မြန်မာနိုင်ငံက မော်တော်ယာဉ် နံပါတ်ပြားတွေကို စာရင်းဇယားမှန်ကန်ရေး နဲ့ ကွန်ပြူတာ ကင်မရာတွေကနေ မှတ်တမ်းတင်ရလွယ်ကူစေရန် ၂၀၁၃ ခုနှစ် ဂျူလိုင်လ ၁ ရက်နေ့ မှ စတင်ကာ အင်္ဂလိပ် အက္ခရာ နံပါတ်များကို စတင်ပြောင်းလဲသွားမယ်လို ့ သတင်းထုတ်ပြန်လိုက်ပါတယ်။ အဲ့ဒီသတင်းကို ၂၀၁၃ ခုနှစ် ဂျူလိုင်လ ၂ ရက်နေ့ထုတ် သတင်းစာများမှာ ဖေါ်ပြထားပါတယ်။ ပြည်နယ်နှင့် တိုင်း(ဒေသကြီး) အလိုက် အင်္ဂလိပ် အက္ခရာများ သတ်မှတ်ပေးထားတာကိုလည်း အောက်ပါအတိုင်း တွေ့ရမှာပါ။


အငှားယာဉ်များကို အရင်က ကက ခခ သတ်မှတ်တဲ့အတိုင်း အေအေ ဘီဘီ နဲ့ ခုနောက်ဆုံး စီစီ တွေကနေ သတ်မှတ်ပေးမယ်လို ့ ကြေညာထားပါတယ်။

နောက်ဆိုရင် တနိုင်ငံလုံး အတိုင်းအတာ နဲ့ ယာဉ်နံပါတ်တွေကို အင်္ဂလိပ်လိုတွေပဲ မြင်ရတော့မှာပါ။ ကောင်းမွန်တဲ့ ပြောင်းလဲခြင်းတခု အဖြစ်ကြိုဆိုရမှာ ဖြစ်ပါတယ်။


ယာဉ်နံပါတ်များ အင်္ဂလိပ် အက္ခရာသို ့ ပြောင်းလဲခြင်းကို ကုန်းလမ်းပို့ဆောင်ရေး မှ ဒုညွန်မှူး နှင့် မြန်မာ့အသံ ရေဒီယို အင်တာဗျူး :to listen



ညီမူရာ...

Share

CBox

My CBox has been hijacked by some spammer. So, CBox has been removed. Sorry for inconvenience causes.