at Sunday, February 15, 2009 Labels: , Posted by nyimuyar

ကွန်ပျူတာ ကို စပြီးသိတာက အင်္ဂလိပ် ဘာသာနဲ့ ထုတ်ဝေတဲ့ မြန်မာ့အလင်း သတင်းစာ ထဲက ကြော်ငြာကြောင့်ပါ။ အမှတ်မမှားဘူးဆိုရင် ၁၉၉၆ လောက်ကလို ့ထင်ပါတယ်။ ကွန်ပက် တံဆိပ် စားပွဲတင် ကွန်ပျူတာ ပေါ့။ တကယ်တမ်း စပြီး မြင်ဖူးတာကလည်း တပ်မတော်ခန်းမ မှာ ကျင်းပတဲ့ ပြပွဲတခုမှာ စပြီး မြင်ဖူးတာပါ။

ကွန်ပျူတာ စသင်တော့ ၁၉၉၈၊ ဝင်းဒိုး ၃.၁ ခေတ်ပေါ့ဗျာ။ ဒီလိုနဲ့ ၂၀၀၀ ခုနှစ် ကေအမ်ဒီမှာ သင်တန်းတခုတက်တော့ အဲ့ဒီမှာ ဝင်းဒိုး ၉၈ တို ့ windows NT 4 တို ့သုံးရတယ်။ ကိုမြင့်ဦးက အဲ့ဒီတုန်းက စာသင်သေးတယ်။ ဝင်းဒိုး၉၈ ခေတ်ဆိုတော့ သိတဲ့အတိုင်း ကွန်ပျူတာကို ပိတ်ရင် နောက်ဆုံးမှာ အခုကွန်ပျူတာကို စိတ်ချစွာ ပိတ်နိုင်ပါပြီ ဆိုပြီ အမဲနောက်ခံ နဲ့ လိမ္မော်ရောင် စာတမ်းပေါ်ပါရောလား။ ဒါပေမယ့် သင်တန်းတွေမှာ စက်ကို shutdown ဆင်းပြီးတာနဲ့ သင်တန်းသားတွေက ပြန်တာပဲ ဝါပါခလုပ်တွေ ပိတ်လေ့မရှိကြဘူးလေ။

အဲ့ဒီတုန်းက မြန်မာလက်ကွက် ကျွမ်းအောင် ကဗျာလေး စာလေးကလည်း စရေးခါစ ဆိုတော့ ကွန်ပျူတာ ဖွင့်တာ ပိတ်တာ ကိုပဲ စိတ်ကူးဉာဏ်ကွန် ့မြူးပြီး ကဗျာတပုဒ် ရေးဖြစ်သွားတယ်။ ကွန်ပျူတာ ဖက်ကနေ ခံစားပြီး ရေးဖြစ်သွားတာပေါ့။ အဲ့ဒီတုန်းက စာရေးသူ အကြိုက်ဆုံး CE Freehand Font နဲ့ ရေးတာပေါ့။ မုန်းမှဖြင့် လို ့ နာမည်လေး ရွေးပေးဖြစ်တယ်။




မုန်းမှဖြင့်


တို့ကိုစသုံး တပြုံးပြုံးနှင့်
မေးတိုင်း အိုကေ မင်းပဲဖြေပြီး
ကျေနပ်အောင်သုံး ခုတော့မုန်းမို့
သခင်မကြင် ထွက်ခွာရင်တော့
ပါဝါ ကိုပါ ပိတ်ခဲ့ပေါ့


၁ နိုဝင်ဘာ ၂၀၀၀
It's now safe to turn off your computer ကို ခံစားရေးဖွဲ့သည်။

(အဲ့ဒီတုန်းက ကဗျာတွေအဆုံးမှာ အင်္ဂလိပ်စာ သုံးလုံးရေးဖြစ်တယ် ကိုယ်က ကွန်ပျူတာသင်တန်းတက်ခါစ သင်တန်းတွေကလည်း နာမည်သုံးလုံးတွေများတော့ ကိုယ့်နာမည် ရဲ့အတိုကောက် သုံးလုံးကို ရွေးပြီး ရေးတာပါပဲ။ ခုတော့ ရက်စွဲပဲ ထည့်လိုက်ပါတယ်။)

ညီမူရာ

Share

1 comments:

  1. အား နိပ် ဟ

    ကောင်းလိုက်တဲ့ ကဗျာ :P

CBox

My CBox has been hijacked by some spammer. So, CBox has been removed. Sorry for inconvenience causes.