ခရီးက ပြန်လာတော့ သူငယ်ချင်း အချို ့က မေးတယ် ဘာတွေကြားသေးလည်း ဘာတွေထူးသေးလည်း ပေါ့။ သိကြတဲ့ အတိုင်း ကိုယ့်ရပ်ကိုယ်ရွာ ဘာတွေ သတင်းထူးလည်း ကြားချင်ကြတာ သဘာဝမဟုတ်လား။
ရေခြားမြေခြား နေတာကြာတော့ အတင်းအဖျင်း မှန်တာရော မမှန်တောရော ကြားချင် ကြသူတွေချည်းပါပဲ။ ထိုသို ့လျှင် မြင်တွေ ့ကြားသိ ခဲ့ရပါသည် ဆိုပြီး ကိုယ်တွေ ့သိရတာရော ကောလဟာလ တွေရော ပြောလိုက်ပါတယ်။ ကိုယ်အတွေး ကိုယ့်ယူဆချက် နဲ့ ဘယ်ဟာ အမှန် ဘယ်ဟာအမှား ဆိုတာကတော့ နားထောင် ဖတ်ရှုသူကိုယ်တိုင် ချင့်ချိန်ဖို ့ပဲရှိတာကိုး။
ဆီဈေးတွေ ကျနေတယ် ဘာကြောင့် ကားခတွေ မလျှော့တာလည်း ဆိုတော့ အခြားစားရိတ် အပိုပစ္စည်းဈေး တွေမကျလို ့ပါတဲ့။ လိုင်းကား ဆရာတို ့ တွက်ခြေကိုက်ပြီး ခုလူမပြည့်လည်း မောင်းတယ်ဆရာ။
ဒေါ်လာ ဈေးတွေကျပြီး လောင်စာဆီ တွေ အဲ့သလောက်မကျဘူးတဲ့။ ဒေါ်လာအကျမှာ လောင်စာဆီဈေး တွေ အရင်လို တန်းနေတော့ တင်သွင်းသူတွေ ကိုက်သတဲ့။
မီးက ပေးဆို ပေးလို ့ဖြစ်နေပြီ မီးစက်တွေအတွက် ဒီဇယ်ရောင်းကောင်းအောင် တမင်ဖြတ်ပေးထားရတာဆိုပဲ၊ ဟုတ်မဟုတ်တော့ ဘုရားမှ သိမယ်။
အခု ပိုက်ဆံတွေက အရမ်းကို ဟောင်းနွမ်းပြီး စုတ်ပြတ်သတ်ကုန်ကြပြီ။ သူအစုတ်ပေးလည်း ကိုယ်ယူ။ ကိုယ်အပြတ်ပေးလည်း သူယူ ဖြစ်ကုန်ပြီ ငြင်းလို့မရတော့ဘူး။ အဲ့ဒါ တထောင်တန် တရွက်ထုတ်ဈေးက ၅၀၀ လောက်ကုန်သတဲ့ ဆိုတော့ တထောင်တန် တရွက်ဖြစ်တိုင်း မူလတန်ဖိုး တထောင်ရယ် ထုတ်လုပ်စားရိတ် ၅၀၀ ရယ်ဖြစ်လို ့ မကိုက်ဘူးဆိုတဲ့ သတင်းတွေတော့ ကြားပါတယ်။
အရောင်းအဝယ်တွေလည်း ပါးတယ် စီးပွားရေးကလည်း ကျ အရောင်းအဝယ်တွေကလည်း မဖြစ်နဲ့ တော်တော် ကြိုးစားရတယ်တဲ့။ ဈေးတွေ ပလာဇာ တွေလည်း အေးအေးလူလူ ပါပဲ။ စတား တံဆိပ် တီဗီ။ ဒီဗီဒီ တွေကတော့ ၅၀ ရာခိုင်နှုန်း အထူးလျှော့ဈေးတဲ့ ဒါတောင် သိပ်မဝယ်ကြဘူးတဲ့ဗျာ။
ကိုယ်တွေကသာ တခါသုံး ဖုံးကဒ်တွေ မကိုက်ဘူး ကိုက်တယ် မတန်ဘူးတန်တယ် လုပ်နေတာ။ ဂဏန်းတွက်တဲ့ ချက်တဲ့ သူများကျတော့ သိပ်ကောင်းတာပဲဗျာ။ အရင်ငှားထားတဲ့ လိုင်း ဟန်းဖုန်းတွေတောင် ပြန်အပ်လိုက်ပြီး ဒါမျိုးချည်း ဝယ်သုံးနေတယ်တဲ့။ ပိုတောင် လုံခြုံသွားသလိုပါပဲတဲ့။
တိုင်စီတွေလည်း မီတာတွေ ကိုယ်စီ နဲ့ တိုင်စီမီတာ တလုံး ၂ သိန်းပေးရသတဲ့ ။ ဒါပေမယ့် ဘယ်သူမှ မီတာနဲ့ မလိုက်ဘူး အရင်အတိုင်း ပါးစပ်ဈေးနဲ့ ကြိုက်ဈေးမေးပြီး စီးကြတာပဲ။
စူပါမားကတ်တွေလည်း မီးမလာရင် မီးစက်တွေနဲ့ သူရို ့လည်း အဲယားကွန်း မဖွင့်နိုင်ကြတော့ မွမ်းကြပ်ကြပ်ကြီးပေါ့။ လူတွေ ပါးတော့ ဈေးဝယ်လို ့ကောင်းပါတယ်။ လိုင်းကား စီးတဲ့ သူတွေ လည်း အသွားအပြန် လိုင်းကား လမ်းစားရိတ်တင် တရက် တထောင်လောက်နီးနီးရှိတယ်။
ဘာစားစား အနည်းဆုံး ၅၀၀ လောက်ကနေ စတယ်။ ပုံမှန်က တထောင်လောက်ရှိတယ်။ရေသန့်တဘူး ၂၅၀ ကနေ ၃၂၀ လောက်ထိ ရှိတယ်။ အယ်လ်ပိုင်း ရေသန့် က ခု နာမည်ရနေတယ် ဆိုပဲ။ ဆိုင်တော်တော်များများ အယ်ပိုင်းပဲ ရှိတယ်။ ရေသန် ့ဝယ်တိုင်း မီးပျက်လို ့ မအေးဘူးနော် ဆိုတာချည်းပါပဲ။ လီတာ ၂၀ ဘူးကြီးတွေက အိမ်အရောက် ၃၅၀ တဲ့။
အကြွေတွေလည်းရှားကုန်ပြီ။ ၅၀ တန် အမ်းစရာမရှိဘူး တစ်ရှူးတထုပ်စီ အမ်းတာ တစ်ရှူးထုတ်တွေ အများကြီးပဲရတယ်။ဈေးသည်တွေကတော့ တစ်ရှူးထုပ် အမ်းမယ်ဆိုတာချည်းပဲ။ ကိုယ်ကတော့ ပြန်ပေးလို ့မရဘူး တစ်ရှူးတထုတ် ၅၀ ဆိုပြီး။ အချို ့စားသောက် ဆိုင်တွေကျတော့ ရာတန် အမ်းစရာမရှိလို ့ဆိုပြီး သူတို ့ ဆိုင်တံဆိပ်နဲ့ ဘောပင်တွေ အမ်းတယ်။ သကြားလုံး ခေတ်မဟုတ်တော့ဘူး။ ဟုတ်ပါပြီ ဈေးသည်တို့ရယ်လို ့ပဲ ပြောလိုက်ချင်တော့တယ်။
ဆေးကုသ စားရိတ်တွေကတော့ မိုးပေါ်ကပေါ့။ အကယ်ဒမီမှာ လူနာတယောက် ဆေးရုံတင်တာ နှလုံးခုန်စက်တပ်ထားရသတဲ့။ မီးပျက်တုန်း မီးစက်အပြောင်းမှာ နဲနဲနောက်ကျသွားလို ့ဆိုလား တပ်ထားတဲ့ နှလုံးခုန်စက် ရပ်ပြီး ကွယ်လွန်သွားတယ်။ ခွဲခန်းဝင်ရင် ခွဲစိတ်ဆရာဝန်ကို ခွဲခချည်းပဲ ၇ သိန်းလောက် ပေးရသတဲ့။ အကြီးစားခွဲစိတ်မှုပေါ့ဗျာ။ ဆေးရုံဖိုးမပါသေးဘူးတဲ့။
နာဂစ် အဖျားခတ်တဲ့ ရန်ကုန်မှာ အပင်ကြီးတွေ မရှိတော့ဘူး ဆောင်းတွင်းတောင် တော်တော်ကြီး ပူတယ်။ အဓိပတိလမ်းတို ့ စစ်ကိုင်းလမ်းတို ့လည်း အရိပ်ကို မရှိတော့ဘူး။
ကြားရ မြင်ရတာတွေကတော့ အစုံပေါ့။ ခုတော့ ကောလဟာလ ခပ်များများဆိုတော့ ဒီလောက်နဲ့ တော်ဦးမှ။
ညီမူရာ။
| Share |
CBox
My CBox has been hijacked by some spammer. So, CBox has been removed. Sorry for inconvenience causes. |
မိုက်တယ်..ဖတ်တဲ့အခါ ခုလို အကြမ်းဖျင်းပဲဆိုဆို ..သိရတာတွေနဲ့တင် ..ဖတ်ရကျိုးနပ်တဲ့ ဒီပို့စ်။
Bro ..carry on .. :-)