ဝင်းဒိုး ဆဲဗင်း ရဲ ့ အစမ်း ဘီတာ ဗားရှင်း
ဝင်းဒိုး ဗစ်စတာ ရဲ ့ နောက်မျိုးဆက် ဖြစ်တဲ့ ဝင်းဒိုး ဆဲဗင်း (windows 7) ကို အစမ်း ဘီတာဗားရှင်း အဖြစ်နဲ့ ဒီဇင်ဘာလ နောက်ဆုံးပတ် ခရစ်စမတ် နဲ့ နှစ်သစ်ကူး ကြားမှာ အင်တာနက် ပေါ်တွင်မှာ စတင်ပျံ ့နှံ့လာပါတယ်။ အင်တာနက် ပေါ်ကနေ ဖိုင်တွေ မျှပြီးတင်ပေးလို ့ရတဲ့ BitTorrent ဆိုဒ် တွေ ပေါ်ကနေ စပြီး ပျံနှံ့ လာတာပါ။ Minonova Link
အားလုံး က ၂၀၀၉ ဇန်နဝါရီလောက်မှာ မှ အစမ်း ဘီတာဗားရှင်း ထွက်မယ် ထင်ထားကြပေမယ့်၊ တကယ်တမ်း ၂၀၀၈ နှစ်ကုန်ခါနီးလေးမှာ ကပ်ပြီး ထွက်လာတော့ တော်တော်ပဲ အံ့အားသင့်ကုန်ကြပါတယ်။
ဒေါသတကြီး ဟစ်အော်တတ်တဲ့ စတိဗ်ဘောမား က ဗစ်စတာ ကို မကြိုက်ကြတဲ့ အဆင့်မမြင့် ချင်ကြသေးဘဲ ဆဲဗင်းကို ပေကပ် စောင့်နေသူတွေကို Windows 7 will be Vista, but a lot better လို ့ပြောခဲ့ပါသေးတယ်။
ဝင်းဒိုး ဗစ်စတာ ကို ၂၀၀၈ ရဲ ့ အစုတ်ပြတ်ဆုံး တီထွင်မှု လို ့ အချို ့သုံးသပ်သူတွေက သတ်မှတ်ပေးကြသလို ၊ အခြား သုံးစွဲသူတော်တော်များများ ကလည်း မနှစ်သက်ကြပါဘူး။ မိုက်ခရိုဆော့ ရဲ ့ အကောင်းဆုံး တီထွင်မှု အဖြစ် ကျော်ကြားတဲ့ windows XP ကိုပဲ သုံးစွဲနေသူတွေ သုံးစွဲချင်သူတွေက အများကြီး ရှိနေပါသေးတယ်။ အားလုံးက ဝင်းဒိုး ဆဲဗင်း ကို ပို ကောင်းမလားဆိုတဲ့ မျှော်လင့်ချက်နဲ့့ စောင့်နေကြတာဖြစ်ပါတယ်။
အဲ့သလို စောင့်မျှော်နေသူတွေ ထဲမှာ ဝါသနာရှင် တဦးဖြစ်တဲ့ စာရေးသူလည်း အပါအဝင်ပါ။ ဟိုးအရင် ၈ နှစ်လောက်က ပီတူး လေးနဲ့ ကွန်ပျူတာ စသုံးတော့ ၂ ပါတ်တခါ စက်ကို ဖောမက်ရိုက် အိုအက်စ်တွေ အသစ်တင်ခဲ့တာ ဆိုတော့ ဝါသနာက မသေးပါဘူး။
သွားလည်နေကျ ဂတ်ဂျက်စ် နဲ့ နည်းပညာ သတင်း အင်တာနက် စာမျက်နှာတွေ မှာပါကတည်း က ဘစ်တောရန် ့ ဆိုဒ် ပေါ်က ဆွဲချတာ လေးရက်လောက် ကြာမှ ပြီးပါတယ်။ ပြီးပြီးချင်း ညတွင်းချင်း ဖောမက် ရိုက်လိုက်ပါတယ်။ ဆဲဗင်းကို ဖောမက် ရိုက်တာ ဗစ်စတာ ထက်တောင် မြန်သလို ခံစားရပါတယ်။



ဝင်းဒိုး စတက်တက်ချင်း ဖလက်ရှ် စကရင် ပြောင်းသွားတာလည်း ကြိုက်ပါတယ်။ နောက်ပြီး ပထမဆုံး စပြီး စက်အတက်မှာ နက်ဝေါ့ တွေ(အဓိက တော့ ဝါယာလက်စ် ပေါ့လေ) ကို တမ်းသိပြီး ချိတ်ပေးနိုင်တာ တော်တော် ကောင်းပါတယ်။ ဗစ်စတာ တုန်းက ဝါယာလက် နက်ဝေါ့အချိတ်မှာ ရွာလည် ရွာပတ် ခဲ့တာကို တောင် ပြန်မှတ်မိသွားသေးတယ်။
အင်တာဖေ့စ် ပိုင်းကတော့ နဲနဲပဲ အပြောင်းအလဲ လုပ်တာပါ။ ဒါပေမယ့် မြန်တယ် ပြောရမယ်။ ဗစ်စတာကို ဝိတ်လျှော့ထားပြီး ပိုမြန်အောင် လုပ်သလားကတော့ ဒင်းတို ့မှပဲ သိမှာပါပဲ။ စာရေးသူ ရဲ ့ နာမကျန်းဖြစ်ထားတဲ့ ပေါင်တင် ကွန်ပျူတာလေး ပေါ်မှာတောင်မှ တော်တော်ကြီးကို ချောချောမွေ ့မွေ ့နဲ့မြန်ဆန်အောင် သုံးလို ့ရတာတွေ ့ရပါတယ်။
တကယ်က ဆဲဗင်းကို အကြာကြီး သုံးမလို ့ပါပဲ။ ၂၀၀၉ နှစ်လယ်လောက် အထိ သုံးလို ့ရမယ် ဆိုထားပေမယ့် စာရေးသူက အက်တီဗေးရှင်း လုပ်လို ့မရတဲ့ အတွက် ရက်သုံးဆယ်ပဲ ခံမှာဖြစ်ပါတယ်။
ထုတ်လုပ်သူတွေကို လိုင်စင် ထပ်တိုး မရောင်းတော့ဘူးလို ့ သေမိန် ့ချခံထားရတဲ့ ဝင်းဒိုး အိပ်စ်ပီ ကိုတောင်မှ ၂၀၀၉ ခုနှစ် မေလ ၃၀ ရက်နေ ့ အထိ သက်တမ်း ထပ်တိုးပေးခဲ့ ပုံထောက်ရင် ၂၀၀၉ နှောင်းပိုင်းမှာ ထွက်မယ် လို ့ ယူဆနေကြတဲ့ ဆဲဗင်း ဟာ ထွက်ဖို ့ သိပ်မသေချာသေးဘူး လို ့ ကျွမ်းကျင် သူတွေက သုံးသပ်နေကြပါတယ်။
ဘာပဲဖြစ်ဖြစ် ဘီတာ ဗားရှင်း မှာတောင် မှ ဒီလောက် စက်ရဲ ့ စွမ်းအားတွေ သိပ်မစားဘဲ မြန်ဆန်နေသေးရင် တကယ်တမ်း အားလုံး သုံးဖို ့ ဖြန့်တဲ့ အခါကျ ဒီထက် ပိုကောင်းပါစေလို ့ မျှော်လင့်ရင်း အစမ်းသပ်ခံ ဆဲဗင်း ပေါ်ကနေ နှစ်သစ်ကို နှုတ်ခွန်းဆက်သလိုက်ပါတယ်။
ညီမူရာ
အစမ်းသုံးလို ့ရမယ့် ဝင်းဒိုးဆဲဗင်း အာစီ
| Share |
4 comments:
-
အစ်ကို..apple imac ဝယ်ပြီး0င်းဒိုး ပြန်တင်ပြီးသုံးလို့ရလား .apple os မဟုတ်ပဲ
vista သုံးချင်တယ်...လုတ်လိုရလား
ဆောင်းပါးရေးတင်ပါလား
စောင့်နေပါမယ်
ရရင်မေးပိုလ်ပေးပါနော်
-
သုံးလို ့ရပါတယ်။ ဒါပေမယ့် Intel ပရော်ဆက်ဆာ ဖြစ်တဲ့ အခုနောက်ပိုင်း စက်တွေမှာ ရပါတယ်။ ဒါပေမယ့် ပြသနာက ဝင်းဒိုး ကီး နဲ့ right click ကီး မပါတာလို ့ သုံးဖူးတဲ့သူတွေ ပြောတာ ကြားဖူးပါတယ်၊ ကိုယ်တိုင်လည်း Apple iMac စက်မရှိလို ့ တခါမှ မစမ်းဖူးပါဘူး
-
ဒါပေမယ့် ပြသနာက ဝင်းဒိုး ကီး နဲ့ right click ကီး မပါတာလို ့ သုံးဖူးတဲ့သူတွေ ပြောတာ ကြားဖူးပါတယ်၊
................................ အခုနောက်ပိုင်းမှာ mac ရဲ ့ os မှာ window သုံးတဲ ့သူတွေ အတွက် right click သုံးလို ့ ရတဲ ့ မော်ဒီဖိုင်းဆော်ဝဲတော ့ သုံးဘူးတယ်
ctrl+click နဲ ့တွဲသုံးရတယ်..... တခြားဖန်ရှင်ကီးတွေ ပါသုံးလို ့ ရတယ်....
CBox
| My CBox has been hijacked by some spammer. So, CBox has been removed. Sorry for inconvenience causes. |


မိုက်တယ်။ ယင်းဂလိပ်လို ဖတ်ရမှာ ပျင်းတယ်။ ဒီလို ပြန်ပေးတာတွေ များများရေးပေးနိုင်ရင် ကောင်းမယ်။ ကိုညီမူယာရေ ကျေးဇူးပါဗျာ...။ ဖတ်စရာနောက် တစ်ခု တိုးလာပါပြီ...။