အမေဇုံက ထုတ်တဲ့ အီးဘုတ်ရီဒါ ကင်ဒယ် ရဲ ့ တတိယမျိုးဆက် ကင်ဒယ်-၃ (ကေ-သရီး) Kindle 3 စထွက်တာ သြဂုတ်လ ၂၇ ရက်နေ ့ဆိုတော့ ၁ လကျော်ကျော် ရှိပါပြီ။ ကင်ဒယ် မှာ မြန်မာဖောင့်တွေ ထည့်ထားတဲ့ (Embedded Font ပါတဲ့) pdf ebook မျိုးဆို ဖတ်လို ့ရပါတယ်။ ခုဒီပုံကတော့ မြန်မာ စာအုပ်တအုပ်ကို ကင်ဒယ် ပေါ်မှာ ဖတ်နေတာကို ရိုက်ထားတာပါ။


ကင်ဒယ် မှာ အမ်ပီသရီး သီချင်းလည်း အသံအရည်သွေး ကောင်းကောင်းနဲ့ နားဆင်လို ့ရပါတယ်။ စာရေးသူက ဝိုင်ဖိုင် ဗားရှင်း ဝယ်ထားတော့ ဝိုင်ဖိုင် နက်ဝေါ့ ရှိတဲ့နေရာမှာဆို အင်တာနက် သုံးလို ့ရပါတယ်။ စာဖတ်ဖို ့ပဲ လုပ်ထားတာမို ့လို ့ အင်တာနက်က တော့ သိပ်သုံးလို ့မကောင်းပါဘူး။

အင်္ဂလိပ် စာအုပ်တွေဆို အသံထွက်ပြီး ဖတ်ပေးနိုင်ပါသေးတယ်။ အဲ့ဒါတွေ လုပ်ဖို ့ ကင်ဒယ် ရဲ့ Home Key ကို နှိပ် ပြီးရင်း Menu Key ကို နှိပ်ပြီး မီနူး ကျလာရင် Experimental ကို ရွေး ရပါမယ်။ အဲ့ဒီမှာမှ သီချင်းနားထောင်မလား အင်တာနက်သုံးမလား Text-to-Speech စာအုပ်ကို အသံထွက်ဖတ်ခိုင်းမလား လုပ်ရမှာပါ။



ကင်ဒယ်ရဲ ့ အတွင်းပိုင်းဖွဲ့စည်းပုံကို အတွင်းကျကျ လေ့လာဖွင့်ကြည့်လိုသူများ အတွက်လည်း EEVblog ့က Dave က တင်ဆက်ပေးထားပါတယ်။ စိတ်ဝင်စားသူများ ဒီမှာ ကြည့်နိုင်ပါတယ်။



စာဖတ်ဖို ့ အထူးပြုထုတ်ထားတဲ့ အီးဘုတ်ရီဒါ တွေထဲမှာ အကြိမ်ကြိမ် လေ့လာပြီးမှ အားပေးခဲ့တဲ့ ကင်ဒယ် (ကေ-သရီး) မှာ အားနည်းချက် အားသာချက်တွေ ရှိပေမယ့် စာရေးသူ လိုအပ်ချက်နဲ့ အကိုက်ဆုံးဖြစ်လို ့ သဘောကျ နှစ်ခြိုက်ရင်းနဲ့ ဒီစာကို ရေးဖြစ်ပါတယ်။

ညီမူရာ...

video credited to : David L. Jones (EEVblog)

you may aslo like: Nook Color by MrDBA, Kindle Review by MgPyone

Share

0 comments:

CBox

My CBox has been hijacked by some spammer. So, CBox has been removed. Sorry for inconvenience causes.