၂ ယောက် က အမှတ်တရ အဖြစ် ဘဂဝမ်ဆိုလို က ကိတ်မုန့် တဗူးဝယ်လာလို ့ ကိတ်မုန် ့နဲ့ လည်း ကျင်းပဖြစ်ပါတယ်။
လာလည်သူ အပေါင်းကို ဘလော့ ဖတ်ရင်း သွားရည်များ ကျပါဦးလို့ ဖိတ်ခေါ်ရင်း ချစ်သူများ အားလုံး ပျော်ရွှင်ကြည်နူး နိုင်ပါစေ။
သက်ထား နှင့် ညီမူရာ
| Share |
5 comments:
-
မုန့်ဟင်းခါးပုံတွေ့တော့ ဂလုဖြစ်သွားတယ်...
ပျော်ရွှင်ကြပါစေ
-
မုန့်ဟင်းခါး ကုန်ပြီလား
-
Welcome - ကိုယ်တွေလည်း သူများတွေကို အားကျခဲ့တဲ့ နှစ်တွေ မနည်းပါဘူးဗျာ။
sindanlar - မုန် ့ဟင်းခါး ထုပ် ကိုချက်တဲ့နေရာတော့ လင်မယား ၂ ယောက်လုံး သိပ်ပိုင်ပါတယ်။ မကြာမကြာ ချက်စားကြတာကိုး။
မီယာ - မုန် ့ဟင်းခါး နည်းနည်းကျန်တာ မနက်ကျမှစားဖို ့ သိမ်းထားလိုက်တယ်။ သက်ထား မစားနိုင်တော့လို ့လေ။
-
စားသွား၏
CBox
My CBox has been hijacked by some spammer. So, CBox has been removed. Sorry for inconvenience causes. |
အမှန်ပဲ ယိုသွားတယ် (သွားရည်)
အမှတ်တရနေ့တွေမှာ
ကြင်နာသူက အနားမှာဆိုတော့
ပျော်ရွှင်မှုတွေ ပိုပြီး အသက်ဝင်သွားတာပေါ့နော်
အားကျစွာနဲ့ .. ..