at Monday, October 04, 2010 Labels: , Posted by nyimuyar

သီတဂူ ဆရာတော် ဟောကြား တဲ့ "တရားချစ်ခင် သူတော်စင်အပေါင်းတို ့ ဒီကနေ ့ဟာ ကဆုန်လပြည့်နေ့ဖြစ်ပါတယ်။ ကဆုန်လပြည့်နေ ့ကို ထေရဝါဒ ဗုဒ္ဓဘာသာဝင် နိုင်ငံများမှာ ဗုဒ္ဓနေ ့ရယ်လို ့ ထူးထူးမြတ်မြတ် သတ်မှတ် ပူဇော်ကျင်းပကြပါတယ်။" လို ့ အစချီဟောထားတဲ့ တရားတော်ကို စာရေးသူကတော့ သီတဂူ ဆရာတော်ရဲ ့ ခုနှစ်နေ့ ဘုရားရှိခိုး လို ့ပဲ အလွယ်မှတ်ထားပြီး တော်တော်လည်းပဲ နှစ်သက် သဘောကျခဲ့တဲ့ တရားတပုဒ်ပါ။

ဒါပေမယ့် အဲ့ဒါက စာရေးသူတို ့ ငယ်ငယ်က အဖေ ဝယ်လာတဲ့ နောက်ဆုံးဆယ်လ မြတ်ဗုဒ္ဓ သုံးခွေတွဲ ကက်ဆက်တရားခွေ နောက်ဆုံးမှာ စူပါဟိုက်က အပိုထည့်ပေးလိုက်တဲ့ တရားတပုဒ် အဖြစ် ပါလာတာပေါ့။ ဒါကို နာယူရင်း သဘောကျ နှစ်သက်မိနေတာပါ။ နောက် အွန်လိုင်းမှာ ဓမ္မဒေါင်းလုပ်လို ဝက်ဆိုဒ်တွေ ပေါ်လာပေမယ့် စာရေးသူပဲ မနှံ့စပ်လို ့လားမသိ ရှာဖွေလို ့ မတွေ ့နိုင်ပဲ ရှိခဲ့ပါတယ်။

ဒါနဲ့ ဒီနှစ်ဆန်း ၂၀၁၀ ဖေဖော်ဝါရီ မှာ ရန်ကုန်ပြန်တော့ မူလထုတ်လုပ်တဲ့ တေးသံသွင်းမှာ သွားရှာပါတယ်။ ဖြစ်ချင်တော့ တရားခွေ ချည်းသက်သက် အမ်ပီသရီး လိုချင်တာ မရခဲ့ပဲနဲ့ ဗွီစီဒီ နဲ့ပဲ ရခဲ့ပါတယ်။ အရင် စာရေးသူ သဘောကျတဲ့ တရား နဲ့ ထပ်တူထပ်မျှပါပဲ။ မကြိုက်တာကတော့ နောက်က တီးလုံးသံ တွေ ပါနေတာပါ။ စာရေးသူကတော့ ဖြစ်နိုင်ရင် ဆရာတော်ရဲ ့ အသံချည်းသက်သက် ပဲ လိုချင်တာပါ။ ဒါပေမယ့် မတတ်နိုင်ဘူး ရတာပဲ ဝယ်လာရတာပေါ့။

သီတဂူဆရာတော် အရှင်ဉာဏိသရ ၏ ကဆုန်လပြည့် ဗုဒ္ဓနေ ့တရားတော် သံဝေဇနိယ လေးဌာန (ဖွား-ပွင့်-ဟော-စံ)


Part 1

Part 2

Part 3

Part 4

ဗွီစီဒီ ဆိုတော့လည်း တမျိုးကောင်းပါတယ်။ သံဝေဇနိယ လေးဌာန ဗုဒ္ဓဂါယာ ကိုပါ ရောက်ဖူး မြင်ဖူးသွားတာပေါ့ လို ့ တွေးပြီး ဆရာတော်ဟောသလို တရားချစ်ခင် သူတော်စင်များ အတွက်လည်း စေတနာရှေ ့ထားကာ ယူကျူ ချန်နယ် အသစ်ဖွင့်ပြီး မျှဝေလိုက်ပါတယ် ခင်ဗျား။ ကြည်ညို သဒ္ဓာပွားများ နိုင်ကြပါစေလို ့ ဆန္ဒပြုရင်းဖြင့်။

ညီမူရာ

ယူကျူချန်နယ် အသစ်ဖွင့်တော့ ညီမူရာ ဆိုတာ တစုံတဦး တယောက်က မှတ်ပုံတင်ထားပြီး ဖြစ်တဲ့အတွက် သည်ညီမူရာ ဆိုတဲ့ နာမည်နဲ့ပဲ ဖွင့်လို ့ရလိုက်ပါကြောင်း အသိပေးပါရစေ။

Here is the Playlist which to watch 4 videos continuously:

...

Share

0 comments:

CBox

My CBox has been hijacked by some spammer. So, CBox has been removed. Sorry for inconvenience causes.