at Tuesday, March 16, 2010 Labels: , Posted by nyimuyar



ထုံးစံအတိုင်းပဲ ဖေဖော်ဝါရီ တရုတ်နှစ်သစ်ကူး ရုံးပိတ်ရက်ရှည်မှာ မွေးရပ်မြေ ရန်ကုန်ကို တခေါက်ပြန်ဖြစ်တယ်။
အမေက နဲနဲ ၀လာပြီး အဖေကတော့ ပိန်သွားတယ်။ ကိုယ်တွေတောင် လူလတ်ပိုင်းရောက်နေပြီဆိုတော့ မိဘတွေ အရွယ်ကျတာ ပြောဖွယ်ရာမရှိဘူးလေ ဒါပေမယ် စိတ်မကောင်းတော့ ဖြစ်ရတယ်။

အဖေက သီချင်းသိပ်ကြိုက်တယ်။ အမေက အမြဲပြောတယ် နင့်အဖေက မနက်မိုးလင်းလို ့ အိပ်ရာထတာနဲ့ မျက်နှာမသစ်သေးဘဲ တိပ်ရီကော်ဒါ တို ့ ကက်ဆက်တို ့ အရင်ဖွင့်တာတဲ့ လေ။ အဖေကြောင့်ပဲ တွံတေးသိန်းတန်။ မြန်မာပြည်သိန်းတန်။ မာမာအေး၊ ကိုအံ့ကြီး၊ တွံတေးစိုးအောင် တို ့ကို နှစ်သက်ခဲ့တယ်။

ဒီတခေါက် တော့ ရပ်ကွက်တွေထဲ သိပ်ခေတ်စားနေတဲ့ ဗညားဟန် ကို အဖေက ကြိုက်လို ့ အတွဲလိုက်ဝယ်ပေးခဲ့သေးတယ်။ အပြင်သိပ်မသွားဘဲ မိဘတွေ နဲ့ပိုနေဖြစ်တယ်။ အပြင်မသွားဘူးဆိုတာတောင် ကျောင်းထဲတော့ မရောက်မဖြစ်ရောက် လိုက်သေးတယ်။ အရာရာဟာ အရင်အတိုင်းပါပဲ။ အဓိပတိလမ်း နဲ့ စစ်ကိုင်းလမ်း ကို သက်ထားနဲ့ နှစ်ယောက်သား နေပူကြီးထဲ လမ်းလျောက် လိုက်ကြသေးတယ်။

အိမ်က နှစ်ရာ နီးပါးလောက်ရှိတဲ့ ကက်ဆက်ခွေတွေကို ဖွရင်း အိုင်ပေါ့ ကာဗာဖလိုး လုပ်ဖို ့ အကြိုက်ဆုံး စီးရီးအချို ့ကို စကန်ဖတ်လာခဲ့တယ်။ ဒီထက်မက စကန်ဖတ်ချင်ပေမယ့် မီးက လာလိုက်မလာလိုက်ဆို ့တော့ အကြိုက်ဆုံးတွေ ထိပ်ဆုံးထားဖတ်ခဲ့ရတယ်။ အချို ့ဆို မဖတ်လိုက်ရဘူး။ မှတ်မိသေးတယ် မေဆွိ ပုစွန်ဆိတ်ကလေး နဲ့ စိုးနှောင့်ဗျာပွေ ဆို ၁၉၈၆-၈၇ ခုနှစ်လောက်တုန်းကထဲက အဖေဝယ်ထားတာ ခုထိ အသံထွက်နေတုန်းပဲ မာစတာ တံဆိပ်အနီရောင် ခွေတွေပေါ့။ တချိန်တုန်းက တကသိုလ် ကတော့ စိန်ရတု ၁၉၉၅ ခုနှစ်မှာ ထွက်ထွက်ခြင်း ဝယ်လိုက်တာမှတ်မိတယ်။ အောင်ရင်ရဲ့ ဘာပဲလုပ်ရလုပ်ရ စီးရီး ကျတော့ တပ်မတော် ခန်းမ မှာ အဲ့ဒီတုန်းက ပွဲလုပ်တယ် အဲ့ဒီကိုသွားရင် ဝယ်တာ ဗီစီဒီတောင် ခေတ်မစားသေးဘူး။ ဗီဒီယိုခွေတောင် ထွက်သေးတယ်လေ။

စကန်ဖတ်ထားတဲ့ ပုံတွေကို လိုချင်တဲ့သူတွေ ရှိရင် သုံးလို ့ရအောင်လို ့ ဒီမှာ တခါတည်း တင်ထားလိုက်ပါတယ်။ စာရေးသူတို ့ သားအဖ ဘယ်လို ဂီတတွေ ကြိုက်လည်း အကဲခတ်ရင်းနဲ့ပေါ့။


warning: all scanned picture are big file size.












































































ညီမူရာ...


Update @ 1 July 2010 by NyiMuYar

မေဆွိ ရဲ့ နော်ကိုကိုနော် နဲ့ ပုစွန်ဆိတ်ကလေး တွေ ရှာ မတွေ ့ပေမယ် ့ ဗညားဟန် နဲ့ မို ့မို ့ကျော်လွင် တို ့ ပြန်ဆိုထားတဲ့ အခွေ ထဲမှာ ရှာတွေ ့လို ့ တင်ပေးထားလိုက်ပါတယ်။ မို ့မို ့ကျော်လွင် ဆိုတာ စိတ်ထဲ သိပ်မတွေ ့လှပေမယ့် နားထောင်ရတာပေါ့လေ ဆိုပြီး မီဒီယာဖိုင်းယားမှာ တင်ထားလိုက်ပါတယ်

နော်ကိုကိုနော် (တေးဆို မို ့မို ့ကျော်လွင်)
ပုစွန်ဆိတ်ကလေး (တေးဆို မို ့မို ့ကျော်လွင်)
Update @ 17 Aug 2010 by NyiMuYar
မေဆွိ ရဲ့ပုစွန်ဆိတ်ကလေး and Special Thanks to Kyee Kan who share file to me

Share

6 comments:

  1. စိတ်ဝင်စားစရာကောင်းတယ် :)

  1. Rita: :D that is only 25% of our favorite, but I couldn't scan all :(

  1. အိမ်ပြန်သွားတာကိုး။ ကျွန်တော်လဲ ပြန်တုူန်းက ငယ်ငယ်တုန်းက ပုံလေးတွေ စကန် ဖတ်ခဲ့သေးတယ်။
    အိမ်မှာလည်း အဲဒီအခွေတွေ ရှိသဗျ။ အကြိုက်တူပုံရတယ်။

  1. ကိုကိုဒီဘီရေ အသက်အရွယ်ခြင်း နဲ့ ကြီးပြင်းလာတဲ့ ခေတ်ခြင်းလည်း တူတူလောက်ပ ဲဖြစ်ပုံရပါတယ်ဗျာ။ ဒါကြောင့် အကြိုက်ခြင်းတူတာဖြစ်မှာပါ။

  1. မေဆွိ ပုဇွန်ဆိတ်ကလေးကို အရမ်း နားထောင်ချင်မိတယ်။ ကက်ဆက်ခွေ လိုက်ရှာပြီး mp3 ပြန်လုပ်မှ ရမယ် ထင်တယ်နော်။ အခု အဲ့ဒီ အခွေ mp3 များရှိမလား လိုက်ရှာရင်း ဒီ ဆိုဒ်ကို ရောက်လာတာပါ။ :)

  1. အသက်အရွယ်ချင်း မတိမ်းမယိမ်းတွေ ဖြစ်မှာပဲ... အဲဒီအခွေတွေအားလုံးလိုလို ကျွန်မမှာလည်း ရှိပါတယ် ခက်တာက အဲဒီ Tape တွေကို MP3 ပြောင်းဖို့တို့ CD ပြန်ပြောင်းဖို့တို့ ဘယ်လိုလုပ်ရမှန်းမသိ ဖြစ်နေတာပါပဲ... ကာဗာလေးတွေ ကြည့်ရင်း အလွမ်းဖြေသွားပါတယ်...း)

CBox

My CBox has been hijacked by some spammer. So, CBox has been removed. Sorry for inconvenience causes.