စက်ကို ဖောမက်ရိုက်ပြီး ဝင်းဒိုး ပြန်တင်ရတယ် ဆိုတာ ကွန်ပျူတာ သုံးစွဲနေသူတဦး အတွက် အဆန်းမဟုတ်ပါဘူး။ အိုအက်စ် စီဒီကို စီဒီ ဒရိုက်ထဲထည့်၊ စီဒီကနေ boot လုပ်ပြီး လုပ်ငန်းစဉ်တွေ အတိုင်း ဆက်လုပ်သွားရုံပါပဲ။

ခုနောက်ပိုင်း ပေါ်လာတဲ့ EEE ပီစီ တို ့ လက်တလော ထွက်ထားတဲ့ Acer Timeline and Aspire One တို ့၊ နောက် HP Elite book ၂၅၃၀ပီ၊ HP mini တို ့လို ပါးပါးလှပ်လှပ် notebook ၊ net book တွေမှာ စီဒီ။ ဒီဗီဒီ drive တွေ တွဲပါမလာတော့ပါဘူး။

တခါတရံ စီဒီ။ ဒီဗီဒီ ဒရိုက် ပျက်တဲ့အခါမျိုး လန်းစ်မကောင်းတဲ့ အခါမျိုးမှာ စီဒီ ကနေ ဘု လုပ်ရမယ်ဆို အတော် အကြပ်ရိုက်ရပါတယ်။ တခါတလေ အားလုံး ကောင်းပါရဲ့နဲ့ စီဒီက ဖတ်မရတဲ့ အခါမျိုးမှာလည်း ဖော်မက်ရိုက် အိုအက်စ် အင်စတော လုပ်ရတာ အဆင်မပြေပါဘူး။

အဲ့လို အခက်အခဲတွေနဲ့ အထက်က Optical Drive မပါတဲ့ စက်တွေ အိုအက်စ် Install လုပ်ဖို့ရာ အဆင်ပြေချောမွေ ့စေဖို့ ယူအက်စ်ဘီကနေ ဝင်းဒိုးစ် အိပ်စ်ပီ ကို ဖောမက်ချ အိုအက်စ် အသစ် တင်ဖို ့ နည်းလမ်းတွေ ပေါ်ထွက်လာပါတယ်။

ဘာ့ပါပီအီး ထွက်လာပြီးနောက်ပိုင်း အဲသလို နည်းလမ်းတွေ အတော်ကို ကျယ်ပြန့် များပြားလာပါတယ်။ ထုံးစံအတိုင်းပဲ အင်တာနက်မှာ နည်းလမ်းပေါင်းစုံ ရှိတဲ့အထဲက ညီမူရာ ကြိုက်တဲ့ နည်းကိုပဲ ရေးသွားမှာဖြစ်ပါတယ်။

ယူအက်စ်ဘီ drive/stick ကို ဝင်းဒိုးအိပ်စ်ပီ Windows XP bootable installer လုပ်ဖို ့ရာ အတွက်

၁ ဂစ် ပမာဏ အနည်းဆုံး သိုမှီးနိုင်တဲ့ ယူအက်စ်ဘီ တခု လိုပါမယ်။
ကိုယ်သုံးနေတဲ့ ဝင်းဒိုးအိပ်စ်ပီ bootable CD ကောင်းကောင်း လိုပါမယ်။
ယူအက်စ်ဘီ ကို bootable လုပ်ပေးမယ် ့ ဆောဝဲလ် လိုပါမယ်။

flash drive prep.rar ဖိုင်ကို ဒေါင်းလုပ် လုပ်ပြီး လွယ်ကူတဲ့ တနေရာမှာ ဇစ်ဖြေထားရပါမယ်။
အဲ့ဒီ ဖိုင်ထဲမှာ ဖိုဒါ ၂ခု ရှိပြီး ပထမဆုံး usb_prep8 ဖိုဒါထဲကို ဝင်ပြီး usb_prep8.cmd ဖိုင်ကို run ရပါမယ်။

ဒီလိုမျိုး ကွန်းမန်းလိုင်း ဝင်းဒိုး တခုထက်လာမှာ ဖြစ်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် ဒီ ဝင်းဒိုးကို မပိတ်မိစေဖို ့ပါပဲ။ နောက်ဆုံးကျမှ ပိတ်ရမှာ။
press any key to continue ဆိုတော့ ကြိုက်တဲ့ ကီးတခု သာနှိပ်ပေးလိုက်ပါ PeToUSB ဆိုတဲ့ ဝင်းဒိုး တက်လာပါလိမ့်မယ်။

အဲ့ဒီ ဝင်းဒိုးက ယူအက်စ်ဘီကို boot နိုင်အောင် ဖောမက် ရိုက်ပေးပါလိမ့်မယ်။ Start ဆိုတာကို နှိပ်ပြီး ဖောမက်ရိုက်တာကို စောင့်လိုက်ပါ၊ ဖောမက်ရိုက်လို ့ ပြီးစီး အောင်မြင်ကြောင်း လာပြပါလိမ့်မယ်။ သထိထားရမှာက ဒီ PeToUSB ကိုလည်း သွားမပိတ်လိုက်ပါနဲ့ဦး။

အဲ့ဒီ အချိန်မှာ ကွန်မန်းလိုင်းကနေပြီး ဖိုင်ဒေါင်းလုပ်ချ ဇစ်ဖြေထားတဲ့ ဖိုဒါထဲရောက်အောင် သွားရပါမယ်။ အဲ့ဒီ ထဲကမှ bootsect ဆိုတဲ့ ဖိုဒါထဲ ထပ်ဝင်ပါ ပြီးရင် ဟော့ဒီ ကွန်မန်းကို ရိုက်ပေးရပါမယ်။

bootsect.exe /nt52 G:

ကိုယ့် ယူအက်ဘီ drive letter ကတော့ ကိုယ့်စက်မှာပေါ်တဲ့ အတိုင်းရိုက်ရမှာပါ။ စာရေးသူ စက်မှာကတော့ G: လို ့ပေါ်လို ့ G: လို ့ရိုက်လိုက်တာပါ။

Successfully updated FAT filesystem bootcode ဆိုတာ ပေါ်လာတာနဲ့ အဲ့ဒီ နောက်ဖွင့်ထားတဲ့ ကွန်မန်းဝင်းဒိုး ကို ပိတ်လို ့ရပါပြီ။

တဆက်တည်း PeToUSB ဝင်းဒိုး ကို ပိတ်ပေးရပါမယ်။ ပိတ်လိုက်တာနဲ့ ပထမဆုံး ဖွင့်ထားတဲ့ ကွန်းမန်းလိုင်းမှာ အောက်ကလိုမျိုး ၈ မျိုးပါတဲ့ စာသားတွေ ပြောင်းသွားမှာပါ။

အဲဒီမှာ နံပါတ် ၁ ကနေ စရမှာပါ။ ၁ ကို ရိုက်လိုက်တာနဲ့ ခဏအကြာမှာ Browse For Folder popup ဝင်းဒိုးလေး တက်လာမှာပါ။ ပြီးရင် ကိုယ့်ရဲ့ winXP Boot CD ထည့်ထားတဲ့ စီဒီ drive(ဒါမှမဟုတ် Virtual CD Drive) ကို ရွေး ပေးရပါမယ်။ စာရေးသူ ရဲ့ စက်မှာကတော့ စီဒီ ထဲ့ထားတာ F ဒရိုက်ဖြစ်လို ့ F ကို ရွေးလိုက်ပါတယ်။ (Virtual CD Drive ပါ)

နံပါတ် ၂ က သူပေးတဲ့ အတိုင်းထားရင်ရပါတယ်။

ပြီးရင် နံပါတ် ၃ အဆင့် အဖြစ် ၃ ဂဏန်း ကို ရိုက်ပေးပြီး ကိုယ့် ယူအက်စ်ဘီ drive letter ရွေးရပါမယ်။ စာရေးသူ ရဲ့ ယူအက်စ်ဘီ drive letter က G ဖြစ်တာမို ့ G လို ့ ရိုက်ပေးလိုက်ပါတယ်။
အားလုံး အဆင်သင့် ဖြစ်ရင် လုပ်ဆောင်ချက်တွေ စဖို ့ နံပါတ် ၄ ဂဏန်းကို ရိုက်ပေးလိုက်ရုံပါပဲ။ နောက် တက်လာမယ့် မေးခွန်းတွေ အတွက် popup ဝင်းဒိုးတွေ တက်လာရင် ကြည့်ပြီး နှိပ်ရုံပဲ ကျန်ပါတယ်။

ပထမဆုံး မေးခွန်း အဖြစ် Temp Drive ကို ဖောမက်ချမလားလို ့မေးပါလိမ့်မယ် YES ဖြေလိုက်ရုံပါပဲ။
စီဒီ ဒရိုက်ထဲက ဖိုင်တွေကို Temp drive ထဲ ကူးချသွားပါလိမ့်မယ်။ ဒီတကြိမ်ပဲ စီဒီကို သုံးတာပါ။ ပြီးရင် ဆက်လုပ်ဖို ့ ကီးတခုခုကို နှိပ်ခိုင်းပါလိမ့်မယ်။ နှိပ်ပေးလိုက်ပါဦး။

ခဏအကြာမှာ Temp drive ထဲက ဖိုင်တွေကို ယူအက်စ်ဘီ ထဲ ကူးမလားလို ့မေးပါလိမ့်ဦးမယ်။

YES ပဲ ဖြေရုံပဲပေါ့။ ဖိုင်တွေ ကူးတာ နဲနဲကြာပါတယ်။ ကိုယ့်စက်ရဲ့ အမြန်နှုန်းနဲ့ လည်း ဆိုင်ပါလိမ့်မယ်။


အားလုံး ကူးပြီးသွားတဲ့ အချိန်မှာ ကိုယ့်ရဲ့ ယူအက်စ်ဘီ drive ကို bootable drive အဖြစ် လုပ်မလား လို ့မေးပါလိမ့်မယ်။ YES ဖြေရုံပါပဲ။

နောက်ဆုံး မေးခွန်းအဖြစ် Temp Drive ကို ပြန်ဖြုတ်ချမလားလို ့ မေးပါလိမ့်ဦးမယ်။ ကိုယ်သုံးဖို ့မလို ရင် ဖြုတ်ခိုင်းတာ ကောင်းပါတယ်။ YES ပဲပေါ့။

နောက်ဆုံးတကာ့ နောက်ဆုံး အဖြစ် အားလုံး ပြီးစီးပါပြီ ကြိုက်ရာကီး နှိပ်နိုင်ပြီး ပိတ်ပါလို ့ ပြောပါလိမ့်မယ်။

ကြိုက်ရာ ကီးတခုခု ကို နှိပ်ပေးလိုက်ရင်ဖြင့် ယူအက်စ်ဘီ drive ကို Windows XP Bootable Installer USB အဖြစ် လုပ်ဆောင်ခြင်းအမှု အောင်မြင်စွာ ပြီးစီးသွားပါပြီ။

ဖောမက် ရိုက်ချင်တဲ့ စက်မှာ ယူအက်စ်ဘီ drive ကိုတပ်၊ Bios setting မှာ ယူအက်စ်ဘီ ကနေ boot မယ်လို ့ ရွေးပေးရပါမယ်။

ယူအက်စ်ဘီ ကနေ boot လိုက်တဲ့အခါ boot loader screen မှာ ပထမအကြိမ် အဖြစ် TXT Mode ကို ရွေးပေးရပါမယ်။ ပြီးရင် စီဒီကနေ boot တဲ့ ပုံမှန် အတိုင်း ဆက်လုပ်သွားရုံပါပဲ။

အခုဆိုရင် ၁ ဂစ် ယူအက်စ်ဘီ တချောင်းမှ ၈ ဒေါ်လာ ၉ ဒေါ်လာ လောက်ပဲ ရှိတဲ့အချိိန်မှာ ယူအက်စ်ဘီ တချောင်းလောက်ကို တခါထဲ winXP Bootable လုပ်ပြီး နေရာတကာ သယ်သွားလို ့ရနေပါပြီ။ အဲ့ဒီထဲက ကျန်တဲ့ နေရာမှာလည်း အခြားဒေတာတွေ ထည့်ထားလို ့ရပါသေးတယ်။ ဒါမှမဟုတ် ပြန်ဖော်မက် ရိုက်ပြီး ပုံမှန် ယူအက်စ်ဘီ ဒရိုက်အဖြစ်လည်း ပြန်သုံးနိုင်သေးတာမို ့ စမ်းချင်တဲ့ သူတွေ စမ်းနိုင်အောင်၊ လိုအပ်သူတွေ အသုံးချနိုင်အောင်၊ မသိသေးသူတွေ သိပြီး အကျိုးရှိအောင် ကြိုးစားရေးရင်း နဲ့ ယူအက်စ်ဘီ ပေါ်က ဝင်းဒိုး အိပ်စ်ပီ ကို အဆုံးသတ်လိုက်ပါတယ်။

ညီမူရာ

Credit goes to : eeeguide , liliputing

Special Thanks to all of my Teachers and Ex-Colleagues
(Ko MO, Ko TL, Ko PM, Ko ZTM, Ko AWN, Ko ZMH, Ko AKS, Ko YN and SNDP)
...

Share



ဘီစီဒီ(BCD) လို ့ အတိုကောက် ခေါ်တဲ့ (boot CD) ဘုစီဒီ တွေထဲမှာ ညီမူရာ အကြိုက်ဆုံး ကတော့ ဟိုင်ရန် ဘုစီဒီပါပဲ။ ဟိုင်ရန် ဘုစီဒီ မှာ စက်ကို ပြင်ဆင်ဖို ့ အသုံးဝင်တဲ့ ဆော့ဝဲလ်တွေ အကုန်လုံးကို စုစည်းပေးထားပြီး စီဒီ ကနေ boot လိုက်ရုံပါပဲ။ ဟိုင်ရန် ဘုစီဒီ အကြောင်းကို ဝီကီ မှာ ဖတ်နိုင်ပြီး စီဒီထဲမှာ ဘယ် ဆော့ဝဲလ် တွေ tools တွေ ပါတယ်ဆိုတာကို ဒီမှာ ဖတ်နိုင်ပါတယ်။ ဟိုင်ရန် ဘုစီဒီကို ဒီနေရာမှာ ဒေါင်းလုပ် ရယူနိုင်ပါတယ်။ တခုပဲ သတိထားရ မှာကတော့ ဟိုင်ရန် ဘုစီဒီ မှာ ထည့်ပေးထားတဲ့ ဆော့ဝဲလ် အများစုက တရားဝင်လိုင်စင် မဟုတ်ပါဘူး။

ဟိုင်ရန် လိုပဲ တခေတ်တခါ က နာမည် ကြီးခဲ့တဲ့ Nu Boot CD ဆိုတာလည်း ရှိပါသေးတယ်။ ဘီစီဒီ တွေက များသော အားဖြင့် နက်ဝေါ့ ဟာဝဲလ်သမား တွေက သူတို ့ အတွက် လွယ်ကူအဆင်ပြေ အသုံးဝင် အောင် လုပ်ထားတာမို ့ သူတို ့ တွေ ဆီမှာ ဘီစီဒီ တခုမဟုတ် တခု ရှိတတ်ကြတာမျိိုးပါ။ အခု နောက်ပိုင်း နည်းပညာတွေ တိုးတက် လာတဲ့ အခါ စီဒီ အချပ်ကြီးကို နေရာတကာ မသယ်ချင် ကြတော့ပါဘူး။ စီဒီ အချပ်ကို နေရာတကာ သယ်မယ့် အစား ပေါ့ပါး သေးငယ်တဲ့ USB stick တွေကို ပြောင်းသယ်လာကြပါတယ်။

ဆိုတော့ ဘီစီဒီ တွေ နေရာကို အစားထိုးဖို ့ USB Drive/Stick တွေကို သုံးလာကြပါတယ်။ နောက်ပိုင်း နည်းပညာ ထွန်းကားလာတာရယ်၊ External HDD တွေ အသုံးပြု ကျယ်ပြန့်လာတာရယ် USB Drive တွေ အချက်အလက် သိုမှီးနိုင်မှု မြင့်မားလာတာရယ်ကြောင် ့ မားသားဘုတ် ထုတ်လုပ်သူ အားလုံးနီးပါးက ယူအက််စ်ဘီ တွေကနေ boot လုပ်နိုင်အောင် လုပ်ပေးလာကြပါတယ်။

ဟိုင်ရန် ဘီစီဒီ ကိုလည်း ယူအက်စ်ဘီ ပေါ်ကနေ boot လို ့ ရအောင် လုပ်လာနိုင်ပါတယ်။ ဟိုင်ရန် ကို ယူအက်စ်ဘီ ပေါ်ကနေ boot တဲ့နည်းလမ်းတွေ အများကြီး အင်တာနက်ပေါ်မှာ ရှိပါတယ်။ အဲ့ဒီ ထဲကမှ ညီမူရာ စိတ်ကြိုက် ဖြစ်တဲ့ နည်းကို ရေးသွားပါမယ့်။

step 1
ဟိုင်ရန်ကို boot လုပ်နိုင်ဖို ့ ၂၅၆ အမ်ဘီ ပမာဏ အနည်းဆုံး ရှိတဲ့ USB Drive တခု လိုပါမယ်။

step 2
ဆော့ဝဲလ် အနေနဲ့ ပထမ အဆင့် usb_format.exe ဆိုတဲ့ ဆော့ဝဲလ် လိုပါတယ်။ (အိပ်ခ်ျပီ ရဲ့ ဆော့ဝဲလ် HPUSBFW နဲ့တူတူပါပဲ) ဒီဆော့ဝဲလ် က ယူအက်စ်ဘီ ဒရိုက်ကို boot နိုင်အောင် လုပ်ပေးတာပါ။



step 3
ဒုတိယ အဆင့်အနေနဲ့ သူက မာတီဘု (Multi Boot) လုပ်ပေးနိုင်တဲ့ GRUB ဆိုတဲ့ boot loader ကို တင်ပေးရမှာပါ။ သူမှာ ၂ မျိုး ရှိပါတယ်။
၃.၁
ပထမ နည်းက grub4dos ဆိုတဲ့ universal boot loader နဲ့ တင်တဲ့နည်းပါ။ အဲ့ဒီ အတွက် grub4dos.rar ကို ဒေါင်းလုပ်ပေးပြီး grubinst_gui.exe ကို run ပေးရပါမယ်။ ပုံမှာပြထားတဲ့ နံပါတ်စဉ်ကို ကြည့်ပါ။ ပြီးရင် grldr နဲ့ menu.lst ဖိုင် ၂ ဖိုင်ကို ယူအက်စ်ဘီထဲ ကူးထဲ့ပေးရပါမယ်။


၃.၂
ပထမနည်း အဆင်မပြေတဲ့ သူတွေ အတွက် နောက်တနည်းပါ။ ဒီနည်းကလည်း GRUB ဆိုတဲ့ boot loader ကို ပဲ တင်ပေးတဲ့ နည်းပါ။ ဆစ်လင်းနစ် syslinux.rar လို ့ ခေါ်တဲ့ ဖိုင်ကို ဒေါင်းလုပ် လုပ်ပေးပြီး RunMe.bat ဆိုတဲ့ ဘက်ခ်ျဖိုင်ကို ရန်းပေးရပါမယ်။ ကိုယ်သုံးမယ့် ယူအက်စ်ဘီ drive ရဲ့ driver letter(E:\ or F:\ or G:\) ကို ရိုက်ပေးရုံ နဲ့ သူဟာသူ လိုတဲ့ ဖိုင်ကို ကူးထည့်ပေးသွားမှာပါ။


step 4
အနေနဲ့ GRUB ဆိုတဲ့ boot loader တင်ပြီးသား ယူအက်စ်ဘီ ဒရိုက်ထဲကို ဟိုင်ရန် ဘုစီဒီ ထဲက ဖိုင်တွေ ကူးပေးရမှာပါ။ ဟိုင်ရန် ဘုစီဒီ ကို ဒီနေရာမှာ ဒေါင်းလုပ် လုပ်ပြီး iso ဖိုင်ကို winRar နဲ့ ဖြေလိုက်ပါ။ အထဲက HBCD ဖိုလ်ဒါရယ်၊ autorun.inf ဖိုင်ရယ်ကို ယူအက်စ်ဘီ ဒရိုက်ထဲ ကူးပေးလိုက်တာနဲ့ အသင့် boot လုပ်နိုင်တဲ့ ဟိုင်ရန် boot USB Drive တခု ဖြစ်သွားပါပြီ။



step 5
အနေ နဲ့ ကတော့ ယူအက်စ်ဘီ ကနေ boot ချင်တဲ့ စက်ကို ဖွင့် ယူအက်စ်ဘီ တပ် ဘိုင်းအို့စ်ထဲဝင်ကာ ယူအက်စ်ဘီ ကနေ boot မယ်လို့ ရွေးပေးရုံပါပဲ။

ညီမူရာ ဘာကြောင့် ဟိုင်ရန် ကို ကြိုက်ရသလဲ ဆိုရင် သူ ့မှာ multi boot အနေနဲ့ မီနီ ဝင်းဒိုးစ် အိပ်စ်ပီ (Mini Windows XP) ပါပြီးသား ဖြစ်လို ့ပါပဲ။ boot CD ထဲမှာ ပါတဲ့ ဆော့ဝဲလ်တွေ တူးစ်တွေ အကုန်လုံးကို လည်း မီနီ ဝင်းဒိုးစ် အိပ်စ်ပီ ဖကိ ကနေ တက်သုံးလို ့ရတာပါပဲ။ စာရေးသူ မကြာခဏ သုံးဖြစ်တာကတော့ ပါတေးရှင်း ဂိုစ် ့ရိုက်ယူ ရိုက်တင်တာပါပဲ။

တကယ်လို့ စာဖတ်သူ အနေနဲ့ မရှင်းလင်းတာ များရှိခဲ့ရင် အင်တာနက်ပေါ် ရှာဖွေဖတ်ရင်လည်း ဖတ်။ မဟုတ်ရင်လည်း ညီမူရာကို ထပ်မေးလို ့ရပါတယ်။

အခက်အခဲ ကြုံတဲ့ အခါ ယူအက်စ်ဘီ ပေါ်ကနေ boot တက်ရင်း ဖြေရှင်း အောင်မြင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း ဖြင့်


ညီမူရာ...

all credit goes to: wiki , Hiren, grub4dos, syslinux and HPUSB

Share


XP on USB Part 1

ယူအက်စ်ဘီ ကနေ ကွန်ပျူတာကို BOOT တက်အောင် လုပ်တယ်ဆိုတာ တချိန်တုန်းက အိမ်မက် တခုပါပဲ။ နောက်ပိုင်း နည်းပညာတွေ တိုးတက်လာပြီး ယူအက်စ်ဘီ တွေရဲ့ အချက်အလက် သိုမှီးနိုင်မှု ပမာဏတွေများလာတော့ အရမ်းကို လွယ်ကူလာပါတယ်။

ရုတ်တရက် ကွန်ပျူတာ ဝင်းဒိုး စနစ် ပျက်စီးသွားပြီး ဝင်းဒိုး မတက်တဲ့အခါမျိုး။ ဗိုင်းရပ်ကြောင့် ဝင်းဒိုး ကို သုံးမရအောင် လုပ်လိုက်တဲ့အခါမျိုး၊ စက်တလုံးကနေ စက်တလုံး အရေးပေါ် အချက်အလက်တွေ ကူးတဲ့ အခါမျိုး။ ဝင်းဒိုး စနစ် လုံး၀မရှိတဲ့ စက်တလုံးမှာ အရေးပေါ် သုံးချင်တဲ့အခါမျိုး၊ အခုနောက်ပိုင်း စီဒီ၊ ဒီဗီဒီ drive လုံး၀မပါတော့တဲ့ EEE PC လိုမျိုး တွေ မှာ ဝင်းဒိုး နဲ့ အခြား အကြောင်းတခုခု ကြောင့် သုံးချင်တဲ့ အခါတွေမှာ ယူအက်စ်ဘီ ပေါ်ကနေ GUI ပါတဲ့ အော်ပရေးရှင်း စံနစ် တခုခုကို တင်သုံးလေ ့ရှိပါတယ်။

အခုနောက်ပိုင်း အူဘန်တု လင်းနစ် စီဒီ (ubuntu) ကနေ အခုလိုမျိုး လုပ်လို ့ရပေမယ်။ ညီမူရာ တို ့လို ့ မိုက်ခရိုဆော့ စနစ် နဲ့ အကျွမ်းဝင်တဲ့သူတွေ အဖို ့ ဝင်းဒိုး ကိုပဲ သုံးချင်တာ မဆန်းပါဘူး။ ဝင်းဒိုးထဲမှာ ဆယ်စုနှစ်တခုနီးပါး အောင်မြင်နေတဲ့ ဝင်းဒိုး အိပ်စ်ပီ (windows XP) ကိုပဲ သုံးချင်တာပေါ့။ အိပ်စ်ပီ လုိုက်ဖ် (XP Live) လို ့လည်း အချို ့ကခေါ်ကြတယ်။

အိပ်စ်ပီ ကို ယူအက်စ်ဘီ ပေါ်ကနေ တင်တဲ့ နည်းတွေ အများကြီးရှိပါတယ်။ အဲ့ဒီ ထဲကမှ ပထမဦးဆုံး အလွယ်ဆုံး ဖြစ်တဲ့ Windows XP USB Stick Edition ကို အရင်ဆုံး ရေးသွားပါမယ့်။

အဲ့ဒီ စံနစ်က ယူအက်စ်ဘီ သိုမှီးနိုင်မှု ပမာဏ ၂၅၆ အမ်ဘီ သာ လိုအပ်ပါတယ်။ နောက်တခုက ကွန်ပျူတာက ယူအက်စ်ဘီ ကနေ BOOT လုပ်နိုင်ရပါမယ်။ ၂၀၀၅ နောက်ပိုင်း ကွန်ပျူတာ အများစုက လုပ်နိုင်ပါတယ်။ (အချို ့မားသားဘုတ် အဟောင်းတွေမှာ ဘိုင်းအိုးစ် Bios ဖန်းဝဲလ် Firmware ကို အဆင့်မြင့်လိုက်ရင် ရပါတယ်)

အင်စတော လုပ်ဖို ့အတွက် ပထမ အဆင့် ယူအက်စ်ဘီ ကို BOOT ဖြစ်အောင် လုပ်ပေးမယ့် ဆော့ဝဲလ်လေး တခုလိုပါတယ်။ အိပ်ခ်ျပီ ကနေ အခမဲ့ ပေးထားတာ ဖြစ်ပြီး နာမည်ကြီးပါတယ်။ အိပ်ခ်ျပီ ယူအက်စ်ဘီ (HPUSBFW) လို ့ခေါ်ပါတယ်။ ဒီနေရာမှာ ဒေါင်းလုပ် ရယူနိုင်ပြီး။ သူ ့ကို အခုလို မြင်ရမှာဖြစ်ပါတယ်။


ဒုတိယအဆင့်က windowsXP USB Edition ကို ဒေါင်းလုပ်ရယူ ဖိုင်ကို ဇစ်ဖြေချပြီး အဲ့ဒီ ဖိုလ်ဒါ တခုလုံးကို ယူအက်စ်ဘီ ထဲကူးထည့်ရပါမယ်။ ဒါဆို အိပ်စ်ပီ ယူအက်ဘီ ပေါ်ကနေ BOOT တက်ဖို ့ အဆင်သင့်ဖြစ်နေပါပြီ။

နောက်တဆင့်ကတော့ BOOT တက်မယ် ့ စက်ရဲ့ ဘိုင်းအို့စ် ဆက်တင်ထဲ ဝင်ပြီး၊ ယူအက်စ်ဘီ ဒရိုက်ကနေ BOOT မယ် လို ့ ပြင်ပေးရုံပါပဲ။

ကိုယ့်စက်ရဲ့ အမြန်နှုံး မန်မိုရီ ပမာဏ ပေါ်မူတည်ပြီး ၂ မိနစ်ကနေ ၅ မိနစ်အတွင်း ဝင်းဒိုး အိပ်စ်ပီ၊ ယူအက်စ်ဘီ ပေါ်ကနေ တက်လာမှာပါ။

ညီမူရာ...

Share


ဒီကနေ ့ မထင်မှတ်ဘဲ ဆိုက်တခုကို သွားတွေ့တယ်၊ စင်ကာပူမှာ လမ်းရှာ နေရာရှာ တဲ့ အင်တာနက်ပေါ်က မြေပုံလမ်းညွန် ဆိုက် တွေထဲမှာ နောက်ပေါက် ဆိုက်တခုပေါ့။ gothere.sg တဲ့။

အသွင်အပြင်နဲ့ သုံးရလွယ်ကူတဲ့ ဆိုက်တခုလို ့တော့ မြင်ရပါတယ်။
သွားချင်တဲ့ နေရာ ၂ ခုကို ရိုက်ပေးလိုက်တာနဲ့ တခါတည်း လမ်းညွန်ပေးတော့တာပါပဲ။

ပြီးရင် လမ်းညွန် စာမျက်နှာမှာ မြေပုံ ပေါ်လာပြီး ခရီးစဉ် စမယ့် နေရာ (အေ) နဲ့ ဆုံးမယ် ့နေရာ (ဘီ) ကို တခါတည်း အပြာရောင် လိုင်းနဲ့ ဆွဲပေးလိုက်ပါတယ်။


လမ်းလျှောက်ရမယ် ဆိုလည်း အကွာအဝေး ဘယ်လောက် ဘယ်နှစ်မိနစ် လျှောက် ရမယ် ကားစီး ရမယ်ဆိုလည်း ဘယ်နံပါတ် ကို ဘယ်နှစ်မှတ်တိုင် စီးရမယ် ခရီးစားရိတ် ဘယ်လောက် ကျမယ် ကြာချိန်ကိုလည်း တွက်ပြီး ဖော်ပြပေးပါတယ်။ လမ်းလျှောက် ရတဲ့ ကြာချိန်ကလည်း ကွက်တိပဲ၊ လျှောက်နေကျ လမ်းတွေကို ရိုက်ထည့်ကြည့်တာ အချိန်က အတိအကျပါပဲ။

စလုံးမှာ ၁၈ ရက်နေ ့ကမှ တရားဝင် အဆင့်မြင့်ခွင့် ရသွားတဲ့ ပန်းသီး ရဲ ့ အိုင်ဖုန်း ၃.၀ အိုအက်စ် အသစ် မှာတောင် သုံးလို ့ရအောင် လုပ်ပေးထားသတဲ့၊ အင်တာနက် ကွန်နက်ရှင်တော့ လိုတာပေါ့လေ။

သုံးကြည့်သလောက်တော့ လွယ်ကူပြီး သဘောကျ နေပါတယ်။ သုံးနေကျ streetdirectory.com ထက် အချို ့နေရာတွေမှာ ပိုလို ့တောင် အဆင်ပြေ ချောမွေ ့နေပါသေးတယ်။

ဘာပဲဖြစ်ဖြစ် အခုလို လမ်းညွန်ပေးတဲ့ ဝက်ဆိုက် တခုတိုးလာတာ ပိုပြီး အဆင်ပြေတာပေါ့။ အခုဆိုရင် စာရေးသူ သုံးနေကျ streetdirectory.com အပြင် gothere.sg ကိုလည်း အဓိကထား သုံးကြည့်ဖို ့ ဆုံးဖြတ်လိုက်ပြီမို ့ စာဖတ်သူတွေ လည်း ကိုယ်နဲ့ အဆင်ပြေမပြေ စမ်းသပ် သုံးနိုင်အောင် လမ်းညွန်လိုက်ရပါတယ်။

စာရေးသူ သုံးနေကျ စင်ကာပူ မှ အွန်လိုင်း ခရီးသွား လမ်းညွန် ဆိုက်များ

နာမည်ကြီး
စလုံးအစိုးရရဲ ့
ဘက်စ်ကား ခရီးစဉ်နဲ့ မှတ်တိုင် ရှာပေးတဲ့ Transit Link

ညီမူရာ...

Share


ယခုလ ၂၀၀၉ ခုနှစ် ဇွန်လ ၆ ရက် စနေနေ ့ နံနက်ပိုင်း မြန်မာ့လေကြောင်း (Myanmar Airways) မှ ပြည်တွင်း ခရီးသည်တင် လေယာဉ်တစ်စင်း စစ်တွေလေဆိပ်မှာ ဆင်းသက်စဉ် ပြေးလမ်းချော်ခဲ့ပါတယ်။ စာရေးသူ တောင်မှ ဒီကနေ ့မှ သိခဲ့ရတာပါ။ ပြည်တွင်း သတင်းစာများဖြစ်တဲ့ မြန်မာ့အလင်းနဲ့ ကြေးမုံ သတင်းစာတွေမှာ နောက်တနေ ့ ဇွန်လ ၇ ရက်နေ နေ့စွဲနဲ့ သတင်း ထုတ်ပြန်ပေးခဲ့ပါတယ်။


ပျက်စီးခဲ့တဲ့ လေယာဉ် ရဲ ့မူလ အနေအထား

သတင်းစာတွေမှာတော့ တွဲဖက်လေယာဉ်မှုးတဦးသာ နဖူးတွင် ဒဏ်ရာရရှိတယ်လို ့ဖော်ပြခဲ့ပြီး အခြား သတင်းတွေမှာတော့ အနည်းဆုံး ၃ ဦးထိခိုက်ဒဏ်ရာရရှိတယ်လို ့ ဖော်ပြကြပါတယ်။ လေယာဉ်ကတော့ အတော့ကို ပျက်စီးသွားခဲ့ပါတယ်။ လေယာဉ်ဘီး တွေနဲ့ ညာဖက်အတောင်ပံ ဆိုးရွားစွာ ပျက်စီးခဲ့ပြီး လေယာဉ်ရဲ့ ဘယ်ဖက် ဦးခေါင်းပိုင်း အနည်းငယ် ပျက်စီးခဲ့ပါတယ်။

ခရီးသည်တဦးကတော့ အရေးပေါ်တံခါးပေါက်တွေ အတန်ကြာမှဖွင့်တာတွေ ခရီးသည်တွေ အလွန်ထိတ်လန့် တုန်လှုပ်ခဲ့တယ်၊ အောက်စီဂျင်နည်းလို ့ လေယာဉ်ထဲမှာ မွန်းကြပ်နေခဲ့တယ်လို ့ ဖုန်းနဲ့ ပြောခဲ့ကြောင်း အေဂျင်စီ သတင်းတရပ်မှာ ဖော်ပြပါရှိပါတယ်။

ရုတ်တရက် ရာသီဥတု ပြောင်းလဲမှုကြောင့်လား၊ ကန့်လန့်ဖြတ်တိုက်တတ်တဲ့ လေပြင်းတွေကြောင့်လား၊ စက်ကိရိယာ ချို ့ယွင်းမှုကြောင့်လား၊ လေယာဉ်မှူး အမှားကြောင့်လား၊ လေကြောင်းပြ အမှားကြောင့်ဖြစ်တာလားဆိုတာ စုံစမ်းဆဲဖြစ်ပြီး လူ့အမှားကြောင့်ဆိုရင် ပြင်းထန်စွာ အရေးယူမယ်လို ့ သိရပါတယ်။

အခု လမ်းချော်ပျက်စီးခဲ့တဲ့ ဖော်ကာ အက်ဖ် ၂၈ (Fokker F28 Fellowship 4000) မှတ်ပုံတင် နံပါတ် XY-ADW လေယာဉ်ကို ၁၉၇၇ ခုနှစ် သုံးလပိုင်း ၁၄ ရက်နေ ့က ပထမဆုံး ပျံသန်းခဲ့ပြီး ၁၉၇၇ ခုနှစ် ဇွန်လမှာ ဘီအေစီ ဗမာလေကြောင်း ကော်ပိုရေးရှင်း ကို လွဲပြောင်း ပျံသန်းပြေးဆွဲခဲ့တာကြောင့် ပျံသန်းသက် ၃၂ နှစ်နဲ့ လေးလ ရှိပြီဖြစ်ပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် အသေအပျောက် မရှိဘဲ အန္တရာယ်ကင်းခဲ့တယ်ဆိုလို ့ အတိုင်းထက် အလွန်ဝမ်းသာရပါတယ်။ လေယာဉ်နဲ့ ခရီးသွားတယ်ဆိုတာ တကယ်တော့ အန္တရာယ်သိပ်ကြီးပါတယ်။ လေကြောင်း နဲ့ ခရီးသွားလာနေသူတွေ အကုန်လုံး အန္တရာယ်ကင်း ဘေးရှင်းပြီး လိုရာခရီးကို အောင်မြင်စွာ သွားလာနိုင်ကြပါစေလို ့ .....
---------------------------------------------------------------------------------------
ဇွန်လ ၇ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာ သတင်းထုတ်ပြန်ချက်
---------------------------------------------------------------------------------------
မြန်မာ့လေကြောင်းမှ ခရီးသည်တင်လေယာဉ်တစ်စီး စစ်တွေလေဆိပ်၌ ပြေးလမ်းချော်
တွဲဖက်လေယာဉ်မှူးတစ်ဦး အနည်းငယ် ထိခိုက်ဒဏ်ရာ ရရှိသည်မှ အပ ခရီးသည်များနှင့် ကျန်လေယာဉ် အမှုထမ်းများအားလုံး ထိခိုက်ဒဏ်ရာ ရရှိမှုမရှိ

နေပြည်တော် ဇွန် ၆

ယနေ ့နံနက်ပိုင်းတွင် ရန်ကုန်မှစစ်တွေသို ့ ထွက်ခွာလာသော မြန်မာ့လေကြောင်းမှ ခရီးသည်တင် လေယာဉ် တစ်စင်းသည် စစ်တွေ လေဆိပ်၌ ပြေးလမ်းချော်ပြီး ပြေးလမ်း၏ ညာဘက်သို ့ ထိုးကျသွားခဲ့ကြောင်း သိရသည်။

အဆိုပါလေယာဉ်မှာ ယနေ့ နံနက် ၇ နာရီ ၁၀မိနစ်ခန့်တွင် ရန်ကုန်မှစစ်တွေသို ့ ပျံသန်းလာသည့် မြန်မာ့လေကြောင်းမှ ခရီးသည်တင် လေယာဉ်အမှတ် F-၂၈ XY-ADW ဂျက်လေယာဉ်ဖြစ်ပြီး နံနက် ၈နာရီ မိနစ် ၂၀ခန့်တွင် စစ်တွေလေဆိပ်သို ့ ဆင်းသက်စဉ် လေယာဉ်ပြေးလမ်းချော်ပြီး ပြေးလမ်း၏ ညာဘက်သို ့ ထိုးကျကာ လေယာဉ်ပြေးလမ်း ပေ ၂၀၀ ခန့်အရောက်တွင် လေယာဉ်သည် ညာဘက်သို ့ကွေ့သွားပြီး လေယာဉ်ကွင်း ခြံစည်းရိုးနှင့် တိုက်၍ရပ်တန့်သွားခဲ့ကြောင်း သိရသည်။

အဆိုပါလေယာဉ်ပေါ်၌ လေယာဉ်အမှုထမ်း ခြောက်ဦး၊ ခရိးသည် ၆၂ဦး စုစုပေါင်း ၆၈ဦး ပါရှိပြီး တွဲဖက်လေယာဉ်မှုး ဦးစိုးရီ တစ်ဦးတည်းသာ နဖူးတွင် အနည်းငယ်ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ကြောင်း၊ လေယာဉ်အမှုထမ်းများနှင့် ခရီးသည်များ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)
-----------------------------------------------------------------------------------------










-----------------------------------------------------------------------------------------

သတင်း နှင့် ဓာတ်ပုံများကို bizfreak collection၊ မြန်မာအလင်း သတင်းစဉ်၊ ဧရာ၀တီ နဲ့ မဇ္ဈိမ အင်တာနက် စာမျက်နှာများက ရယူထားခြင်း ဖြစ်ပြီး အခက်အခဲ အမျိုးမျိုးကြောင့် ခွင့်ပြုချက် တောင်းခံနိုင်ခြင်း မရှိပါ။

all credit goes to: New Light of Myanmar, mizzima, irrawaddy and bizfreak collection.

ညီမူရာ ...

Share


စောင့်စားမျှော်လင့် နေသူတို ့အတွက် ပါဆင်နယ် ကွန်ပျူတာ ပြပွဲ (ပီစီရှိုး) ၂၀၀၉ ကို ဒီကနေ ့ နေ့လည် ၁၂ နာရီမှာ ဖွင့်လှစ်လိုက်ပါပြီ။

နှစ်စဉ် သုံးလ တကြိမ် အီလက်ထရွှန်းနစ် ပြပွဲ လုပ်တဲ့ စင်ကာပူမှာ ယခု ပြပွဲက ၂၀၀၉ အတွက် ဒုတိယမြောက် ပြပွဲဖြစ်ပြီး ဒီကနေ ့၁၁ ရက်နေ ့ကနေ ၁၄ ရက် တနင်္ဂနွေ နေ့အထိ ဆန်းတက် စီးတီး ၁၊၃၊၄ နဲ့ ၆ ထပ် များမှာ နေ ့စဉ် နေ့လည် ၁၂ နာရီ ကနေ ည ၉ နာရီအထိ ဝင်ကြေးအခမဲ့ ခင်းကျင်းပြသ ရောင်းချသွားမှာပါ။

ပါဝင်ပြသ ရောင်းချသူပေါင်း ၆၀၀ ကျော်တို ့က ပြသရောင်းချမှာ ဖြစ်ပြီး လေ့လာကြည့်ရှုသူ ၁ သန်းခန် ့လာရောက်ကြမယ်လို ့ မျှော်မှနး်ထားကြပါတယ်။ ကမ္ဘာ့စီးပွားရေး အကြပ်အတည်း နဲ့ ဝက်တုပ်ကွေး တို ့ ဖြစ်ပွားနေသော်လည်း ရောင်းအားကျဆင်းမှု သိပ်ပြီး သိသာစွာ မရှိနိုင်ဘူးလို ့ ကျွမ်းကျင်သူ အချို ့က ဟောကိန်း ထုတ်ထားပါတယ်။

ဝက်တုပ်ကွေး အရှိန် ရှိနေသေးတာကြောင့် ပီစီရှိုး ကို သွားမယ်ဆိုရင် ခလေးငယ်တွေကို မခေါ်သွားဖို့ အကြံပေးထားကြပါတယ်။ လိုချင်တဲ့ ပစ္စည်းတွေကို အင်တာနက်ကနေ ဈေးအရင်ကြည့်ထားဖို ့ လည်း အကြံပေးထားပါတယ်။ ဒါကြောင့် ဒီပို ့စ်မှာလည်း အင်တာနက်ကနေ ပြပွဲမှာ ဝေတဲ့ လက်ကမ်းစာစောင် နဲ့ ဈေးတွေ ကြည့်လို့ရမယ့် နေရာတွေကို စုစည်းပေးထားပါတယ်။

ဒီပွဲမှာ ထူးခြားမှုတခုက ဒီလင့်အိုင်ပီ ကင်မရာကနေ တိုက်ရိုက် ရိုက်ကူး နေတဲ့ ရုပ်ငြိမ် ဓာတ်ပုံများကို ၁၅ စက္ကန် ့တကြိမ် ထုတ်လွင့်ပေးနေတာကို စီနက်အေးရှားရဲ ့ အင်တာနက် စာမျက်နှာမှာ မြင်နေရတာပဲ ဖြစ်ပါတယ်။



စုစည်းပေးထားတဲ့ ပြပွဲ လက်ကမ်းနှင့် ဈေးနှုန်း လင့်ခ်များ (Most Updated)
live at PC Show 2009 by cNet asia
CNet Asia PC Show 2009
Hardwarezone PC Show 2009
Hardwarezone PC Show 2009 Preview
Bootstrike PC Show 2009 Price Lists and Brochures Listing
HWZ Picasa Link Brochures
drop io Link
Vr-Zone Promotion Link
The PC SHOW

ဈေးနှုန်းများကို ကြိုတင်ကြည့်ရှူ သွားရည်ကျရင်း လိုချင်တပ်မက်မှုများ ငမ်းငမ်းတက် ဖြစ်ပေါ်နိုင်ကြပါစေလို ့ ဆန္ဒပြုရင်းဖြင့်
ညီမူရာ

all credit goes to :
cnet asia
hardwarezone
bootstrike
vr-zone

...

Share

ဒီနေ ့မနက် ဘုရား ကပ်ထားတဲ့ သစ်သီးများ

အိန္ဒိယ က မချစ်စု သရက်သီး

တကယ့်ကို မချစ်စုပါပဲ ဝင်းမှည့်လေးပေါ့ မွှေးနေတာပဲဗျာ။ ရင်ကွဲ သရက်သီး ကို ဒီနှစ်တော့ မတွေ ့သေးဘူး။


အမေရိကန်က ဆိုတဲ့ ပန်းသီး အရောင်ကတော့ လှလိုက်တာ


ညီမူရာ...

wiki: June 10

Share


Microsoft SQL Server 2005 Database ဒေတာဘေစ့် တခုကို (Backup) ဘက်ကပ် လုပ်ပြီး သိမ်းတာ မခက်ပါဘူး။ ဒါပေမယ့် အကျွမ်းတဝင် မရှိ၊ မသိခဲ့ရင်တော့ တော်တော်လေးကို ရှာရမှာပါ။ ၂၀၀၆နှောင်းပိုင်း ဘန်ကောက်ရုံးမှာ ပထမဆုံး (backup) ဘက်ကပ် လုပ်ခဲ့စဉ်က အတော်ပဲ ရွာလည်ခဲ့ဖူးပါတယ်။ ကိုယ်ကျွမ်းဝင်တဲ့ အရာမှ မဟုတ်တာကိုး။

နောင်တော့လည်း မကြာခဏ လုပ်ပေးရတော့ ထမင်းစား ရေသောက်သလို လွယ်ကူသွားပါတယ်။ အဲဒီ ပထမဆုံးအခေါက်က ဆရာသမားဖြစ်သူက ဘက်ကပ် ဘက်ကပ် အမြန်လုပ်ထားလို ့ သတိပေးတော့ တောင်ရှာရ မြောက်ရှာရ နဲ့ တော်တော်ကြီးကို ကြာသွားပါတယ်။ ခက်ခက်ခဲခဲတွေ လုပ်လို ့ပေါ့။

နောက်မှ အလွယ်တကူ Wizard လေး သုံးပြီးလုပ်လို ့ရမှန်း သိတာပါ။ အဲ့သလိုပဲ ဒီတပါတ်ထဲမှာ သူငယ်ချင်း တယောက် အဲသလို အဖြစ်မျိုး ခပ်ဆင်ဆင် ထပ်ကြုံတွေ ့ရတော့ သူ ့ကို ကူညီရင်း ပရင့်စကရင်တွေ ဖမ်းထားလိုက်ပါတယ်။ တချိန်ချိန် အသုံးလို်မယ်ထင်လို ့ ညီဖြစ်သူကိုလည်း ဒီ (Print Screen) ပရင့် စကရင်တွေ ပို့ပေးရင်း အခြား မသိသေးတဲ့ ဘော်ဒါတွေ ဗဟုသုတ နဲ့ လိုအပ်ရင် မှီငြမ်းနိုင်အောင် ဘလော့ပေါ် တင်လိုက်ပါတယ်။

အားလုံးသိကြတဲ့ အတိုင်း နည်းပညာ ဆိုတာမျိုးက မသိသူကျော်သွား သိသူဖော်စား ဆိုတော့။ အခက်အခဲ ကြုံတဲ့အခါ ဗဟုသုတများတဲ့သူက တပန်းသာ စမြဲမို ့ အခက်အခဲတွေ အလွယ်တကူ ကျော်ဖြတ်နိုင်ကြပါစေလို ့ ဆုမွန်ကောင်း တောင်းရင်းနဲ့ Print Screen များကို ရှုစားကြပါ။ ပုံအောက်က စာများကိုလည်း ဖတ်ကြပါ။


1. Go To SQL Server Management Studio

2. Login

3.Choose Db to Backup

4. Backup Dialog

5. Choose Backup File Destination

6. Locate Database File Backup Location

7. Do not forget to give file extension

8.Select Destination and Then OK

9. Backup is Processing

10. Backup Successfully Finished


ညီမူရာ ...

Share

CBox

My CBox has been hijacked by some spammer. So, CBox has been removed. Sorry for inconvenience causes.