ကိုယ့်မှာ စက်(ကွန်ပျူတာ) ကလည်း တလုံးပဲရှိတယ် နောက်ပြီး ကိုယ့်သုံးနေတဲ့ စက် ကိုလည်း မပိတ်ချင်။ ဖေါ်မက်ရိုက်တာတွေ ဘာတွေမလုပ်ဘဲ နောက် အိုအက်စ် “OS” တမျိုး ဒါမှမဟုတ် နောက်စက်တလုံး (စက်အများ) ကို သုံးချင်တဲ့အခါ Virtual Machine (VM) ဟာ သိပ်အသုံးကျပါတယ်။
ဗီအမ် VM ဆိုတာ အပြင်မှာ စက်မရှိဘဲ ဆော့ဝဲလ်ဖြင့် ဖန်တီးထားသော စက် (ကွန်ပျူတာ) ကိုခေါ်တာပါ။ အကျွမ်းတဝင်မရှိသူများ အတွက်ရည်ရွယ်ပြီး မျှဝေလိုက်တာဖြစ်လို ့ သိတဲ့သူတွေအတွက် တော့ အသုံံးလိုမယ် မထင်ပါဘူး။ အရင့်အရင် တုန်းကတော့ duabl boot လို ့ခေါ်တဲ့ စက်တလုံးကို OS ၂ ခု ဒါမှမဟုတ် Multiple boot ဆိုပြီး လေးခု အထိ တင်သုံးကြပါတယ်။ ဒါပေမယ့် သူက တချိန်မှာ OS တခုပဲသုံးလို ့ရပါတယ်။
picture from cdmit.epfl.ch
နောက်ပိုင်း VM တွေ ပေါ်လာတော့ တချိန်ထဲမှာ Hardware နိုင်ရင် နိုင်သလောက် VM တွေ တင်လို ့ရလာပါတယ်။ တပြိုင်နက်တည်း လည်း စက်တွေအများကြီး သုံးလို ့ရလာပါတယ်။
VM ဆိုတာ ဆော့ဝဲနဲ့ တကယ့် စက်လို ဖန်တီးထားတာပါ။ သူက ဆော့ဝဲ နဲ့ ဖန်တီးထားတာ ဖြစ်လို့ Application Layer ပေါ်ကနေ တကယ့်စက်ရဲ့ Hardware တွေကို လှမ်းခိုင်းတာ မျှသုံးတာ ဖြစ်ပါတယ်။
VM တွေမှာ မူလ ကိုယ်သုံးနေတဲ့ ပင်မ စက် (OS) ကို Host OS (အိမ်ရှင်) လို ့ သတ်မှတ်ပြီး သူ ့အပေါ်မှာ ဆော့ဝဲလ် နဲ့ ဖန်တီးထားတဲ့ ဗီအမ် တွေကို Guest OS (ဧည့်သည်) လို ့ ခေါ်ကြပါတယ်။
ဘယ်အရာမဆို အားသာချက် အားနည်းချက်ဆိုတာ ရှိစမြဲမို ့ VM တွေမှာလည်း အားသာ အားနည်းချက်တွေရှိပါတယ်။
အဓိက အားသာချက်တွေ အနေနဲ့ကတော့
မတူညီတဲ့ အိုအက်စ် OS တွေကို ကွန်ပျူတာ စက်တလုံးထဲပေါ်မှာတင် ဆောင်ရွက်လို ့ရတာပါ။
Windows နဲ့ Linux လို မတူညီတဲ့ ဆော့ဝဲ နည်းပညာ ညွှန်ကြားမှု ဆိုင်ရာ ISA တွေကို ဆောင်ရွက်ပေးနိုင်ပါတယ်။
စက်တလုံးထဲပေါ်မှာ ဖြစ်လို ့ ထိန်းသိမ်း စောင့်ရှောက် ကြည့်ရှုရ လွယ်ကူသက်သာပါတယ်။
အဓိက အားနည်းချက် တွေ အနေနဲ့ကတော့
Hardware ပိုင်းဆိုင်ရာတွေကို အသုံးချတဲ့အခါ တကယ့် စက်အစစ်လို မမြန်တာတွေ့ပါမယ်။
(ဥပမာ။ ဂရပ်ဖစ်ကဒ် တွေ ဟာ့ဒစ်။ CD/DVD/USB Drive ဒရိုက်တွေကို သုံးတဲ့အခါ မမြန်တာ ကြုံတွေ့ရနိုင်ပါတယ်)
VM တွေ အများကြီးကို စက်တလုံးထဲပေါ်မှာ ပြိုင်တူ သုံးနေတဲ့အခါ VM တခုနဲ့တခု လုပ်ဆောင်နိုင်မှု စွမ်းအားတွေ အမြန်နှုန်း တွေဟာ အသေအချာ အသေးစိတ် မချိန်ညှိထားသရွေ့ ဘယ်လိုမှ တူညီမှာ မဟုတ်ပါဘူး။
(ဥပမာ အားဖြင့် အပြင်မှာ Spec ထပ်တူညီတဲ့ ကွန်ပျူတာ ၂လုံး ဆင်ထားမယ်ဆိုရင် လုပ်ဆောင်နိုင်မှု စွမ်းအား အမြန်နှုန်းတွေက တူညီမှာဖြစ်ပေမယ်လို့ VM တွေအနေနဲ့ကတော့ ခဲယဉ်းမှာပါ။)
VM ဆော့ဝဲ တွေအများကြီး ရှိတဲ့အထဲမှာ ညီမူရာ နှစ်သက်တဲ့ VM application အချို့ ရှိပါတယ်။ မိုက်ခရို ဆော့ ရဲ့ Windows Virtual PC ။ Oracle က ထုတ်တဲ့ VirtualBox ရယ်။ Vmware Inc က ထုတ်တဲ့ VMware တို့ပဲ ဖြစ်ပါတယ်။
အခု ညီမူရာ မျှဝေချင်တာကတော့ Oracle ရဲ့ VirtualBox ပဲဖြစ်ပါတယ်။
VirtualBox ကို အခုအောက်ပါ နေရာများကနေ ဒေါင်းလုပ်ချ ယူနိုင်ပါတယ်။
Virtual Box Download
VirtualBox (Old Builds): VirtualBox 4.1
ညီမူရာ
...
| Share |
0 comments:
Post a Comment