ထုံးစံအတိုင်းပဲ ဖေဖော်ဝါရီ တရုတ်နှစ်သစ်ကူး ရုံးပိတ်ရက်ရှည်မှာ မွေးရပ်မြေ ရန်ကုန်ကို တခေါက်ပြန်ဖြစ်တယ်။
အမေက နဲနဲ ၀လာပြီး အဖေကတော့ ပိန်သွားတယ်။ ကိုယ်တွေတောင် လူလတ်ပိုင်းရောက်နေပြီဆိုတော့ မိဘတွေ အရွယ်ကျတာ ပြောဖွယ်ရာမရှိဘူးလေ ဒါပေမယ် စိတ်မကောင်းတော့ ဖြစ်ရတယ်။

အဖေက သီချင်းသိပ်ကြိုက်တယ်။ အမေက အမြဲပြောတယ် နင့်အဖေက မနက်မိုးလင်းလို ့ အိပ်ရာထတာနဲ့ မျက်နှာမသစ်သေးဘဲ တိပ်ရီကော်ဒါ တို ့ ကက်ဆက်တို ့ အရင်ဖွင့်တာတဲ့ လေ။ အဖေကြောင့်ပဲ တွံတေးသိန်းတန်။ မြန်မာပြည်သိန်းတန်။ မာမာအေး၊ ကိုအံ့ကြီး၊ တွံတေးစိုးအောင် တို ့ကို နှစ်သက်ခဲ့တယ်။

ဒီတခေါက် တော့ ရပ်ကွက်တွေထဲ သိပ်ခေတ်စားနေတဲ့ ဗညားဟန် ကို အဖေက ကြိုက်လို ့ အတွဲလိုက်ဝယ်ပေးခဲ့သေးတယ်။ အပြင်သိပ်မသွားဘဲ မိဘတွေ နဲ့ပိုနေဖြစ်တယ်။ အပြင်မသွားဘူးဆိုတာတောင် ကျောင်းထဲတော့ မရောက်မဖြစ်ရောက် လိုက်သေးတယ်။ အရာရာဟာ အရင်အတိုင်းပါပဲ။ အဓိပတိလမ်း နဲ့ စစ်ကိုင်းလမ်း ကို သက်ထားနဲ့ နှစ်ယောက်သား နေပူကြီးထဲ လမ်းလျောက် လိုက်ကြသေးတယ်။

အိမ်က နှစ်ရာ နီးပါးလောက်ရှိတဲ့ ကက်ဆက်ခွေတွေကို ဖွရင်း အိုင်ပေါ့ ကာဗာဖလိုး လုပ်ဖို ့ အကြိုက်ဆုံး စီးရီးအချို ့ကို စကန်ဖတ်လာခဲ့တယ်။ ဒီထက်မက စကန်ဖတ်ချင်ပေမယ့် မီးက လာလိုက်မလာလိုက်ဆို ့တော့ အကြိုက်ဆုံးတွေ ထိပ်ဆုံးထားဖတ်ခဲ့ရတယ်။ အချို ့ဆို မဖတ်လိုက်ရဘူး။ မှတ်မိသေးတယ် မေဆွိ ပုစွန်ဆိတ်ကလေး နဲ့ စိုးနှောင့်ဗျာပွေ ဆို ၁၉၈၆-၈၇ ခုနှစ်လောက်တုန်းကထဲက အဖေဝယ်ထားတာ ခုထိ အသံထွက်နေတုန်းပဲ မာစတာ တံဆိပ်အနီရောင် ခွေတွေပေါ့။ တချိန်တုန်းက တကသိုလ် ကတော့ စိန်ရတု ၁၉၉၅ ခုနှစ်မှာ ထွက်ထွက်ခြင်း ဝယ်လိုက်တာမှတ်မိတယ်။ အောင်ရင်ရဲ့ ဘာပဲလုပ်ရလုပ်ရ စီးရီး ကျတော့ တပ်မတော် ခန်းမ မှာ အဲ့ဒီတုန်းက ပွဲလုပ်တယ် အဲ့ဒီကိုသွားရင် ဝယ်တာ ဗီစီဒီတောင် ခေတ်မစားသေးဘူး။ ဗီဒီယိုခွေတောင် ထွက်သေးတယ်လေ။

စကန်ဖတ်ထားတဲ့ ပုံတွေကို လိုချင်တဲ့သူတွေ ရှိရင် သုံးလို ့ရအောင်လို ့ ဒီမှာ တခါတည်း တင်ထားလိုက်ပါတယ်။ စာရေးသူတို ့ သားအဖ ဘယ်လို ဂီတတွေ ကြိုက်လည်း အကဲခတ်ရင်းနဲ့ပေါ့။


warning: all scanned picture are big file size.












































































ညီမူရာ...


Update @ 1 July 2010 by NyiMuYar

မေဆွိ ရဲ့ နော်ကိုကိုနော် နဲ့ ပုစွန်ဆိတ်ကလေး တွေ ရှာ မတွေ ့ပေမယ် ့ ဗညားဟန် နဲ့ မို ့မို ့ကျော်လွင် တို ့ ပြန်ဆိုထားတဲ့ အခွေ ထဲမှာ ရှာတွေ ့လို ့ တင်ပေးထားလိုက်ပါတယ်။ မို ့မို ့ကျော်လွင် ဆိုတာ စိတ်ထဲ သိပ်မတွေ ့လှပေမယ့် နားထောင်ရတာပေါ့လေ ဆိုပြီး မီဒီယာဖိုင်းယားမှာ တင်ထားလိုက်ပါတယ်

နော်ကိုကိုနော် (တေးဆို မို ့မို ့ကျော်လွင်)
ပုစွန်ဆိတ်ကလေး (တေးဆို မို ့မို ့ကျော်လွင်)
Update @ 17 Aug 2010 by NyiMuYar
မေဆွိ ရဲ့ပုစွန်ဆိတ်ကလေး and Special Thanks to Kyee Kan who share file to me

Share

ဒီနှစ် ဒီဇင်ဘာ အစားအသောက်တွေ တော်တော်စားဖြစ်တယ်။ ဝိတ်လား တက်လိုက်တာမှ အရမ်းပဲ။ ဒါပေမယ့် စားကောင်းပါတယ်။ မတတ်နိုင်တော့ဘူးလေ။ ဗိုက်ခေါက်တွေ တော်တော် ထူနေတော့ တိုးပြီးရင်းတိုး တက်ပြီးရင်းတက်။ ကိုယ်က ပန်းသီးပုံ Apple Shade ဗိုက်။ သက်ထားက Pear Shade ဗိုက်လေး နဲ့ ။

ခုည လည်း ခရစ်စမတ်အကြို နေ ့ ညစာစားပြီး ခဏနေတော့ ဘယ်အခန်းကလည်း မသိဘူး ဟင်းတွေချက်လိုက်တာ မွှေးကြိုင်နေတာပဲ။ သည်းခံသေးတယ် နောက်ဆုံး ဘယ်လိုမှ သည်းမခံနိုင်တာနဲ့ပဲ Fair Price ပြေးပြီး ဈေးဝယ်ရတယ်။ အိမ်ရောက်တာနဲ့ ဝယ်လာတာတွေ ရေဆေး ဆားလူးပြီး ဆီအိုးတည် ကြော်လိုက်တာပဲ။ ညလည်း ဖြစ်တော့ အနံ့တွေ သိပ်ပြင်းမှာစိုးလို ့ အဖုံးလေး အုပ်ပြီးကြော်လိုက်တာပေါ့။


ဟော ပထမဆုံးကတော့ ရေသတ်တဝါပါပဲ၊ ခြေထောက်တွေ အများကြီးနဲ့လေ။ ကြော်လို ့ အနေတော် ရရင် သိပ်မွှေးတယ်။

နောက်တော့ နောက်တော့မှာ။

အားလုံးကျက်ပါပြီ ပန်းကန်တချပ်တည်းမှာ အားလုံးစုပြီး ထည့်ထားလိုက်တယ်။ မွှေးနေတာပါပဲဗျာ။ စားလို ့ သိပ်ကောင်းတဲ့ အဆာပြေ ခရစ်စမတ်အကြို။ အမှတ်တရ ညလယ်စာလေးပေါ့။ ကော်ဖီဆိမ့်ဆိမ့်လေးသောက်ပြီး ခုပဲစားပြီးတာ။


ညီမူရာ...

Share



သင်္ဘောဆိုတာ စာရေးသူအတွက် နည်းနည်းစိမ်းပါတယ်။ သက်ထားအတွက်လည်း သိပ်ရင်းနှီးတဲ့ အရာမဟုတ်ပါဘူး။ သင်္ဘောဆိပ် ဆိုတာ ရန်ကုန်မှာနေပေမယ့်လည်း တသက်လုံး ရောက်ဖူးတဲ့အကြိမ်ဆိုတာ လက်ချိုးရေလို ့ရပါတယ်။ သင်္ဘောစီးဖြစ်တဲ့ အကြိမ်ဆိုတာလည်း လေး၊ ငါးကြိမ်လောက်ပဲ ရှိမယ်ထင်တယ်။ ရေပတ်လည် ဝိုင်းနေတဲ့ စင်္ကာပူရောက်ပြန်တော့လည်း သင်္ဘောဆိပ် ဆိုတာ မရောက်သလောက်ပါပဲ။

ရေထဲက ယာဉ်တွေနဲ့ မရင်းနှီးပုံများ သင်္ဘောအကြီးကြီး တွေဘယ်လို ဆိပ်ကမ်းကပ်သလဲ (ပါကင် ဘယ်လိုထိုးသလဲ) ဆိုတာ တခါမှ မမြင်ဘူးသလို သိလည်းမသိပါဘူး။ ဒါပေမယ့် ကံကောင်းချင်တော့ ဒီလထဲမှာ အပျော်စီး သင်္ဘော ခပ်ကြီးကြီး တစီး ဘယ်လို ဆိပ်ကမ်း ကပ်သလဲဆိုတာ အစ အဆုံး မြင်လိုက်ရပါတယ်။ သက်ထားကိုလည်း မြင်စေချင်လွန်းလို ့ ဓာတ်ပုံတွေ ရိုက်ယူထားလိုက် ပါတယ်။ ဓာတ်ပုံတွေ က ဖုံးနဲ့ ရိုက်တော့ သိပ်တော့ မကောင်းပါဘူး။ သက်ထားကို ဓာတ်ပုံတွေ ပြန်ပြရင်းနဲ့ ညီမဖြစ်သူ နဲ့ ညီ ဖြစ်သူကို လည်း မြင်သိ စေချင်လာပြန်ပါတယ်။ သူတို ့လည်း သိမယ်မထင်ဘူးကိုး။ ဒါနဲ့ပဲ ဘလော့ပေါ်တင်လိုက်ရင်း ညီမ ဖြစ်သူ နဲ့ ညီဖြစ်သူ တင်မကဘူး အခြား ဘလော့လာဖတ်တဲ့ သူတွေပါမြင်ရတာပေါ့ ဆိုပြီး ဒီပို ့စ်ကို ရေးတင်လိုက်ပါတယ်။










သင်္ဘောကြီးတွေ လာရင် အဲ့သလိုပဲ မော်တော် သေးသေးလေး တစီးပါတယ် တွန်း(ဆွဲ)မော်တော် ထင်တာပဲ။ ဒါမှမဟုတ် ရေကြောင်းပြလားတော့ မသိဘူး။ သင်္ဘောတွေ တပတ်လည် (360') ကွေ ့တဲ့ လှည့်တဲ့ အခါ နဲနဲဟောင်းတဲ့ သင်္ဘောတွေက ရှေ ့နဲ့နောက် (ကွေ ့ဖို ့) ပန်ကာတွေ မပါရင် တွန်း(ဆွဲ) မော်တော် တွေက စစချင်းတွန်းပေး ဆွဲပေးတယ်၊ အခုသင်္ဘောကတော့ ခေတ်မီ သင်္ဘောဖြစ်လို ့ ကွေ ့တဲ့ ပန်ကာလေးတွေ ပါတယ်။ မမြင်ဖူးတော့ ရင်သပ် ရှုမောကိုဖြစ်လို ့။ ဒီအသက်အရွယ် ကျမှ မြင်ဖူးတာကိုး။











Star Cruise အပျော်စီးသင်္ဘော ဘယ်လောက်ကြီးလည်း ဆိုတာ ဘေးကနေဖြတ်သွားတဲ့ မလေးတို ့ အင်ဒိုတို ့ ပြေးနေတဲ့ အမြန် မော်တော်တွေနဲ့ ယှဉ်ကြည့်လိုက်ပါဦး။ စကားမစပ် ပုံအပေါ်ထိပ်က ကြိုးတွေက စန်တိုဆာ နဲ့ Mount Faber နဲ့ ကူးတဲ့ Cable Car တွေချိတ်တဲ့ ကြိုးတွေပေါ့ ။ ကေဘယ်ကားတွေကို စင်းဒေါ်လာ ၃၆ သန်းအကုန်အကျခံ အကြီးစားပြင်ဆင်ဖို ့ ၂၀၀၉ စက်တင်ဘာလ ပိုင်းလောက်ထဲက ဖြုတ်ထားတာ ၂၀၁၀ ဇွန်လလောက်ပြန်ဖွင့်မယ် ပြောတယ် အဲ့ဒီကျရင် ကေဘယ်ကား ၆၇ တွဲ ရှိလာမယ်တဲ့။






ကားတောင် နောက်ပြန် ပါကင်ထိုးရတာ မလွယ်တာ သင်္ဘောဆို တော်တော်ခက်မယ်ထင်တယ်။ ခပ်သေးသေးမှ မဟုတ်တာ။ ဒါလည်း အနုပညာတမျိုးပါပဲ သင်္ဘောနောက်ပြန် ဆိုက်ခြင်း အနုပညာလို ့ပဲ ဆိုရတော့မှာပေါ့။ စမြင်ရတဲ့ ပထမပုံကနေ နောက်ဆုံးပုံအထိ အချိန်ကွာခြားချက်က မိနစ်၂၀ လောက်ကြာတယ်။ ကဲ မမြင်ဘူးသူများအတွက် အကျွမ်းကျင်ဆုံးဖြစ်တဲ့ Paint ထဲမှာ ပုံအရွယ်ချိန်ပြီး မျှဝေလိုက်ပါတယ်။
ညီမူရာ...

Share

တနင်္လာနေ့ က နရန်ဂျန် ကို တခေါက် ထပ်ရောက်ဖြစ်တယ်။ အဲ့ဒီဖက် မရောက်ဖြစ်တာ ကြာတာနဲ့ သွားလိုက်တာပါ။ ထုံးစံအတိုင်းပဲ ဈေးတွေ မှတ်လာဖြစ်တာမို ့ Google Documents က Spreadsheet ဖိုင်မှာ ဈေးအသစ်တွေ ရိုက်ဖြစ်တယ်။ အဲ့ဒီတော့မှ တိုက်တိုက်ဆိုင်ဆိုင် ၂၀၀၈ ဒီဇင်ဘာ ၁၄ ရက်နေ ့မှာ သွားဖြစ်တာ ကို တွေ ့လိုက်ရတယ်။ တိုက်ဆိုင်လိုက်တာများကွာ ဒီဇင်ဘာ ၁၄ ရက် လို ့ ပြောရမလို ဖြစ်နေပြီ။ ပထမဆုံး ဈေးတွေ မှတ်ဖြစ်တာလည်း ဒီဇင်ဘာ ၁၄ ရက်။ အခု မနေ ့က သွားဖြစ်တော့လည်း ဒီဇင်ဘာ ၁၄ ရက်ကိုး။

ကိုယ်တိုင်လည်း ဈေးနှုန်းတွေကို အပင်ပန်းခံ ပြုစု မှတ်သားထားရင်း အွန်လိုင်းပေါ်မှာလည်း မျှဝေလိုက်ပါတယ်။ ဖုံးဈေးနှုန်း အပြင် ကင်မရာဈေးနှုန်းတွေကို ပါ ကြည့်လို ့ရပါတယ်။ ဈေးနှုန်း ကြည့်လို သူများ ဒီမှာ နှိပ်ပါ။

ညီမူရာ

ဈေးသက်သာတဲ့ ဖုန်းဆိုင် နရန်ဂျန်
...

Share

CBox

My CBox has been hijacked by some spammer. So, CBox has been removed. Sorry for inconvenience causes.