
ဘီစီဒီ(BCD) လို ့ အတိုကောက် ခေါ်တဲ့ (boot CD) ဘုစီဒီ တွေထဲမှာ ညီမူရာ အကြိုက်ဆုံး ကတော့ ဟိုင်ရန် ဘုစီဒီပါပဲ။ ဟိုင်ရန် ဘုစီဒီ မှာ စက်ကို ပြင်ဆင်ဖို ့ အသုံးဝင်တဲ့ ဆော့ဝဲလ်တွေ အကုန်လုံးကို စုစည်းပေးထားပြီး စီဒီ ကနေ boot လိုက်ရုံပါပဲ။ ဟိုင်ရန် ဘုစီဒီ အကြောင်းကို ဝီကီ မှာ ဖတ်နိုင်ပြီး စီဒီထဲမှာ ဘယ် ဆော့ဝဲလ် တွေ tools တွေ ပါတယ်ဆိုတာကို ဒီမှာ ဖတ်နိုင်ပါတယ်။ ဟိုင်ရန် ဘုစီဒီကို ဒီနေရာမှာ ဒေါင်းလုပ် ရယူနိုင်ပါတယ်။ တခုပဲ သတိထားရ မှာကတော့ ဟိုင်ရန် ဘုစီဒီ မှာ ထည့်ပေးထားတဲ့ ဆော့ဝဲလ် အများစုက တရားဝင်လိုင်စင် မဟုတ်ပါဘူး။
ဟိုင်ရန် လိုပဲ တခေတ်တခါ က နာမည် ကြီးခဲ့တဲ့ Nu Boot CD ဆိုတာလည်း ရှိပါသေးတယ်။ ဘီစီဒီ တွေက များသော အားဖြင့် နက်ဝေါ့ ဟာဝဲလ်သမား တွေက သူတို ့ အတွက် လွယ်ကူအဆင်ပြေ အသုံးဝင် အောင် လုပ်ထားတာမို ့ သူတို ့ တွေ ဆီမှာ ဘီစီဒီ တခုမဟုတ် တခု ရှိတတ်ကြတာမျိိုးပါ။ အခု နောက်ပိုင်း နည်းပညာတွေ တိုးတက် လာတဲ့ အခါ စီဒီ အချပ်ကြီးကို နေရာတကာ မသယ်ချင် ကြတော့ပါဘူး။ စီဒီ အချပ်ကို နေရာတကာ သယ်မယ့် အစား ပေါ့ပါး သေးငယ်တဲ့ USB stick တွေကို ပြောင်းသယ်လာကြပါတယ်။
ဆိုတော့ ဘီစီဒီ တွေ နေရာကို အစားထိုးဖို ့ USB Drive/Stick တွေကို သုံးလာကြပါတယ်။ နောက်ပိုင်း နည်းပညာ ထွန်းကားလာတာရယ်၊ External HDD တွေ အသုံးပြု ကျယ်ပြန့်လာတာရယ် USB Drive တွေ အချက်အလက် သိုမှီးနိုင်မှု မြင့်မားလာတာရယ်ကြောင် ့ မားသားဘုတ် ထုတ်လုပ်သူ အားလုံးနီးပါးက ယူအက််စ်ဘီ တွေကနေ boot လုပ်နိုင်အောင် လုပ်ပေးလာကြပါတယ်။
ဟိုင်ရန် ဘီစီဒီ ကိုလည်း ယူအက်စ်ဘီ ပေါ်ကနေ boot လို ့ ရအောင် လုပ်လာနိုင်ပါတယ်။ ဟိုင်ရန် ကို ယူအက်စ်ဘီ ပေါ်ကနေ boot တဲ့နည်းလမ်းတွေ အများကြီး အင်တာနက်ပေါ်မှာ ရှိပါတယ်။ အဲ့ဒီ ထဲကမှ ညီမူရာ စိတ်ကြိုက် ဖြစ်တဲ့ နည်းကို ရေးသွားပါမယ့်။
step 1
ဟိုင်ရန်ကို boot လုပ်နိုင်ဖို ့ ၂၅၆ အမ်ဘီ ပမာဏ အနည်းဆုံး ရှိတဲ့ USB Drive တခု လိုပါမယ်။
step 2
ဆော့ဝဲလ် အနေနဲ့ ပထမ အဆင့် usb_format.exe ဆိုတဲ့ ဆော့ဝဲလ် လိုပါတယ်။ (အိပ်ခ်ျပီ ရဲ့ ဆော့ဝဲလ် HPUSBFW နဲ့တူတူပါပဲ) ဒီဆော့ဝဲလ် က ယူအက်စ်ဘီ ဒရိုက်ကို boot နိုင်အောင် လုပ်ပေးတာပါ။ 

step 3
ဒုတိယ အဆင့်အနေနဲ့ သူက မာတီဘု (Multi Boot) လုပ်ပေးနိုင်တဲ့ GRUB ဆိုတဲ့ boot loader ကို တင်ပေးရမှာပါ။ သူမှာ ၂ မျိုး ရှိပါတယ်။
၃.၁
ပထမ နည်းက grub4dos ဆိုတဲ့ universal boot loader နဲ့ တင်တဲ့နည်းပါ။ အဲ့ဒီ အတွက် grub4dos.rar ကို ဒေါင်းလုပ်ပေးပြီး grubinst_gui.exe ကို run ပေးရပါမယ်။ ပုံမှာပြထားတဲ့ နံပါတ်စဉ်ကို ကြည့်ပါ။ ပြီးရင် grldr နဲ့ menu.lst ဖိုင် ၂ ဖိုင်ကို ယူအက်စ်ဘီထဲ ကူးထဲ့ပေးရပါမယ်။ 
၃.၂
ပထမနည်း အဆင်မပြေတဲ့ သူတွေ အတွက် နောက်တနည်းပါ။ ဒီနည်းကလည်း GRUB ဆိုတဲ့ boot loader ကို ပဲ တင်ပေးတဲ့ နည်းပါ။ ဆစ်လင်းနစ် syslinux.rar လို ့ ခေါ်တဲ့ ဖိုင်ကို ဒေါင်းလုပ် လုပ်ပေးပြီး RunMe.bat ဆိုတဲ့ ဘက်ခ်ျဖိုင်ကို ရန်းပေးရပါမယ်။ ကိုယ်သုံးမယ့် ယူအက်စ်ဘီ drive ရဲ့ driver letter(E:\ or F:\ or G:\) ကို ရိုက်ပေးရုံ နဲ့ သူဟာသူ လိုတဲ့ ဖိုင်ကို ကူးထည့်ပေးသွားမှာပါ။
step 4
အနေနဲ့ GRUB ဆိုတဲ့ boot loader တင်ပြီးသား ယူအက်စ်ဘီ ဒရိုက်ထဲကို ဟိုင်ရန် ဘုစီဒီ ထဲက ဖိုင်တွေ ကူးပေးရမှာပါ။ ဟိုင်ရန် ဘုစီဒီ ကို ဒီနေရာမှာ ဒေါင်းလုပ် လုပ်ပြီး iso ဖိုင်ကို winRar နဲ့ ဖြေလိုက်ပါ။ အထဲက HBCD ဖိုလ်ဒါရယ်၊ autorun.inf ဖိုင်ရယ်ကို ယူအက်စ်ဘီ ဒရိုက်ထဲ ကူးပေးလိုက်တာနဲ့ အသင့် boot လုပ်နိုင်တဲ့ ဟိုင်ရန် boot USB Drive တခု ဖြစ်သွားပါပြီ။
step 5
အနေ နဲ့ ကတော့ ယူအက်စ်ဘီ ကနေ boot ချင်တဲ့ စက်ကို ဖွင့် ယူအက်စ်ဘီ တပ် ဘိုင်းအို့စ်ထဲဝင်ကာ ယူအက်စ်ဘီ ကနေ boot မယ်လို့ ရွေးပေးရုံပါပဲ။
ညီမူရာ ဘာကြောင့် ဟိုင်ရန် ကို ကြိုက်ရသလဲ ဆိုရင် သူ ့မှာ multi boot အနေနဲ့ မီနီ ဝင်းဒိုးစ် အိပ်စ်ပီ (Mini Windows XP) ပါပြီးသား ဖြစ်လို ့ပါပဲ။ boot CD ထဲမှာ ပါတဲ့ ဆော့ဝဲလ်တွေ တူးစ်တွေ အကုန်လုံးကို လည်း မီနီ ဝင်းဒိုးစ် အိပ်စ်ပီ ဖကိ ကနေ တက်သုံးလို ့ရတာပါပဲ။ စာရေးသူ မကြာခဏ သုံးဖြစ်တာကတော့ ပါတေးရှင်း ဂိုစ် ့ရိုက်ယူ ရိုက်တင်တာပါပဲ။
တကယ်လို့ စာဖတ်သူ အနေနဲ့ မရှင်းလင်းတာ များရှိခဲ့ရင် အင်တာနက်ပေါ် ရှာဖွေဖတ်ရင်လည်း ဖတ်။ မဟုတ်ရင်လည်း ညီမူရာကို ထပ်မေးလို ့ရပါတယ်။
အခက်အခဲ ကြုံတဲ့ အခါ ယူအက်စ်ဘီ ပေါ်ကနေ boot တက်ရင်း ဖြေရှင်း အောင်မြင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း ဖြင့်
ညီမူရာ...
all credit goes to: wiki , Hiren, grub4dos, syslinux and HPUSB
| Share |
XP on USB Part 1
ယူအက်စ်ဘီ ကနေ ကွန်ပျူတာကို BOOT တက်အောင် လုပ်တယ်ဆိုတာ တချိန်တုန်းက အိမ်မက် တခုပါပဲ။ နောက်ပိုင်း နည်းပညာတွေ တိုးတက်လာပြီး ယူအက်စ်ဘီ တွေရဲ့ အချက်အလက် သိုမှီးနိုင်မှု ပမာဏတွေများလာတော့ အရမ်းကို လွယ်ကူလာပါတယ်။
ရုတ်တရက် ကွန်ပျူတာ ဝင်းဒိုး စနစ် ပျက်စီးသွားပြီး ဝင်းဒိုး မတက်တဲ့အခါမျိုး။ ဗိုင်းရပ်ကြောင့် ဝင်းဒိုး ကို သုံးမရအောင် လုပ်လိုက်တဲ့အခါမျိုး၊ စက်တလုံးကနေ စက်တလုံး အရေးပေါ် အချက်အလက်တွေ ကူးတဲ့ အခါမျိုး။ ဝင်းဒိုး စနစ် လုံး၀မရှိတဲ့ စက်တလုံးမှာ အရေးပေါ် သုံးချင်တဲ့အခါမျိုး၊ အခုနောက်ပိုင်း စီဒီ၊ ဒီဗီဒီ drive လုံး၀မပါတော့တဲ့ EEE PC လိုမျိုး တွေ မှာ ဝင်းဒိုး နဲ့ အခြား အကြောင်းတခုခု ကြောင့် သုံးချင်တဲ့ အခါတွေမှာ ယူအက်စ်ဘီ ပေါ်ကနေ GUI ပါတဲ့ အော်ပရေးရှင်း စံနစ် တခုခုကို တင်သုံးလေ ့ရှိပါတယ်။
အခုနောက်ပိုင်း အူဘန်တု လင်းနစ် စီဒီ (ubuntu) ကနေ အခုလိုမျိုး လုပ်လို ့ရပေမယ်။ ညီမူရာ တို ့လို ့ မိုက်ခရိုဆော့ စနစ် နဲ့ အကျွမ်းဝင်တဲ့သူတွေ အဖို ့ ဝင်းဒိုး ကိုပဲ သုံးချင်တာ မဆန်းပါဘူး။ ဝင်းဒိုးထဲမှာ ဆယ်စုနှစ်တခုနီးပါး အောင်မြင်နေတဲ့ ဝင်းဒိုး အိပ်စ်ပီ (windows XP) ကိုပဲ သုံးချင်တာပေါ့။ အိပ်စ်ပီ လုိုက်ဖ် (XP Live) လို ့လည်း အချို ့ကခေါ်ကြတယ်။
အိပ်စ်ပီ ကို ယူအက်စ်ဘီ ပေါ်ကနေ တင်တဲ့ နည်းတွေ အများကြီးရှိပါတယ်။ အဲ့ဒီ ထဲကမှ ပထမဦးဆုံး အလွယ်ဆုံး ဖြစ်တဲ့ Windows XP USB Stick Edition ကို အရင်ဆုံး ရေးသွားပါမယ့်။
အဲ့ဒီ စံနစ်က ယူအက်စ်ဘီ သိုမှီးနိုင်မှု ပမာဏ ၂၅၆ အမ်ဘီ သာ လိုအပ်ပါတယ်။ နောက်တခုက ကွန်ပျူတာက ယူအက်စ်ဘီ ကနေ BOOT လုပ်နိုင်ရပါမယ်။ ၂၀၀၅ နောက်ပိုင်း ကွန်ပျူတာ အများစုက လုပ်နိုင်ပါတယ်။ (အချို ့မားသားဘုတ် အဟောင်းတွေမှာ ဘိုင်းအိုးစ် Bios ဖန်းဝဲလ် Firmware ကို အဆင့်မြင့်လိုက်ရင် ရပါတယ်)
အင်စတော လုပ်ဖို ့အတွက် ပထမ အဆင့် ယူအက်စ်ဘီ ကို BOOT ဖြစ်အောင် လုပ်ပေးမယ့် ဆော့ဝဲလ်လေး တခုလိုပါတယ်။ အိပ်ခ်ျပီ ကနေ အခမဲ့ ပေးထားတာ ဖြစ်ပြီး နာမည်ကြီးပါတယ်။ အိပ်ခ်ျပီ ယူအက်စ်ဘီ (HPUSBFW) လို ့ခေါ်ပါတယ်။ ဒီနေရာမှာ ဒေါင်းလုပ် ရယူနိုင်ပြီး။ သူ ့ကို အခုလို မြင်ရမှာဖြစ်ပါတယ်။
ဒုတိယအဆင့်က windowsXP USB Edition ကို ဒေါင်းလုပ်ရယူ ဖိုင်ကို ဇစ်ဖြေချပြီး အဲ့ဒီ ဖိုလ်ဒါ တခုလုံးကို ယူအက်စ်ဘီ ထဲကူးထည့်ရပါမယ်။ ဒါဆို အိပ်စ်ပီ ယူအက်ဘီ ပေါ်ကနေ BOOT တက်ဖို ့ အဆင်သင့်ဖြစ်နေပါပြီ။
နောက်တဆင့်ကတော့ BOOT တက်မယ် ့ စက်ရဲ့ ဘိုင်းအို့စ် ဆက်တင်ထဲ ဝင်ပြီး၊ ယူအက်စ်ဘီ ဒရိုက်ကနေ BOOT မယ် လို ့ ပြင်ပေးရုံပါပဲ။
ကိုယ့်စက်ရဲ့ အမြန်နှုံး မန်မိုရီ ပမာဏ ပေါ်မူတည်ပြီး ၂ မိနစ်ကနေ ၅ မိနစ်အတွင်း ဝင်းဒိုး အိပ်စ်ပီ၊ ယူအက်စ်ဘီ ပေါ်ကနေ တက်လာမှာပါ။
ညီမူရာ...
| Share |
ဒီကနေ ့ မထင်မှတ်ဘဲ ဆိုက်တခုကို သွားတွေ့တယ်၊ စင်ကာပူမှာ လမ်းရှာ နေရာရှာ တဲ့ အင်တာနက်ပေါ်က မြေပုံလမ်းညွန် ဆိုက် တွေထဲမှာ နောက်ပေါက် ဆိုက်တခုပေါ့။ gothere.sg တဲ့။
အသွင်အပြင်နဲ့ သုံးရလွယ်ကူတဲ့ ဆိုက်တခုလို ့တော့ မြင်ရပါတယ်။
သွားချင်တဲ့ နေရာ ၂ ခုကို ရိုက်ပေးလိုက်တာနဲ့ တခါတည်း လမ်းညွန်ပေးတော့တာပါပဲ။
ပြီးရင် လမ်းညွန် စာမျက်နှာမှာ မြေပုံ ပေါ်လာပြီး ခရီးစဉ် စမယ့် နေရာ (အေ) နဲ့ ဆုံးမယ် ့နေရာ (ဘီ) ကို တခါတည်း အပြာရောင် လိုင်းနဲ့ ဆွဲပေးလိုက်ပါတယ်။
လမ်းလျှောက်ရမယ် ဆိုလည်း အကွာအဝေး ဘယ်လောက် ဘယ်နှစ်မိနစ် လျှောက် ရမယ် ကားစီး ရမယ်ဆိုလည်း ဘယ်နံပါတ် ကို ဘယ်နှစ်မှတ်တိုင် စီးရမယ် ခရီးစားရိတ် ဘယ်လောက် ကျမယ် ကြာချိန်ကိုလည်း တွက်ပြီး ဖော်ပြပေးပါတယ်။ လမ်းလျှောက် ရတဲ့ ကြာချိန်ကလည်း ကွက်တိပဲ၊ လျှောက်နေကျ လမ်းတွေကို ရိုက်ထည့်ကြည့်တာ အချိန်က အတိအကျပါပဲ။
စလုံးမှာ ၁၈ ရက်နေ ့ကမှ တရားဝင် အဆင့်မြင့်ခွင့် ရသွားတဲ့ ပန်းသီး ရဲ ့ အိုင်ဖုန်း ၃.၀ အိုအက်စ် အသစ် မှာတောင် သုံးလို ့ရအောင် လုပ်ပေးထားသတဲ့၊ အင်တာနက် ကွန်နက်ရှင်တော့ လိုတာပေါ့လေ။
သုံးကြည့်သလောက်တော့ လွယ်ကူပြီး သဘောကျ နေပါတယ်။ သုံးနေကျ streetdirectory.com ထက် အချို ့နေရာတွေမှာ ပိုလို ့တောင် အဆင်ပြေ ချောမွေ ့နေပါသေးတယ်။
ဘာပဲဖြစ်ဖြစ် အခုလို လမ်းညွန်ပေးတဲ့ ဝက်ဆိုက် တခုတိုးလာတာ ပိုပြီး အဆင်ပြေတာပေါ့။ အခုဆိုရင် စာရေးသူ သုံးနေကျ streetdirectory.com အပြင် gothere.sg ကိုလည်း အဓိကထား သုံးကြည့်ဖို ့ ဆုံးဖြတ်လိုက်ပြီမို ့ စာဖတ်သူတွေ လည်း ကိုယ်နဲ့ အဆင်ပြေမပြေ စမ်းသပ် သုံးနိုင်အောင် လမ်းညွန်လိုက်ရပါတယ်။
စာရေးသူ သုံးနေကျ စင်ကာပူ မှ အွန်လိုင်း ခရီးသွား လမ်းညွန် ဆိုက်များ
နာမည်ကြီး
စလုံးအစိုးရရဲ ့
ဘက်စ်ကား ခရီးစဉ်နဲ့ မှတ်တိုင် ရှာပေးတဲ့ Transit Link
ညီမူရာ...
| Share |
ယခုလ ၂၀၀၉ ခုနှစ် ဇွန်လ ၆ ရက် စနေနေ ့ နံနက်ပိုင်း မြန်မာ့လေကြောင်း (Myanmar Airways) မှ ပြည်တွင်း ခရီးသည်တင် လေယာဉ်တစ်စင်း စစ်တွေလေဆိပ်မှာ ဆင်းသက်စဉ် ပြေးလမ်းချော်ခဲ့ပါတယ်။ စာရေးသူ တောင်မှ ဒီကနေ ့မှ သိခဲ့ရတာပါ။ ပြည်တွင်း သတင်းစာများဖြစ်တဲ့ မြန်မာ့အလင်းနဲ့ ကြေးမုံ သတင်းစာတွေမှာ နောက်တနေ ့ ဇွန်လ ၇ ရက်နေ နေ့စွဲနဲ့ သတင်း ထုတ်ပြန်ပေးခဲ့ပါတယ်။
ပျက်စီးခဲ့တဲ့ လေယာဉ် ရဲ ့မူလ အနေအထား
သတင်းစာတွေမှာတော့ တွဲဖက်လေယာဉ်မှုးတဦးသာ နဖူးတွင် ဒဏ်ရာရရှိတယ်လို ့ဖော်ပြခဲ့ပြီး အခြား သတင်းတွေမှာတော့ အနည်းဆုံး ၃ ဦးထိခိုက်ဒဏ်ရာရရှိတယ်လို ့ ဖော်ပြကြပါတယ်။ လေယာဉ်ကတော့ အတော့ကို ပျက်စီးသွားခဲ့ပါတယ်။ လေယာဉ်ဘီး တွေနဲ့ ညာဖက်အတောင်ပံ ဆိုးရွားစွာ ပျက်စီးခဲ့ပြီး လေယာဉ်ရဲ့ ဘယ်ဖက် ဦးခေါင်းပိုင်း အနည်းငယ် ပျက်စီးခဲ့ပါတယ်။
ခရီးသည်တဦးကတော့ အရေးပေါ်တံခါးပေါက်တွေ အတန်ကြာမှဖွင့်တာတွေ ခရီးသည်တွေ အလွန်ထိတ်လန့် တုန်လှုပ်ခဲ့တယ်၊ အောက်စီဂျင်နည်းလို ့ လေယာဉ်ထဲမှာ မွန်းကြပ်နေခဲ့တယ်လို ့ ဖုန်းနဲ့ ပြောခဲ့ကြောင်း အေဂျင်စီ သတင်းတရပ်မှာ ဖော်ပြပါရှိပါတယ်။
ရုတ်တရက် ရာသီဥတု ပြောင်းလဲမှုကြောင့်လား၊ ကန့်လန့်ဖြတ်တိုက်တတ်တဲ့ လေပြင်းတွေကြောင့်လား၊ စက်ကိရိယာ ချို ့ယွင်းမှုကြောင့်လား၊ လေယာဉ်မှူး အမှားကြောင့်လား၊ လေကြောင်းပြ အမှားကြောင့်ဖြစ်တာလားဆိုတာ စုံစမ်းဆဲဖြစ်ပြီး လူ့အမှားကြောင့်ဆိုရင် ပြင်းထန်စွာ အရေးယူမယ်လို ့ သိရပါတယ်။
အခု လမ်းချော်ပျက်စီးခဲ့တဲ့ ဖော်ကာ အက်ဖ် ၂၈ (Fokker F28 Fellowship 4000) မှတ်ပုံတင် နံပါတ် XY-ADW လေယာဉ်ကို ၁၉၇၇ ခုနှစ် သုံးလပိုင်း ၁၄ ရက်နေ ့က ပထမဆုံး ပျံသန်းခဲ့ပြီး ၁၉၇၇ ခုနှစ် ဇွန်လမှာ ဘီအေစီ ဗမာလေကြောင်း ကော်ပိုရေးရှင်း ကို လွဲပြောင်း ပျံသန်းပြေးဆွဲခဲ့တာကြောင့် ပျံသန်းသက် ၃၂ နှစ်နဲ့ လေးလ ရှိပြီဖြစ်ပါတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် အသေအပျောက် မရှိဘဲ အန္တရာယ်ကင်းခဲ့တယ်ဆိုလို ့ အတိုင်းထက် အလွန်ဝမ်းသာရပါတယ်။ လေယာဉ်နဲ့ ခရီးသွားတယ်ဆိုတာ တကယ်တော့ အန္တရာယ်သိပ်ကြီးပါတယ်။ လေကြောင်း နဲ့ ခရီးသွားလာနေသူတွေ အကုန်လုံး အန္တရာယ်ကင်း ဘေးရှင်းပြီး လိုရာခရီးကို အောင်မြင်စွာ သွားလာနိုင်ကြပါစေလို ့ .....
---------------------------------------------------------------------------------------
ဇွန်လ ၇ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာ သတင်းထုတ်ပြန်ချက်
---------------------------------------------------------------------------------------
မြန်မာ့လေကြောင်းမှ ခရီးသည်တင်လေယာဉ်တစ်စီး စစ်တွေလေဆိပ်၌ ပြေးလမ်းချော်
တွဲဖက်လေယာဉ်မှူးတစ်ဦး အနည်းငယ် ထိခိုက်ဒဏ်ရာ ရရှိသည်မှ အပ ခရီးသည်များနှင့် ကျန်လေယာဉ် အမှုထမ်းများအားလုံး ထိခိုက်ဒဏ်ရာ ရရှိမှုမရှိ
နေပြည်တော် ဇွန် ၆
ယနေ ့နံနက်ပိုင်းတွင် ရန်ကုန်မှစစ်တွေသို ့ ထွက်ခွာလာသော မြန်မာ့လေကြောင်းမှ ခရီးသည်တင် လေယာဉ် တစ်စင်းသည် စစ်တွေ လေဆိပ်၌ ပြေးလမ်းချော်ပြီး ပြေးလမ်း၏ ညာဘက်သို ့ ထိုးကျသွားခဲ့ကြောင်း သိရသည်။
အဆိုပါလေယာဉ်မှာ ယနေ့ နံနက် ၇ နာရီ ၁၀မိနစ်ခန့်တွင် ရန်ကုန်မှစစ်တွေသို ့ ပျံသန်းလာသည့် မြန်မာ့လေကြောင်းမှ ခရီးသည်တင် လေယာဉ်အမှတ် F-၂၈ XY-ADW ဂျက်လေယာဉ်ဖြစ်ပြီး နံနက် ၈နာရီ မိနစ် ၂၀ခန့်တွင် စစ်တွေလေဆိပ်သို ့ ဆင်းသက်စဉ် လေယာဉ်ပြေးလမ်းချော်ပြီး ပြေးလမ်း၏ ညာဘက်သို ့ ထိုးကျကာ လေယာဉ်ပြေးလမ်း ပေ ၂၀၀ ခန့်အရောက်တွင် လေယာဉ်သည် ညာဘက်သို ့ကွေ့သွားပြီး လေယာဉ်ကွင်း ခြံစည်းရိုးနှင့် တိုက်၍ရပ်တန့်သွားခဲ့ကြောင်း သိရသည်။
အဆိုပါလေယာဉ်ပေါ်၌ လေယာဉ်အမှုထမ်း ခြောက်ဦး၊ ခရိးသည် ၆၂ဦး စုစုပေါင်း ၆၈ဦး ပါရှိပြီး တွဲဖက်လေယာဉ်မှုး ဦးစိုးရီ တစ်ဦးတည်းသာ နဖူးတွင် အနည်းငယ်ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ကြောင်း၊ လေယာဉ်အမှုထမ်းများနှင့် ခရီးသည်များ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)
-----------------------------------------------------------------------------------------








-----------------------------------------------------------------------------------------
သတင်း နှင့် ဓာတ်ပုံများကို bizfreak collection၊ မြန်မာအလင်း သတင်းစဉ်၊ ဧရာ၀တီ နဲ့ မဇ္ဈိမ အင်တာနက် စာမျက်နှာများက ရယူထားခြင်း ဖြစ်ပြီး အခက်အခဲ အမျိုးမျိုးကြောင့် ခွင့်ပြုချက် တောင်းခံနိုင်ခြင်း မရှိပါ။
all credit goes to: New Light of Myanmar, mizzima, irrawaddy and bizfreak collection.
ညီမူရာ ...
| Share |
စောင့်စားမျှော်လင့် နေသူတို ့အတွက် ပါဆင်နယ် ကွန်ပျူတာ ပြပွဲ (ပီစီရှိုး) ၂၀၀၉ ကို ဒီကနေ ့ နေ့လည် ၁၂ နာရီမှာ ဖွင့်လှစ်လိုက်ပါပြီ။
နှစ်စဉ် သုံးလ တကြိမ် အီလက်ထရွှန်းနစ် ပြပွဲ လုပ်တဲ့ စင်ကာပူမှာ ယခု ပြပွဲက ၂၀၀၉ အတွက် ဒုတိယမြောက် ပြပွဲဖြစ်ပြီး ဒီကနေ ့၁၁ ရက်နေ ့ကနေ ၁၄ ရက် တနင်္ဂနွေ နေ့အထိ ဆန်းတက် စီးတီး ၁၊၃၊၄ နဲ့ ၆ ထပ် များမှာ နေ ့စဉ် နေ့လည် ၁၂ နာရီ ကနေ ည ၉ နာရီအထိ ဝင်ကြေးအခမဲ့ ခင်းကျင်းပြသ ရောင်းချသွားမှာပါ။
ပါဝင်ပြသ ရောင်းချသူပေါင်း ၆၀၀ ကျော်တို ့က ပြသရောင်းချမှာ ဖြစ်ပြီး လေ့လာကြည့်ရှုသူ ၁ သန်းခန် ့လာရောက်ကြမယ်လို ့ မျှော်မှနး်ထားကြပါတယ်။ ကမ္ဘာ့စီးပွားရေး အကြပ်အတည်း နဲ့ ဝက်တုပ်ကွေး တို ့ ဖြစ်ပွားနေသော်လည်း ရောင်းအားကျဆင်းမှု သိပ်ပြီး သိသာစွာ မရှိနိုင်ဘူးလို ့ ကျွမ်းကျင်သူ အချို ့က ဟောကိန်း ထုတ်ထားပါတယ်။
ဝက်တုပ်ကွေး အရှိန် ရှိနေသေးတာကြောင့် ပီစီရှိုး ကို သွားမယ်ဆိုရင် ခလေးငယ်တွေကို မခေါ်သွားဖို့ အကြံပေးထားကြပါတယ်။ လိုချင်တဲ့ ပစ္စည်းတွေကို အင်တာနက်ကနေ ဈေးအရင်ကြည့်ထားဖို ့ လည်း အကြံပေးထားပါတယ်။ ဒါကြောင့် ဒီပို ့စ်မှာလည်း အင်တာနက်ကနေ ပြပွဲမှာ ဝေတဲ့ လက်ကမ်းစာစောင် နဲ့ ဈေးတွေ ကြည့်လို့ရမယ့် နေရာတွေကို စုစည်းပေးထားပါတယ်။
ဒီပွဲမှာ ထူးခြားမှုတခုက ဒီလင့်အိုင်ပီ ကင်မရာကနေ တိုက်ရိုက် ရိုက်ကူး နေတဲ့ ရုပ်ငြိမ် ဓာတ်ပုံများကို ၁၅ စက္ကန် ့တကြိမ် ထုတ်လွင့်ပေးနေတာကို စီနက်အေးရှားရဲ ့ အင်တာနက် စာမျက်နှာမှာ မြင်နေရတာပဲ ဖြစ်ပါတယ်။
စုစည်းပေးထားတဲ့ ပြပွဲ လက်ကမ်းနှင့် ဈေးနှုန်း လင့်ခ်များ (Most Updated)
live at PC Show 2009 by cNet asia
CNet Asia PC Show 2009
Hardwarezone PC Show 2009
Hardwarezone PC Show 2009 Preview
Bootstrike PC Show 2009 Price Lists and Brochures Listing
HWZ Picasa Link Brochures
drop io Link
Vr-Zone Promotion Link
The PC SHOW
ဈေးနှုန်းများကို ကြိုတင်ကြည့်ရှူ သွားရည်ကျရင်း လိုချင်တပ်မက်မှုများ ငမ်းငမ်းတက် ဖြစ်ပေါ်နိုင်ကြပါစေလို ့ ဆန္ဒပြုရင်းဖြင့်
ညီမူရာ
all credit goes to :
cnet asia
hardwarezone
bootstrike
vr-zone
...
| Share |
Microsoft SQL Server 2005 Database ဒေတာဘေစ့် တခုကို (Backup) ဘက်ကပ် လုပ်ပြီး သိမ်းတာ မခက်ပါဘူး။ ဒါပေမယ့် အကျွမ်းတဝင် မရှိ၊ မသိခဲ့ရင်တော့ တော်တော်လေးကို ရှာရမှာပါ။ ၂၀၀၆နှောင်းပိုင်း ဘန်ကောက်ရုံးမှာ ပထမဆုံး (backup) ဘက်ကပ် လုပ်ခဲ့စဉ်က အတော်ပဲ ရွာလည်ခဲ့ဖူးပါတယ်။ ကိုယ်ကျွမ်းဝင်တဲ့ အရာမှ မဟုတ်တာကိုး။
နောင်တော့လည်း မကြာခဏ လုပ်ပေးရတော့ ထမင်းစား ရေသောက်သလို လွယ်ကူသွားပါတယ်။ အဲဒီ ပထမဆုံးအခေါက်က ဆရာသမားဖြစ်သူက ဘက်ကပ် ဘက်ကပ် အမြန်လုပ်ထားလို ့ သတိပေးတော့ တောင်ရှာရ မြောက်ရှာရ နဲ့ တော်တော်ကြီးကို ကြာသွားပါတယ်။ ခက်ခက်ခဲခဲတွေ လုပ်လို ့ပေါ့။
နောက်မှ အလွယ်တကူ Wizard လေး သုံးပြီးလုပ်လို ့ရမှန်း သိတာပါ။ အဲ့သလိုပဲ ဒီတပါတ်ထဲမှာ သူငယ်ချင်း တယောက် အဲသလို အဖြစ်မျိုး ခပ်ဆင်ဆင် ထပ်ကြုံတွေ ့ရတော့ သူ ့ကို ကူညီရင်း ပရင့်စကရင်တွေ ဖမ်းထားလိုက်ပါတယ်။ တချိန်ချိန် အသုံးလို်မယ်ထင်လို ့ ညီဖြစ်သူကိုလည်း ဒီ (Print Screen) ပရင့် စကရင်တွေ ပို့ပေးရင်း အခြား မသိသေးတဲ့ ဘော်ဒါတွေ ဗဟုသုတ နဲ့ လိုအပ်ရင် မှီငြမ်းနိုင်အောင် ဘလော့ပေါ် တင်လိုက်ပါတယ်။
အားလုံးသိကြတဲ့ အတိုင်း နည်းပညာ ဆိုတာမျိုးက မသိသူကျော်သွား သိသူဖော်စား ဆိုတော့။ အခက်အခဲ ကြုံတဲ့အခါ ဗဟုသုတများတဲ့သူက တပန်းသာ စမြဲမို ့ အခက်အခဲတွေ အလွယ်တကူ ကျော်ဖြတ်နိုင်ကြပါစေလို ့ ဆုမွန်ကောင်း တောင်းရင်းနဲ့ Print Screen များကို ရှုစားကြပါ။ ပုံအောက်က စာများကိုလည်း ဖတ်ကြပါ။








ညီမူရာ ...
| Share |
မေလ တတိယပတ်မှာ အင်တာနက်ဘဏ် အသုံးပြုသူတွေ အတွက် သက်ဆိုင်ရာ ဘဏ်များက လုံခြုံရေးဆိုင်ရာ အထူး သတိပေးချက်ကို ထုတ်ပြန်လိုက်ပါတယ်။ လက်တလော နာမည်ကြီး စိုးရိမ်နေရတဲ့ username ၊ password နဲ့ secure PIN(One Time Pin) လျှို ့ဝှက်နံပါတ် ခိုးယူမှုတွေ ကြောင့်ပဲ ဖြစ်ပါတယ်။
ကိုယ့်စက်ထဲမှာ အင်တာနက်ကို လျှောက်သွားနေရင်း ဝင်မှန်းမသိဝင်နေတဲ့ ထရိုဂျန်ဆိုတဲ့ ပရိုဂရမ်ကနေ online iBanking တခုခုကို အသုံးပြုတဲ့အခါ ပထမဆုံး username နဲ့ password ရိုက်တဲ့ စာမျက်နှာမှာ လုံခြုံရေးအရ ခလုပ်နှိပ်ပြီး ရိုက်ထဲ့ရတဲ့ securePIN နံပါတ်ကို တခါတည်း တောင်းယူသွားမှာ ဖြစ်ပါတယ်။
DBS က ဒီလိုမျိုးလေး မြင်သာအောင် ပြထားပါတယ်။
ဒါမျိုးဆိုလို ့က အိုင်ဘဏ်ကင်းကို လုံး၀ မဝင်ပါနဲ့၊ သက်ဆိုင်ရာ ဘဏ်ကို သတင်းချက်ခြင်း ပို ့ပါ။
အရေးကြီးပြီး လိုအပ်တဲ့ အချက်အလက် အပြည့်အစုံ ရသွားတာနဲ့ ကုန်ပြီလို ့သာ မှတ်လိုက်ပေရော့ပဲ။ ကိုယ့်ငွေတွေကို သူတို ့လိုချင်တဲ့ဆီကို လုပ်ချင်သလို လုပ်သွားမှာပါ။ ဒါကြောင့် ပုံမှန်သုံးနေကျ ပုံစံမဟုတ်တဲ့ အခြေအနေမျိုးမှာဆို အိုင်ဘဏ်ကင်းတွေကို မသုံးပါနဲ့။ ကိုယ်မြင်နေကြ ပုံစံတွေ မဟုတ်တော့ဘူးဆိုတာနဲ့ ရပ်လိုက်ပါ။ ဘဏ်တွေကလည်း သူတို ့ ဖက်က ပြောင်းမယ်ဆိုရင် အစောကြီးထဲက ကြိုတင်ကြေညာထားတတ်ပါတယ်။
DBS ဘဏ်က မေလ ၂၃ ရက်နေ့မှာ အထူးကြေညာချက် ကို ထုတ်ပြန်ထားပြီး အသေးစိတ်လည်း ရေးသားထားပါတယ်။ အသေးစိတ်ကို ဒီနေရာမှာ DBS Security Alert ဖတ်ပါ။
UOB ဘဏ်ကလည်း မေလ ၂၁ ရက်နေ ့မှာ လုံခြုံရေး သတိပေးကြေညာချက်ကို ထုတ်ပြန်ထားပါတယ်။ အသေးစိတ်ကို ဒီနေရာမှာ UOB Security Alert ဖတ်ပါ။
DBS ကလည်း ပထမဆုံး စာမျက်နှာ မမြင်မှာစိုးလို ့ သေချာ သတိပေးထားပါတယ်။
Anti Virus ဆော့ဝဲလ်တွေကို အမြဲမပြတ် အဆင့်မြင့် လုံခြုံအောင် လုပ်ထားဖို့ အရေးကြီးပါတယ်။ နောက်ပြီး သုံးစွဲသူတွေ ဖက်ကလည်း ဗဟုသုတ နဲ့ သတင်း အချက်အလက်တွေကို အမြဲတမ်း မျက်ခြေမပြတ်ဖို ့ လိုပါတယ်။
အခုလို နည်းပညာခေတ်ကြီးမှာ အရာရာတိုးတက်နေသလို၊ လူတော်တော်များများကလည်း မဟုတ်တဲ့ နေရာတွေမှာ ထူးချွန်တတ်လွန်းတော့ သတိထားနေကာမှ တော်ကာကြမှာကိုး။ အိုင်ဘဏ်ကင်း ဆိုတာကလည်း ခုနောက်ပိုင်း မသုံးမဖြစ်သုံးနေရတာဆိုတော့ အွန်လိုင်း ဘဏ်အကောင့် သုံးစွဲသူအပေါင်း ဘေးအန္တရာယ်ကင်းပြီး လုံခြုံစိတ်ချမ်းသာကြပါစေလို ့ ဆုမွန်ကောင်းတောင်းရင်းဖြင့် ....
ညီမူရာ ...
OCBC Tips of how to safeguard from online fraud
| Share |

CIRCLE MRT LINE
မေလ ၂၇ ရက်နေ့ မနက်မှာ စင်ကာပူ နိုင်ငံရဲ့ မြေအောက် ရထားလမ်းသစ် ကို စင်ကာပူ ဒုဝန်ကြီးချုပ် နဲ့ ကာကွယ်ရေးဝန်ကြီး တာဝန်ယူတားတဲ့ Teo Chee Hean က ဖွင့်လှစ်ပေးလိုက်ပါပြီ။ လိမ္မော်ရောင် နဲ့ သတ်မှတ်ထားတဲ့ အဲ့ဒီ SMRT ရထားလိုင်းကို ဆိုက်ကယ်လိုင်း (စီစီအယ်လ်) လို ့ ခေါ်ပြီး စင်ကာပူ နိုင်ငံရဲ့ စတုတ္ထမြောက် ရထားလိုင်းဖြစ်ပါတယ်။ အခုဖွင့်လှစ်လိုက်တာဟာ ရထားလိုင်းတခုလုံး ရဲ့ ပထမအဆင့် လမ်းပိုင်းပါပဲ။ အများပြည်သူကို မေလ ၂၈ရက် ကြာသာပတေးနေ့ မှစတင်ပြီး ဝန်ဆောင်မှုပေးကာ ပြေးဆွဲပေးမှာ ဖြစ်ပါတယ်။
လိမ္မော်ရောင် ဆိုက်ကယ်လိုင်း ဟာ တလိုင်းလုံး မြေအောက်မှာပဲ ရှိတဲ့ ရထားလိုင်း ဖြစ်ပြီး ဘူတာပေါင်း ၂၉ ဘူတာနဲ့ အရှည် ၃၃.၃ ကီလိုမီတာ ရှည်လျှားမှာ ဖြစ်ပါတယ်။ ဒိုဘီဂေါက်ဘူတာ ကနေ စတင်ကာ ဟားဘားဖရန် ့ဘူတာမှာ အဆုံးသတ်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ယခု ဖွင့်လှစ်လိုက်တဲ့ ပထမလမ်းပိုင်း မှာတော့ ၅ကီလိုမီတာ အရှည်နဲ့ ဘူတာ ၅ ဘူတာပဲ ဝန်ဆောင်မှု ပေးနိုင်ဦးမှာ ဖြစ်ပါတယ်။ ဆိုက်ကယ်လိုင်းကို လမ်းပိုင်း ၅ ပိုင်းခွဲခြား တည်ဆောက်နေတာဖြစ်ပါတယ်။
မနက်ဖြန်ခါ မေလ ၂၈ မှာ အများပြည်သူတွေ အတွက် စတင်ဖွင့်လှစ်မယ့် လမ်းပိုင်းဟာ အနီလိုင်းအနီး မှာ ရှိတဲ့ မေရီမောင့် ဘူတာကနေ စပြီး ဘိရှန်း၊ လိုရောင်ချွန်၊ ဆရီရန်ဂွန်း နဲ့ ဘာတလီ ဘူတာမှာ ဂိတ်ဆုံးမှာ ဖြစ်ပါတယ်။ လာမယ့် စက်တင်ဘာလမှာ အကုန်လုံးနီးပါး ပြီးစီးမယ် လို ့မျှော်လင့်ကြောင်း LTA က ထုတ်ပြန်သွားပါတယ်။
အခုဖွင့်လှစ်တဲ့ ပထမအဆင့် လမ်းပိုင်းမှာ တရက်ကို ခရီးသည် ငါးသောင်းခွဲလောက် စီးနင်းကြမယ်လို ့ မျှော်လင့်ထားကြောင်းနဲ့ တလိုင်းလုံး ပြီးစီးပါက တရက်ကို ခရီးသည် ငါးသိန်းခန့် စီးနင်းနိုင်မယ် လို ့မျှော်လင့်ထားကြောင်းကိုလည်း SMRT က သတင်းထုတ်ပြန်ထားပါတယ်။
အခုလက်ရှိ ခရမ်းရောင် လိုင်းနဲ့ ဈေးနှုန်းအတူတူ ယူထားတဲ့ လိမ္မော်ရောင် ဆိုက်ကယ်လိုင်းမှာ လည်း ခရမ်းရောင် လိုင်းက ရထားလိုမျိုး တွေကိုပဲ သုံးထားပါတယ်။ တခုထူးခြားတာက ရထားတစီးကို တွဲ သုံးတွဲပဲ ပါမှာ ဖြစ်ပါတယ်။ ရထားတစီးလုံး ခရီးသည် ၉၃၁ဦး စီးနင်းလိုက်ပါနိုင်မှာ ဖြစ်ပြီး ထိုင်ခုံ ၁၄၈ ခုံ ပါရှိမှာ ဖြစ်ပါတယ်။ အဲ့ဒီ ရထားတွဲတွေကို ပြင်သစ်နိုင်ငံက Alstom Metropolis က တည်ဆောက်ပေးထားတဲ့ Alstom Metropolis C830 မော်ဒယ် ရထားတွေ ဖြစ်ပြီး တနာရီကို အမြန်ဆုံး ကီလို ၉၀ မောင်းနှင်နိုင်မှာဖြစ်ပါတယ်။
အဲ့ဒီ ရထားတွေကို ရပ်နားထိန်းသိမ်းဖို ့ရာအတွက် ကမ်ဘာ့အကြီးဆုံး မြေအောက် ရထားရပ်နား ပြုပြင် ထိန်းသိမ်းရေး စခန်း Kim Chuan Depot ကိုလည်း မတ်လ ၄ ရက်နေ့ကမှ တရားဝင် ဖွင့်လှစ်ထားတာဖြစ်ပါတယ်။ အဲ့ဒီ Kim Chuan Depot ကို စင်ကာပူဒေါ်လာ ၂၉၇ သန်း အကုန်အကျခံ တည်ဆောက်ထားတာဖြစ်ပြီး စံညွှန်းပြည့် လုံခြုံရေး စံနစ်တွေ တပ်ဆင်ထားတယ်လို ့ သိရပါတယ်။
ဒုတိယ အဆင့်အနေနဲ့ နောက်ထပ် ၆ ဘူတာ မကြာခင်မှာ ဖွင့်ဦးမယ်လို ့ သိရပြီး အဆိုပါဘူတာများကတော့ (Dhoby Ghaut, Bras Basah, Esplanade, Promenade, Stadium and Tai Seng) ဘူတာများဖြစ်မယ်လို ့ နီးစပ်သူတွေက ခန့်မှန်းထားကြပါတယ်။ လိမ္မော်ရောင် ဆိုက်ကယ်လိုင်း တလိုင်းလုံး ပြီးစီးသွားတဲ့အခါ ကမ်ဘာ့ အရှည်ဆုံးမောင်းသူမဲ့ အလိုအလျှောက်ထိန်းကျောင်း သွားတဲ့ ရထားလိုင်း အဖြစ် မှတ်တမ်း ဝင်မှာဖြစ်ပါတယ်။
တကယ်လို့ ၂၀၀၄ ခုနှစ် ဧပြီလက နီးကိုလ်းဟိုင်းဝေး သာ မပြိုကျခဲ့ရင် အခုထက် စောပြီး ၂၀၀၆ ခုနှစ်မှာ ပထမ အဆင့် ကို အသုံးပြု ဝန်ဆောင်မှု ပေးနိုင်မှာပါ။ ဒါပေမယ့် မူလ စီမံကိန်းအတိုင်း လာမယ့် နှစ်မှာ လိမ္မော်ရောင် စီစီအယ် တလိုင်းလုံးကို အပြီးသတ် ဖွင့်လှစ်မှာ ဖြစ်ပါကြောင်း။
ညီမူရာ ...
အချက်အလက်များကို
ဝီကီ
အယ်တီအေ
အက်စ်အမ်အာတီ
SMRT မြေပုံအသစ်
ရထားတွဲများ
ကင်ချွမ်ဒီပို ့
photos from: wiki and smrt
| Share |
ဆော့ဝဲလ် တွေ ထုတ်လုပ်မှု နည်းစနစ်တို ့ ထုံးစံအတိုင်း ဝင်းဒိုး ဆဲဗင်း (Windows 7) ဟာလည်း (beta) ဘီတာ ပြီးတော့ (RC) အာစီ ထွက်သွားပါပြီ။ မိုက်ခရိုဆော့ ရဲ့ လူသိပ်မကြိုက်တဲ့ ဗစ်စတာ ကို စတင်ရောင်းချပြီး သုံးနှစ်အကြာ ၂၀၀၉ ခုနှစ်ရဲ့ မေလ ၅ ရက်နေ့မှာ Windows 7 Release Candidate ကို မည်သူကိုမဆို ဒေါင်းလုပ် ဆွဲချ အသုံးပြုခွင့် ပေးလိုက်ပါပြီ။
အာစီ တို ့ရဲ့ မူအတိုင်း တကယ်ထုတ်လုပ် ရောင်းချတော့မယ် နောက်ဆုံး ဗားရှင်းမှာ ပါမယ့် လုပ်ဆောင်ချက်တွေ ကို မြင်တွေ ့ရမှာ ဖြစ်ပါတယ်။ ဝင်းဒိုး ဆဲဗင်း အာစီကို ၁နှစ်အခမဲ့ ပေးသုံးမှာဖြစ်ပြီး နောက်ဆုံးရောင်းချမယ့် ဗားရှင်းကို အမေရိကန် ဟောလီးဒေး ရာသီ လို ့ တင်စားခေါ်ဝေါ်ကြတဲ့ အမေရိကန် လွတ်လပ်ရေးနေ့ ဂျူလိုင် ၄ရက် ပိတ်ရက်ရှည် ရာသီ ဝန်းကျင် နားမှာ ရောင်းချလိမ့်မယ်လို ့လည်း ကျွမ်းကျင်သူတွေက ခန့်မှန်းကြပါတယ်။
ဝင်းဒိုးဆဲဗင်း အာစီ ကို ၂၀၁၀ ဇွန်လ ၁ ရက် အထိ ၁ နှစ်စွန်းစွန်း အခမဲ့ ပေးသုံးမှာ ဖြစ်ပါတယ်။ အထူး သတိထားရမှာ ကတော့ အာစီ သုံးစွဲနေသူတွေ အနေတဲ့ ၂၀၁၀ ခု မတ်လ ၁ ရက်နေ ့မှ စလို ့ ၂ နာရီ တခါ ရီစတတ် ကျသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ၂၀၁၀ မတ်လ ၁ ရက် နေ့ မတိုင်ခင် အာစီ သုံးစွဲနေသူတွေ အဖို ့ ပုံမှန် ဝင်းဒိုးတခု ကို ပြန်ပြီး အင်စတော (install) လုပ်ဖို ့ လိုမှာဖြစ်ပါတယ်။
မိုက်ခရိုဆော့ က အခု ဝင်းဒိုးဆဲဗင်း အာစီကို အင်္ဂလိပ်၊ ဂျာမန်၊ ဂျပန်၊ ပြင်သစ် နဲ့ စပိန် ဆိုပြီး ဘာသာ စကား ၅ မျိုးနဲ့ ဖြန့်ချိလိုက်တာ ဖြစ်ပါတယ်။ ဝင်းဒိုး ရဲ့ အော်တိုမစ်တစ် အပ်ဒိတ် (windows automatic update) ကို ဖွင့်ထားပါလို ့လည်း အထူးတိုက်တွန်းထားပါတယ်။
ဝင်းဒိုး ဆဲဗင်း အာစီ ကို သုံးမယ့် စက်တွေ အတွက် အနည်းဆုံး ဟာ့ဝဲလ် လိုအပ်ချက်တွေကတော့
Processor - 1 Ghz and above (for 32 bit OS or for 64 bit OS)
Memory - 1 GB of RAM (for 32-bit OS); 2 GB of RAM (for 64-bit OS)
Hard Disk - 16 GB (for 32-bit OS); 20 GB (for 64-bit OS)
Graphic - DirectX 9 graphics processor with WDDM 1.0 or higher driver
ဝင်းဒိုး ဆဲဗင်း အာစီ နှင့် အတူ ဝင်းဒိုးဆဲဗင်း ရဲ့ ဆာဗာ ဗားရှင်းဖြစ်တဲ့ ဝင်းဒိုးဆာဗာ ၂၀၀၈ အာ-၂ အာစီ (Windows Server 2008 R2 RC) ကိုလည်း ဒေါင်းလုပ် ရယူနိုင်ကြပြီဖြစ်ပါတယ်။ ဝင်းဒိုး ဆဲဗင်း အာစီ နဲ့ ဆာဗာ၂၀၀၈ အာ-၂ ကို ဒေါင်းလုပ် ကန့်သတ် မထားတာကြောင့် လိုင်စင် ကီး ကို အာစီ ဗားရှင်းတွေ သတ်တမ်းမကုန်မီ အထိ အခမဲ့ ကြိုက်သလောက် ထုတ်ယူ သုံးစွဲ နိုင်မှာ ဖြစ်ပါတယ်။
ဗစ်စတာကို မကြိုက်တဲ့ သူတွေ ထဲမှာ စာရေးသူလည်း ပါတော့ ဆဲဗင်းကို ပဲ စမ်းသုံးကြည့်ချင် နေပါတယ်။ ဖြစ်နိုင်ရင် ဗစ်စတာထက် ပေါ့တဲ့ winXP ကို ပဲ ဆက် သုံးချင်တာပါ။ အခု ဝင်းဒိုးဆဲဗင်းက အိပ်စ်ပီ လိုမျိုး ဟာ့ဒ်ဝဲလ် အနိမ့်တွေမှာလည်း သုံးလို ့ရမယ်ဆိုလို ့ မဆိုးဘူးလို ့ပဲ တွေးမိပါတယ်။ အိပ်စ်ပီ လိုမျိုး ပေါ့ပြီး ဗစ်စတာလို လှပ လုံခြုံစေရမယ်လို ့ ကြွေးကြော်ထားတဲ့ မိုက်ခရိုဆော့ ရဲ့ မျိုးဆက်သစ် ဝင်းဒိုးဆဲဗင်း ကို စမ်းသုံးကြည့်ရင်း စာရှူသူ တွေလည်း ဝါသနာပါပြီး လုပ်တတ်ကိုင်တတ် ရင်ဖြင့် စမ်းသုံးကြည့်ပါဦးလားလို့ တိုက်တွန်းရင်း မေးလိုက်ပါတယ်။
ညီမူရာ ...
ဝင်းဒိုးဆဲဗင်း အကြောင်းကို မိုက်ခရိုဆော့ရဲ့ ဝင်းဒိုးဆဲဗင်း ဘလော့မှာ ဖတ်နိုင်ပါတယ်။ Windows 7
ဝင်းဒိုးဆဲဗင်း အာစီ ဒေါင်းလုပ် ဒီမှာ ရယူနိုင်တယ်။ Windows 7 Release Candidate
ဝင်းဒိုးဆဲဗင်း ဆာဗာ ဖြစ်တဲ့ ဝင်းဒိုးဆာဗာ ၂၀၀၈ အာတူး အာစီ ကို ဒီမှာ ဒေါင်းလုပ် ရယူနိုင်ပါတယ်။
ဝင်းဒိုး ဆဲဗင်း ရဲ ့ အစမ်း ဘီတာ ဗားရှင်း
သဘောကျဆဲ ကြွေလွင့်တော့မည် ့ windows XP
၂၄ သြဂုတ် ၂၀၀၁ ခုနှစ်မှာ အပြီးသတ်ကာ ၂၅ အောက်တိုဘာ ၂၀၀၁ မှာ စတင်ဖြန်ချိ ခဲ့တဲ့ ဆယ်စုနှစ် တစုနီးပါး အောင်မြင်ကျော်ကြား လူကြိုက်များနေဆဲ winXP ကို
Extended အထောက်အပံ့ ပေးမည့် နောက်ဆုံးရက် ဧပြီလ ၈ ရက် ၂၀၁၄
hotfixes နောက်ဆုံး အထောက်အပံ့ ပေးမည့် ရက် - ၁၄ ဂျူလိုင် ၂၀၀၉
ဆားဗစ်ပက် ၂ ကို အထောက်အပံ့ပေးမည့် နောက်ဆုံးရက် - ၁၃ ဂျူလိုင် ၂၀၁၀
Release Candidate အာစီ ကို စကားလုံး အကျစ်ဆုံးနဲ့ ဘယ်လို ဘာသာပြန်ရမှန်း မသိတော့ပါဘူး။ စာရေးသူ သဘောပေါက်သလောက်ကတော့ နောက်ဆုံး ထုတ်လုပ် ဖြန်ချိမည့် အတိုင်း လျာထားခြင်း ခံရတဲ့ အရာပေါ့။ (နောက်ဆုံး ဖြန့်ချိမည် ပုံအတိုင်းပေါ့) ဒါက မြန်မာလို နားလည် သလောက်ပါ။
...
| Share |

ဒီလထဲမှာ စင်ကာပူ အခွန်ဦးစီး (IRAS) ကနေပြီးတော့ Income Tax အခွန်တွေ စတောင်းနေပါပြီ။ အများအားဖြင့် ရှေ့လ မကုန်ခင် အခွန်ပေးဆောင်ဖို ့ လည်းနိုးဆော်ထားပါတယ်။ စင်ကာပူ အစိုးရ ကိုရော မြန်မာအစိုးရကိုပါ အခွန်ထမ်းရတဲ့ စာရေးသူတို ့အဖို ့ကတော့ သိပ်မချောင်ပါဘူး။ ဒါပေမယ့်လည်း သိကြတဲ့ အတိုင်း စလုံးအစိုးရကို ပေးရတဲ့ အခွန်က နည်းပါတယ်။
ပေးရတဲ့ အခွန်က နည်းတယ်ဆိုပေမယ့် လည်း ငွေအပိုသိပ်မရှိတတ်လို့ များသားလို ့ ဆိုရမလိုပါပဲ။ ဒါပေမယ့် ဒီလမကုန်ခင် DBS ဒါမှမဟုတ် POSB ဘဏ်အကောင့်ရှိသူတွေအတွက် GIRO နဲ့ ၁၂ လပိုင်းဖြတ်ပြီး အခွန်ကို လီပြီး သွင်းနိုင်မယ့် အခွင့်အရေးကို ပရိုမိုးရှင်း လုပ်နေပါတယ်။ သံရုံးကို နှစ်စဉ် ပေးရတဲ့ အခွန်ထက် နည်းတဲ့ အပြင် အခုလို လစဉ်ပိုင်းပြီး သွင်းနိုင်လို ့ တော်သေးတယ် လို ့ ဆိုရမလိုပါပဲ။ တခါတည်း လုံးခနဲ ပေးရတာ ထက်စာရင် အခုလို လစဉ် ပေးရတော့ သက်တောင့်သက်သာနဲ့ ပေးနိုင်တာပေါ့။ သိလိုသူများ ဒီနေရာမှာ အသေးစိတ် ဖတ်နိုင်ပါတယ်။
အဲ့ဒီလင့်ခ်မှာ သူတို ့ ပြောထားတဲ့ အတိုင်း လုပ်ပြီး ပေးရမယ့် လစ်မစ် (Payment Limit) ကို သုည သာ ထည့်ပေးလိုက်ပါ။ ပြီးရင် IRAS ရဲ့ အတည်ပြုမှုကို စောင့်ရုံပါပဲ IRAS က အတည်ပြုပြီး စုစုပေါင်း ကျသင့်တဲ့ အခွန်ကို ၁၂ နဲ့ စားပြီး လစဉ် ငွေဘယ်လောက်ကို ဘယ်ရက်မှာ ဖြတ်မယ် ဆိုတာ လုပ်သွားပါလိမ့်မယ်။ သူတို ့ လုပ်စရာရှိတာကို လုပ်သွားတာကို ကိုယ့်အခွန်ငွေကို ကြည့်လို ့ရတဲ့ IRAS mytax portal အင်တာနက်စာမျက်နှာမှာ လစဉ် ပိုင်းဖြတ်ငွေကို ပေါ်လာပြီ ဆိုတာနဲ့ သိနိုင်ပါတယ်။
စာရေးသူက အရင်နှစ်က အခွန်ကို တခါတည်း လုံးခနဲ့ ပေးလိုက်ပြီးမှ နောင်တရလို ့၊ ဒီနှစ်တော့ GIRO နဲ့ ပိုင်းပေးဖို ့ ဆုံးဖြတ်လိုက်တာပါ။ ရုတ်တရက် လုပ်နေမကျလို ့သူငယ်ချင်း တယောက်ကိုတောင် လှမ်းမေးရပါသေးတယ်။
IRAS အခွန်ကို သက်တောင့်သက်သာ နဲ့ ပေးနိုင်ကြပါစေလို ့ ဆန္ဒပြုလျှက်
ညီမူရာ...
| Share |
Latest information of SwineFlu status in Singapore
WHO Phase of pandemic alert : 5 as of 30 Apr 09 GMT+8
Singapore Alert Status : Orange as of 30 Apr 09 GMT+8
Number of confirmed cases in Singapore : 0 as of 4 May 09 GMT+8
ALERT ORANGE: Virus becoming increasingly better adapted to humans but may not yet be fully transmissible, requiring close contact with an index case. Larger clusters appear in one or two places outside Singapore but a pandemic has not yet been declared.
Useful links and Website:
Situation in Singapore by Ministry of Health (Singapore)
Development of H1N1 in Singapore by Raffles Medical Group
Influenza A (H1N1) aka Swine Flu Updates www.swineflu.sg
စင်္ကာပူ အစိုးရ တာဝန်ရှိသူတွေ၊ ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေ နဲ့ အခြားက အချိန်နဲ့အမျှ ဖော်ပြပေးနေတဲ့ အင်တာနက် စာမျက်နှာတွေကို ဖော်ပြလိုက်ပါတယ်။ အောက်ဆုံးက ဆွိုင်းဖလူး ဆိုဒ်ကတော့ မြေပုံလေးနဲ့ ဖော်ပြပေးပြီး အချို့ သတင်းတွေကို လည်း လင့်ခ်ပေးထားလို ့ ပိုအဆင်ပြေတာပေါ့။
မည်သူမဆို ကိုယ်ခံအားကောင်းပြီး ခံနိုင်ရည်တွေ တိုးတက်နိုင်ကြပါစေလို ့
ညီမူရာ
| Share |
ဒီကနေ ့ ကစပြီး စင်ကာပူအစိုးရ ရဲ ့ ရုံးတော်တော်များများမှာ ဆွိုင်းဖလူး နဲ့ ပက်သက်တဲ့ ကြိုတင်ကာကွယ်ရေးတွေ လုပ်ဆောင်လာပါတယ်။ လိမ္မော်ရောင် အဆင့် ပြင်းထန်မှု နံပါတ် ၅ လို ့ သတ်မှတ် ထားတဲ့အတွက် ကြိုတင် ကာကွယ်ရေးတွေ လုပ်ဆောင် လာတာ မဆန်းပါဘူး။
အစိုးရ ရုံးတော်တော်များများ ရဲ ့ အဝင်ဝမှာ လုံခြုံရေးတွေက နာမည်၊ အိုင်စီ၊ ဒီရကိပိုင်း ဖျားသလား၊ မက်ဆီကို နဲ့ ရောဂါဖြစ်ပွားနေတဲ့ ဒေသတွေ သွားဖူးလား၊ အတူနေသူတွေ ထဲမှာ အပြင်းဖျားနေသူတွေ ရှိလား စသဖြင့် ရေးသွင်းရတဲ့ ပုံစံစာရွက်လေးတွေ ဖြည့်ခိုင်းပြီး ကိုယ်အပူချိန်ကို နားတွင်းအပူချိန်တိုင်း ကိရိယာနဲ့ တိုင်းပြီး ပုံစံစာရွက်ပေါ်ရေးသွင်း မှတ်တမ်းယူထားပါတယ်။
နောက်ပြီး အများသုံး သန့်စင်ခန်းတွေမှာလည်း ကျန်းမာရေးမြင့်တင်ရေး ဘုတ်အဖွဲ့ ရဲ့ ပညာပေး စာစောင်တွေ (အထူးသဖြင့် လက်ကို ဘယ်လို စင်ကြယ်စွာ ဆေးရမယ်ဆိုတဲ့ ပညာပေး နံရံကပ်) ပိုစတာတွေနဲ့ ပညာပေးထားပါတယ်။
Prevent Infection, Wash Your Hand (E/M) (from www.hpb.gov.sg) download link
အိမ်နီးချင်း နိုင်ငံတခုခုမှာ ကူးစက် ပျံပွားလာမယ် ဆိုရင်လည်း နယ်စပ် ဘော်ဒါတွေကို ပိတ်နိုင်တယ် ဆိုတဲ့ ကောလဟာလ များလည်း ပျံ ့နေပါတယ်။
ယူအန်ဒီပီက ဖြန့်ဝေပါတယ်ဆိုတဲ့ အိပ်ခ်ျဝမ်း အန်ဝမ်း ကာကွယ်ရေး မြန်မာလို ရေးသား ထားတဲ့ လက်ကမ်း ပညာပေး စာတစောင်လည်း အီးမေးကနေ ရရှိထား လို ့ ဒီမှာပါ ထပ်ပြီး မျှဝေလိုက်ပါတယ်။
H1N1 Pendamic Flu Broucher (UNDP Myanmar) scridb Link
အားလုံး ကြိုတင်ကာကွယ်ခြင်းဖြင့် ဘေးကင်းကြပါစေ။
ညီမူရာ ...
| Share |
မေလ ၁ ရက်နေ ့ မှာ မြန်မာ့အလင်း နဲ့ ကြေးမုံ သတင်းစာများမှာ ကျန်းမာရေးဝန်ကြီး ဌာနက ငါးပိ နှင့် ပတ်သက်ပြီး အများပြည်သူ တွေကို အသိပေး ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ ကင်ဆာဖြစ်စေနိုင်သော အနီရောင် ဆိုးဆေးများ သုံးထားတဲ့ စိမ်းစားငါးပိ နှင့် အခြား ငါးပိများပါဝင်ပါတယ်။
မေလ ၁ ရက်နေ့ ထုတ် မြန်မာ့အလင်း သတင်းစာ စာမျက်နှာ ၁၀ နဲ့ ကြေးမုံ သတင်းစာ စာမျက်နှာ ၇ ပါကြေညာချက် အပြည့်အစုံကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
ငါးပိ နှင့်် ပတ်သက်၍ အများပြည်သူ သိရှိနိုင်ရန် အသိပေးကြေညာချက်
နေပြည်တော် ဧပြီ ၃၀
ကျန်းမာရေးဝန်ကြီးဌာနသည် အရည်အသွေး စစ်မှန်ကောင်းမွန်ပြီး ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်များကို အများပြည်သူတို့ စားသုံးနိုင်ရန် စဉ်ဆက်မပြတ် စစ်ဆေးလျက်ရှိသည်။
ငါးပိရောင်းဝယ်ရေးလုပ်ငန်းများနှင့် ဈေးကွက်များရှိ ငါးပိနှင့် ငါးပိထောင်းများကို ဓာတ်ခွဲစစ်ဆေးရာ အစားအသောက်တွင် သုံးစွဲရန် ခွင့်မပြုသော အနီရောင်ဆိုးဆေး (Rhodamine B ) ပါဝင်မှုကို တွေ့ရှိသည်။
စားသုံးရန် မသင့်
Rhodamine B သည် ချည်၊ သိုးမွေး၊ ပိုးထည်၊ စက္ကူ၊ သားရေများကို အရောင်ဆိုးသော ဓာတုပစ္စည်းဖြစ်ပြီး ရောဂါပိုးရှာဖွေရာတွင် အသုံးပြုသည့် ဓာတ်ခွဲခန်းသုံး ဆိုးဆေးလည်း ဖြစ်သည်။ ငါးပိများကို ဆေးဆိုးရခြင်းမှာ အညိုရောင်ငါးပိကို ပန်းရောင် အဖြစ် အမြင်လှစေရန်ဖြစ်သည်။ Rhodamine B ကို စားသုံးမိပါက အစာအိမ် အူလမ်းကြောင်း ရောင်ရမ်းခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ ဦးနှောက်အာရုံကြော ထိုင်းမှိုင်းခြင်း စသော လတ်တလော ဆိုးကျိုးများကို ဖြစ်ပေါ်စေပြီး ရေရှည်တွင် ကင်ဆာရောဂါ ဖြစ်စေ ခြင်းကြောင့်၊ Rhodamine B ပါဝင်သော ငါးပိများသည် စားသုံးရန် မသင့်ကြောင်း နှိုးဆော်အပ်ပါသည်။
အရေးယူမည်
ငါးပိ ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချသူများသည် အစားအသောက်တွင် သုံးစွဲရန် ခွင့်မပြုသော ဓာတုဆိုးဆေးများကို လုံး၀ အသုံးမပြုရန်နှင့် လိုက်နာဆောင်ရွက်ခြင်း မရှိပါက သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းက အမျိုးသား အစားအသောက် ဥပဒေ ပုဒ်မ၂၈(က)အရ တရားစွဲဆို အရေးယူမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။
အစားအသောက်တွင် သုံးရန်ခွင့်မပြုသည့် ဆိုးဆေး Rhodamine B ပါဝင်သော စိမ်းစားငါးပိနှင့် ငါးပိထောင်း အမှတ်တံဆိပ်များ
၁။ အောင်သူဇ မြိတ်ငါးပိ ပါဝင်မှုရှိ
၂။ ပြည့်ပြည့် မြိတ်ငါးပိ ပါဝင်မှုရှိ
၃။ ဒေါ်အေးမြ(မြိတ်) မြိတ်စိမ်းစားငါးပိ ပါဝင်မှုရှိ
မြိတ်ငါးပိကင် ပါဝင်မှုရှိ
မြိတ်ငါးပိထောင်းချဉ်စပ် ပါဝင်မှုရှိ
၄။ စွမ်း မြိတ်ပုစွန်ငါးပိ ပါဝင်မှုရှိ
၅။ ကင်းမွန် အဆင့်မြင့်စိမ်းစားငါးပိ ပါဝင်မှုရှိ
၆။ အောင်စိုးမိုး မြိတ်စိမ်းစားပုစွန်ငါးပိ ပါဝင်မှုရှိ
၇။ ရွှေပုစွန် ငါးပိ ပါဝင်မှုရှိ
၈။ ကောင်းမှကောင်း မြိတ်ငါးပိ ပါဝင်မှုရှိ
၉။ ဒေါ်သိန်းခင် မြိတ်ငါးပိ ပါဝင်မှုရှိ
၁၀။ ပွင့်ဦး ရခိုင်ငါးပိထောင်း ပါဝင်မှုရှိ
၁၁။ သိင်္ဂီ မြိတ်ပုစွန်ငါးပိထောင်း ပါဝင်မှုရှိ
၁၂။ မရွှေမိုး ပုစွန်ငါးပိထောင်း ပါဝင်မှုရှိ
၁၃။ အမေ့လက်ရာ ရွှေမြိတ်ငါးပိဖျော် ပါဝင်မှုရှိ
ရွှေမြိတ်ငါးပိထောင်း ပါဝင်မှုရှိ
ငါးပိထောင်း ပါဝင်မှုရှိ
၁၄။ စိုး မြိတ်ငါးပိထောင်း ပါဝင်မှုရှိ
၁၅။ ပင်ပျိုရွက်နု ပုစွန်ငါးပိထောင်း ပါဝင်မှုရှိ
မရန်းသီးငါးပိထောင်း ပါဝင်မှုရှိ
ရခိုင်ငါးပိထောင်း ပါဝင်မှုရှိ
ရွှေငါးပိထောင်း ပါဝင်မှုရှိ
၁၆။ တုံတုံ ပုစွန်ငါးပိထောင်း ပါဝင်မှုရှိ
၁၇။ ကျော်ခန့် ပုစွန်ငါးပိထောင်း ပါဝင်မှုရှိ
၁၈။ ပိုင်ပိုင် ပုစွန်ငါးပိထောင်း ပါဝင်မှုရှိ
၁၉။ ဖိုးခွားလေး ငါးပိထောင်း ပါဝင်မှုရှိ
၂၀။ အရီးတောင်း ငါးပိထောင်း ပါဝင်မှုရှိ
၂၁။ မီဆိုရာ မြိတ်မျှင်ငါးပိရှယ် ပါဝင်မှုရှိ
၂၂။ ရွှေမြိတ်သူ မြိတ်မျှင်ငါးပိ ပါဝင်မှုရှိ
၂၃။ မိ ရခိုင်ငါးပိထောင်း ပါဝင်မှုရှိ
၂၄။ ရွှေပုလဲ ကြက်သားငါးပိထောင်း ပါဝင်မှုရှိ
၂၅။ စိုးပွဲရုံ အောင်မျှင်သန့် စိမး်စားငါးပိ ပါဝင်မှုရှိ
ဝင်းမျှင် စိမ်းစားငါးပိ ပါဝင်မှုရှိ
၂၆။ ဦးမောင်ငယ်ပွဲရုံ လင်း/၆၈၈ စိမ်းစားငါးပိ ပါဝင်မှုရှိ
K-L ၆၇၇ စိမ်းစားငါးပိ ပါဝင်မှုရှိ
ဝင်းချို ၅၅၁ စိမ်းစားငါးပိ ပါဝင်မှုရှိ
Top ၆၈၃ စိမ်းစားငါးပိ ပါဝင်မှုရှိ
PK ၆၈၇ စိမ်းစားငါးပိ ပါဝင်မှုရှိ
ပိုင် ၆၈၀ စိမ်းစားငါးပိ ပါဝင်မှုရှိ
T လင်း ၆၈၅ စိမ်းစားငါးပိ ပါဝင်မှုရှိ
လင်းချို ၅၅၄ စိမ်းစားငါးပိ ပါဝင်မှုရှိ
၂၇။ စိန် မေတ္တာပွဲရုံ ဘိုမစိမ်းစားငါးပိ ပါဝင်မှုရှိ
လင်းစိမ်းစားငါးပိ ပါဝင်မှုရှိ
T စိမ်းစားငါးပိ ပါဝင်မှုရှိ
Top စိမ်းစားငါးပိ - ပါဝင်မှုမရှိ
Super စိမ်းစားငါးပိ - ပါဝင်မှုမရှိ
၂၈။ တိုးပွား ပွဲရုံ မြင့်စိမ်းစားငါပိ ပါဝင်မှုရှိ
လင်းချို အောက်စစိမ်းစားငါးပိ ပါဝင်မှုရှိ
Super စိမ်းစားငါးပိ ပါဝင်မှုရှိ
လင်းချို စိမ်းစားငါးပိ ပါဝင်မှုရှိ
ညီချိုထိုးမြိတ် စိမ်းစားငါးပိ ပါဝင်မှုရှိ
တိုးဇင် စိမ်းစားငါးပိ ပါဝင်မှုရှိ
A1 (မြိတ်) စိမ်းစားငါးပိ ပါဝင်မှုရှိ
မာချောင်းသား (မြိတ်)စိမ်းစားငါးပိ ပါဝင်မှုရှိ
ဇင်ဝင်း(မြိတ်) စိမ်းစားငါးပိ ပါဝင်မှုရှိ
WA (မြိတ်) စိမ်းစားငါးပိ ပါဝင်မှုရှိ
ချိုရှယ်(မြိတ်) စိမ်းစားငါးပိ ပါဝင်မှုရှိ
ဇင်မွှေးချို(မြိတ်) စိမ်းစားငါးပိ ပါဝင်မှုရှိ
KKK စိမ်းစားငါးပိ ပါဝင်မှုရှိ
AAA စိမ်းစားငါးပိ ပါဝင်မှုရှိ
ကောင်းကောင်းမျှင်သန့် စိမ်းစားငါးပိ ပါဝင်မှုရှိ
ကောင်းထက်စိမ်းစားငါးပိ ပါဝင်မှုရှိ
ဟိန်းရှယ်စိမ်းစားငါးပိ ပါဝင်မှုရှိ
ထိုက်စိမ်းစားငါးပိ ပါဝင်မှုရှိ
ပီတိ စိမ်းစားငါးပိ ပါဝင်မှုရှိ
ချောစိမ်းစားငါးပိ ပါဝင်မှုရှိ
ရွှေဝါစိမ်းစားငါးပိ ပါဝင်မှုရှိ
နှင်းရှယ်စိမ်းစားငါးပိ ပါဝင်မှုရှိ
ထွန်းတောက် စိမ်းစားငါးပိ ပါဝင်မှုရှိ
နေလ စိမ်းစားငါးပိ ပါဝင်မှုရှိ
ခိုင်ဂါး စိမ်းစားငါးပိ ပါဝင်မှုရှိ
နီလာ စိမ်းစားငါးပိ ပါဝင်မှုရှိ
နုချိုမွေး စိမ်းစားငါးပိ ပါဝင်မှုရှိ
အေတောင်း စိမ်းစားငါးပိ ပါဝင်မှုရှိ
ချိုမွှေး စိမ်းစားငါးပိ - ပါဝင်မှုမရှိ
မြတ် စိမ်းစားငါးပိ - ပါဝင်မှုမရှိ
2K ချို စိမ်းစားငါးပိ - ပါဝင်မှုမရှိ
ဖြူရှယ် စိမ်းစားငါးပိ - ပါဝင်မှုမရှိ
မျိုး စိမ်းစားငါးပိ - ပါဝင်မှုမရှိ
၂၉။ ကောင်းမှကောင်း
(ဒေါ်ဝင်းမြင့် ပွဲရုံ) စိမ်းစားငါးပိ ပါဝင်မှုရှိ
အောင်လှိုင်ရွာ(စိမ်းစားငါးပိ - ပါဝင်မှုမရှိ
၃၀။ မြိတ်ပတ္တမြားပွဲရုံ စိန်နှင့်ရှေ့ဖျားစိမ်းစားငါးပိ ပါဝင်မှုရှိ
ဖြိုးနောက်မီး စိမ်းစားငါးပိ ပါဝင်မှုရှိ
မျိုးစားချို နောက်မီးစိမ်းစားငါးပိ ပါဝင်မှုရှိ
၂၂ မျှင်သန်ချိုနောက်မီးစိမ်းစားငါးပိ - ပါဝင်မှုမရှိ
၃၁။ ရွှေပြည်သစ်် ပွဲရုံ ငွေယမုံ စိမ်းစားငါးပိ ပါဝင်မှုရှိ
ဇော်ဂါး စိမ်းစားငါးပိ ပါဝင်မှုရှိ
မာန် စိမ်းစားငါးပိ - ပါဝင်မှုမရှိ
သန့်ဇော် စိမ်းစားငါးပိ - ပါဝင်မှုမရှိ
ခင် စိမ်းစားငါးပိ - ပါဝင်မှုမရှိ
S မသခ စိမ်းစားငါးပိ - ပါဝင်မှုမရှိ
၃၂။ နဒီ ဧရာပွဲရုံ တနင်္သာရီတိုင်း TYW စိမ်းစားငါးပိ ပါဝင်မှုရှိ
ဧရာ၀တီသိန်း စိမ်းစားငါးပိ - ပါဝင်မှုမရှိ
ဧရာ၀တီတိုင်းကြယ်သုံးလုံးစိမ်းစားငါးပိ - ပါဝင်မှုမရှိ
ဧရာ၀တီတိုင်းအင်တာ စိမ်းစားငါးပိ - ပါဝင်မှုမရှိ
ဧရာ၀တီတိုင်းမြောင် စိမ်းစားငါးပိ - ပါဝင်မှုမရှိ
၃၃။ ထိုက်ထိုက် ငါးပိထောင်း - ပါဝင်မှုမရှိ
၃၄။ ရှင်းသန့် ငါးပိထောင်း - ပါဝင်မှုမရှိ
၃၅။ ရွှေနဂါး မြိတ်ပုစွန်ငါးပိ - ပါဝင်မှုမရှိ
၃၆။ ဇီးချိုင် လက်ထောင်းရခိုင်မျှင်ငါးပိ - ပါဝင်မှုမရှိ
၃၇။ အင်ကြင်း ပုစွန်ငါးပိထောင်း - ပါဝင်မှုမရှိ
အမြင်ရှင်းရှင်း ကြည့်လိုလျှင် ဟိုးအောက်ဖက်နားတွင် ကြည့်နိုင်ပါသည်။
အစားအသောက်တွင် သုံးရန်ခွင့်မပြုသည့် ဆိုးဆေး Rhodamine B ပါဝင်သော စိမ်းစားငါးပိ နှင့် ငါးပိထောင်း အမှတ်တံဆိပ်များစဉ် အမှတ်တံဆိပ်/လုပ်ငန်း ငါးပိအမျိုးအစား Rhodamine B
ပါဝင်မှု ရှိRhodamine B
ပါဝင်မှုမရှိ၁။ အောင်သူဇ မြိတ်ငါးပိ ပါဝင်မှုရှိ ၂။ ပြည့်ပြည့် မြိတ်ငါးပိ ပါဝင်မှုရှိ ၃။ ဒေါ်အေးမြ(မြိတ်) မြိတ်စိမ်းစားငါးပိ ပါဝင်မှုရှိ မြိတ်ငါးပိကင် ပါဝင်မှုရှိ မြိတ်ငါးပိထောင်းချဉ်စပ် ပါဝင်မှုရှိ ၄။ စွမ်း မြိတ်ပုစွန်ငါးပိ ပါဝင်မှုရှိ ၅။ ကင်းမွန် အဆင့်မြင့်စိမ်းစားငါးပိ ပါဝင်မှုရှိ ၆။ အောင်စိုးမိုး မြိတ်စိမ်းစားပုစွန်ငါးပိ ပါဝင်မှုရှိ ၇။ ရွှေပုစွန် ငါးပိ ပါဝင်မှုရှိ ၈။ ကောင်းမှကောင်း မြိတ်ငါးပိ ပါဝင်မှုရှိ ၉။ ဒေါ်သိန်းခင် မြိတ်ငါးပိ ပါဝင်မှုရှိ ၁၀။ ပွင့်ဦး ရခိုင်ငါးပိထောင်း ပါဝင်မှုရှိ ၁၁။ သိင်္ဂီ မြိတ်ပုစွန်ငါးပိထောင်း ပါဝင်မှုရှိ ၁၂။ မရွှေမိုး ပုစွန်ငါးပိထောင်း ပါဝင်မှုရှိ ၁၃။ အမေ့လက်ရာ ရွှေမြိတ်ငါးပိဖျော် ပါဝင်မှုရှိ ရွှေမြိတ်ငါးပိထောင်း ပါဝင်မှုရှိ ငါးပိထောင်း ပါဝင်မှုရှိ ၁၄။ စိုး မြိတ်ငါးပိထောင်း ပါဝင်မှုရှိ ၁၅။ ပင်ပျိုရွက်နု ပုစွန်ငါးပိထောင်း ပါဝင်မှုရှိ မရန်းသီးငါးပိထောင်း ပါဝင်မှုရှိ ရခိုင်ငါးပိထောင်း ပါဝင်မှုရှိ ရွှေငါးပိထောင်း ပါဝင်မှုရှိ ၁၆။ တုံတုံ ပုစွန်ငါးပိထောင်း ပါဝင်မှုရှိ ၁၇။ ကျော်ခန့် ပုစွန်ငါးပိထောင်း ပါဝင်မှုရှိ ၁၈။ ပိုင်ပိုင် ပုစွန်ငါးပိထောင်း ပါဝင်မှုရှိ ၁၉။ ဖိုးခွားလေး ငါးပိထောင်း ပါဝင်မှုရှိ ၂၀။ အရီးတောင်း ငါးပိထောင်း ပါဝင်မှုရှိ ၂၁။ မီဆိုရာ မြိတ်မျှင်ငါးပိရှယ် ပါဝင်မှုရှိ ၂၂။ ရွှေမြိတ်သူ မြိတ်မျှင်ငါးပိ ပါဝင်မှုရှိ ၂၃။ မိ ရခိုင်ငါးပိထောင်း ပါဝင်မှုရှိ ၂၄။ ရွှေပုလဲ ကြက်သားငါးပိထောင်း ပါဝင်မှုရှိ ၂၅။ စိုးပွဲရုံ အောင်မျှင်သန့် စိမး်စားငါးပိ ပါဝင်မှုရှိ ဝင်းမျှင် စိမ်းစားငါးပိ ပါဝင်မှုရှိ ၂၆။ ဦးမောင်ငယ်ပွဲရုံ လင်း/၆၈၈ စိမ်းစားငါးပိ ပါဝင်မှုရှိ K-L ၆၇၇ စိမ်းစားငါးပိ ပါဝင်မှုရှိ ဝင်းချို ၅၅၁ စိမ်းစားငါးပိ ပါဝင်မှုရှိ Top ၆၈၃ စိမ်းစားငါးပိ ပါဝင်မှုရှိ PK ၆၈၇ စိမ်းစားငါးပိ ပါဝင်မှုရှိ ပိုင် ၆၈၀ စိမ်းစားငါးပိ ပါဝင်မှုရှိ T လင်း ၆၈၅ စိမ်းစားငါးပိ ပါဝင်မှုရှိ လင်းချို ၅၅၄ စိမ်းစားငါးပိ ပါဝင်မှုရှိ ၂၇။ စိန် မေတ္တာပွဲရုံ ဘိုမစိမ်းစားငါးပိ ပါဝင်မှုရှိ လင်းစိမ်းစားငါးပိ ပါဝင်မှုရှိ T စိမ်းစားငါးပိ ပါဝင်မှုရှိ Top စိမ်းစားငါးပိ - ပါဝင်မှုမရှိ Super စိမ်းစားငါးပိ - ပါဝင်မှုမရှိ ၂၈။ တိုးပွား ပွဲရုံ မြင့်စိမ်းစားငါပိ ပါဝင်မှုရှိ လင်းချို အောက်စစိမ်းစားငါးပိ ပါဝင်မှုရှိ Super စိမ်းစားငါးပိ ပါဝင်မှုရှိ လင်းချို စိမ်းစားငါးပိ ပါဝင်မှုရှိ ညီချိုထိုးမြိတ် စိမ်းစားငါးပိ ပါဝင်မှုရှိ တိုးဇင် စိမ်းစားငါးပိ ပါဝင်မှုရှိ A1 (မြိတ်) စိမ်းစားငါးပိ ပါဝင်မှုရှိ မာချောင်းသား (မြိတ်)စိမ်းစားငါးပိ ပါဝင်မှုရှိ ဇင်ဝင်း(မြိတ်) စိမ်းစားငါးပိ ပါဝင်မှုရှိ WA (မြိတ်) စိမ်းစားငါးပိ ပါဝင်မှုရှိ ချိုရှယ်(မြိတ်) စိမ်းစားငါးပိ ပါဝင်မှုရှိ ဇင်မွှေးချို(မြိတ်) စိမ်းစားငါးပိ ပါဝင်မှုရှိ KKK စိမ်းစားငါးပိ ပါဝင်မှုရှိ AAA စိမ်းစားငါးပိ ပါဝင်မှုရှိ ကောင်းကောင်းမျှင်သန့် စိမ်းစားငါးပိ ပါဝင်မှုရှိ ကောင်းထက်စိမ်းစားငါးပိ ပါဝင်မှုရှိ ဟိန်းရှယ်စိမ်းစားငါးပိ ပါဝင်မှုရှိ ထိုက်စိမ်းစားငါးပိ ပါဝင်မှုရှိ ပီတိ စိမ်းစားငါးပိ ပါဝင်မှုရှိ ချောစိမ်းစားငါးပိ ပါဝင်မှုရှိ ရွှေဝါစိမ်းစားငါးပိ ပါဝင်မှုရှိ နှင်းရှယ်စိမ်းစားငါးပိ ပါဝင်မှုရှိ ထွန်းတောက် စိမ်းစားငါးပိ ပါဝင်မှုရှိ နေလ စိမ်းစားငါးပိ ပါဝင်မှုရှိ ခိုင်ဂါး စိမ်းစားငါးပိ ပါဝင်မှုရှိ နီလာ စိမ်းစားငါးပိ ပါဝင်မှုရှိ နုချိုမွေး စိမ်းစားငါးပိ ပါဝင်မှုရှိ အေတောင်း စိမ်းစားငါးပိ ပါဝင်မှုရှိ ချိုမွှေး စိမ်းစားငါးပိ - ပါဝင်မှုမရှိ မြတ် စိမ်းစားငါးပိ - ပါဝင်မှုမရှိ 2K ချို စိမ်းစားငါးပိ - ပါဝင်မှုမရှိ ဖြူရှယ် စိမ်းစားငါးပိ - ပါဝင်မှုမရှိ မျိုး စိမ်းစားငါးပိ - ပါဝင်မှုမရှိ ၂၉။ ကောင်းမှကောင်း
(ဒေါ်ဝင်းမြင့် ပွဲရုံ)စိမ်းစားငါးပိ ပါဝင်မှုရှိ အောင်လှိုင်ရွာ(စိမ်းစားငါးပိ - ပါဝင်မှုမရှိ ၃၀။ မြိတ်ပတ္တမြားပွဲရုံ စိန်နှင့်ရှေ့ဖျားစိမ်းစားငါးပိ ပါဝင်မှုရှိ ဖြိုးနောက်မီး စိမ်းစားငါးပိ ပါဝင်မှုရှိ မျိုးစားချို နောက်မီးစိမ်းစားငါးပိ ပါဝင်မှုရှိ ၂၂ မျှင်သန်ချိုနောက်မီးစိမ်းစားငါးပိ - ပါဝင်မှုမရှိ ၃၁။ ရွှေပြည်သစ်် ပွဲရုံ ငွေယမုံ စိမ်းစားငါးပိ ပါဝင်မှုရှိ ဇော်ဂါး စိမ်းစားငါးပိ ပါဝင်မှုရှိ မာန် စိမ်းစားငါးပိ - ပါဝင်မှုမရှိ သန့်ဇော် စိမ်းစားငါးပိ - ပါဝင်မှုမရှိ ခင် စိမ်းစားငါးပိ - ပါဝင်မှုမရှိ S မသခ စိမ်းစားငါးပိ - ပါဝင်မှုမရှိ ၃၂။ နဒီ ဧရာပွဲရုံ တနင်္သာရီတိုင်း TYW စိမ်းစားငါးပိ ပါဝင်မှုရှိ ဧရာ၀တီသိန်း စိမ်းစားငါးပိ - ပါဝင်မှုမရှိ ဧရာ၀တီတိုင်းကြယ်သုံးလုံးစိမ်းစားငါးပိ - ပါဝင်မှုမရှိ ဧရာ၀တီတိုင်းအင်တာ စိမ်းစားငါးပိ - ပါဝင်မှုမရှိ ဧရာ၀တီတိုင်းမြောင် စိမ်းစားငါးပိ - ပါဝင်မှုမရှိ ၃၃။ ထိုက်ထိုက် ငါးပိထောင်း - ပါဝင်မှုမရှိ ၃၄။ ရှင်းသန့် ငါးပိထောင်း - ပါဝင်မှုမရှိ ၃၅။ ရွှေနဂါး မြိတ်ပုစွန်ငါးပိ - ပါဝင်မှုမရှိ ၃၆။ ဇီးချိုင် လက်ထောင်းရခိုင်မျှင်ငါးပိ - ပါဝင်မှုမရှိ ၃၇။ အင်ကြင်း ပုစွန်ငါးပိထောင်း - ပါဝင်မှုမရှိ ကျန်းမာရေး ဝန်ကြီးဌာန
excle file format link (google docs)
လက်ဖက် ပြီးတော့ အခု ငါးပိများပေါ့။ အသည်းစွဲတွေချည်းပါပဲ။
ညီမူရာ
| Share |
လွန်ခဲ့တဲ့ လေးနှစ်၊ မေလ ရဲ့ ညနေခင်းတခုမှာ အဖေက သူများမလိုချင်တဲ့ ကြောင်လေးတကောင် အိမ်ကိုခေါ်လာတယ်။ ဘာလို ့မလိုချင်တာလည်းဆိုတော့ ထုံးစံအတိုင်း အကောင်လုံးမဲနေလို ့တဲ့။ ကိုယ်တွေကလည်း အမှန်အတိုင်းပြောရရင် ငယ်ငယ်တုန်းက ဖတ်ခဲ့တဲ့ စာတွေ အတိုင်း အနက်ရောင်ကြောင် အဖြူတစက်ကလေးမှ မပါတဲ့ကြောင် တကောင်ကို မမွေးချင်မိဘူး။ ဒါနဲ့ပဲ အဖေ့ကို ဝိုင်းပြောကြသေးတယ်။
အဖေကတော့ ရှင်းပြတယ် သူ ့အိမ်က သူများသာ ပေးချင်တာ စိတ်မချဘူး။ ငါတို ့က ကြောင်လည်း ချစ်တယ်၊ အကြီးကောင်ကြီး ၀ဖီးနေတာကိုကြည့်ပြီး ဂရုလည်း စိုက်မယ်ဆိုလို ့ သာ ပေးလိုက်တာ ပြန်ပေးလို ့တော့ မဖြစ်ဘူးတဲ့။ အမေ ကတော့ ပြောပါတယ် အကြီးကောင်တောင် ညိုလွန်းလို ့ ငါမမြင်တာ သူ ့ကျရင်တော့ တက်နင်းမိမလားပဲတဲ့။
အဲ့ဒီ အချိန်မှာ ကိုယ်တွေက ရှင်မွေးလွန်း အမတွေ နှိပ်စက်လို ့ အမ ဆိုတာ မမွေးချင်တဲ့အချိန်၊ ကြောင်ထီးလေးတွေ ကလည်း တောင်းရခက်၊ အကြီးကောင် ကလည်း ၀တုတ်နေတော့ ကြွက်မဖမ်း၊ အကြီးကောင်ကြီးနဲ့ အဖော်ရအောင် ကြောင်လေး နောက်တကောင်လောက်လည်း လိုချင်၊ ဒါနဲ့ပဲ အားလုံး တိုက်ဆိုင်သွားတော့ အဲ့ဒီ ကြောင်မဲလေးကိုပဲ မွေးလိုက်ကြတယ်။ နောက်ပိုင်းကျတော့ ၂ ခါလား မသိ သူ ့အရင် အိမ်က အန်တီကြီး လာလာ ကြည့်သေးတယ်။ ကိုယ်တွေ မိသားစုက တကယ်ချစ်မှန်းသိတော့ အန်တီကြီးလည်း စိတ်ချမ်းသာတယ်တဲ့။
ကို်ယ်တွေ က ကြောင်ဆို သည်းသည်းလှုပ် ချစ်တတ်တာ ဆိုတော့ အမဲလေးမို ့ အစပိုင်းသာ ဘာညာ ဖြစ်နေတာလေ။ နောက်ပိုင်းကျတော့လည်း ချစ်သွားတာပါပဲ။ ကို်ယ်တွေ အိမ်ကလည်း ကြောင်လေး တကောင် မရှိလိုက်နဲ့ လူတိုင်းက နာမည် ပေးတော့တာပါပဲ။ ကြောင်ခမြာလည်း လူတယောက် နာမည် တမျိုးခေါ်နေတော့ ဘယ်နာမည် မှတ်ရမှန်း မသိဖြစ်မလားတောင် မပြောတတ်ပါဘူး။
သူ ့ကို အရင် အကြီးကောင်ကြီး နာမည်နဲ့ လိုက်အောင် နာမည်တခုကို ရွေးပြီး ပေးလိုက်ကြတယ်။ အဖေကတော့ မဲတူးလေးတဲ့။ အမေကတော့ အကြီးကောင်ကြီးကို ကြွက်ဖြတ်ပြေးတာကို ထိုင်ကြည့်တတ်လို့ တခါတလေ ငပေါ လို ့ခေါ်တော့ အခု အမဲလေးကို ငခေါတဲ့။ ကိုယ်တွေကတော့ နာမည်အရင်းလည်း ခေါ်ရဲ့၊ အဖေ နဲ့ အမေတို ့ခေါ်တဲ့ နာမည်တွေကိုလည်း ခေါ်ရဲ့၊ စုံနေတော့တာပါပဲ။
တကယ်က ကိုယ်တွေ ကြောင်မွေးလာတဲ့ သက်တမ်းတလျှောက်မှာ အမဲရောင် ဆိုလို ့ ၂ ကောင်ပဲ မွေးဖူးတာပါ။ ပထမတကောင်က ကွပ်ပျစ်ညပ်လို ့အမြီးကောက် သွားတဲ့ တမ ဆိုတဲ့ တဲ့ ဗိုက်တပြင်လုံး ဖြူပြီး ကျန်တာ နက်နေတဲ့ ကြောင်မလေးရယ်။ အခု ကြောင်မဲလေးရယ် ပေါ့။ တကောင်လုံး မဲနက်နေတဲ့ ကြောင်ဆိုတာ အခု ကြောင်မဲလေးကျမှ စမွေးဖူးတာပါ။
ကြောင်မဲလေး ကို နင့်မှာ ဘယ်နား အဖြူပါလည်း လို ့ လိုက်ရှာကြသေးတယ်၊ နှုတ်ခမ်းမွေးက အစမဲနက်နေပြီး အဖြူတစက်တောင်မှ မပါဘူးလေ။ အဲ့ဒီလို မဲနက်လွနး်တဲ့ အကျိုးဆက်ကတော့ အမေပြောတဲ့အတိုင်း သူ ့ခမြာ ခဏခဏ တက်နင်းမိ ခံရတာတို့ တိုက်မိခံရတာတို ့ပါပဲ။ မီးပျက်တဲ့ ညတွေမှာဆို ပိုဆိုးပါတယ်။ အကြီးကောင်ကြီး ညိုညိုအရောင် တောင်မှ မမြင်ရတာ သူ ့ကျတော့ ပိုဆိုးတာ မဆန်းပါဘူး။ နောက်ပိုင်းကျတော့ သူက လည်သွားပြီ၊ ခုံအောက်တို ့ လူမသွားတဲ့နေရာတို ့မှာ နေတာပါပဲ။
သူ့ကို မြင်မြင်ချင်း ဘယ်သူမှ မချစ်ပေမယ့်။ တခဏအတွင်း အကြီးကောင်ကြီးရော ကိုယ်တွေရော ချစ်သွားကြတယ်။ ကြောင်မဲလေးက နဲနဲကြီးမှ ရောက်လာပေမယ့် လူတော်တော် ယဉ်တယ်။ ခဏလေးနဲ့ ရင်းနှီး သွားပြီး သူ အိမ်လို ဖြစ်သွားတော့တာပါပဲ။ အကြီးကောင်ကြီး က ရောက်ခါစ တစိမ်းဆိုတော့ မကြိုက်ဘူး သူတို ့ မကြာမကြာ ရန်စောင် တတ်ကြတယ်။ ဟိုက အကောင်ကြီးကြီး၊ အမဲလေးက သေးသေး သွယ်သွယ်လေး ဆိုတော့ ထုံးစံအတိုင်းပဲ ငယ်တဲ့ ကောင်က အသံအကျယ်ကြီး အော်ပြီး အသံနဲ့ ခြိမ်းခြောက်တာပေါ့ ။ ကြောင်ပေါက်စလေးသံတောင်မှ မပျောက် တတ််သေးဘူး၊
ကြောင်မဲလေးက သိပ်ကို သိမ်မွေ ့ ပျော့ပြောင်းပါတယ်၊ ပိန်သွယ်သွယ်လေး သိပ်လည်း မထွားဘူး အရမ်းလည်းမ၀ဘူး၊ ရောက်ပြီး ၁ လ ကျော်လောက် ရောက်မှ၊ အကြီးကောင်နဲ့ တည့်သွားတာပေါ့၊ ဟိုကောင်ကြီး အိပ်နေရင် အနား အတင်း တိုးကပ်ပြီးအိပ်တယ်။ အကြီးကောင်ကလည်း မကြိုက်ဘူး သိပ်ရီ ရတာပဲ ကလေးများကြနေတာပဲ။ နောင်တော့လည်း သဘောကောင်းတဲ့ အကြီးကောင်ကြီးက လက်ခံလိုက်တာပဲလေ။ နောက်တော့လည်း သူတို ့တွေ ချစ်ကြည်ရေးရသွားတာ အကြီးကောင်ကြီးရဲ့ ဗိုက်ပေါ်တောင် အမဲလေးက ခေါင်းဦးပြီး အိပ်တတ်သေးတာ။
အစာကွေျးတော့လည်း သူတို့ ၂ ကောင်ဟာ ကိုယ့် ပန်းကန် ကိုယ် ဘယ်တော့မှ မစားဘူး ခဏပဲ စားပြီး၊ သူများ ပန်းကန်ထဲက အစာတွေ သွားစားတော့တာပဲ သူများဟာ ပိုကောင်းတယ် မှတ်တယ် နဲ့ တူပါတယ်။ (တကယ်က တူတူကွေျးတဲ့ ဟာပဲ)။ အမေကတော့ တခါတလေ သူတို ့ကို စိတ်လို လက်ရရှိရင် အကြီးကောင်ကြီး နဲ့ အငယ်ကောင်လေး ဆိုပြီး ခေါ်တယ်လေ။ အခု အမေခေါ်တတ်တဲ့ အကြီးကောင်ကြီး နဲ့ ကြောင်မဲလေး ဆိုပြီးပဲ ရေးလိုက်ပါတယ်။
ကိုယ်တွေက ကြောင် ညိုကျားလေးတွေ အမွေးများတော့ အခုအမဲလေးက အကုန် ထူးဆန်းနေတော့တာပါပဲ။ ကြောင်မဲလေးတွေက အရိုးအဆစ် သွယ်တယ်၊ မတုတ်ဘူး။ ကနွဲ ့ ကလျှ ပိုနိုင်တယ်။ သူတို ့ သွယ်လျ ပုံက ပိန် တာလည်း မဟုတ်ဘူး။ အသားလည်း ကျစ်တယ်။ သူတို ့ အမွှေးက ကျစ်ပြီး တောက်နေတာပဲ။ ဆီလိုမျိုးထွက်သလား ထင်ရတယ်။ ဘာဖြစ်လို ့လည်း ဆိုတော့ အကြီးကောင်ကြီး ဆိုရင် အမွေးက ဖွာတာတာရှိသလောက် သူကျတော့ ကျစ်ပြီး ပြောင်နေတာပါပဲ။ ပထမ အဖြူစပ်တဲ့ အမဲလေးတုန်း ကလည်း အဲ့သလိုပဲ။ ဒါပေမယ့် အဲ့ဒီတုန်းက တကောင်တလေ ဖြစ်တယ် ထင်တာ။ ခုသူ့ ကျမှ ပို သတိထားမိသွားပြီး အခြား အမဲလေးတွေကို လည်း လိုက်ကြည့်မိလို ့လေ။
တကောင်လုံး အမဲ နေတဲ့ ကြောင်မဲလေးတွေ က ဘယ်နေရာက အမဲလေးတွေ ကြည့်ကြည့် တကောင်နဲ့ တကောင် တော်တော် တူပါတယ်။ ကိုယ်လုံး သွယ်မယ် အလျှားရှည်မယ် သိပ်၀လေ ့ ၀ထ မရှိဘူး၊ လမ်းလျှောက်တာ ညင်သာမယ်၊ လမ်းလျှောက်တာ လှပြီး စတိုင်ပိုကျသလားတောင် ထင်ရမယ််။ မျက်နှာတွေက တူတယ် သိပ်လည်းမရှည်သလို သိပ်လည်းပဲ မဝိုင်းဘူး။ သိပ်မွေ ့တယ်လို ့လည်း ဆိုနိုိင်တာကိုး၊ အပူချိန်လည်း အခြားအရောင်တွေ ထက် ပိုမြင့်ပါတယ်။
၂၀၀၅ မေလ လောက်မှာ အိမ်ရောက်တဲ့ ကြောင်မဲလေးက ၂၀၀၆ သြဂုတ်မှာ မြွေကိုက်ခံရပြီး ဆုံးသွားတယ်။ မဆုံးခင် မိုးမိပြီး နေမကောင်းဖြစ်နေသေးတယ် နောက်တော့ အိမ်ပြန်မလာတာ ၂ ရက်လောက်အကြာမှာ ခေါင်းရင်း အိမ်က ဦးလေးကြီးက နင်တို ့အိမ်က ကြောင်အမဲလေး လားမသိဘူး ငါ့တို ့ ခြံနောက်ဖက်မှာ သေနေတယ် ဆိုတော့မှ မြွေကိုက်ခံရပြီး ဆုံးမှန်းသိရတာပါ။ မြွေပေါက်ဒဏ်ရာနဲ့ပေါ့။
အကြီးကောင်ကြီးထက် လေးနှစ်လောက် ငယ်တော့ အကြီးကောင်ကြီးထက် ကြာကြာနေရမယ်ပဲ အောက်မေ့တာ၊ ခုတော့ သူက အရင်ထွက်သွားတယ်။ သတင်း ကြားကြားခြင်းတုန်း က တော်တော်တောင် စိတ်မကောင်း ဖြစ်လိုက်သေးတယ်။ ခဏလေး နဲ့ မြန်မြန် ၀ဠ်ကျွတ်သွားတယ် လို ့ပဲ စိတ်ဖြေရတာပါပဲ။ နောက်ရက်တွေ အကြီးကောင်ကြီးက တညောင်ညောင် အော်ရင်း လိုက်ရှာသေးတယ်ပြောလို ့ စိတ်မကောင်း ထပ်ဖြစ်ရသေးတယ်။ ဒီလိုနဲ့ပဲ ကြောင်မဲလေး လည်း ကို်ယ်တွေ ဘဝထဲက ထွက်ခွာသွားတာပါပဲ။ သူ ့ကြောင့် သာ ကိုယ်တွေက ကြောင်မဲလေးတွေကို စိတ်ဝင်စားပြီး ပိုချစ်တတ်ခဲ့တာကတော့ ငြင်းလို ့မရတဲ့ အမှန်တရား တခုဆိုတာပါပဲ။
ညီမူရာ
အကြီးကောင်ကြီးရော ကြောင်မဲလေးပါ ပေးထားတဲ့ နာမည်လေးတွေ သိပ်လှတယ်၊ ဒါပေမယ့် ထုတ် မရေးဖြစ်တော့ပါဘူး။
| Share |
CBox
| My CBox has been hijacked by some spammer. So, CBox has been removed. Sorry for inconvenience causes. |

