ထုံးစံအတိုင်းပဲ ဖေဖော်ဝါရီ တရုတ်နှစ်သစ်ကူး ရုံးပိတ်ရက်ရှည်မှာ မွေးရပ်မြေ ရန်ကုန်ကို တခေါက်ပြန်ဖြစ်တယ်။
အမေက နဲနဲ ၀လာပြီး အဖေကတော့ ပိန်သွားတယ်။ ကိုယ်တွေတောင် လူလတ်ပိုင်းရောက်နေပြီဆိုတော့ မိဘတွေ အရွယ်ကျတာ ပြောဖွယ်ရာမရှိဘူးလေ ဒါပေမယ် စိတ်မကောင်းတော့ ဖြစ်ရတယ်။

အဖေက သီချင်းသိပ်ကြိုက်တယ်။ အမေက အမြဲပြောတယ် နင့်အဖေက မနက်မိုးလင်းလို ့ အိပ်ရာထတာနဲ့ မျက်နှာမသစ်သေးဘဲ တိပ်ရီကော်ဒါ တို ့ ကက်ဆက်တို ့ အရင်ဖွင့်တာတဲ့ လေ။ အဖေကြောင့်ပဲ တွံတေးသိန်းတန်။ မြန်မာပြည်သိန်းတန်။ မာမာအေး၊ ကိုအံ့ကြီး၊ တွံတေးစိုးအောင် တို ့ကို နှစ်သက်ခဲ့တယ်။

ဒီတခေါက် တော့ ရပ်ကွက်တွေထဲ သိပ်ခေတ်စားနေတဲ့ ဗညားဟန် ကို အဖေက ကြိုက်လို ့ အတွဲလိုက်ဝယ်ပေးခဲ့သေးတယ်။ အပြင်သိပ်မသွားဘဲ မိဘတွေ နဲ့ပိုနေဖြစ်တယ်။ အပြင်မသွားဘူးဆိုတာတောင် ကျောင်းထဲတော့ မရောက်မဖြစ်ရောက် လိုက်သေးတယ်။ အရာရာဟာ အရင်အတိုင်းပါပဲ။ အဓိပတိလမ်း နဲ့ စစ်ကိုင်းလမ်း ကို သက်ထားနဲ့ နှစ်ယောက်သား နေပူကြီးထဲ လမ်းလျောက် လိုက်ကြသေးတယ်။

အိမ်က နှစ်ရာ နီးပါးလောက်ရှိတဲ့ ကက်ဆက်ခွေတွေကို ဖွရင်း အိုင်ပေါ့ ကာဗာဖလိုး လုပ်ဖို ့ အကြိုက်ဆုံး စီးရီးအချို ့ကို စကန်ဖတ်လာခဲ့တယ်။ ဒီထက်မက စကန်ဖတ်ချင်ပေမယ့် မီးက လာလိုက်မလာလိုက်ဆို ့တော့ အကြိုက်ဆုံးတွေ ထိပ်ဆုံးထားဖတ်ခဲ့ရတယ်။ အချို ့ဆို မဖတ်လိုက်ရဘူး။ မှတ်မိသေးတယ် မေဆွိ ပုစွန်ဆိတ်ကလေး နဲ့ စိုးနှောင့်ဗျာပွေ ဆို ၁၉၈၆-၈၇ ခုနှစ်လောက်တုန်းကထဲက အဖေဝယ်ထားတာ ခုထိ အသံထွက်နေတုန်းပဲ မာစတာ တံဆိပ်အနီရောင် ခွေတွေပေါ့။ တချိန်တုန်းက တကသိုလ် ကတော့ စိန်ရတု ၁၉၉၅ ခုနှစ်မှာ ထွက်ထွက်ခြင်း ဝယ်လိုက်တာမှတ်မိတယ်။ အောင်ရင်ရဲ့ ဘာပဲလုပ်ရလုပ်ရ စီးရီး ကျတော့ တပ်မတော် ခန်းမ မှာ အဲ့ဒီတုန်းက ပွဲလုပ်တယ် အဲ့ဒီကိုသွားရင် ဝယ်တာ ဗီစီဒီတောင် ခေတ်မစားသေးဘူး။ ဗီဒီယိုခွေတောင် ထွက်သေးတယ်လေ။

စကန်ဖတ်ထားတဲ့ ပုံတွေကို လိုချင်တဲ့သူတွေ ရှိရင် သုံးလို ့ရအောင်လို ့ ဒီမှာ တခါတည်း တင်ထားလိုက်ပါတယ်။ စာရေးသူတို ့ သားအဖ ဘယ်လို ဂီတတွေ ကြိုက်လည်း အကဲခတ်ရင်းနဲ့ပေါ့။


warning: all scanned picture are big file size.












































































ညီမူရာ...


Update @ 1 July 2010 by NyiMuYar

မေဆွိ ရဲ့ နော်ကိုကိုနော် နဲ့ ပုစွန်ဆိတ်ကလေး တွေ ရှာ မတွေ ့ပေမယ် ့ ဗညားဟန် နဲ့ မို ့မို ့ကျော်လွင် တို ့ ပြန်ဆိုထားတဲ့ အခွေ ထဲမှာ ရှာတွေ ့လို ့ တင်ပေးထားလိုက်ပါတယ်။ မို ့မို ့ကျော်လွင် ဆိုတာ စိတ်ထဲ သိပ်မတွေ ့လှပေမယ့် နားထောင်ရတာပေါ့လေ ဆိုပြီး မီဒီယာဖိုင်းယားမှာ တင်ထားလိုက်ပါတယ်

နော်ကိုကိုနော် (တေးဆို မို ့မို ့ကျော်လွင်)
ပုစွန်ဆိတ်ကလေး (တေးဆို မို ့မို ့ကျော်လွင်)
Update @ 17 Aug 2010 by NyiMuYar
မေဆွိ ရဲ့ပုစွန်ဆိတ်ကလေး and Special Thanks to Kyee Kan who share file to me

Share

ဒီနှစ် ဒီဇင်ဘာ အစားအသောက်တွေ တော်တော်စားဖြစ်တယ်။ ဝိတ်လား တက်လိုက်တာမှ အရမ်းပဲ။ ဒါပေမယ့် စားကောင်းပါတယ်။ မတတ်နိုင်တော့ဘူးလေ။ ဗိုက်ခေါက်တွေ တော်တော် ထူနေတော့ တိုးပြီးရင်းတိုး တက်ပြီးရင်းတက်။ ကိုယ်က ပန်းသီးပုံ Apple Shade ဗိုက်။ သက်ထားက Pear Shade ဗိုက်လေး နဲ့ ။

ခုည လည်း ခရစ်စမတ်အကြို နေ ့ ညစာစားပြီး ခဏနေတော့ ဘယ်အခန်းကလည်း မသိဘူး ဟင်းတွေချက်လိုက်တာ မွှေးကြိုင်နေတာပဲ။ သည်းခံသေးတယ် နောက်ဆုံး ဘယ်လိုမှ သည်းမခံနိုင်တာနဲ့ပဲ Fair Price ပြေးပြီး ဈေးဝယ်ရတယ်။ အိမ်ရောက်တာနဲ့ ဝယ်လာတာတွေ ရေဆေး ဆားလူးပြီး ဆီအိုးတည် ကြော်လိုက်တာပဲ။ ညလည်း ဖြစ်တော့ အနံ့တွေ သိပ်ပြင်းမှာစိုးလို ့ အဖုံးလေး အုပ်ပြီးကြော်လိုက်တာပေါ့။


ဟော ပထမဆုံးကတော့ ရေသတ်တဝါပါပဲ၊ ခြေထောက်တွေ အများကြီးနဲ့လေ။ ကြော်လို ့ အနေတော် ရရင် သိပ်မွှေးတယ်။

နောက်တော့ နောက်တော့မှာ။

အားလုံးကျက်ပါပြီ ပန်းကန်တချပ်တည်းမှာ အားလုံးစုပြီး ထည့်ထားလိုက်တယ်။ မွှေးနေတာပါပဲဗျာ။ စားလို ့ သိပ်ကောင်းတဲ့ အဆာပြေ ခရစ်စမတ်အကြို။ အမှတ်တရ ညလယ်စာလေးပေါ့။ ကော်ဖီဆိမ့်ဆိမ့်လေးသောက်ပြီး ခုပဲစားပြီးတာ။


ညီမူရာ...

Share



သင်္ဘောဆိုတာ စာရေးသူအတွက် နည်းနည်းစိမ်းပါတယ်။ သက်ထားအတွက်လည်း သိပ်ရင်းနှီးတဲ့ အရာမဟုတ်ပါဘူး။ သင်္ဘောဆိပ် ဆိုတာ ရန်ကုန်မှာနေပေမယ့်လည်း တသက်လုံး ရောက်ဖူးတဲ့အကြိမ်ဆိုတာ လက်ချိုးရေလို ့ရပါတယ်။ သင်္ဘောစီးဖြစ်တဲ့ အကြိမ်ဆိုတာလည်း လေး၊ ငါးကြိမ်လောက်ပဲ ရှိမယ်ထင်တယ်။ ရေပတ်လည် ဝိုင်းနေတဲ့ စင်္ကာပူရောက်ပြန်တော့လည်း သင်္ဘောဆိပ် ဆိုတာ မရောက်သလောက်ပါပဲ။

ရေထဲက ယာဉ်တွေနဲ့ မရင်းနှီးပုံများ သင်္ဘောအကြီးကြီး တွေဘယ်လို ဆိပ်ကမ်းကပ်သလဲ (ပါကင် ဘယ်လိုထိုးသလဲ) ဆိုတာ တခါမှ မမြင်ဘူးသလို သိလည်းမသိပါဘူး။ ဒါပေမယ့် ကံကောင်းချင်တော့ ဒီလထဲမှာ အပျော်စီး သင်္ဘော ခပ်ကြီးကြီး တစီး ဘယ်လို ဆိပ်ကမ်း ကပ်သလဲဆိုတာ အစ အဆုံး မြင်လိုက်ရပါတယ်။ သက်ထားကိုလည်း မြင်စေချင်လွန်းလို ့ ဓာတ်ပုံတွေ ရိုက်ယူထားလိုက် ပါတယ်။ ဓာတ်ပုံတွေ က ဖုံးနဲ့ ရိုက်တော့ သိပ်တော့ မကောင်းပါဘူး။ သက်ထားကို ဓာတ်ပုံတွေ ပြန်ပြရင်းနဲ့ ညီမဖြစ်သူ နဲ့ ညီ ဖြစ်သူကို လည်း မြင်သိ စေချင်လာပြန်ပါတယ်။ သူတို ့လည်း သိမယ်မထင်ဘူးကိုး။ ဒါနဲ့ပဲ ဘလော့ပေါ်တင်လိုက်ရင်း ညီမ ဖြစ်သူ နဲ့ ညီဖြစ်သူ တင်မကဘူး အခြား ဘလော့လာဖတ်တဲ့ သူတွေပါမြင်ရတာပေါ့ ဆိုပြီး ဒီပို ့စ်ကို ရေးတင်လိုက်ပါတယ်။










သင်္ဘောကြီးတွေ လာရင် အဲ့သလိုပဲ မော်တော် သေးသေးလေး တစီးပါတယ် တွန်း(ဆွဲ)မော်တော် ထင်တာပဲ။ ဒါမှမဟုတ် ရေကြောင်းပြလားတော့ မသိဘူး။ သင်္ဘောတွေ တပတ်လည် (360') ကွေ ့တဲ့ လှည့်တဲ့ အခါ နဲနဲဟောင်းတဲ့ သင်္ဘောတွေက ရှေ ့နဲ့နောက် (ကွေ ့ဖို ့) ပန်ကာတွေ မပါရင် တွန်း(ဆွဲ) မော်တော် တွေက စစချင်းတွန်းပေး ဆွဲပေးတယ်၊ အခုသင်္ဘောကတော့ ခေတ်မီ သင်္ဘောဖြစ်လို ့ ကွေ ့တဲ့ ပန်ကာလေးတွေ ပါတယ်။ မမြင်ဖူးတော့ ရင်သပ် ရှုမောကိုဖြစ်လို ့။ ဒီအသက်အရွယ် ကျမှ မြင်ဖူးတာကိုး။











Star Cruise အပျော်စီးသင်္ဘော ဘယ်လောက်ကြီးလည်း ဆိုတာ ဘေးကနေဖြတ်သွားတဲ့ မလေးတို ့ အင်ဒိုတို ့ ပြေးနေတဲ့ အမြန် မော်တော်တွေနဲ့ ယှဉ်ကြည့်လိုက်ပါဦး။ စကားမစပ် ပုံအပေါ်ထိပ်က ကြိုးတွေက စန်တိုဆာ နဲ့ Mount Faber နဲ့ ကူးတဲ့ Cable Car တွေချိတ်တဲ့ ကြိုးတွေပေါ့ ။ ကေဘယ်ကားတွေကို စင်းဒေါ်လာ ၃၆ သန်းအကုန်အကျခံ အကြီးစားပြင်ဆင်ဖို ့ ၂၀၀၉ စက်တင်ဘာလ ပိုင်းလောက်ထဲက ဖြုတ်ထားတာ ၂၀၁၀ ဇွန်လလောက်ပြန်ဖွင့်မယ် ပြောတယ် အဲ့ဒီကျရင် ကေဘယ်ကား ၆၇ တွဲ ရှိလာမယ်တဲ့။






ကားတောင် နောက်ပြန် ပါကင်ထိုးရတာ မလွယ်တာ သင်္ဘောဆို တော်တော်ခက်မယ်ထင်တယ်။ ခပ်သေးသေးမှ မဟုတ်တာ။ ဒါလည်း အနုပညာတမျိုးပါပဲ သင်္ဘောနောက်ပြန် ဆိုက်ခြင်း အနုပညာလို ့ပဲ ဆိုရတော့မှာပေါ့။ စမြင်ရတဲ့ ပထမပုံကနေ နောက်ဆုံးပုံအထိ အချိန်ကွာခြားချက်က မိနစ်၂၀ လောက်ကြာတယ်။ ကဲ မမြင်ဘူးသူများအတွက် အကျွမ်းကျင်ဆုံးဖြစ်တဲ့ Paint ထဲမှာ ပုံအရွယ်ချိန်ပြီး မျှဝေလိုက်ပါတယ်။
ညီမူရာ...

Share

တနင်္လာနေ့ က နရန်ဂျန် ကို တခေါက် ထပ်ရောက်ဖြစ်တယ်။ အဲ့ဒီဖက် မရောက်ဖြစ်တာ ကြာတာနဲ့ သွားလိုက်တာပါ။ ထုံးစံအတိုင်းပဲ ဈေးတွေ မှတ်လာဖြစ်တာမို ့ Google Documents က Spreadsheet ဖိုင်မှာ ဈေးအသစ်တွေ ရိုက်ဖြစ်တယ်။ အဲ့ဒီတော့မှ တိုက်တိုက်ဆိုင်ဆိုင် ၂၀၀၈ ဒီဇင်ဘာ ၁၄ ရက်နေ ့မှာ သွားဖြစ်တာ ကို တွေ ့လိုက်ရတယ်။ တိုက်ဆိုင်လိုက်တာများကွာ ဒီဇင်ဘာ ၁၄ ရက် လို ့ ပြောရမလို ဖြစ်နေပြီ။ ပထမဆုံး ဈေးတွေ မှတ်ဖြစ်တာလည်း ဒီဇင်ဘာ ၁၄ ရက်။ အခု မနေ ့က သွားဖြစ်တော့လည်း ဒီဇင်ဘာ ၁၄ ရက်ကိုး။

ကိုယ်တိုင်လည်း ဈေးနှုန်းတွေကို အပင်ပန်းခံ ပြုစု မှတ်သားထားရင်း အွန်လိုင်းပေါ်မှာလည်း မျှဝေလိုက်ပါတယ်။ ဖုံးဈေးနှုန်း အပြင် ကင်မရာဈေးနှုန်းတွေကို ပါ ကြည့်လို ့ရပါတယ်။ ဈေးနှုန်း ကြည့်လို သူများ ဒီမှာ နှိပ်ပါ။

ညီမူရာ

ဈေးသက်သာတဲ့ ဖုန်းဆိုင် နရန်ဂျန်
...

Share



မိုဘိုင်းဖုန်း တွေ သုံးတာ ၁ နှစ်ခွဲ ၂ နှစ်လောက်ကြာတဲ့အခါ နှေးလာ လေးလာ တတ်ပါတယ်။ ဆက်သွယ်စရာ နံပါတ်တွေ သိပ်များတဲ့အခါမျိုး SMS တွေ သိပ်များတဲ့အခါမျိုး၊ ကင်မရာ ပါတဲ့ဖုန်းများဆို ဓာတ်ပုံတွေ သိပ်များတဲ့အခါမျိုးမှာ မိုဘိုင်းဖုန်းထဲက အိုအက်စ် Operating System လည်း အိုအက်စ်တို ့ သဘာဝအတိုင်း နှေးကွေး လာတတ်ပါတယ်။ ဒါမှမဟုတ်ရင် ဖုန်းဟန်းသွားတာ စကရင် ပျောက်တာ၊ ဖုန်းခေါ်မရ ပြုမရ စသဖြင့် ချူချာပြီး ဝယ်ကာစလို မဟုတ်တော့တာ တော်တော်ကြီး သတိထား လာမိမှာပါ။

အဲ့ဒီအခါကျရင် အလွယ်ဆုံးကတော့ Factory Default လို ့ခေါ်ကြတဲ့ စက်ရုံက ထုတ်ကာစ စံတခုအဖြစ် သတ်မှတ်ထားတဲ့ အခြေအနေကို ပြန်ထားပေးလိုက်ရုံပါပဲ။ နိုကီယာမှာတော့ ဖက်ထရီ ဒီဖော့် လို ့ခေါ်ပြီး ဆိုနီဖုန်းအချို ့မှာတော့ Master Reset လို ့ခေါ်ကြပါတယ်။

ဖက်ထရီ ဒီဖော့မထားခင် အထူးလုပ်ဆောင်ရမှာကတော့ ဖုန်းထဲမှာ မှတ်ထားတဲ့ ဖုန်းနံပါတ် Contacts တွေကို ကူးယူထားဖို ့ပါပဲ။ နောက်ပိုင်းဖုန်းတွေမှာ လုပ်ဆောင်ရပိုလွယ်အောင် ကွန်တတ် ဖုန်းနံပါတ်တွေကို ဆင်းကဒ်ထဲကနေ မဖတ်ဘဲ သူရို ့ဖုန်းထဲကို အတင်းကူးခိုင်းတတ်ပါတယ်။ အဲ့ဒီ ဖုန်းတွေမှာ မူလ ဆင်းကဒ် (SIM Directory) ကို Clear လုပ် ပြီးမှ ဖုန်းထဲက ကွန်တတ်တွေကို အားလုံး ဆင်းကဒ်ထဲ ကူးယူထားရုံနဲ့ အဆင်ပြေပြီး အလုပ်ရှုပ် သက်သာပါတယ်။ (ဆင်းကဒ် ပေါ်မူတည်ပြီး ဖုန်းနံပါတ် ၅၀၀ ၊ ၁၀၀၀ စသဖြင့်သာ သိမ်းလို ့ရတတ်တာပါ)။

ကိုယ့်ဖုန်းထဲမှာ ဖုန်းနံပါတ်တွေ မှတ်ထားတာ သိပ်လည်းများနေမယ်၊ နောက်ပြီး ပိုလို ့ စိတ်ချရအောင် သိမ်းချင်တယ်ဆိုရင်တော့ သက်ဆိုင်ရာ ဖုန်းဆော့ဝဲလ် နဲ့ ကွန်ပျူတာထဲကို Sync လုပ်ပြီး ကူးယူပွားထားနိုင်ပါတယ်။

ringtone တို ့ ဘာတို ့ကို မန်မိုရီကတ်ထဲ မထားဘဲ ဖုန်းထဲထားရင် သူတို ့ကိုလည်း သိမ်းရမှာပါ၊ စာရေးသူဆို အဘိဓာန် တွေ ထည့်ထားတော့ သူတို ကိုလည်း သိမ်းထားရသေးတယ်။

လိုအပ်သည်များကို သိမ်းထားပြီးပြီ ဆိုရင်တော့ ရဲရဲကြီးသာ Factory Default/ Master Reset သာလုပ်လိုက်ပါ။ ဖုန်းက သိသိသာသာကြီး မြန်လာတာကို တွေ ့ရမှာဖြစ်ပါတယ်။

အဲ့သလို လုပ်လို ့မှ သူကလေးက နှေးကွေး လေးလံ ဆဲဆိုရင်တော့ နောက်တနည်းက ဖန်းဝဲလ် အပ်ဒိပ် (Firmware Update) လုပ်ဖို ့ပါပဲ။ စာရေးသူ အကြိုက်ဆုံးပေါ့ဗျာ။ ဖန်းဝဲလ် အပ်ဒိပ်လုပ်တာက ကွန်ပျူတာကို ဖော်မက်ရိုက်ပြီး အိုအက်စ် အဆင့်မြင့် လိုက်သလိုပါပဲ။ ဝင်းဒိုးအိပ်စ်ပီ ကနေ ဝင်းဒိုးဆဲဗင်း တင်သလိုလေးပေါ့။ ဒါပေမယ့် အခန့်မသင့်ရင် ဒါမှမဟုတ် ဖုန်းထုတ်လုပ်သူက အထောက်အပံ့ မပေးရင်။ ဖုန်းနဲ့ ကွန်ပျူတာ ချိတ်ဆက်လို ့မရရင်တော့ ဘယ်လိုမှ လုပ်လို ့မရပါဘူး။

သုံးဖူးသမျှထဲမှ ဖန်းဝဲလ် အပ်ဒိတ်ကို လုပ်မယ်ဆိုတာကတော့ အိုင်ဖုန်းပါပဲ။ အိုအက်စ် အသစ် မထုတ်လိုက်နဲ့ အိုင်ကျွန်းနဲ့ ဖုန်း ချိတ်လိုက်တာနဲ့ မေးတော့တာပါပဲ။ တခါတလေ ကိုယ် တောင်မှ မသိဘူး သူက ဒေါင်းလုပ် လုပ်မလား ဖြစ်နေပြီ၊ ဒါနဲ့ပဲ ဟို တပါတ် ကတင် iPhone OS 3.1.2 ကို အပ်ဒိပ်လုပ် ဖြစ်သွားသေးတယ်။ သူ ့ အပ်ဒိပ် ကတော့ သက်တောင့်သက်သာပါပဲ။

ရင်သိမ့်တုန် နဲ့ စိတ်ဒုက်ခတော်တော် ရောက်သွားတာကတော့ နိုကီယာ ဆော့ဝဲလ် အပ်ဒိတ်တာ Nokia Software Updater (NSU) ပါပဲ။ ၆၂၈၈ ဆို သုံးမရဖြစ်သွားသေးတယ် နောက်ပိုင်း ကွန်ပျူတာကို ဗိုင်းရပ်စ် အဝင်ခံပြီး ဖုန်းကို လှမ်းဟက် လိုက်တော့မှ ပြန်ရသွားတယ်။

နောက်ပိုင်း နိုကီယာ ဆော့ဝဲလ် အပ်ဒိတ်တာ လည်းတော်တော်ငြိမ်သွားတယ် E-51 ကို သုံးခါရှိပြီ ဖန်းဝဲလ် အပ်ဒိတ်လုပ်ထားတာ အိုကေလို ့။ တခါလုပ်ပြီးတိုင်း တခါပိုမြန်သွားတယ်။

ဒီတလော သက်ထားရဲ့ ဆိုနီ ၈ လ လောက်ပဲရှိသေးတယ် တော်တော် လေးပြီး ခဏခဏ ကြောင်နေတာနဲ့ပဲ ပထမ မာစတာ ရီဆက်လုပ်တယ် ဒါလည်း အဆင်မပြေတာနဲ့ပဲ ဖန်းဝဲလ် အဆင့်မြင့်မယ်ဆိုပြီး လိုက်ရှာလိုက်တာ အဆင်ပြေသွားပါတယ်။ ကွန်ပျူတာနဲ့ ဖုန်းချိတ်ဆက်မယ့် ကြိုးတော့ လိုတာပေါ့ဗျာ။

ဆိုနီ ရဲ ့ အင်တာနက် စာမျက်နှာ မှာ ကိုယ့်ဖုန်းမော်ဒယ် နံပါတ်ကို ရွေးပြီး အပ်ဒိတ်ဆားဗစ် ဆော့ဝဲလ် (SEUS - Sony Ericsson Update Service) ကို ဒေါင်းလုပ် လုပ်ရမှာ ဖြစ်ပါတယ်။ ပြီးရင် ကွန်ပျူတာထဲမှာ Install လုပ်လိုက်ပါ။ ပြီးရင် ဖုန်းနဲ့ ကွန်ပျူတာ ချိတ်ပြီး Update Service ဆိုတဲ့ ဆော့ဝဲလ်ကို ဖွင့်လိုက်ပါ။


ဖွင့်လိုက်တယ် ဆိုရင်ပဲ ဆော့ဝဲလ်က ကွန်ပျူတာမှ တပ်ထားတဲ့ ဖုန်းကို ရှာ အင်တာနက်ပေါ်တက်ပြီး ဖန်းဝဲလ် အသစ်ရှိမရှိ ရှာမှာ ဖြစ်ပါတယ်။ များသော အားဖြင့် အသစ် ရှိနေတတ်တာ များပါတယ်။

တွေ ့ပြီဆိုတာနဲ့ သူက ဒေါင်းလုပ်လုပ်ပါတယ်။ ကြားထဲမှာ ထူးထူးခြားခြား လုပ်ခိုင်းတာဆိုလို ့ ဖုန်းကို ကွန်ပျူတာကနေ ဖြုတ်၊ ဘက်ထရီပါဖြုတ်၊ ဘက်ထရီ ပြန်တပ် ပြီးရင် "c" key ခလုပ်ကို အကြာကြီး နှိပ် ပြီးမှ ကြိုးကို ဖုန်းမှာ တပ် နောက်တော့ ကွန်ပျူတာနဲ့ ပြန်ချိတ် အဲသလို တွေ လုပ်ရတာပါပဲ၊ နိုကီယာ တို ့ အိုင်ဖုန်းတို ့ နောက်ဖုန်းတမျိုးတို ့ဆို အဲသလိုမလုပ်ရတော့ တော်တော်ကို ထူးဆန်းပါပေ့လို ့ အောက်မေ့မိပါတယ်။ ပထမဆုံးအအကြိမ် ဆိုနီကို အပ်ဒိတ်လုပ်တော့ လည်း အဲသလိုတွေ မှတ်သားရတာပေါ့။

ပြီးတာနဲ့ ဖန်းဝဲလ် ကို အပ်ဒိတ်ဆော့ဝဲလ် မေးသမျှ ဖြေပြီး လုပ်သွားရုံပါပဲ သူလည်းပဲ အဆင်ပြေပါတယ်။ ဒီလိုနဲ့ပဲ ခြောက်ခု မြောက်သော အီလက်ထရောနစ် ကိရိယာ ဂတ်ဂျက်စ် ရဲ ့ ဖန်းဝဲလ် ကို တားမရ ဆီးမနိုင်တဲ့ ဗီဇနဲ့ ဝါသနာအရ အောင်မြင်ချောမွေ ့စွာနဲ့ အပ်ဒိတ်လုပ်နိုင်လိုက်ပါပြီ၊ အဲ့ဒီ ခြောက်ခုထဲမှာ ဘလော့မှာ တင်ဖြစ်တာကတော့ ဒီတခုနဲ့ဆို လေးခုပါ၊ ကျန်တဲ့ ၂ ခု (တတိယမြောက် နဲ့ ငါးခုမြောက်) ကို နောက်အချိန်ရရင် ရေးပြီး မှတ်တမ်းမှတ်ရာ ထားပါဦးမယ်။ ၂ ခုလုံး ဖုန်းပါပဲ။ :D
သက်ထား လည်း သူ ့ ဆိုနီဖုန်း အရမ်းမြန်လာလို ့ ကျေနပ်နေလေရဲ့။ လုပ်ရကျိုးနပ်တယ်ပေါ့ဗျာ။

အောက်မှာ screen shot တချို ့ ဖမ်းပြီး အမှတ်တရ တင်ထားလိုက်ပါတယ်။







ဆိုနီ အပ်ဒိတ် ဆားဗစ် ဆော့ဝဲလ် က စိမ်းစိမ်းလေးနဲ့ ကြည့်ကောင်းတယ်။

ဖုန်းတွေ နှေးကွေးလေးလံမှု တို ့ကို လက်ပူတိုက် ဖြေရှင်းနိုင်ပါစေလို ့

ညီမူရာ ... ...

Share

ကျပ် ငါးထောင်တန် ငွေစက္ကူ ထုတ်ဝေ မည့် အကြောင်း မြန်မာ့ရုပ်မြင်သံကြား နှင့် ရေဒီယိုများမှာ ဒီကနေ ့ ၂၄ ရက်နေ ့ စက်တင်ဘာလ ည ၈ နာရီ သတင်းများမှာ ကြေညာသွားပါတယ်။ အခြားငွေစက္က္ကူများကို ပုံမှန်အတိုင်း ဆက်လက်သုံးစွဲနိုင်မည် ဖြစ်ကြောင်း ကြေညာသွားပါတယ်။
ဆင်ဖြူတော် ရုပ်ပုံ ပါရှိမှာဖြစ်ပြီး မနက်ဖြန်ထုတ် သတင်းစာများမှာ အသေးစိတ် ဖတ်ရှုနိုင်မယ် လို ့လည်း ကြေညာသွားပါတယ်။

ညီမူရာ... ...

Share


မစားတာကြာပြီ ဖြစ်လို့ ဒီနေ့ည မှာ ယိုးဒယားတွေ ကျက်စားရာ ဂိုးဒင်းမိုင်း ကိုသွားပြီး ယိုးဒယားစာတွေ သွားစားဖြစ်တယ်။ မလေးသွားဖို့ ကားစောင့်ဆိုင်းသူတွေ ကားတွေနဲ့ ဂိုးဒင်းမိုင်းဟာ စည်ကားလို့နေပါတယ်။ ဒီနေ့စားဖြစ်တဲ့ ညစာကို အမှတ်တရဓာတ်ပုံ ရိုက်ပြီး ဘလော့လာ မိတ်သဟာများကို ဧည့်ခံလိုက်ပါတယ်။










To whom, who want to see brand of pasta sauce, see below



ညီမူရာ..

Share

CBox

My CBox has been hijacked by some spammer. So, CBox has been removed. Sorry for inconvenience causes.