VMware ဗီအမ်ဝဲ ရဲ့ အခမဲ့ ဆော့ဝဲ တွေက အောက်ပါအတိုင်းဖြစ်ပြီး
(i) vSphere Hypervisor
(ii) Server
(iii) Player
(iv) vCenter Converter

ခုဆက်လက် မျှဝေသွားမှာကတော့ (iii) VMware Player ပဲ ဖြစ်ပါတယ်။ VMware Player ဗီအမ်ဝဲ ပလေယာ ဒေါင်းလုပ်ချရမယ့် နေရာ ကိုသွားလို ့ ကိုယ့်သုံးမယ့် ပလက်ဖောင်းနဲ့ သင့်တော်မယ့် ဗားရှင်း ကို ဆွဲချပါ။ ညီမူရာ က ၀င်းဒိုး ပလက်ဖောင်း ပေါ်မှာ သုံးမှာဖြစ်လို့ VMware Player for Windows 32-bit and 64-bit ကို ဒေါင်းလုပ်ချပါတယ်။

ကိုယ့်စက်ထဲ သွင်းဖို ့ ဒေါင်းလုပ်ချထားတဲ့ ဖိုင်ကို Run လိုက်တာနဲ့ ဒီလိုမျိုး စမြင်ရမှာပါ။


အင်စတော လုပ်နည်းတို ့ ထုံးစံအတိုင်း Next တွေကို နှိပ်ပေးရမှာပါ။



စက်ထဲ သွင်းလို ့ပြီးတဲ့အခါ Desktop ပေါ်က ဗီအမ်ဝဲ Icon ရှာပြီး Run စလိုက်ပါ။


ဗီအမ်ဝဲ တက်လာပါလိမ့်မယ်။ Create a New Virtual Machine ၁ ကိုနှိပ်ပါ။ ဗီအမ်ဝဲ အသစ်ဆောက်ဖို ့ wizard တက်လာပါလိမ့်မယ်။ အရင်နေ ့ကလိုပဲ စီဒီ ဒီဗီဒီ ကနေ အင်စတော လုပ်ချင်ရင် အပေါ်တခုဖြစ်တဲ့ Installer Disc ကို ရွေးပြီး ဒီဗီဒီ ဒရိုက်ကို ရွေးရုံပါပဲ။
ညီမူရာ ကတော့ အိုင်ဆို Iso Image ကနေ အင်စတော လုပ်မှာ ဖြစ်တဲ့အတွက် ဒုတိယ တခု ကို ရွေးပါတယ်။ ကိုယ့်စက်ထဲက အိုင်ဆို ဖိုင်ရှိတဲ့ နေရာကို သွားဖို ့အတွက် Browse (၃) ကို နှိပ်ပါ။


ဖိုင်ရွေးဖို ့ window တခု တက်လာပါလိမ့်မယ်။ အိုင်ဆို ရှိတဲ့ နေရာကို (၁) ရွေးပေးလိုက်ပါ။ ပြီးရင်ဖိုင်ကို Open (၂) လိုက်ပါ။


ဖိုင်နာမည် လမ်းကြောင်းမှန်ကို တွေ ့ရပါလိမ့်မယ့် Next (၃) ကို နှိပ်ပါ။


ကိုယ့် ရွေးလိုက်တဲ့ အိုင်ဆိုကို ဆော့ဝဲက ဖတ်ပြီး လိုအပ်တဲ့ ရွေးချယ်မှုတွေ လုပ်ခိုင်းပါလိမ့်မယ်။ လိုင်စင် Key တွေ OS အမျိုးအစား ဗားရှင်း တွေပါ။ လိုင်စင် Key ကို မထည့်လိုက်ရင် နောက်မှ သပ်သပ် Activate လုပ်ရလိမ့်မယ် ဆိုတာ အသိပေးပါလိမ့်မယ်။ Yes ကို နှိပ်ပါ။


ပြီးတာနဲ့ ဗီအမ်ကို ဘယ်နေရာမှာ သိမ်းမလဲ။ Virtual Hard Disc အရွယ်အစား တွေ ရွေးခိုင်းပါလိမ့်မယ်။ စိတ်တိုင်းကျရွေးချယ်ပြီးလို ့ Next နှိပ်လိုက်ပါ။


ကိုယ်ရွေးထားတဲ့ Summary ပြပါလိမ့်မယ် စိတ်တိုင်းမကျရင် Back နဲ့ ပြန်ပြင်လို ့ရပြီး စိတ်တိုင်းကျရင် Finish ပေါ့။


ဒါဆိုရင် ဗီအမ် ပလေယာ VM Player မှာ ကိုယ့် ဗီအမ် နာမည် ကို မြင်ရပြီး စပြီးသုံးချင်(Install) လုပ်ချင်ရင် Play Virtual Machine ကို နှိပ်ပေးပါ။



ကိုယ့်ရွေးထားတဲ့ အတိုင်း အိုင်ဆို ကနေ boot ပြီး Install လုပ်နေတာ မြင်ရမှာ ဖြစ်ပါတယ်။


တခုခု ပြန်ချိန်ညှိချင်လို ့ Edit Virtual Machine Setting ကို ရွေးလိုက်ရင်
Virtual Machine Setting Window တက်လာမှာ ဖြစ်ပါတယ်။ အဲ့ဒီမှာ Hardware တွေကို စိတ်ကြိုက်ချိန်ညှိ နိုင်သလို။


နာမည် တွေ OS အမျိုးအစားတွေကို ချိန်ညှိနိုင်ပါသေးတယ်။


ပြောရရင် ဗီအမ်ဝဲ က ဗီကျူရယ် ဘောက်စ် ထက် အဆင့်တွေ နည်းပါတယ်။ ဘယ်အရာ မဆို အကောင်းအဆိုးဆိုတာ ရှိသလို လူတကိုယ် အကြိုက်တမျိုးဖြစ်ပြီး ၂ ခုစလုံး နာမည်ကြီး ဆော့ဝဲတွေဖြစ်တာကြောင့် ဘယ်ဟာက ကိုယ်နဲ့ပို အဆင်ပြေမယ်ဆိုတာ ကတော့ ကိုယ်တိုင်ပဲ စမ်းသုံးရင်း ဆုံးဖြစ်ကြပါလို ့ တိုက်တွန်းရင်း ....
ညီမူရာ ...

Share

1 comments:

  1. I tried to use VMware for simulation of Rockwell product.
    But it seems to me VMware does not play well with RSLinx which is commnication software for Rockwell product.

CBox

My CBox has been hijacked by some spammer. So, CBox has been removed. Sorry for inconvenience causes.