ဆော့ဝဲလ် တွေ ထုတ်လုပ်မှု နည်းစနစ်တို ့ ထုံးစံအတိုင်း ဝင်းဒိုး ဆဲဗင်း (Windows 7) ဟာလည်း (beta) ဘီတာ ပြီးတော့ (RC) အာစီ ထွက်သွားပါပြီ။ မိုက်ခရိုဆော့ ရဲ့ လူသိပ်မကြိုက်တဲ့ ဗစ်စတာ ကို စတင်ရောင်းချပြီး သုံးနှစ်အကြာ ၂၀၀၉ ခုနှစ်ရဲ့ မေလ ၅ ရက်နေ့မှာ Windows 7 Release Candidate ကို မည်သူကိုမဆို ဒေါင်းလုပ် ဆွဲချ အသုံးပြုခွင့် ပေးလိုက်ပါပြီ။

အာစီ တို ့ရဲ့ မူအတိုင်း တကယ်ထုတ်လုပ် ရောင်းချတော့မယ် နောက်ဆုံး ဗားရှင်းမှာ ပါမယ့် လုပ်ဆောင်ချက်တွေ ကို မြင်တွေ ့ရမှာ ဖြစ်ပါတယ်။ ဝင်းဒိုး ဆဲဗင်း အာစီကို ၁နှစ်အခမဲ့ ပေးသုံးမှာဖြစ်ပြီး နောက်ဆုံးရောင်းချမယ့် ဗားရှင်းကို အမေရိကန် ဟောလီးဒေး ရာသီ လို ့ တင်စားခေါ်ဝေါ်ကြတဲ့ အမေရိကန် လွတ်လပ်ရေးနေ့ ဂျူလိုင် ၄ရက် ပိတ်ရက်ရှည် ရာသီ ဝန်းကျင် နားမှာ ရောင်းချလိမ့်မယ်လို ့လည်း ကျွမ်းကျင်သူတွေက ခန့်မှန်းကြပါတယ်။


ဝင်းဒိုးဆဲဗင်း အာစီ ကို ၂၀၁၀ ဇွန်လ ၁ ရက် အထိ ၁ နှစ်စွန်းစွန်း အခမဲ့ ပေးသုံးမှာ ဖြစ်ပါတယ်။ အထူး သတိထားရမှာ ကတော့ အာစီ သုံးစွဲနေသူတွေ အနေတဲ့ ၂၀၁၀ ခု မတ်လ ၁ ရက်နေ ့မှ စလို ့ ၂ နာရီ တခါ ရီစတတ် ကျသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ၂၀၁၀ မတ်လ ၁ ရက် နေ့ မတိုင်ခင် အာစီ သုံးစွဲနေသူတွေ အဖို ့ ပုံမှန် ဝင်းဒိုးတခု ကို ပြန်ပြီး အင်စတော (install) လုပ်ဖို ့ လိုမှာဖြစ်ပါတယ်။

မိုက်ခရိုဆော့ က အခု ဝင်းဒိုးဆဲဗင်း အာစီကို အင်္ဂလိပ်၊ ဂျာမန်၊ ဂျပန်၊ ပြင်သစ် နဲ့ စပိန် ဆိုပြီး ဘာသာ စကား ၅ မျိုးနဲ့ ဖြန့်ချိလိုက်တာ ဖြစ်ပါတယ်။ ဝင်းဒိုး ရဲ့ အော်တိုမစ်တစ် အပ်ဒိတ် (windows automatic update) ကို ဖွင့်ထားပါလို ့လည်း အထူးတိုက်တွန်းထားပါတယ်။

ဝင်းဒိုး ဆဲဗင်း အာစီ ကို သုံးမယ့် စက်တွေ အတွက် အနည်းဆုံး ဟာ့ဝဲလ် လိုအပ်ချက်တွေကတော့
Processor - 1 Ghz and above (for 32 bit OS or for 64 bit OS)
Memory - 1 GB of RAM (for 32-bit OS); 2 GB of RAM (for 64-bit OS)
Hard Disk - 16 GB (for 32-bit OS); 20 GB (for 64-bit OS)
Graphic - DirectX 9 graphics processor with WDDM 1.0 or higher driver

ဝင်းဒိုး ဆဲဗင်း အာစီ နှင့် အတူ ဝင်းဒိုးဆဲဗင်း ရဲ့ ဆာဗာ ဗားရှင်းဖြစ်တဲ့ ဝင်းဒိုးဆာဗာ ၂၀၀၈ အာ-၂ အာစီ (Windows Server 2008 R2 RC) ကိုလည်း ဒေါင်းလုပ် ရယူနိုင်ကြပြီဖြစ်ပါတယ်။ ဝင်းဒိုး ဆဲဗင်း အာစီ နဲ့ ဆာဗာ၂၀၀၈ အာ-၂ ကို ဒေါင်းလုပ် ကန့်သတ် မထားတာကြောင့် လိုင်စင် ကီး ကို အာစီ ဗားရှင်းတွေ သတ်တမ်းမကုန်မီ အထိ အခမဲ့ ကြိုက်သလောက် ထုတ်ယူ သုံးစွဲ နိုင်မှာ ဖြစ်ပါတယ်။

ဗစ်စတာကို မကြိုက်တဲ့ သူတွေ ထဲမှာ စာရေးသူလည်း ပါတော့ ဆဲဗင်းကို ပဲ စမ်းသုံးကြည့်ချင် နေပါတယ်။ ဖြစ်နိုင်ရင် ဗစ်စတာထက် ပေါ့တဲ့ winXP ကို ပဲ ဆက် သုံးချင်တာပါ။ အခု ဝင်းဒိုးဆဲဗင်းက အိပ်စ်ပီ လိုမျိုး ဟာ့ဒ်ဝဲလ် အနိမ့်တွေမှာလည်း သုံးလို ့ရမယ်ဆိုလို ့ မဆိုးဘူးလို ့ပဲ တွေးမိပါတယ်။ အိပ်စ်ပီ လိုမျိုး ပေါ့ပြီး ဗစ်စတာလို လှပ လုံခြုံစေရမယ်လို ့ ကြွေးကြော်ထားတဲ့ မိုက်ခရိုဆော့ ရဲ့ မျိုးဆက်သစ် ဝင်းဒိုးဆဲဗင်း ကို စမ်းသုံးကြည့်ရင်း စာရှူသူ တွေလည်း ဝါသနာပါပြီး လုပ်တတ်ကိုင်တတ် ရင်ဖြင့် စမ်းသုံးကြည့်ပါဦးလားလို့ တိုက်တွန်းရင်း မေးလိုက်ပါတယ်။

ညီမူရာ ...

ဝင်းဒိုးဆဲဗင်း အကြောင်းကို မိုက်ခရိုဆော့ရဲ့ ဝင်းဒိုးဆဲဗင်း ဘလော့မှာ ဖတ်နိုင်ပါတယ်။ Windows 7
ဝင်းဒိုးဆဲဗင်း အာစီ ဒေါင်းလုပ် ဒီမှာ ရယူနိုင်တယ်။ Windows 7 Release Candidate
ဝင်းဒိုးဆဲဗင်း ဆာဗာ ဖြစ်တဲ့ ဝင်းဒိုးဆာဗာ ၂၀၀၈ အာတူး အာစီ ကို ဒီမှာ ဒေါင်းလုပ် ရယူနိုင်ပါတယ်။

ဝင်းဒိုး ဆဲဗင်း ရဲ ့ အစမ်း ဘီတာ ဗားရှင်း

သဘောကျဆဲ ကြွေလွင့်တော့မည် ့ windows XP
၂၄ သြဂုတ် ၂၀၀၁ ခုနှစ်မှာ အပြီးသတ်ကာ ၂၅ အောက်တိုဘာ ၂၀၀၁ မှာ စတင်ဖြန်ချိ ခဲ့တဲ့ ဆယ်စုနှစ် တစုနီးပါး အောင်မြင်ကျော်ကြား လူကြိုက်များနေဆဲ winXP ကို
Extended အထောက်အပံ့ ပေးမည့် နောက်ဆုံးရက် ဧပြီလ ၈ ရက် ၂၀၁၄
hotfixes နောက်ဆုံး အထောက်အပံ့ ပေးမည့် ရက် - ၁၄ ဂျူလိုင် ၂၀၀၉
ဆားဗစ်ပက် ၂ ကို အထောက်အပံ့ပေးမည့် နောက်ဆုံးရက် - ၁၃ ဂျူလိုင် ၂၀၁၀


Release Candidate အာစီ ကို စကားလုံး အကျစ်ဆုံးနဲ့ ဘယ်လို ဘာသာပြန်ရမှန်း မသိတော့ပါဘူး။ စာရေးသူ သဘောပေါက်သလောက်ကတော့ နောက်ဆုံး ထုတ်လုပ် ဖြန်ချိမည့် အတိုင်း လျာထားခြင်း ခံရတဲ့ အရာပေါ့။ (နောက်ဆုံး ဖြန့်ချိမည် ပုံအတိုင်းပေါ့) ဒါက မြန်မာလို နားလည် သလောက်ပါ။
...

Share




ဒီလထဲမှာ စင်ကာပူ အခွန်ဦးစီး (IRAS) ကနေပြီးတော့ Income Tax အခွန်တွေ စတောင်းနေပါပြီ။ အများအားဖြင့် ရှေ့လ မကုန်ခင် အခွန်ပေးဆောင်ဖို ့ လည်းနိုးဆော်ထားပါတယ်။ စင်ကာပူ အစိုးရ ကိုရော မြန်မာအစိုးရကိုပါ အခွန်ထမ်းရတဲ့ စာရေးသူတို ့အဖို ့ကတော့ သိပ်မချောင်ပါဘူး။ ဒါပေမယ့်လည်း သိကြတဲ့ အတိုင်း စလုံးအစိုးရကို ပေးရတဲ့ အခွန်က နည်းပါတယ်။

ပေးရတဲ့ အခွန်က နည်းတယ်ဆိုပေမယ့် လည်း ငွေအပိုသိပ်မရှိတတ်လို့ များသားလို ့ ဆိုရမလိုပါပဲ။ ဒါပေမယ့် ဒီလမကုန်ခင် DBS ဒါမှမဟုတ် POSB ဘဏ်အကောင့်ရှိသူတွေအတွက် GIRO နဲ့ ၁၂ လပိုင်းဖြတ်ပြီး အခွန်ကို လီပြီး သွင်းနိုင်မယ့် အခွင့်အရေးကို ပရိုမိုးရှင်း လုပ်နေပါတယ်။ သံရုံးကို နှစ်စဉ် ပေးရတဲ့ အခွန်ထက် နည်းတဲ့ အပြင် အခုလို လစဉ်ပိုင်းပြီး သွင်းနိုင်လို ့ တော်သေးတယ် လို ့ ဆိုရမလိုပါပဲ။ တခါတည်း လုံးခနဲ ပေးရတာ ထက်စာရင် အခုလို လစဉ် ပေးရတော့ သက်တောင့်သက်သာနဲ့ ပေးနိုင်တာပေါ့။ သိလိုသူများ ဒီနေရာမှာ အသေးစိတ် ဖတ်နိုင်ပါတယ်။

အဲ့ဒီလင့်ခ်မှာ သူတို ့ ပြောထားတဲ့ အတိုင်း လုပ်ပြီး ပေးရမယ့် လစ်မစ် (Payment Limit) ကို သုည သာ ထည့်ပေးလိုက်ပါ။ ပြီးရင် IRAS ရဲ့ အတည်ပြုမှုကို စောင့်ရုံပါပဲ IRAS က အတည်ပြုပြီး စုစုပေါင်း ကျသင့်တဲ့ အခွန်ကို ၁၂ နဲ့ စားပြီး လစဉ် ငွေဘယ်လောက်ကို ဘယ်ရက်မှာ ဖြတ်မယ် ဆိုတာ လုပ်သွားပါလိမ့်မယ်။ သူတို ့ လုပ်စရာရှိတာကို လုပ်သွားတာကို ကိုယ့်အခွန်ငွေကို ကြည့်လို ့ရတဲ့ IRAS mytax portal အင်တာနက်စာမျက်နှာမှာ လစဉ် ပိုင်းဖြတ်ငွေကို ပေါ်လာပြီ ဆိုတာနဲ့ သိနိုင်ပါတယ်။

စာရေးသူက အရင်နှစ်က အခွန်ကို တခါတည်း လုံးခနဲ့ ပေးလိုက်ပြီးမှ နောင်တရလို ့၊ ဒီနှစ်တော့ GIRO နဲ့ ပိုင်းပေးဖို ့ ဆုံးဖြတ်လိုက်တာပါ။ ရုတ်တရက် လုပ်နေမကျလို ့သူငယ်ချင်း တယောက်ကိုတောင် လှမ်းမေးရပါသေးတယ်။


IRAS အခွန်ကို သက်တောင့်သက်သာ နဲ့ ပေးနိုင်ကြပါစေလို ့ ဆန္ဒပြုလျှက်

ညီမူရာ...

Share

Latest information of SwineFlu status in Singapore

WHO Phase of pandemic alert : 5 as of 30 Apr 09 GMT+8
Singapore Alert Status : Orange as of 30 Apr 09 GMT+8
Number of confirmed cases in Singapore : 0 as of 4 May 09 GMT+8


ALERT ORANGE: Virus becoming increasingly better adapted to humans but may not yet be fully transmissible, requiring close contact with an index case. Larger clusters appear in one or two places outside Singapore but a pandemic has not yet been declared.


Useful links and Website:

Situation in Singapore by Ministry of Health (Singapore)
Development of H1N1 in Singapore by Raffles Medical Group
Influenza A (H1N1) aka Swine Flu Updates www.swineflu.sg


စင်္ကာပူ အစိုးရ တာဝန်ရှိသူတွေ၊ ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေ နဲ့ အခြားက အချိန်နဲ့အမျှ ဖော်ပြပေးနေတဲ့ အင်တာနက် စာမျက်နှာတွေကို ဖော်ပြလိုက်ပါတယ်။ အောက်ဆုံးက ဆွိုင်းဖလူး ဆိုဒ်ကတော့ မြေပုံလေးနဲ့ ဖော်ပြပေးပြီး အချို့ သတင်းတွေကို လည်း လင့်ခ်ပေးထားလို ့ ပိုအဆင်ပြေတာပေါ့။

မည်သူမဆို ကိုယ်ခံအားကောင်းပြီး ခံနိုင်ရည်တွေ တိုးတက်နိုင်ကြပါစေလို ့
ညီမူရာ

Share


ဒီကနေ ့ ကစပြီး စင်ကာပူအစိုးရ ရဲ ့ ရုံးတော်တော်များများမှာ ဆွိုင်းဖလူး နဲ့ ပက်သက်တဲ့ ကြိုတင်ကာကွယ်ရေးတွေ လုပ်ဆောင်လာပါတယ်။ လိမ္မော်ရောင် အဆင့် ပြင်းထန်မှု နံပါတ် ၅ လို ့ သတ်မှတ် ထားတဲ့အတွက် ကြိုတင် ကာကွယ်ရေးတွေ လုပ်ဆောင် လာတာ မဆန်းပါဘူး။

အစိုးရ ရုံးတော်တော်များများ ရဲ ့ အဝင်ဝမှာ လုံခြုံရေးတွေက နာမည်၊ အိုင်စီ၊ ဒီရကိပိုင်း ဖျားသလား၊ မက်ဆီကို နဲ့ ရောဂါဖြစ်ပွားနေတဲ့ ဒေသတွေ သွားဖူးလား၊ အတူနေသူတွေ ထဲမှာ အပြင်းဖျားနေသူတွေ ရှိလား စသဖြင့် ရေးသွင်းရတဲ့ ပုံစံစာရွက်လေးတွေ ဖြည့်ခိုင်းပြီး ကိုယ်အပူချိန်ကို နားတွင်းအပူချိန်တိုင်း ကိရိယာနဲ့ တိုင်းပြီး ပုံစံစာရွက်ပေါ်ရေးသွင်း မှတ်တမ်းယူထားပါတယ်။

နောက်ပြီး အများသုံး သန့်စင်ခန်းတွေမှာလည်း ကျန်းမာရေးမြင့်တင်ရေး ဘုတ်အဖွဲ့ ရဲ့ ပညာပေး စာစောင်တွေ (အထူးသဖြင့် လက်ကို ဘယ်လို စင်ကြယ်စွာ ဆေးရမယ်ဆိုတဲ့ ပညာပေး နံရံကပ်) ပိုစတာတွေနဲ့ ပညာပေးထားပါတယ်။

broucher from www.hpb.gov.sg

Prevent Infection, Wash Your Hand (E/M) (from www.hpb.gov.sg) download link

အိမ်နီးချင်း နိုင်ငံတခုခုမှာ ကူးစက် ပျံပွားလာမယ် ဆိုရင်လည်း နယ်စပ် ဘော်ဒါတွေကို ပိတ်နိုင်တယ် ဆိုတဲ့ ကောလဟာလ များလည်း ပျံ ့နေပါတယ်။

ယူအန်ဒီပီက ဖြန့်ဝေပါတယ်ဆိုတဲ့ အိပ်ခ်ျဝမ်း အန်ဝမ်း ကာကွယ်ရေး မြန်မာလို ရေးသား ထားတဲ့ လက်ကမ်း ပညာပေး စာတစောင်လည်း အီးမေးကနေ ရရှိထား လို ့ ဒီမှာပါ ထပ်ပြီး မျှဝေလိုက်ပါတယ်။

H1N1 Pendamic Flu Broucher (UNDP Myanmar) scridb Link

အားလုံး ကြိုတင်ကာကွယ်ခြင်းဖြင့် ဘေးကင်းကြပါစေ။
ညီမူရာ ...

Share

မေလ ၁ ရက်နေ ့ မှာ မြန်မာ့အလင်း နဲ့ ကြေးမုံ သတင်းစာများမှာ ကျန်းမာရေးဝန်ကြီး ဌာနက ငါးပိ နှင့် ပတ်သက်ပြီး အများပြည်သူ တွေကို အသိပေး ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ ကင်ဆာဖြစ်စေနိုင်သော အနီရောင် ဆိုးဆေးများ သုံးထားတဲ့ စိမ်းစားငါးပိ နှင့် အခြား ငါးပိများပါဝင်ပါတယ်။

မေလ ၁ ရက်နေ့ ထုတ် မြန်မာ့အလင်း သတင်းစာ စာမျက်နှာ ၁၀ နဲ့ ကြေးမုံ သတင်းစာ စာမျက်နှာ ၇ ပါကြေညာချက် အပြည့်အစုံကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

ငါးပိ နှင့်် ပတ်သက်၍ အများပြည်သူ သိရှိနိုင်ရန် အသိပေးကြေညာချက်

နေပြည်တော် ဧပြီ ၃၀
ကျန်းမာရေးဝန်ကြီးဌာနသည် အရည်အသွေး စစ်မှန်ကောင်းမွန်ပြီး ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်များကို အများပြည်သူတို့ စားသုံးနိုင်ရန် စဉ်ဆက်မပြတ် စစ်ဆေးလျက်ရှိသည်။
ငါးပိရောင်းဝယ်ရေးလုပ်ငန်းများနှင့် ဈေးကွက်များရှိ ငါးပိနှင့် ငါးပိထောင်းများကို ဓာတ်ခွဲစစ်ဆေးရာ အစားအသောက်တွင် သုံးစွဲရန် ခွင့်မပြုသော အနီရောင်ဆိုးဆေး (Rhodamine B ) ပါဝင်မှုကို တွေ့ရှိသည်။

စားသုံးရန် မသင့်
Rhodamine B သည် ချည်၊ သိုးမွေး၊ ပိုးထည်၊ စက္ကူ၊ သားရေများကို အရောင်ဆိုးသော ဓာတုပစ္စည်းဖြစ်ပြီး ရောဂါပိုးရှာဖွေရာတွင် အသုံးပြုသည့် ဓာတ်ခွဲခန်းသုံး ဆိုးဆေးလည်း ဖြစ်သည်။ ငါးပိများကို ဆေးဆိုးရခြင်းမှာ အညိုရောင်ငါးပိကို ပန်းရောင် အဖြစ် အမြင်လှစေရန်ဖြစ်သည်။ Rhodamine B ကို စားသုံးမိပါက အစာအိမ် အူလမ်းကြောင်း ရောင်ရမ်းခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ ဦးနှောက်အာရုံကြော ထိုင်းမှိုင်းခြင်း စသော လတ်တလော ဆိုးကျိုးများကို ဖြစ်ပေါ်စေပြီး ရေရှည်တွင် ကင်ဆာရောဂါ ဖြစ်စေ ခြင်းကြောင့်၊ Rhodamine B ပါဝင်သော ငါးပိများသည် စားသုံးရန် မသင့်ကြောင်း နှိုးဆော်အပ်ပါသည်။

အရေးယူမည်
ငါးပိ ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချသူများသည် အစားအသောက်တွင် သုံးစွဲရန် ခွင့်မပြုသော ဓာတုဆိုးဆေးများကို လုံး၀ အသုံးမပြုရန်နှင့် လိုက်နာဆောင်ရွက်ခြင်း မရှိပါက သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းက အမျိုးသား အစားအသောက် ဥပဒေ ပုဒ်မ၂၈(က)အရ တရားစွဲဆို အရေးယူမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

အစားအသောက်တွင် သုံးရန်ခွင့်မပြုသည့် ဆိုးဆေး Rhodamine B ပါဝင်သော စိမ်းစားငါးပိနှင့် ငါးပိထောင်း အမှတ်တံဆိပ်များ

၁။ အောင်သူဇ မြိတ်ငါးပိ ပါဝင်မှုရှိ
၂။ ပြည့်ပြည့် မြိတ်ငါးပိ ပါဝင်မှုရှိ
၃။ ဒေါ်အေးမြ(မြိတ်) မြိတ်စိမ်းစားငါးပိ ပါဝင်မှုရှိ
မြိတ်ငါးပိကင် ပါဝင်မှုရှိ
မြိတ်ငါးပိထောင်းချဉ်စပ် ပါဝင်မှုရှိ
၄။ စွမ်း မြိတ်ပုစွန်ငါးပိ ပါဝင်မှုရှိ
၅။ ကင်းမွန် အဆင့်မြင့်စိမ်းစားငါးပိ ပါဝင်မှုရှိ
၆။ အောင်စိုးမိုး မြိတ်စိမ်းစားပုစွန်ငါးပိ ပါဝင်မှုရှိ
၇။ ရွှေပုစွန် ငါးပိ ပါဝင်မှုရှိ
၈။ ကောင်းမှကောင်း မြိတ်ငါးပိ ပါဝင်မှုရှိ
၉။ ဒေါ်သိန်းခင် မြိတ်ငါးပိ ပါဝင်မှုရှိ
၁၀။ ပွင့်ဦး ရခိုင်ငါးပိထောင်း ပါဝင်မှုရှိ
၁၁။ သိင်္ဂီ မြိတ်ပုစွန်ငါးပိထောင်း ပါဝင်မှုရှိ
၁၂။ မရွှေမိုး ပုစွန်ငါးပိထောင်း ပါဝင်မှုရှိ
၁၃။ အမေ့လက်ရာ ရွှေမြိတ်ငါးပိဖျော် ပါဝင်မှုရှိ
ရွှေမြိတ်ငါးပိထောင်း ပါဝင်မှုရှိ
ငါးပိထောင်း ပါဝင်မှုရှိ
၁၄။ စိုး မြိတ်ငါးပိထောင်း ပါဝင်မှုရှိ
၁၅။ ပင်ပျိုရွက်နု ပုစွန်ငါးပိထောင်း ပါဝင်မှုရှိ
မရန်းသီးငါးပိထောင်း ပါဝင်မှုရှိ
ရခိုင်ငါးပိထောင်း ပါဝင်မှုရှိ
ရွှေငါးပိထောင်း ပါဝင်မှုရှိ
၁၆။ တုံတုံ ပုစွန်ငါးပိထောင်း ပါဝင်မှုရှိ
၁၇။ ကျော်ခန့် ပုစွန်ငါးပိထောင်း ပါဝင်မှုရှိ
၁၈။ ပိုင်ပိုင် ပုစွန်ငါးပိထောင်း ပါဝင်မှုရှိ
၁၉။ ဖိုးခွားလေး ငါးပိထောင်း ပါဝင်မှုရှိ
၂၀။ အရီးတောင်း ငါးပိထောင်း ပါဝင်မှုရှိ
၂၁။ မီဆိုရာ မြိတ်မျှင်ငါးပိရှယ် ပါဝင်မှုရှိ
၂၂။ ရွှေမြိတ်သူ မြိတ်မျှင်ငါးပိ ပါဝင်မှုရှိ
၂၃။ မိ ရခိုင်ငါးပိထောင်း ပါဝင်မှုရှိ
၂၄။ ရွှေပုလဲ ကြက်သားငါးပိထောင်း ပါဝင်မှုရှိ
၂၅။ စိုးပွဲရုံ အောင်မျှင်သန့် စိမး်စားငါးပိ ပါဝင်မှုရှိ
ဝင်းမျှင် စိမ်းစားငါးပိ ပါဝင်မှုရှိ
၂၆။ ဦးမောင်ငယ်ပွဲရုံ လင်း/၆၈၈ စိမ်းစားငါးပိ ပါဝင်မှုရှိ
K-L ၆၇၇ စိမ်းစားငါးပိ ပါဝင်မှုရှိ
ဝင်းချို ၅၅၁ စိမ်းစားငါးပိ ပါဝင်မှုရှိ
Top ၆၈၃ စိမ်းစားငါးပိ ပါဝင်မှုရှိ
PK ၆၈၇ စိမ်းစားငါးပိ ပါဝင်မှုရှိ
ပိုင် ၆၈၀ စိမ်းစားငါးပိ ပါဝင်မှုရှိ
T လင်း ၆၈၅ စိမ်းစားငါးပိ ပါဝင်မှုရှိ
လင်းချို ၅၅၄ စိမ်းစားငါးပိ ပါဝင်မှုရှိ
၂၇။ စိန် မေတ္တာပွဲရုံ ဘိုမစိမ်းစားငါးပိ ပါဝင်မှုရှိ
လင်းစိမ်းစားငါးပိ ပါဝင်မှုရှိ
T စိမ်းစားငါးပိ ပါဝင်မှုရှိ
Top စိမ်းစားငါးပိ - ပါဝင်မှုမရှိ
Super စိမ်းစားငါးပိ - ပါဝင်မှုမရှိ
၂၈။ တိုးပွား ပွဲရုံ မြင့်စိမ်းစားငါပိ ပါဝင်မှုရှိ
လင်းချို အောက်စစိမ်းစားငါးပိ ပါဝင်မှုရှိ
Super စိမ်းစားငါးပိ ပါဝင်မှုရှိ
လင်းချို စိမ်းစားငါးပိ ပါဝင်မှုရှိ
ညီချိုထိုးမြိတ် စိမ်းစားငါးပိ ပါဝင်မှုရှိ
တိုးဇင် စိမ်းစားငါးပိ ပါဝင်မှုရှိ
A1 (မြိတ်) စိမ်းစားငါးပိ ပါဝင်မှုရှိ
မာချောင်းသား (မြိတ်)စိမ်းစားငါးပိ ပါဝင်မှုရှိ
ဇင်ဝင်း(မြိတ်) စိမ်းစားငါးပိ ပါဝင်မှုရှိ
WA (မြိတ်) စိမ်းစားငါးပိ ပါဝင်မှုရှိ
ချိုရှယ်(မြိတ်) စိမ်းစားငါးပိ ပါဝင်မှုရှိ
ဇင်မွှေးချို(မြိတ်) စိမ်းစားငါးပိ ပါဝင်မှုရှိ
KKK စိမ်းစားငါးပိ ပါဝင်မှုရှိ
AAA စိမ်းစားငါးပိ ပါဝင်မှုရှိ
ကောင်းကောင်းမျှင်သန့် စိမ်းစားငါးပိ ပါဝင်မှုရှိ
ကောင်းထက်စိမ်းစားငါးပိ ပါဝင်မှုရှိ
ဟိန်းရှယ်စိမ်းစားငါးပိ ပါဝင်မှုရှိ
ထိုက်စိမ်းစားငါးပိ ပါဝင်မှုရှိ
ပီတိ စိမ်းစားငါးပိ ပါဝင်မှုရှိ
ချောစိမ်းစားငါးပိ ပါဝင်မှုရှိ
ရွှေဝါစိမ်းစားငါးပိ ပါဝင်မှုရှိ
နှင်းရှယ်စိမ်းစားငါးပိ ပါဝင်မှုရှိ
ထွန်းတောက် စိမ်းစားငါးပိ ပါဝင်မှုရှိ
နေလ စိမ်းစားငါးပိ ပါဝင်မှုရှိ
ခိုင်ဂါး စိမ်းစားငါးပိ ပါဝင်မှုရှိ
နီလာ စိမ်းစားငါးပိ ပါဝင်မှုရှိ
နုချိုမွေး စိမ်းစားငါးပိ ပါဝင်မှုရှိ
အေတောင်း စိမ်းစားငါးပိ ပါဝင်မှုရှိ
ချိုမွှေး စိမ်းစားငါးပိ - ပါဝင်မှုမရှိ
မြတ် စိမ်းစားငါးပိ - ပါဝင်မှုမရှိ
2K ချို စိမ်းစားငါးပိ - ပါဝင်မှုမရှိ
ဖြူရှယ် စိမ်းစားငါးပိ - ပါဝင်မှုမရှိ
မျိုး စိမ်းစားငါးပိ - ပါဝင်မှုမရှိ
၂၉။ ကောင်းမှကောင်း
(ဒေါ်ဝင်းမြင့် ပွဲရုံ) စိမ်းစားငါးပိ ပါဝင်မှုရှိ
အောင်လှိုင်ရွာ(စိမ်းစားငါးပိ - ပါဝင်မှုမရှိ
၃၀။ မြိတ်ပတ္တမြားပွဲရုံ စိန်နှင့်ရှေ့ဖျားစိမ်းစားငါးပိ ပါဝင်မှုရှိ
ဖြိုးနောက်မီး စိမ်းစားငါးပိ ပါဝင်မှုရှိ
မျိုးစားချို နောက်မီးစိမ်းစားငါးပိ ပါဝင်မှုရှိ
၂၂ မျှင်သန်ချိုနောက်မီးစိမ်းစားငါးပိ - ပါဝင်မှုမရှိ
၃၁။ ရွှေပြည်သစ်် ပွဲရုံ ငွေယမုံ စိမ်းစားငါးပိ ပါဝင်မှုရှိ
ဇော်ဂါး စိမ်းစားငါးပိ ပါဝင်မှုရှိ
မာန် စိမ်းစားငါးပိ - ပါဝင်မှုမရှိ
သန့်ဇော် စိမ်းစားငါးပိ - ပါဝင်မှုမရှိ
ခင် စိမ်းစားငါးပိ - ပါဝင်မှုမရှိ
S မသခ စိမ်းစားငါးပိ - ပါဝင်မှုမရှိ
၃၂။ နဒီ ဧရာပွဲရုံ တနင်္သာရီတိုင်း TYW စိမ်းစားငါးပိ ပါဝင်မှုရှိ
ဧရာ၀တီသိန်း စိမ်းစားငါးပိ - ပါဝင်မှုမရှိ
ဧရာ၀တီတိုင်းကြယ်သုံးလုံးစိမ်းစားငါးပိ - ပါဝင်မှုမရှိ
ဧရာ၀တီတိုင်းအင်တာ စိမ်းစားငါးပိ - ပါဝင်မှုမရှိ
ဧရာ၀တီတိုင်းမြောင် စိမ်းစားငါးပိ - ပါဝင်မှုမရှိ
၃၃။ ထိုက်ထိုက် ငါးပိထောင်း - ပါဝင်မှုမရှိ
၃၄။ ရှင်းသန့် ငါးပိထောင်း - ပါဝင်မှုမရှိ
၃၅။ ရွှေနဂါး မြိတ်ပုစွန်ငါးပိ - ပါဝင်မှုမရှိ
၃၆။ ဇီးချိုင် လက်ထောင်းရခိုင်မျှင်ငါးပိ - ပါဝင်မှုမရှိ
၃၇။ အင်ကြင်း ပုစွန်ငါးပိထောင်း - ပါဝင်မှုမရှိ

ကျန်းမာရေး ဝန်ကြီးဌာန


အမြင်ရှင်းရှင်း ကြည့်လိုလျှင် ဟိုးအောက်ဖက်နားတွင် ကြည့်နိုင်ပါသည်။











































































































အစားအသောက်တွင် သုံးရန်ခွင့်မပြုသည့် ဆိုးဆေး Rhodamine B ပါဝင်သော စိမ်းစားငါးပိ နှင့် ငါးပိထောင်း အမှတ်တံဆိပ်များ
စဉ်အမှတ်တံဆိပ်/လုပ်ငန်းငါးပိအမျိုးအစားRhodamine B
ပါဝင်မှု ရှိ
Rhodamine B
ပါဝင်မှုမရှိ
၁။အောင်သူဇမြိတ်ငါးပိ ပါဝင်မှုရှိ
၂။ပြည့်ပြည့် မြိတ်ငါးပိ ပါဝင်မှုရှိ
၃။ဒေါ်အေးမြ(မြိတ်)မြိတ်စိမ်းစားငါးပိပါဝင်မှုရှိ
မြိတ်ငါးပိကင် ပါဝင်မှုရှိ
မြိတ်ငါးပိထောင်းချဉ်စပ်ပါဝင်မှုရှိ
၄။စွမ်းမြိတ်ပုစွန်ငါးပိပါဝင်မှုရှိ
၅။ကင်းမွန်အဆင့်မြင့်စိမ်းစားငါးပိပါဝင်မှုရှိ
၆။အောင်စိုးမိုးမြိတ်စိမ်းစားပုစွန်ငါးပိပါဝင်မှုရှိ
၇။ရွှေပုစွန်ငါးပိပါဝင်မှုရှိ
၈။ကောင်းမှကောင်းမြိတ်ငါးပိပါဝင်မှုရှိ
၉။ဒေါ်သိန်းခင်မြိတ်ငါးပိပါဝင်မှုရှိ
၁၀။ပွင့်ဦးရခိုင်ငါးပိထောင်းပါဝင်မှုရှိ
၁၁။သိင်္ဂီမြိတ်ပုစွန်ငါးပိထောင်းပါဝင်မှုရှိ
၁၂။မရွှေမိုးပုစွန်ငါးပိထောင်းပါဝင်မှုရှိ
၁၃။အမေ့လက်ရာရွှေမြိတ်ငါးပိဖျော်ပါဝင်မှုရှိ
ရွှေမြိတ်ငါးပိထောင်းပါဝင်မှုရှိ
ငါးပိထောင်းပါဝင်မှုရှိ
၁၄။စိုးမြိတ်ငါးပိထောင်းပါဝင်မှုရှိ
၁၅။ပင်ပျိုရွက်နုပုစွန်ငါးပိထောင်းပါဝင်မှုရှိ
မရန်းသီးငါးပိထောင်းပါဝင်မှုရှိ
ရခိုင်ငါးပိထောင်းပါဝင်မှုရှိ
ရွှေငါးပိထောင်းပါဝင်မှုရှိ
၁၆။တုံတုံပုစွန်ငါးပိထောင်းပါဝင်မှုရှိ
၁၇။ကျော်ခန့်ပုစွန်ငါးပိထောင်းပါဝင်မှုရှိ
၁၈။ပိုင်ပိုင်ပုစွန်ငါးပိထောင်းပါဝင်မှုရှိ
၁၉။ဖိုးခွားလေးငါးပိထောင်းပါဝင်မှုရှိ
၂၀။အရီးတောင်းငါးပိထောင်းပါဝင်မှုရှိ
၂၁။မီဆိုရာမြိတ်မျှင်ငါးပိရှယ်ပါဝင်မှုရှိ
၂၂။ရွှေမြိတ်သူမြိတ်မျှင်ငါးပိပါဝင်မှုရှိ
၂၃။မိရခိုင်ငါးပိထောင်းပါဝင်မှုရှိ
၂၄။ရွှေပုလဲကြက်သားငါးပိထောင်းပါဝင်မှုရှိ
၂၅။စိုးပွဲရုံအောင်မျှင်သန့် စိမး်စားငါးပိပါဝင်မှုရှိ
ဝင်းမျှင် စိမ်းစားငါးပိပါဝင်မှုရှိ
၂၆။ဦးမောင်ငယ်ပွဲရုံလင်း/၆၈၈ စိမ်းစားငါးပိပါဝင်မှုရှိ
K-L ၆၇၇ စိမ်းစားငါးပိပါဝင်မှုရှိ
ဝင်းချို ၅၅၁ စိမ်းစားငါးပိပါဝင်မှုရှိ
Top ၆၈၃ စိမ်းစားငါးပိပါဝင်မှုရှိ
PK ၆၈၇ စိမ်းစားငါးပိပါဝင်မှုရှိ
ပိုင် ၆၈၀ စိမ်းစားငါးပိပါဝင်မှုရှိ
T လင်း ၆၈၅ စိမ်းစားငါးပိပါဝင်မှုရှိ
လင်းချို ၅၅၄ စိမ်းစားငါးပိပါဝင်မှုရှိ
၂၇။စိန် မေတ္တာပွဲရုံဘိုမစိမ်းစားငါးပိပါဝင်မှုရှိ
လင်းစိမ်းစားငါးပိပါဝင်မှုရှိ
T စိမ်းစားငါးပိပါဝင်မှုရှိ
Top စိမ်းစားငါးပိ-ပါဝင်မှုမရှိ
Super စိမ်းစားငါးပိ-ပါဝင်မှုမရှိ
၂၈။တိုးပွား ပွဲရုံမြင့်စိမ်းစားငါပိပါဝင်မှုရှိ
လင်းချို အောက်စစိမ်းစားငါးပိပါဝင်မှုရှိ
Super စိမ်းစားငါးပိပါဝင်မှုရှိ
လင်းချို စိမ်းစားငါးပိပါဝင်မှုရှိ
ညီချိုထိုးမြိတ် စိမ်းစားငါးပိပါဝင်မှုရှိ
တိုးဇင် စိမ်းစားငါးပိပါဝင်မှုရှိ
A1 (မြိတ်) စိမ်းစားငါးပိပါဝင်မှုရှိ
မာချောင်းသား (မြိတ်)စိမ်းစားငါးပိပါဝင်မှုရှိ
ဇင်ဝင်း(မြိတ်) စိမ်းစားငါးပိပါဝင်မှုရှိ
WA (မြိတ်) စိမ်းစားငါးပိပါဝင်မှုရှိ
ချိုရှယ်(မြိတ်) စိမ်းစားငါးပိပါဝင်မှုရှိ
ဇင်မွှေးချို(မြိတ်) စိမ်းစားငါးပိပါဝင်မှုရှိ
KKK စိမ်းစားငါးပိပါဝင်မှုရှိ
AAA စိမ်းစားငါးပိပါဝင်မှုရှိ
ကောင်းကောင်းမျှင်သန့် စိမ်းစားငါးပိပါဝင်မှုရှိ
ကောင်းထက်စိမ်းစားငါးပိပါဝင်မှုရှိ
ဟိန်းရှယ်စိမ်းစားငါးပိပါဝင်မှုရှိ
ထိုက်စိမ်းစားငါးပိပါဝင်မှုရှိ
ပီတိ စိမ်းစားငါးပိပါဝင်မှုရှိ
ချောစိမ်းစားငါးပိပါဝင်မှုရှိ
ရွှေဝါစိမ်းစားငါးပိပါဝင်မှုရှိ
နှင်းရှယ်စိမ်းစားငါးပိပါဝင်မှုရှိ
ထွန်းတောက် စိမ်းစားငါးပိပါဝင်မှုရှိ
နေလ စိမ်းစားငါးပိပါဝင်မှုရှိ
ခိုင်ဂါး စိမ်းစားငါးပိပါဝင်မှုရှိ
နီလာ စိမ်းစားငါးပိပါဝင်မှုရှိ
နုချိုမွေး စိမ်းစားငါးပိပါဝင်မှုရှိ
အေတောင်း စိမ်းစားငါးပိပါဝင်မှုရှိ
ချိုမွှေး စိမ်းစားငါးပိ-ပါဝင်မှုမရှိ
မြတ် စိမ်းစားငါးပိ-ပါဝင်မှုမရှိ
2K ချို စိမ်းစားငါးပိ-ပါဝင်မှုမရှိ
ဖြူရှယ် စိမ်းစားငါးပိ-ပါဝင်မှုမရှိ
မျိုး စိမ်းစားငါးပိ-ပါဝင်မှုမရှိ
၂၉။ကောင်းမှကောင်း
(ဒေါ်ဝင်းမြင့် ပွဲရုံ)
စိမ်းစားငါးပိပါဝင်မှုရှိ
အောင်လှိုင်ရွာ(စိမ်းစားငါးပိ-ပါဝင်မှုမရှိ
၃၀။မြိတ်ပတ္တမြားပွဲရုံစိန်နှင့်ရှေ့ဖျားစိမ်းစားငါးပိပါဝင်မှုရှိ
ဖြိုးနောက်မီး စိမ်းစားငါးပိပါဝင်မှုရှိ
မျိုးစားချို နောက်မီးစိမ်းစားငါးပိပါဝင်မှုရှိ
၂၂ မျှင်သန်ချိုနောက်မီးစိမ်းစားငါးပိ-ပါဝင်မှုမရှိ
၃၁။ရွှေပြည်သစ်် ပွဲရုံငွေယမုံ စိမ်းစားငါးပိပါဝင်မှုရှိ
ဇော်ဂါး စိမ်းစားငါးပိပါဝင်မှုရှိ
မာန် စိမ်းစားငါးပိ-ပါဝင်မှုမရှိ
သန့်ဇော် စိမ်းစားငါးပိ-ပါဝင်မှုမရှိ
ခင် စိမ်းစားငါးပိ-ပါဝင်မှုမရှိ
S မသခ စိမ်းစားငါးပိ-ပါဝင်မှုမရှိ
၃၂။နဒီ ဧရာပွဲရုံတနင်္သာရီတိုင်း TYW စိမ်းစားငါးပိပါဝင်မှုရှိ
ဧရာ၀တီသိန်း စိမ်းစားငါးပိ-ပါဝင်မှုမရှိ
ဧရာ၀တီတိုင်းကြယ်သုံးလုံးစိမ်းစားငါးပိ-ပါဝင်မှုမရှိ
ဧရာ၀တီတိုင်းအင်တာ စိမ်းစားငါးပိ-ပါဝင်မှုမရှိ
ဧရာ၀တီတိုင်းမြောင် စိမ်းစားငါးပိ-ပါဝင်မှုမရှိ
၃၃။ထိုက်ထိုက်ငါးပိထောင်း-ပါဝင်မှုမရှိ
၃၄။ရှင်းသန့်ငါးပိထောင်း-ပါဝင်မှုမရှိ
၃၅။ရွှေနဂါးမြိတ်ပုစွန်ငါးပိ-ပါဝင်မှုမရှိ
၃၆။ဇီးချိုင်လက်ထောင်းရခိုင်မျှင်ငါးပိ-ပါဝင်မှုမရှိ
၃၇။အင်ကြင်းပုစွန်ငါးပိထောင်း-ပါဝင်မှုမရှိ
ကျန်းမာရေး ဝန်ကြီးဌာန

excle file format link (google docs)
လက်ဖက် ပြီးတော့ အခု ငါးပိများပေါ့။ အသည်းစွဲတွေချည်းပါပဲ။

ညီမူရာ

Share


လွန်ခဲ့တဲ့ လေးနှစ်၊ မေလ ရဲ့ ညနေခင်းတခုမှာ အဖေက သူများမလိုချင်တဲ့ ကြောင်လေးတကောင် အိမ်ကိုခေါ်လာတယ်။ ဘာလို ့မလိုချင်တာလည်းဆိုတော့ ထုံးစံအတိုင်း အကောင်လုံးမဲနေလို ့တဲ့။ ကိုယ်တွေကလည်း အမှန်အတိုင်းပြောရရင် ငယ်ငယ်တုန်းက ဖတ်ခဲ့တဲ့ စာတွေ အတိုင်း အနက်ရောင်ကြောင် အဖြူတစက်ကလေးမှ မပါတဲ့ကြောင် တကောင်ကို မမွေးချင်မိဘူး။ ဒါနဲ့ပဲ အဖေ့ကို ဝိုင်းပြောကြသေးတယ်။

အဖေကတော့ ရှင်းပြတယ် သူ ့အိမ်က သူများသာ ပေးချင်တာ စိတ်မချဘူး။ ငါတို ့က ကြောင်လည်း ချစ်တယ်၊ အကြီးကောင်ကြီး ၀ဖီးနေတာကိုကြည့်ပြီး ဂရုလည်း စိုက်မယ်ဆိုလို ့ သာ ပေးလိုက်တာ ပြန်ပေးလို ့တော့ မဖြစ်ဘူးတဲ့။ အမေ ကတော့ ပြောပါတယ် အကြီးကောင်တောင် ညိုလွန်းလို ့ ငါမမြင်တာ သူ ့ကျရင်တော့ တက်နင်းမိမလားပဲတဲ့။

အဲ့ဒီ အချိန်မှာ ကိုယ်တွေက ရှင်မွေးလွန်း အမတွေ နှိပ်စက်လို ့ အမ ဆိုတာ မမွေးချင်တဲ့အချိန်၊ ကြောင်ထီးလေးတွေ ကလည်း တောင်းရခက်၊ အကြီးကောင် ကလည်း ၀တုတ်နေတော့ ကြွက်မဖမ်း၊ အကြီးကောင်ကြီးနဲ့ အဖော်ရအောင် ကြောင်လေး နောက်တကောင်လောက်လည်း လိုချင်၊ ဒါနဲ့ပဲ အားလုံး တိုက်ဆိုင်သွားတော့ အဲ့ဒီ ကြောင်မဲလေးကိုပဲ မွေးလိုက်ကြတယ်။ နောက်ပိုင်းကျတော့ ၂ ခါလား မသိ သူ ့အရင် အိမ်က အန်တီကြီး လာလာ ကြည့်သေးတယ်။ ကိုယ်တွေ မိသားစုက တကယ်ချစ်မှန်းသိတော့ အန်တီကြီးလည်း စိတ်ချမ်းသာတယ်တဲ့။

ကို်ယ်တွေ က ကြောင်ဆို သည်းသည်းလှုပ် ချစ်တတ်တာ ဆိုတော့ အမဲလေးမို ့ အစပိုင်းသာ ဘာညာ ဖြစ်နေတာလေ။ နောက်ပိုင်းကျတော့လည်း ချစ်သွားတာပါပဲ။ ကို်ယ်တွေ အိမ်ကလည်း ကြောင်လေး တကောင် မရှိလိုက်နဲ့ လူတိုင်းက နာမည် ပေးတော့တာပါပဲ။ ကြောင်ခမြာလည်း လူတယောက် နာမည် တမျိုးခေါ်နေတော့ ဘယ်နာမည် မှတ်ရမှန်း မသိဖြစ်မလားတောင် မပြောတတ်ပါဘူး။

သူ ့ကို အရင် အကြီးကောင်ကြီး နာမည်နဲ့ လိုက်အောင် နာမည်တခုကို ရွေးပြီး ပေးလိုက်ကြတယ်။ အဖေကတော့ မဲတူးလေးတဲ့။ အမေကတော့ အကြီးကောင်ကြီးကို ကြွက်ဖြတ်ပြေးတာကို ထိုင်ကြည့်တတ်လို့ တခါတလေ ငပေါ လို ့ခေါ်တော့ အခု အမဲလေးကို ငခေါတဲ့။ ကိုယ်တွေကတော့ နာမည်အရင်းလည်း ခေါ်ရဲ့၊ အဖေ နဲ့ အမေတို ့ခေါ်တဲ့ နာမည်တွေကိုလည်း ခေါ်ရဲ့၊ စုံနေတော့တာပါပဲ။

တကယ်က ကိုယ်တွေ ကြောင်မွေးလာတဲ့ သက်တမ်းတလျှောက်မှာ အမဲရောင် ဆိုလို ့ ၂ ကောင်ပဲ မွေးဖူးတာပါ။ ပထမတကောင်က ကွပ်ပျစ်ညပ်လို ့အမြီးကောက် သွားတဲ့ တမ ဆိုတဲ့ တဲ့ ဗိုက်တပြင်လုံး ဖြူပြီး ကျန်တာ နက်နေတဲ့ ကြောင်မလေးရယ်။ အခု ကြောင်မဲလေးရယ် ပေါ့။ တကောင်လုံး မဲနက်နေတဲ့ ကြောင်ဆိုတာ အခု ကြောင်မဲလေးကျမှ စမွေးဖူးတာပါ။

ကြောင်မဲလေး ကို နင့်မှာ ဘယ်နား အဖြူပါလည်း လို ့ လိုက်ရှာကြသေးတယ်၊ နှုတ်ခမ်းမွေးက အစမဲနက်နေပြီး အဖြူတစက်တောင်မှ မပါဘူးလေ။ အဲ့ဒီလို မဲနက်လွနး်တဲ့ အကျိုးဆက်ကတော့ အမေပြောတဲ့အတိုင်း သူ ့ခမြာ ခဏခဏ တက်နင်းမိ ခံရတာတို့ တိုက်မိခံရတာတို ့ပါပဲ။ မီးပျက်တဲ့ ညတွေမှာဆို ပိုဆိုးပါတယ်။ အကြီးကောင်ကြီး ညိုညိုအရောင် တောင်မှ မမြင်ရတာ သူ ့ကျတော့ ပိုဆိုးတာ မဆန်းပါဘူး။ နောက်ပိုင်းကျတော့ သူက လည်သွားပြီ၊ ခုံအောက်တို ့ လူမသွားတဲ့နေရာတို ့မှာ နေတာပါပဲ။

သူ့ကို မြင်မြင်ချင်း ဘယ်သူမှ မချစ်ပေမယ့်။ တခဏအတွင်း အကြီးကောင်ကြီးရော ကိုယ်တွေရော ချစ်သွားကြတယ်။ ကြောင်မဲလေးက နဲနဲကြီးမှ ရောက်လာပေမယ့် လူတော်တော် ယဉ်တယ်။ ခဏလေးနဲ့ ရင်းနှီး သွားပြီး သူ အိမ်လို ဖြစ်သွားတော့တာပါပဲ။ အကြီးကောင်ကြီး က ရောက်ခါစ တစိမ်းဆိုတော့ မကြိုက်ဘူး သူတို ့ မကြာမကြာ ရန်စောင် တတ်ကြတယ်။ ဟိုက အကောင်ကြီးကြီး၊ အမဲလေးက သေးသေး သွယ်သွယ်လေး ဆိုတော့ ထုံးစံအတိုင်းပဲ ငယ်တဲ့ ကောင်က အသံအကျယ်ကြီး အော်ပြီး အသံနဲ့ ခြိမ်းခြောက်တာပေါ့ ။ ကြောင်ပေါက်စလေးသံတောင်မှ မပျောက် တတ််သေးဘူး၊

ကြောင်မဲလေးက သိပ်ကို သိမ်မွေ ့ ပျော့ပြောင်းပါတယ်၊ ပိန်သွယ်သွယ်လေး သိပ်လည်း မထွားဘူး အရမ်းလည်းမ၀ဘူး၊ ရောက်ပြီး ၁ လ ကျော်လောက် ရောက်မှ၊ အကြီးကောင်နဲ့ တည့်သွားတာပေါ့၊ ဟိုကောင်ကြီး အိပ်နေရင် အနား အတင်း တိုးကပ်ပြီးအိပ်တယ်။ အကြီးကောင်ကလည်း မကြိုက်ဘူး သိပ်ရီ ရတာပဲ ကလေးများကြနေတာပဲ။ နောင်တော့လည်း သဘောကောင်းတဲ့ အကြီးကောင်ကြီးက လက်ခံလိုက်တာပဲလေ။ နောက်တော့လည်း သူတို ့တွေ ချစ်ကြည်ရေးရသွားတာ အကြီးကောင်ကြီးရဲ့ ဗိုက်ပေါ်တောင် အမဲလေးက ခေါင်းဦးပြီး အိပ်တတ်သေးတာ။

အစာကွေျးတော့လည်း သူတို့ ၂ ကောင်ဟာ ကိုယ့် ပန်းကန် ကိုယ် ဘယ်တော့မှ မစားဘူး ခဏပဲ စားပြီး၊ သူများ ပန်းကန်ထဲက အစာတွေ သွားစားတော့တာပဲ သူများဟာ ပိုကောင်းတယ် မှတ်တယ် နဲ့ တူပါတယ်။ (တကယ်က တူတူကွေျးတဲ့ ဟာပဲ)။ အမေကတော့ တခါတလေ သူတို ့ကို စိတ်လို လက်ရရှိရင် အကြီးကောင်ကြီး နဲ့ အငယ်ကောင်လေး ဆိုပြီး ခေါ်တယ်လေ။ အခု အမေခေါ်တတ်တဲ့ အကြီးကောင်ကြီး နဲ့ ကြောင်မဲလေး ဆိုပြီးပဲ ရေးလိုက်ပါတယ်။

ကိုယ်တွေက ကြောင် ညိုကျားလေးတွေ အမွေးများတော့ အခုအမဲလေးက အကုန် ထူးဆန်းနေတော့တာပါပဲ။ ကြောင်မဲလေးတွေက အရိုးအဆစ် သွယ်တယ်၊ မတုတ်ဘူး။ ကနွဲ ့ ကလျှ ပိုနိုင်တယ်။ သူတို ့ သွယ်လျ ပုံက ပိန် တာလည်း မဟုတ်ဘူး။ အသားလည်း ကျစ်တယ်။ သူတို ့ အမွှေးက ကျစ်ပြီး တောက်နေတာပဲ။ ဆီလိုမျိုးထွက်သလား ထင်ရတယ်။ ဘာဖြစ်လို ့လည်း ဆိုတော့ အကြီးကောင်ကြီး ဆိုရင် အမွေးက ဖွာတာတာရှိသလောက် သူကျတော့ ကျစ်ပြီး ပြောင်နေတာပါပဲ။ ပထမ အဖြူစပ်တဲ့ အမဲလေးတုန်း ကလည်း အဲ့သလိုပဲ။ ဒါပေမယ့် အဲ့ဒီတုန်းက တကောင်တလေ ဖြစ်တယ် ထင်တာ။ ခုသူ့ ကျမှ ပို သတိထားမိသွားပြီး အခြား အမဲလေးတွေကို လည်း လိုက်ကြည့်မိလို ့လေ။

တကောင်လုံး အမဲ နေတဲ့ ကြောင်မဲလေးတွေ က ဘယ်နေရာက အမဲလေးတွေ ကြည့်ကြည့် တကောင်နဲ့ တကောင် တော်တော် တူပါတယ်။ ကိုယ်လုံး သွယ်မယ် အလျှားရှည်မယ် သိပ်၀လေ ့ ၀ထ မရှိဘူး၊ လမ်းလျှောက်တာ ညင်သာမယ်၊ လမ်းလျှောက်တာ လှပြီး စတိုင်ပိုကျသလားတောင် ထင်ရမယ််။ မျက်နှာတွေက တူတယ် သိပ်လည်းမရှည်သလို သိပ်လည်းပဲ မဝိုင်းဘူး။ သိပ်မွေ ့တယ်လို ့လည်း ဆိုနိုိင်တာကိုး၊ အပူချိန်လည်း အခြားအရောင်တွေ ထက် ပိုမြင့်ပါတယ်။

၂၀၀၅ မေလ လောက်မှာ အိမ်ရောက်တဲ့ ကြောင်မဲလေးက ၂၀၀၆ သြဂုတ်မှာ မြွေကိုက်ခံရပြီး ဆုံးသွားတယ်။ မဆုံးခင် မိုးမိပြီး နေမကောင်းဖြစ်နေသေးတယ် နောက်တော့ အိမ်ပြန်မလာတာ ၂ ရက်လောက်အကြာမှာ ခေါင်းရင်း အိမ်က ဦးလေးကြီးက နင်တို ့အိမ်က ကြောင်အမဲလေး လားမသိဘူး ငါ့တို ့ ခြံနောက်ဖက်မှာ သေနေတယ် ဆိုတော့မှ မြွေကိုက်ခံရပြီး ဆုံးမှန်းသိရတာပါ။ မြွေပေါက်ဒဏ်ရာနဲ့ပေါ့။

အကြီးကောင်ကြီးထက် လေးနှစ်လောက် ငယ်တော့ အကြီးကောင်ကြီးထက် ကြာကြာနေရမယ်ပဲ အောက်မေ့တာ၊ ခုတော့ သူက အရင်ထွက်သွားတယ်။ သတင်း ကြားကြားခြင်းတုန်း က တော်တော်တောင် စိတ်မကောင်း ဖြစ်လိုက်သေးတယ်။ ခဏလေး နဲ့ မြန်မြန် ၀ဠ်ကျွတ်သွားတယ် လို ့ပဲ စိတ်ဖြေရတာပါပဲ။ နောက်ရက်တွေ အကြီးကောင်ကြီးက တညောင်ညောင် အော်ရင်း လိုက်ရှာသေးတယ်ပြောလို ့ စိတ်မကောင်း ထပ်ဖြစ်ရသေးတယ်။ ဒီလိုနဲ့ပဲ ကြောင်မဲလေး လည်း ကို်ယ်တွေ ဘဝထဲက ထွက်ခွာသွားတာပါပဲ။ သူ ့ကြောင့် သာ ကိုယ်တွေက ကြောင်မဲလေးတွေကို စိတ်ဝင်စားပြီး ပိုချစ်တတ်ခဲ့တာကတော့ ငြင်းလို ့မရတဲ့ အမှန်တရား တခုဆိုတာပါပဲ။

ညီမူရာ

အကြီးကောင်ကြီးရော ကြောင်မဲလေးပါ ပေးထားတဲ့ နာမည်လေးတွေ သိပ်လှတယ်၊ ဒါပေမယ့် ထုတ် မရေးဖြစ်တော့ပါဘူး။

Share


ဟမ်ဘာဂါ မစားဖြစ်တာ ၆လလောက် ရှိတော့မယ်ဆိုတော့ စားချင်လာတယ်။ ဆိုင်မှာရောင်းတဲ့ ဘာဂါထဲမှာ အကြိုက်ဆုံးကတော့ ဘာဂါကင်းပါပဲ။ ခုတလောကလည်း ဆိုင်တွေ မှာ ရောင်းတဲ့ အစာတွေ မသန့်လို ့ ဆိုတဲ့ သတင်းတွေ ထွက်နေတော့ ဘာမဆို အိမ်မှာပဲ လုပ်စားချင်တဲ့စိတ်က ပိုဖြစ်မိတယ်။ ဒါနဲ့ပဲ ဟမ်ဘာဂါကို အိမ်မှာပဲ လုပ်စားဖြစ်သွားတယ်။ အိမ်မှာ လုပ်တယ် ဆိုပေမယ့် assembly at home ဆိုသလိုပါပဲ။ ပေါင်မုန် တို့ ဟမ်ဘာဂါ အသားပြား တို ့ကတော့ ဝယ်ရပေါ့။

ကိုယ်က ငယ်ကတည်းက ပေါင်မုန့်ကြိုက်တော့ ဟမ်ဘာဂါကိုလည်း သိပ်ကြိုက်တာပါပဲ။ သက်ထား ကျတော့ ပေါင်မုန် ့ကြိုက်လှတယ် မဟုတ်တော့ ဟမ်ဘာဂါကိုလည်း အနှစ်သက်ကြီး မဟုတ်ပါဘူး။ အပြင်မှာ စားကြမယ် ဘာဂါ နဲ့ ကြက်ကြော် မဲခွဲကြ စတမ်းဆို ကေအက်ဖ်စီကသာ နိုင်မြဲကိုး။ ဒါပေမယ့် ဘာဂါကို အိမ်မှာ လုပ်စားမယ် ဆိုတော့ သူကလေးက စိတ်ဝင်စားပါတယ်။ အိမ်လုပ် အခြေခံ ဟမ်ဘာဂါ တလုံးဖြစ်ဖို ့ရာ လွယ်ပါတယ်။ အရသာ ရှိဖို ့သာ ခက်တာပါ။

Home Made Hamburger by NyiMuyar
ဟမ်ဘာဂါ လို ့ အမည်တွင်တဲ့ အသားပြားကို ဒီတခေါက်တော့ လုပ်ပြီးသား ၄ခုတွဲ ဘူးကလေးနဲ့လာတာ ဝယ်လိုက်ပါတယ်။ ချိစ်ပြားလေးတွေက ဝယ်ထားတာ တော်တော်ကျန်သေးလို ့ ဝယ်စရာမလိုပါဘူ။ အဲသလိုပဲ မယိုးနိစ် တွေလည်း ရှိပြန်တော့ ဝယ်စရာလို်ပါဘူး။ ဟမ်ဘာဂါ လုပ်တဲ့ ပေါင်မုန် ့လုံးကလေး ၄လုံးတထုပ်ရယ်၊ ဆလပ်ရွက်ရယ် ကိုပဲ ဝယ်ဖြစ်ပါတယ်။ သခွားသီး မစားချင်တာနဲ့ပဲ မဝယ်ဖြစ်ခဲ့ဘူး။

စစချင်း ဟမ်ဘာဂါ အသားပြားကို မီးခပ်အေးအေး နဲ့ မကပ်တဲ့ ဒယ်အိုးထဲ ဆီနည်းနည်းထည့်လို ့ ကြော်ဖြစ်တယ်။ တကယ်ဆို ကင်နိုင်ရင်တော့ ပိုကောင်းတာပေါ့၊ ဆီမထည့်ဘဲ ကင်သလို လုပ်နိုင်လည်း ကောင်းပါတယ်။ ဒါပေမယ့် မနက်စောစော သူများတွေ အိပ်တုန်း ဆီမထည့်ဘဲ ကင်သလိုလုပ်လိုက်ရင် အနံ ့ပြင်းမှာ စိုးတာနဲ့ပဲ ဆီနည်းနည်း နဲ့ ကြော်လိုက်ပါတယ်။ ဟိုဖက် ၃ မိနစ် ဒီဖက်၃ မိနစ်လောက်ဆို အပူရှိန်လည်း ကောင်းပြီး ကျက်ပါတယ်။

အသားပြား ကြော်နေတုန်း ပေါင်မုန် ့ကို ထက်ပိုင်းလှီး မီးကင်။ ကြက်သွန်နီတွေ အကွင်းလိုက်လှီး၊ ဆလပ်ရွက်ကိုလည်း အချောင်းလေးတွေလှီး ခရမ်းချဉ်သီးကိုလည်း အဝိုင်းလေးတွေလှီးပြီး ပြင်ထားရတာပေါ့။ ပေါင်မုန် ့ ကို မီးကင်လို ့ ပြီးတာနဲ့ အောက်ဖက်မှာ ထားတဲ့ ပေါင်မုန် ့ကို မယိုးနိစ် နဲ့ ဆော့စ် တွေ သုတ်ထားရပါတယ်။

ပြီးရင် ကြက်သွန်ကွင်းတွေ တင် အပေါ်ဖက်ထားမယ် ့ ပေါင်မုန့်ပေါ်မှာ ခရမ်းချဉ်သီးတွေ တင်ပြီး ဝေခြမ်း ရေးလုပ်ပါတယ်။ ပြီးတာနဲ့ အသားပြားကို တင်ပြီးမှ ချိစ်ကို ပူနေတဲ့ အသားပြား အပေါ်တင်ပါတယ်။ တခါတလေ စိတ်ကူး ပေါက်တဲ့အခါ ကင်ထားတဲ့ ကြော်ထားတဲ့ အသားပြား ဒယ်အိုးထဲက မချခင် အသားပြားပေါ်တင်ပေမယ့် ဒီတခါ တော့ အသားပြား ခပ်သေးသေးပေါ်မှာ ချိစ်အပြားကြီး ဘယ်လိုမှ တင်လို ့အဆင်မပြေတာနဲ့ပဲ ပေါင်မုန် ့ပေါ် အရင်တင်ပြီးမှ ချိစ် အုပ်လိုက်တာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ပူနေတဲ့ အသားနဲ့ အေးနေတဲ့ချိစ် အတူပူးကပ်နေဖို ့သာ လိုရင်းပါ။

ချိစ်ပြားပေါ် ပူနေတဲ့ အသားပြားတင်၊ ဒါမှ ချိစ်တွေ ပျော်ပြီး ပိုပြီး juicy ဖြစ်မှာပါ၊ ကြိုက်တတ်ရင် ဘလက်ပက်ပါ လေးဖြူး။ ပေါင်မုန် ့အပေါ်ခြမ်းကို အုပ်၊ ပွနေတာကို လက်နဲ့နဲနဲ ဖိချပေးပြီးရင် အရသာရှိတဲ့ ခပ်နွေးနွေး ဟမ်ဘာဂါတလုံး သုံးဆောင်ရန် အသင့်ဖြစ်ပါပြီ။ ဒီတခါတော့ စိတ်လို လက်ရ ဓာတ်ပုံတွေ ရိုက်ထားလိုက်နိုင်ပါတယ်။ ဟမ်ဘာဂါ ကြိုက်သူများ သွားရည်ယို နိုင်ကြပါတယ်။

beef patties in the pan
Vegi & Cheeses
Burn the Bread
Breads for us
Mayo & sauce On
Vegi On
Ham On
Cheese On
black pepper on

သက်ထားကတော့ ပြောပါတယ် ကိုကို လုပ်တဲ့ ဟမ်ဘာဂါ မဆိုးပါဘူး ကြိုက်ပါသတဲ့။ သက်ထား မှတ်ချက်ပေးတဲ့ မဆိုးပါဘူး ကြိုက်နှစ်သက်ပါတယ် ဆိုတဲ့ ဟမ်ဘာဂါလေးက ဒီမှာပါ။

Hamburger ready for serve

လုပ်စားဖြစ်သမျှ ဟမ်ဘာဂါထဲမှာ ဒီတခါပဲ ဓာတ်ပုံနဲ မှတ်တမ်းတင်ဖြစ်တာပါ။ ဓာတ်ပုံ ရိုက်ပြီးမှ ပြန်ကြည့်တော့ အမယ် စားချင်စရာဗျား လို့ ကိုယ့်ငါးချဉ် ကိုယ်ချဉ်ရင်း မှတ်ချက်ပေးမိတယ်။

ညနေဖက်ကြတော့ ဗိုက်ဆာတဲ့အချိန် နဲနဲကျော်မှ စီးတီးဟော ရောက်လို ့ ရနံ ့သစ် မှာ စားခဲ့တဲ့ ညစာပါ။ ငါးခူကြော်က ကြိုက်လွန်းလို ့သာ စားလိုက်ရတာ တကောင် ၂ ကျပ်ပေးရတယ်။ ညနေစာလေးပါ အမှတ်တမဲ့ ကြည့်သွားပါဦး။
dinner @ Ya Nant Thit

ညီမူရာ

Share


ဟော့ဒေါ့ မစားဖြစ်တာ တော်တော်ကြာသွားတာနဲ့ပဲ လုပ်စားဖြစ်တယ်။ စာရေးသူ တို ့ လုပ်စားတဲ့ ဟော့ဒေါ့ ကတော့ ကိုယ့် အကြိုက် သင့်တော်တာလေးတွေ နဲ့ ပဲ လုပ်ဖြစ်ပါတယ်။

ဟော့ဒေါ့ လုပ်တဲ့ ပေါင်မုန့် ကို အလယ်က ခွဲပြီး ပူနေတဲ့ ဒယ်အိုးပေါ်မှာ ၁ မိနစ်လောက် အပူပေးပါတယ်။ ပေါင်မုန့်ကို တခါတလေလည်း ဆပ်ဝေးပုံစံ ဘေးတိုက်ခွဲတယ်၊ တခါတလေလည်း ပုံမှန် ဟော့ဒေါ့လို အပေါ်ကနေခွဲတယ်။ ဖီလင်လာရင် လာသလိုပဲပေါ့။ ဟော့ဒေါ့ ဝက်အူချောင်းတွေကို ဓားနဲ့ မွှန်းပြီး ဆီနည်းနည်းလေး နဲ့ မကပ်တဲ့ ဒယ်အိုးပေါ်မှာ လှိမ့်ပေးရတယ်။ သုံးမိနစ်လောက် ကြာတဲ့အခါ ဝက်အူချောင်း ကောင်းကောင်း ကျက်ပါတယ်။ ဝက်အူချောင်းကိုလည်း စိတ်ရှည်ရင် ရှည်သလို အနုပညာမြောက်မွှန်းတယ်။ စိတ်မရှည်တဲ့အခါလည်း ဟိုခြစ် ဒီခြစ်ပေါ့၊

ကြက်သွန်နီ ကို ခပ်ထူထူလှီး၊ ခရမ်းချဉ်သီး ရှိရင် ခရမ်းချဉ်သီးကို အတုံးလေးတွေ လှီး၊ ပေါင်မုန့် ထဲ ညှပ်စားတဲ့ ချိစ် အပြားကို အနေတော် အရှည်လေးတွေ လှီး ထားပါတယ်။

အားလုံး အဆင်သင့် ဖြစ်တော့ ခုနက အပူပေးထားတဲ့ ပေါင်မုန့် ထဲကို ချိစ် အပြားလေးတွေ ညှပ်၊ ဝက်အူချောင်း ညှပ်၊ ကြက်သွန်နီ လှီးထားတာလေးတွေ ညှပ်၊ ခရမ်းချဉ်သီး တွေ ညှပ်(ဒီတခေါက်တော့ ခရမ်းချဉ်သီး မရှိတာနဲ့ပဲ မထည့်ရဘူး)၊ ငရုတ်ကောင်းမှုန် ့ဖြူး၊ Mustard က နဲနဲလေး စားမှာကို ဘူးသေးမရှိတာနဲဲ့ မဝယ်ဖြစ်ပြန်ပါဘူး၊ ဒါနဲ့ Chilli Sauce ပဲဆမ်း ဖြစ်တယ်။

ဘာပဲ ဖြစ်ဖြစ် အခုလို ကိုယ်တိုင် အိမ်မှာ လုပ်တော့လည်း စားချင်တဲ့ အချိန် ပူပူနွေးနွေးနဲ့ အန္တရာယ် ကင်းကင်း၊ အကုန်အကျ သက်သက်သာသာ နဲ့ အရသာရှိရှိ စားရတာပါပဲ။ သက်ထားက ကြိုက်လို ့ ဆိုပြီး အဆိုပြုတာနဲ့ ၅ ရက်ဆက်တိုက် စားဖြစ်သွားတဲ့ မနက်စာ ပူပူနွေးနွေး ဟော့ဒေါ့ တွေပေါ့ဗျာ။

အိမ်လုပ် ဟော့ဒေါ့များကို(ဗိုက်ဆာနေတာမို ့ ဓာတ်ပုံကတော့ ဟော့ဒေါ့ တခုထဲ ရိုက်မိတယ်) ပိုစ့်ဖတ်ရင်း သွားရည်ကျနိုင်ရန် အလို ့ငှာ စေတနာရှေ့ထားပြီး ပုံတင်ပေးထားပါတယ်။ ရှုစားနိုင်ပါပြီ။


အလှအပ ထက် အရသာကို ရှေ့ထားပြီး ရိုက်ထားတဲ့ ဟော့ဒေါ့ဖြစ်ပါတယ်။

ညီမူရာ

Share


ရန်ကုန် က လူကြုံရှိေတော့ အမေက သူ ့သား၊ စာရေးသူ အတွက် စာတစောင် ရေးပေးလိုက်တယ်။ ဒီတလောလည်း စာရေးသူက ကျန်းမာရေး နည်းနည်း ချူချာတော့ အမေခမြာလည်း သားအတွက် စိတ်ပူရရှာတယ်လေ။

စာရေးသူ ရဲ ့ အမေက ကျန်းမာရေး အကြံပေးချက်တွေ ဗဟုသုတ အတွက် မှတ်သားထားတာ ဗလာစာအုပ်တွေ လယ်ဂျာစာအုပ်တွေ နဲ့ တထပ်ကြီးပါပဲ။ အမေ ရေးပေးလိုက်တဲ့ စာထဲမှာ ကျန်းမာရေး အတွက် ရှောင်ရန် ဆောင်ရန် အချို ့ပါပြီး တော်တော်လည်း အသုံးဝင်ပါတယ်။ အမေ ရေးပေးလိုက်တဲ့ ဆောင်ရန် ရှောင်ရန် တွေကို ကြည့်တာနဲ့ စာရေးသူ ဘယ်လိုမျိုးချူချာ နေတာလည်းဆိုတာ ခန့်မှန်းလို ့ရနိုင်ပါတယ်။

ကျန်းမာရေး အကြံပေးချက်များ

နေ့ခင်းမှာ နှလုံးခုန်နှုန်း ကပုံမှန်ပါပဲ။ ညဘက်မှာ ရုတ်တရက် ကုတင်ပေါ်က ထလိုက်တော့ ဦးနှောက်တွင်း သွေးလျှော့နည်းသွားပြီး မူးလဲတတ်တယ်။ နှလုံးခုန်ရပ်သွားတတ်တယ်။

မိနစ်ဝက် (၃)မျိုး၊

၁) နိုးနိုးခြင်း မထပါနဲ့၊ မိနစ်ဝက်လှဲနေပါ။
၂) နိုးနေတာ မိနစ်ဝက် ပြည့်ရင် ထထိုင်ပါ၊ မိနစ်ဝက် ထိုင်နေပါ။
၃) ပြီးမှ ခြေထောက် တွဲလောင်းချပြီး မိနစ်ဝက် နေပါ၊

အဲ့ဒီ မိနစ်ဝက် သုံးမျိုးပြီးမှ လိုရာသို ့ ထသွားပါ၊
အကျိုး - ခေါင်းမူးကာ လဲကျပြီး ခေါင်းကွဲခြင်း မဖြစ်တော့။
နှလုံးသွေးဝင်နည်းပြီး နှလုံးရပ်ခြင်း၊ နှလုံးသွေးကြောပိတ် ရောဂါနှင့် လေဖြတ်ခြင်း မဖြစ်တော့။

နာရီဝက် (၃)မျိုး၊

၁) အိပ်ရာထပြီးနောက် နာရီဝက်ခန် ့ အားကစား လုပ်ပါ၊ (အနှေးပြေးခြင်းကို အနည်းဆုံး ၃ ကီလိုမီတာ (၂မိုင် နီးပါး) လုပ်ပါ။)
၂) နေ့လည်ပိုင်းမှာ နာရီဝက် အိပ်ပါ။ (စနေ၊ တနင်္ဂနွေတွေမှာ အိပ်ပေါ့)
နေ့လည်ဘက် အိပ်ခြင်းဖြင့် တညနေလုံး လန်းဆန်းနေမည်။ အသက်ကြီးလာရင် အအိပ်အနေ နည်းလာလို ့ နေ့လည်ပို်င်းမှာ ဖြည့်စွက် အနားယူသင့်တယ်)
၃) ညနေဘက်မှာ ဖြည်းဖြည်းလမ်းလျှောက်ခြင်းကို နာရီဝက်ခန့် လုပ်ခြင်းဖြင့် ညညအိပ်လို ့ ပိုကောင်းစေတယ်။ နှလုံး သွေးကြောပိတ် နဲ့ သွေးတိုးရောဂါ ဖြစ်ပွားနှုန်းလျှော့နည်းစေတယ်။


အိပ်ပျော်ရန်၊

၁) ခြေဖဝါးကို လက်နှင့်ပွတ်ပါ၊
၂) မျက်လုံးထောင့် နဲ့ နားရွက်ဖျားကို တအားပွတ်ပါ။
၃) နှာခေါင်းအရင်းကို ၅ ခါထက်မနည်းဆွဲပါ။
၄) ခေါင်းကို ဘီးနဲ့ အကြိမ် ၁၀၀ ဖီးပါ၊ အိပ်ပျော်သွားမည်။

အဆစ်အမြစ်ကိုက်လျှင်

တစ်နေကုန် အလုပ်ကို ထိုင်ပြီး အလုပ်တွေ ဖိလို ့ လုပ်ရတဲ့အခါ အဆစ်အမြစ်တွေ ကိုက်ပြီး တညီးညူညူ နဲ့ အိပ်မပျော်ဖြစ်တတ်တယ်။

ဒူးကနေ ပေါင်ခြံထိအောင် အကြောတွေကို လျှော့စေခြင်းငှာ ကြိတ်ပြီး နှိပ်ပေးရမယ်။
ပြီးရင် ခြေဖနှောင့် အတွင်းရှိ အပူကို ကြိတ်ခြေ၍ ခြေဖမိုးအရင်း သို ့ နှိပ်ပေးရမယ်။
ထို့နောက် ဘဝင်(ချက် အထက်နား)ကို သာယာစွာဖိလျှက် နားအရင်း၌ လက်ဝါးစောင်းဖြင့် ထောင်၍ နှိပ်ပါ။

ဝေဒနာများ လျှင်မြန်စွာပျောက်ပြီး အိပ်ပျော်သွားမည်။ လေးဘက်နာ ရှိလျှင် မြင်းခွာရွက်ကို ၁ နှစ်အထိ စားပေးရမယ်။

ကြွက်တက်လျှင်၊

ပေါင်ကြော ကြွက်တက်လျှင် ဒူးနှစ်ဖက်ကို ပူး၍ ဆောင့်ကြောင့်ထိုင်ပါ။
လက်နှစ်ဖက်ကို ယှက်၍ ပေါင်နှင့် ခြေသလုံးတို ့ကို တင်းကျပ်စွာ ပွေ့ပိုက်ထားပါ။
ပေါင်ကြွက်သားနှင့် ခြေသလုံးကြွက်သား အချင်းချင်း ပွတ်တိုက်မှုကြောင့် အချိန် အနည်းငယ်အတွင်း ပြေလျှော့သွားမည်။

အမေက အဲသလို အကြံပေးချက်တွေ နဲ့ စာရေးလိုက်တော့ စာရေးသူတို ့ ဇနီးမောင်နှံလည်း ခုတော့ တတ်နိုင်သလောက် ကျန်းမာရေးလုပ်နေပါတယ်။ ညဖက်တွေကို အိပ်မပျော်တာတွေ နည်းနည်းလာပါတယ်။ အမေ လည်း စိတ်ပူပြီး သူမှတ်ထားတာ လေးတွေ ထဲက ကောင်းနိုးရာရာလေးတွေ ရွေးပြီး ရေးပေးလိုက်ပုံ ရပါတယ်။ အကုန်လုံးတော့ စာရေးသူတို ့လည်း လုပ်မကြည့်ဖြစ်ပါဘူး။ ညဖက် ပုံမှန်လမ်းလျှောက်တာနဲ့တင် တော်တော် အကျိုးများသွားတယ်။

တကယ်လို ့များ အထက်ပါ အကြံပေးချက် တွေက တဦးတယောက်ကို များ အကျိုးပြုခဲ့မယ် ဆိုရင် မူလရေးသား ပြုစုသူတွေလည်း ပိုအကျိုးဖြစ်ထွန်းပြီး စုဆောင်း မှတ်သားထားတဲ့ အမေလည်း ပီတိဖြစ်ကာ၊ ထပ်မံပြီး မျှဝေရတဲ့ စာရေးသူလည်း ဝမ်းသာရမှာပါ။

ညီမူရာ။

Share


ခေါက်ဆွဲခြောက် ထုပ်တွေ အကြောင်း ကတော့ သိကြတဲ့ အတိုင်း သက်ထားက မိန်းခလေးပီပီ တုံယမ်းမှ ချဉ်စပ်မှ စပ်ပြဲလန် နေမှ ကြိုက်တာ ဆိုတော့ စာရေးသူက ပြောရတယ်။ မိန်းမရေ အဲ့သလောက် စပ်တာတွေတော့ မစားနဲ့လို့။ အဲ့ဒီနေ့က လမသာဘူးပေါ့။ အဲ့ဒီမှာ သက်ထားက အရမ်းစပ်တာ မစားရရင်ဖြင့် ကင်မ်ချီ ခေါက်ဆွဲထုတ်တော့ သောက်မယ် ဖြစ်ပြန်ရော။ ဒါနဲ့ တားမရတဲ့ အဆုံး ဝယ်ကွာ ဆိုတော့ လမင်းကြီးက သာလို ့။ အဲ့ဒီ ကင်မ်ချီ ခေါက်ဆွဲပြုတ်ထုပ်တွေကိုလည်း သောက်လိုက်တာမှ အကြာကြီးပဲ။ အဲ့သလောက် ကြိုက်တာ။



ဒါနဲ့ အိမ်က အတူနေတဲ့ ညီလေးတွေ က ခေါက်ဆွဲထုပ် အသစ်တမျိုး (ဆီချက်) ဝယ်စားကြရော။ အဲ့ဒီ ညီငယ် က အဲ့ဒီ တံဆိပ် ဆီချက် ခေါက်ဆွဲ ထုပ်ကို ခဏခဏ ဝယ်စားတော့ သက်ထားက အဲ့ဒီလောက် တောင် စားနေတာ စားကောင်းလို ့ ဖြစ်မယ် ဝယ်ကွေျး ဆိုတော့ စာရေးသူတို ့ ၂ ယောက် တထုပ် ဝယ်စားဖြစ်တယ်။ လုပ်စားကြည့်တော့ အမယ် အရသာ မဆိုးဘူးကွ ဆိုတာ နဲ့ နောက်ထပ် သုံးထုပ် သွားပြေး ဝယ်လိုက်တာ အောက်က ပုံအတိုင်းပါပဲ။ ခုလောလော ဆယ်တော့ လင်ရော မယားရော အဲ့ဒီ တံဆိပ် နဲ့ ဆီချက် ခေါက်ဆွဲထုပ်တွေ ပိုင်ဆိုင် ထားပါရော့လားဗျာ။

အရသာ က မဆိုးဘူး စာရေးသူတို့နဲ့ အကိုက်ပဲ။ သက်ထားကတော့ အနီရောင် လေးကို ပိုကြိုက်သတဲ့။ စာရေးသူကတော့ အစိမ်းရောင် အထိပဲ စားရသေးတယ်။ နောက်နေ ့မှ စားကြည့်လိုက်ဦးမယ်။




ဒါတောင် နောက်ထပ် အိမ်က အကိုကြီး တယောက်က အစမ်းစားကြည့်ရင်း ကြိုက်လို ့ ဆိုပြီး သူလည်း အထုပ်ကြီး ၂ ထုပ် သွားဝယ်လာတာ တအိမ်လုံး အဲ့ဒီ တံဆိပ် အရသာကွဲ ခေါက်ဆွဲတွေ နည်းတာမဟုတ်ဘူး။

စာဖတ်သူတွေ ရော ခေါက်ဆွဲထုပ် တပါတ်ကို ဘယ်နှထုပ် လောက်များ စားဖြစ်ပါသလဲ။ ခေါက်ဆွဲထုပ်များများ စားရင် ဆံပင်တွေ ပိုကျွတ် တတ်တယ်။ ဒါကြောင့် စာရေးသူတို ့ကတော့ ရေနဲ့ ၂ ခါပြန် ပြုတ်လေ ့ရှိပါတယ်ဗျား။ အစပ်အရမ်းပြင်းတဲ့ အထုပ်တွေ ဆို ကြက်ဥ တလုံးခွဲထည့်လိုက်တယ် အစပ်ပေါ့ပြီး အရသာပိုရှိသွားတယ်လေ။

ညီမူရာ .

Share


ရုံးသုံးရက်ပိတ်တော့ အစားတော်တော် စုံသွားတယ်။ ထမင်းကြော်လည်း မစားဖြစ်တာ ကြာပြီမို ့ အိမ်မှာ ရှိပြီးသား အမယ်တွေ နဲ့ပဲ နံနက်စာ ထမင်းကြော် ကြော်စားဖြစ်သွားတယ်။

ပုံမှန် အတိုင်း ဆီလေးထည့် ကြက်သွန်ဖြူ နဲ့ ဂျင်းပါးပါးလှီးထားတာ ဆီသတ်။ ပြောင်းဖူးခွေျပြီးသား လေးတွေထည့်။ ဝက်အူချောင်းပါးပါးလှိး ထားတာလေးတွေ ထည့်။ ဟင်းချက် ဝိုင်ထည့်။ ဟင်းချက်ဝိုင် ရဲ ့ အနံကို ထိန်းဖို့ ပဲငံပြာရည် အကြည်ထည့် မွှေးလာတော့မှ ရေနည်းနည်း ထည့်။ ရေခန်းခါနီးမှ ထမင်းတွေ ထည့် ဆားနဲနဲ ဖြူး ရေကုန် ပြီး အသံမြည်လာတော့မှ ချပြီး ကော်ဖီပူပူ နဲ့ စားသောက် တော့တာပါပဲ။



တနင်္ဂနွေ နေ ့ ညနေက သက်ထားက ထမင်းမစားချင်ဘူး တခုခု လုပ်ကွေျးပါဦးဆိုလို ့ အန်တီယူစီ ဘက် လင်မယား ၂ ယောက် လျှောက်ကြည့်တဲ့ အခါ အမဲသားပြားတွေ ့လို ့ အကြံရပြီး ဝယ်လာကြတယ်။ အမဲသားပြားကို ရေဆေး ခက်ရင်းနဲ့ ထိုးဆွ ဆား၊ ဟင်းချက်ဝိုင်၊ ပဲငံပြာရည် အကြည်၊ နှမ်းဆီမွှေး၊ ဂျင်းအရည် တွေနဲ့ နှပ်ထားပြီး အောက်မကပ်တဲ့ ဒယ်အိုးအပြား လေးနဲ့ ကင်သလို လုပ်ထားတဲ့ အမဲသားပြားကင် ရယ် အာလူးချောင်းကြော် ရယ် ပြောင်းဖူးခွေျပြီးသားလေးတွေ ပြုတ် အရွက်စိမ်းလေး တခုပါပြုတ်ရင်း အားရပါးရ စားလိုက်ကြတာ။ ကိုယ်တိုင် စီမံတာ ဆိုတော့ကာ အလွန်ကောင်းတာပါပဲ။



အဲ့ဒီတလော မနက်တိုင်း ဟော့ဒေါ့ တွေလည်း လုပ်စားကြသေးတယ်။ ဟော့ဒေါ့တွေကတော့ ဓာတ်ပုံမရိုက်ဖြစ်ပါဘူး။ ဟော့ဒေါ့ ရယ် scandwiches ရယ်ကတော့ လွယ်တော့ အမြဲလုပ်စားဖြစ်တယ်၊ ဟမ်ဘာဂါ ပဲ ထည့်ရတာတွေ စုံမှ ဆိုတော့ လုပ်မစားဖြစ်ဘူး။

ဒီတပါတ်က တော့ ဗိုက်ခွေးနမ်းအောင် စားသောက်ခဲ့ရ လို ့ ဘယ်မှတောင် မရောက်ဖြစ်လိုက်ဘူး။ ဘော်ဒါများ ဓာတ်ပုံတွေ ကို ရှုစားရင်း သွားရည်ကျနိုင်ပါတယ်။

ညီမူရာ .

Share


ကျေးဇူးတော်ရှင် မဟာမြိုင်တောရ ဆရာတော် ဦးဇောတိက ရဲ့ တရားတပုဒ် မှာ ပါပြီး ဆရာတော်လည်း အလွန်နှစ်သက်တယ် ဆိုတဲ့ ဘုရားရှိခိုးပါ။ အလွန်တိုပြီး အဓိပ္ပါယ်လည်း အလွန်ထိမိတယ်လို့ ခံစားရပါတယ်။ ဆရာတော် ဦးဇောတိက ဟောတာ နာပြီးထဲက နှစ်သက်လွန်းလို့ လင်မယား နှစ်ယောက်လုံး ရွတ်ဖတ် ပူဇော် လာကနေ့အထိတိုင်အောင်ပါပဲ။

ပါဠိ စာသား မမှားယွင်းရအောင် ကျေးဇူးရှင် ဆရာကြီး ဦးဂိုအင်ကာ တည်ထောင် ပြုစုထားတဲ့ ပိဋကတ် သုံးပုံ ထဲကနေ မရ ရအောင် ရှာဖွေပြီး အတည်ပြုထားပါတယ်။


ကရုဏာ သီတလ ဟဒယံ၊
ပညာပဇ္ဇောတ ဝိဟတ မောဟတမံ။

သ နာရာမရ လောကဂရုံ၊
၀န္ဒေ သုဂတံ ဂတိ ဝိမုတ္တံ။

မြန်မာပြန်၊

ကရုဏာ သီတလ ဟဒယံ = မဟာ ကရုဏာ ကြောင့် အင်မတန် အေးချမ်းသောစိတ် ရှိတော်မူသော မြတ်စွာဘုရား။

ပညာပဇ္ဇောတ ဝိဟတ မောဟ တမံ = ပညာ ဆိုသော အသိဉာဏ်ဖြင့် အဝိဇ္ဇာ အမှောင်တိုက် တို့ကို ရှင်းလင်း ပယ်ရှားပြီး ဖြစ်တော်မူသော မြတ်စွာဘုရား။

သ နာရာမရ လောကဂရုံ = လူနှင့် တကွ နတ်ဗြဟ္မာ အားလုံးတို့၏ ဆရာသခင် ဖြစ်တော်မူသော မြတ်စွာဘုရား။

၀န္ဒေ သုဂတံ ဂတိ ဝိမုတ္တံ = ဂတိ ငါးပါးမှ ကင်းလွတ်ပြီး၊ ကောင်းသော စကားကိုသာ ဆိုတော်မူတတ်သော မြတ်စွာဘုရား။ ထိုမြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးကို ဝန္ဒါမိ ရိုသေမြတ်နိုး လက်အုပ်မိုး၍ ရှိခိုး ကန်တော့ပါ၏၊

မှတ်ချက်၊ အခု မြန်မာပြန်ကတော့ ဆရာတော် ဦးဇောတိက ဟောကြားတာကို နာယူ ကျက်မှတ်ထားတာ ဖြစ်ပါတယ်။

အထက်ပါ ပါဠိပိုဒ် မှာ
တိပိဋက ပါဠိ ပိဋကတ် သုံးပုံ၊
အဋ္ဌကထာ
သုတ္တံ ပိဋကတ် ၊
ဒီဃ နိကယ် ၊
သီလက္ခန္ဓဝဂ္ဂ (မြန်မာအခေါ် သုတ်သီလက္ခန်)
ဂန္တာရမ္ဘ ကထာ
ရဲ့ ပထမဆုံး အပိုဒ် ဖြစ်ပါတယ်။




ဂတိငါးပါး ဆိုတာ (သုခမှတ်စု စာအုပ်မှ)
နိရယဂတိ = ငရဲ သို့ လားခြင်း
ပေတဂတိ = ပြိတ္တာ ဘဝ သို့ လားခြင်း
တိရစ္ဆာနဂတိ = တိရစ္ဆာန် ဘဝ သို့ လားခြင်း
မနုဿဂတိ = လူ့ဘဝ သို့ လားခြင်း
ဒေ၀ဂတိ = နတ်ဘဝ သို့ လားခြင်း

ပူဇော်သူများ အနေဖြင့် မြန်မာပြန် နဲ့ပူးတွဲ ပူဇော်ရွတ်ဖတ် ပါလို ့ တိုက်တွန်းလိုပါတယ်ဗျာ။
ကျေးဇူးရှင် ပုဂ္ဂိုလ်များ ဖြစ်ကြတဲ့ ၊ မဟာမြိုင်ဆရာတော် ဦးဇောတိက နှင့် ဆရာကြီး ဦးဂိုအင်ကာ တို့ကို ဦးညွှတ်ပူဇော် ရင်း။ နှစ်သက် နာယူသူများ မြတ်စွာဘုရားရှင်၏ မဟာဂရုဏာတော် ကို အာရုံပြုကြည်ညို နိုင်ပါစေလို့ ဆန္ဒပြုလျှက် ။

ညီမူရာ


ပိဋကတ် သုံးပုံ ဆော့ဝဲလ် ကို မိမိစက်ထဲတွင် ထည့်သွင်း ပူဇော် လိုသူများ ဒီနေရာတွင် ရယူနိုင်ပါတယ်။
ပိဋကတ် သုံးပုံကို အွန်လိုင်း ဖတ်ရှု ကြည်ညိုလိုသူများ ဒီနေရာတွင် ဖတ်ရှုနိုင်ပါတယ်။
ပိဋကတ် သုံးပုံမြန်မာပြန် ကို အပိုင်းလိုက် ဖတ်ရှုလိုသူများ ဒီနေရာတွင် ရယူနိုင်ပါတယ်။
အခြား ပိဋကတ် သုံးပုံ မြန်မာပြန်ကို ဒီနေရာမှာလည်း ရယူ ဖတ်ရှုနိုင်ပါတယ်။
ပိဋကတ် သုံးပုံအကြောင်း မြန်မာဝိကီပိဒိယ မှာလည်း ကြည့်ရှူနိုင်ပါတယ်။

Share



နှစ်၁၅၀ ကျော်က ရှေးအကျဆုံး ဈေးတခုဖြစ်တဲ့ ဈေးအိုကြီး လို ့ ခေါ်နိုင်မယ့် လောင်ပါးဆာ ( လော်ပါးဆက် ) ကို ရာသီဥတု သာယာတဲ့ ညချမ်းတခုမှာ ထပ်ရောက်ပါတယ်။ ရှစ်မြှောင့်ပုံ သွန်းသံတွေ နဲ့ တည်ဆောက်ထားပြီး ဗစ်တိုးရီးယား ခေတ်ရဲ ့ ဗိသုကာ လက်ရာ တွေနဲ့ မှုန်းခြယ်ထားတဲ့ စင်ကာပူနိုင်ငံရဲ ့ အမျိုးသား အထိမ်းအမှတ် တခု ဆိုရင်လည်း မမှားပါဘူး။

သွားတိုင်းလည်း တန်ဂျွန်ပါကာ ဘူတာဖက်ကနေပဲ လမ်းလျှောက်သွားလေ ့ရှိတယ်။ ဒါမှ အပြန်ဆိုရင် ဗိုက်လည်း ချောင် လမ်းလည်း နဲနဲ ပိုလျှောက်ရတာပေါ့။ ခါတိုင်း သွားနေကျ အချိန်က စောတာမို ့ စားပွဲတွေက လမ်းပေါ် မခင်းသေးတာနဲ့ပဲ မင်းယွမ်း စီးဖု (Ming Yen Seafood) ဆိုင်ရှေ ့မှာ အမြဲထိုင်ဖြစ်တယ်။

ဒီတခေါက်တော့ နဲနဲလည်း မိုးချုပ်သွားတာမို ့ လမ်းပေါ်က ဆိုင်တွေလည်း ခင်းကုန်ပြီ။ ဒါနဲ့ပဲ လမ်းပေါ်ခင်းထားတဲ့ စားပွဲတခုမှာ ထိုင်ကြပြီး မှာကြတယ်။ လမ်းပေါ်ခင်းတဲ့ စားပွဲတွေက ည ၇ နာရီထိုးမှ ခင်းရတာကိုး။

ပုဇွန် ခပ်ကြီးကြီး ၁၀ ကောင်၊ ကြက်ဆာတေး ၁ဝချောင်း၊ အမဲသား ဆာတေး ၁၀ ချောင်း (၂ဦးစာ အတွဲ လိုက်) ကို စင်း ၃၂ ပေးရတယ်။ ထုံးစံ အတိုင်း မင်းယွမ် စီးဖု ဆိုင်က စီးဖု ထမင်းကြော် ပွဲသေးတပွဲ စင်း ၄ ဒေါ်လာ တန် မှာလိုက်တယ်။ ခါတိုင်း စားတဲ့ (၂ဦးစာ အတွဲလိုက်က ၂၀ပါ၊ ပုဇွန် လေးကောင်နဲ့ ကြက်ဆာတေး ၁ဝချောင်း၊ အမဲဆာတေး ၁ဝချောင်း ပေါ့)၊ ခုတခေါက်တော့ ပုဇွန်များများ ပါတဲ့ အတွဲကို မှာလိုက်တယ်။


စားကာစက နည်းများနေမလား လို ့ ထင်နေသေးတာ နောက်တော့ မနည်းကို အားပေးရတယ်၊ ထုံးစံအတိုင်း နောက်ဆုံးတော့ ကုန်သွားတာပါပဲ။ ဗိုက်တော့ အရမ်းတင်းသွားတယ်။ တဝက်လောက် နေလို ့ အီစိမ့်လာတော့ ပက်စီ သောက်လိုက်မှ ကျန်တာ ဆက်စားလို ့ရတယ်။ ဒါတောင် ပြန်တော့ နှစ်ယောက်သား လှုပ်လီ လှုပ်လဲ့ နဲ့ မနည်းလမ်းလျှောက် ပြန်ခဲ့ရတယ်။

ရန်ကုန်က တရုတ်တန်း ၁၉ လမ်း၊ လမ်း၂၀ ညဘက်ရဲ ့ အရသာကို လိုချင်ရင် လော်ပါးဆက် သွားရတယ် လို ့ ပြောတဲ့ ဘော်ဒါတွေကို တောင် သတိရမိသေးတယ်။

လောင်ပါးဆာ (လော်ပါးဆက်) မှာ မီးတန်းပြာပြာ လေးတွေက သစ်ပင်တွေပေါ်ကနေ ချပြီး အလှထွန်းလို ့။ အောက်မှာ ဆာတေး အကင်ဆိုင်ခုံလေးတွေ အများကြီး နဲ့ စားပွဲတွေ။ မီးရောင် မလင်းတလင်းမှာ ဆာတေးဆိုင်တွေက လွင့်ပျံလာတဲ့ အကင်နံ့ သင်းထုံနေတဲ့ မီးခိုးတွေ။

လာပါ ထိုင်ပါ မှာပါ လို ့ လမ်းထဲကို လူတွေ ဝင်လာတိုင်း အပြိုင်ခေါ်နေကြတဲ့ ရွှေကြို စားပွဲထိုးတွေ။ အကင်တွေ စားနေတဲ့သူတွေ၊ ဘီယာသောက်နေတဲ့ သူတွေ၊ ရယ်မော အော်ဟစ်သံတွေ ဖန်ခွက်ခြင်း ထိရင်း ချီးယား ကမ်းပေ့ သံတွေ ကြားမှာ ခြင်္သေ့မြို ့တော်ရဲ ့ ညဟာ အသက်ဝင်လို ့ နေပါတော့တယ် ...။

ညီမူရာ


Share

နက်ဝေါ့ကတ် တခုကို disable (ပိတ်လိုက်တာ သုံးလို ့မရအောင် အလုပ်မလုပ်အောင်)၊ enable(ဖွင့်တာ အသုံးပြုလို ့ရအောင်) လုပ်ရတာ မရှုပ်ထွေးပါဘူး။ ဒါပေမယ့် သိကြတဲ့ အတိုင်း ဟိုဝင် ဒီထွက် နဲ့ မောက်စ် တွေကိုလည်း နှိပ်ရပါမယ်။

ဒါနဲ့ နက်ဝေါ့ကတ် ကို (command line) ကွန်မန်းလိုင်း ကနေ ဖွင့်တာ ပိတ်တာ လုပ်လို ့မရဘူးလား လို ့ လိုက်ရှာတော့ တွေ ့သွားပါတယ်။ မသိသေးတဲ့ သူများ အသုံးဝင်နိုင်အောင်၊ နောက်ပြီး ကွန်ပျူတာကို ကလိ နေတဲ့ ညီတော်မောင် တယောက် မြန်မာလို ဖတ်ပြီး နားလည်လွယ်အောင် ကြိုးစား ပြီး ရေးလိိုက်ပါတယ်။

တကယ်က နက်ဝေါ့ ကတ် ကို ဖွင့်တာ ပိတ်တာ မှာ အလွယ်ဆုံးနည်းက windows Start Button ကိုနှိပ်ပြီး၊ My Network Places ကို Right-Click ခေါက် Properties ကို ရွေး။ Network Connections ဝင်းဒိုး တက်လာရင် ကို် ပိတ်လို၊ ဖွင့်လို တဲ့ နက်ဝေါ့ကတ် ပေါ်မှာ Right-Click ခေါက်ပြီး ဖွင့်နိုင်(enable)၊ ပိတ်နိုင်(disable) ပါတယ်။ ဒါမှ မဟုတ် ကွန်မန်းမှ ကွန်းမန်း သုံးချင်သူတွေ အတွက်ကတော့ Start Button၊ Run ကနေ control netconnections ဆို ရိုက်ပြီး လည်း ဖွင့်နိုင်ပါတယ်။

ဒါပေမယ့် သိကြတဲ့ အတိုင်း တရံတခါ စက်ကလည်း နှေးနေတယ် အမြန်ဆုံး စက်လည်း မဟန်းဘဲ နဲ့ အလွယ်ကူဆုံး နည်းများ ရှိလေဦးမလား လို ့ ဆက်ပြီး ကွန် ့ကြည့်တဲ့ အခါ။ မိုက်ခရိုဆော့ က ပေးတဲ့ command utility ဖြစ်တဲ့ devcon ဆိုတဲ့ alternative device မန်နေဂျာ ကို တွေ ့တာပါပဲ။

devcon ကို ဝင်း၂၀၀၀၊ ဝင်းXP နဲ့ ဝင်းဆာဗာ၂၀၀၃ တွေ မှာပဲ သုံးလို ့ ရပြီး၊ ဝင်း၉၅ တို ့ ၉၈ တို ့ မလီနီယမ် ဗားရှင်းတွေ မှာ သုံးလို ့မရပါဘူး။ မိုက်ခရိုဆော့က အလကား ပေးတဲ့ devcon package ကို ဒီနေရာ ကနေ ရယူနိုင်ပါတယ်။

ဒေါင်းလုဒ် လုပ်ထားတဲ့ ဖိုင်ကို တနေရာမှာ unzip ဖြေချပြီး အဲ့ဒီ ဖြေချလိုက်တဲ့ folder နေရာကို သွားရပါမယ်။ နောက် ကိုယ်တင်ထားတဲ့ ဝင်းဒိုးက ပုံမှန်၃၂ (32bit) လား၊ ၆၄ ဘစ်လား မူတည်ပြီး ဖြေလိုက်တဲ့ ဖိုလ်ဒါ ထဲက သက်ဆိုင်ရာ (devcon.exe) ဖိုင်ကို ရွေးကူးရပါမယ်။
အဲ့ဒီ ကူးယူထားတဲ့ ပရိုဂရမ် ဖိုင်(devcon.exe) ကို အိုအက်စ် ရဲ ့ စစ်စတန် အင်စတော လုပ်ထားတဲ့ ပါတေးရှင်း နေရာအောက် (C drive လား D drive လား စသဖြင့်) က ဝင်းဒိုးဖိုဒါ ထဲက စစ်စတမ်၃၂ ဖိုဒါ (c:\WINDOWS\system32\ )အောက် မှာ သွားပြီး ထည့်ထားရပါမယ်။

devcon help


ပြီးရင် ကိုယ့်စက်မှာ တပ်ထားတဲ့ နက်ဝေါ့ကတ် ရဲ ့ နာမည် ကို သိအောင် ပထမ လုပ်ရပါတယ်။ နက်ဝေါ့ ကွန်နက်ရှင်း ဝင်းဒိုးကို ဖွင့်ပြီး နက်ဝေါ့ကတ် နာမည်ပေါ်ကို မောက်စ်တင်ကြည်လို့ ့ ဖြစ်စေ။ နက်ဝေါ့ကတ် ကို Right-Click ခေါက်ပြီး Properties ကြည့်လို ့ဖြစ်စေ မှတ်ထားရပါမယ့်။


network card properties checking


ဒုတိယ အဆင့်အနေနဲ့ က ကိုယ့်ကွန်ပျူတာမှာ ရှိတဲ့ ဟာ့ဒ်ဝဲလ်တွေ ရဲ့ သီးသန် ့အိုင်ဒီ တွေထဲမှာ ခုနက နက်ဝေါ့ကတ် ရဲ ့ အိုင်ဒီ ကို ရှာရမှာပါ။

နက်ဝေါ့ကတ် အိုင်ဒီ ရှာရန် အတွက် devcon နဲ့ ရှာပြီး ဖိုင်တဖိုင်ထဲကို ရိုက်ခိုင်းထားရပါမယ်။
devcon hwids "*" > c:\hwids.txt

အခု ဆိုရင် devcon နဲ့ ရှိသမျှ စက်ထဲက ဟာ့ဝဲလ်တွေ ရဲ ့ အိုင်ဒီကို C drive အောက်က hwids.txt ဖိုင် ထဲကို ရိုက်ချ ခိုင်းလိုက်တာပါ။ ပြီးမှ အဲ့ဒီဖိုင်ထဲမှာ လိုက်ရှာရမှာပေါ့။

ရှာလို ့ ကတ်နာမည် တွေ ့ပြီးဆိုရင် & ၂ ခုကြားက စာလုံးအတွဲလိုက် က ကိုယ့် ရဲ ့ နက်ဝေါ့ကတ် ဟာ့ဝဲလ် အိုင်ဒီပဲ ဖြစ်ပါတယ်။
PCI\VEN_10EC&DEV_7139&SUBSYS_010F1025&REV_10\4&FCF0450&0&10A0
Name: Realtek RTL8139/810x Family Fast Ethernet NIC


ဒါဆိုရင် devcon နဲ့ နက်ဝေါ့ကတ်ကို ပိတ်(disable) ဖို ့ဆိုရင် ကွန်မန်းလိုင်းမှာ ဖြစ်ဖြစ် Start ထဲက Run မှာဖြစ်ဖြစ် ဒီလိုလေး ရိုက်လိုက်ပါ။
devcon disable *DEV_7139*

အဆင်ပြေ သွားရင် အောက်ကလို မျိုး လာပြမှာ ဖြစ်ပြီး တကယ်လည်း နက်ဝေါ့ကတ် ပိတ်သွားတာ တွေ ့ရပါလိမ့်မယ်။
PCI\VEN_10EC&DEV_7139&SUBSYS_010F1025&REV_10\4&FCF0450&0&10A0: Disabled
1 device(s) disabled.


ပြန်ပြီး ဖွင့်မယ်ဆိုရင် ကွန်မန်းလိုင်းမှာ ဖြစ်ဖြစ် Start ထဲက Run မှာဖြစ်ဖြစ် ဒီလိုလေး ရိုက်လိုက်ပါ ။
devcon enable *DEV_7139*

အဆင်ပြေသွားရင် အောက်ကလိုမျိုး လာပြမှာဖြစ်ပြီး နက်ဝေါ့ကတ် ပွင့်သွားတာ ကိုလည်း တွေ ့ရမှာ ဖြစ်ပါတယ်။
PCI\VEN_10EC&DEV_7139&SUBSYS_010F1025&REV_10\4&FCF0450&0&10A0: Enabled
1 device(s) enabled.


နက်ဝေါ့ကတ်မှ မဟုတ်ပါဘူး အခြား ပိတ်ချင် ဖွင့်ချင်တဲ့ ဟာ့ဝဲလ်မှန် သမျှ devcon နဲ့ လုပ်နိုင်ပါတယ်။ စာရေးသူကတော့ အမြဲ လုပ်ဖို ့ လိုတဲ့ နက်ဝေါ့ကတ် ကိုပဲ လုပ်ဖြစ်နေတာပါ။ ဘတ်ခ်ျဖိုင် နဲ့ ရေးထားပြီး လုပ်လည်း ရပါတယ်။

မိုက်ခရိုဆော့ ကလည်း သူ ့ရဲ ့ အင်တာနက် စာမျက်နှာမှာ ရှင်းလင်း ရေးသားထားပါတယ်။ သိချင်သူများ မူလ နေရာကို ဖတ်ချင်သူများ အတွက် ဒီနေရာမှာ ဖတ်နိုင်ပါတယ်။

နောက်ထပ် ဖတ်လိုသူများ ဒီမှာ နှိပ်ပါ။

ညီမူရာ


Share


ဒီတခါတော့ (Nokia Software Updater) နိုကီယာ ဆော့ဝဲလ် အဆင့်မြှင့်တဲ့ ပရိုဂရမ်က ကောင်းကောင်း အလုပ်လုပ်သွားပါပြီ။ လေးခုမြောက်သော အီလက်ထရောနစ် ကိရိယာ ကို ဖန်းဝဲလ် အဆင့်မြှင့်လိုက် တာပါ။ နိုကီယာ ဆော့ဝဲလ် အဆင့်မြင့်တဲ့ ပရိုဂရမ်က ဟိုတခေါက် ၆၂၈၈ မှာ ပြသနာ တွေ ပေးသွားတော့ ဒီတခါလည်း ရင်တထိတ်ထိတ် နဲ့ပါပဲ။ ဖန်းဝဲလ် အဆင့်မြှင့်တာ ဒီတခါတော့ ချောမော အောင်မြင် စိတ်ချမ်းသာစွာ နဲ့ အဆင်ပြေပြေ လုပ်လို ့ရသွားပါတယ်။ တတိယမြောက် ဖန်းဝဲလ် အဆင့်မြင့်တဲ့ ဟာကတော့ ရေးနေတုန်း ဖြစ်လို ့ မတင်ရသေးပါဘူး။

ဘာကြောင့် ရင်ထိတ်သလဲ ဆိိုတော့ ဖန်းဝဲလ်ကို ပြန်ထည့်ရတာ လက်ဝင်လွန်းလို ့ပါပဲ။ အခြား ပရိုဂရမ် တခုကနေ အလွယ်တကူ ပြန်ထည့်သွင်းလို ့ ရပေမယ့် အဲ့ဒီ ပရိုဂရမ်ကို သွင်းရင် စက်က်ို ဗိုင်းရပ်စ် အဝင်ခံရသလို ဖြစ်နေလို ့ပါ။ သက်ထားကတော့ အဲ့ဒီ တခေါက် တော်တော် အလုပ်ရှုပ်သွားပြီးကထဲက ဖုန်းတွေ စက်တွေကို မကလိပါနဲ့တော့ ရှင်ရယ် လို ့ ပြောထားလို ့ ဒီတခေါက်ကတော့ သူကလေး အိပ်နေတုန်း ညကြီးမင်းကြီး ထပြီး လုပ်တာပါပဲ။

စုစုပေါင်း နာရီဝက် မရှိတရှိ နောက်ဆုံး နိုကီယာ ဖုန်းဖွင့်တဲ့ တီးလုံးသံသာ လေးကြားတော့ မှပဲ စိတ်ဒုန်းဒုန်း ချနိုင်တော့တယ်။ ဖုံးကတော့ ဖန်းဝဲလ် ဗားရှင်း ၂၀၀ လောက် ကွာသွားပါတယ်။ မြန်လည်း မြန်လာသလို ခံစားရပါတယ်။

မနေနိုင် မထိုင်နိုင် လုပ်ချင်သူများအတွက် ပိုပြီး ရောဂါ တက်အောင် Screen Shot တွေ ရိုက်တင်ပေးလိုက်ပါတယ်။
ပုံမှန် လောက်လေး အသုံးပြုနေသူတွေကို တော့ သွားမလုပ်လိုက်ပါနဲ့ လို ့ အကြံပေးချင်ပါတယ်။

နိုကီယာ ဆော့ဝဲလ် အဆင့်မြှင့် ပရိုဂရမ် အဆင့်ဆင့် Screen Shots။


Software updater is Loading...









100 to 300






eventually successful in upgrading :D

နိုကီယာ ဆော့ဝဲလ် အပ်ဒိတ်တာ ချည်းပဲ ဒေါင်းလုပ် ချ အင်စတော လုပ်ရုံပဲ လုပ်ဖို ့ လိုတာပါ။ Nokia PC Suit တောင် မလိုပါဘူး။ အင်တာနက် ကွန်နက်ရှင် ကောင်းဖို ့။ ဖုံးနဲ့ စက်နဲ့ ချိတ်တဲ့ USB port နဲ့ cable ကြိုး ကောင်းဖို ့ ဖုံးဘက်ထရီ အားပြည့် နေဖို ့သာလိုပါတယ် လို ့ ဝါသနာ တူ ဘော်ဒါ များကို အားပေးအားမြှောက်ပြုရင်း ...
ညီမူရာ

Share

CBox

My CBox has been hijacked by some spammer. So, CBox has been removed. Sorry for inconvenience causes.