မစားရတာ ကြာနေပြီဖြစ်တဲ့ အီတာလျှံ ခေါက်ဆွဲ လုပ်စားဖြစ်တယ်။ အီတာလျှံ ခေါက်ဆွဲကို ကိုယ့်စိတ်ကြိုက်ချက်တာ တယ်လွယ်သကိုး။ ဆော့စ် ပုလင်းလေးဝယ် ခေါက်ဆွဲ (အလိမ်၊ အဖြောင့်) ကြိုက်တဲ့ အလုံး ဝယ်ပြီး ပြုတ်လိုက်ရုံပါပဲ။

စာရေးသူကတော့ ကြက်သွန်ဖြူ အနီ၊ ငရုတ်ကောင်း များတဲ့ အရသာ နှစ်သက်တာနဲ့ပဲ၊ ကြက်သွန်ဖြူ ကြက်သွန်နီ နဲ့ ငရုတ်ကောင်း နိုင်းချင်း တည့်ဆီသတ်၊ ဒီတခါတော့ အမဲသား နဲ့ စားရတာ ရိုးတာနဲ့ပဲ ဝက်သားကြိတ်သားနဲ့ ချက်လိုက်တယ်။ကြိတ်သား နဲ့ ရောမွှေွ။ အရသာ ပိုလတ်အောင် ခရမ်းချဉ်သီး နုတ်နုတ်စင်းပြီး ထည့်။
ဆော့စ် ထည့် ပြီး ရေ နဲနဲလေး နဲ့ ပွက်အောင်တည် ပွတ်လာရင် ရပြီပေါ့။



အီတာလျှံခေါက်ဆွဲ ဆိုတာ ပါစတာတွေ ချည်းပါပဲ။ အဲ့ဒီထဲမှာ မှ အချောင်းရှည်ရှည်လေးတွေကို စပါဂတ်တီ လို့ခေါ်ကြတာကိုး။ ဆိုတော့ အခုတခေါက်ကတော့ ပါစတာ အလိမ်ရယ် စပါဂတ်တီရယ် နှစ်မျိုးပြုတ်ဖြစ်တယ်။ ပါစတာ ခေါက်ဆွဲ အလိမ်ဖြစ်ဖြစ်၊ စပါဂတ်တီ ခေါက်ဆွဲ အချောင်းဖြစ်ဖြစ်၊ ပြုတ်တဲ့နေရာမှာ ဆား ထည့်မှ အရသာက ပိုကောင်းတာကိုး။

ပါစတာ ခေါက်ဆွဲတွေ က စာရေးသူ အကြိုက်အပျော့အမာ အနေအထားရဖို ့ မိနစ် ၂၀ လောက် ပြုတ်ရတယ်။ သူတို ့ကတော့ အထုပ်မှာရေးထားပါတယ် ၇ မိနစ်တို ့ဘာတို့၊ ဒါပေမယ့် သူတို ့ ရေးထားတဲ့ အချိန် အတိုင်းအတာနဲ့ ဆို မာလွန်းသေးတယ်။ မိနစ် ၂၀ လောက်မှ အကိုက်ပဲ၊ ရေစစ်ထား ရေကုန်တာနဲ့ ခေါက်ဆွဲတွေ ကို ပန်းကန်ထဲတည့် ဆော့စ်တွေ ဆမ််း ခက်ရင်းနဲ့ ဆွဲပေတော့။ ဆိမ့်ချင်ရင် ချိစ်ပါးပါးမွှားမွှားလေးတွေ ရောင်းတာ ရှိတယ် ဖြူးရုံပဲ။ ကိုယ်တွေ ကတော့ ပုံမှန်ဆော့စ် ထဲက ပါတဲ့ အရသာနဲ့တင် တော်တော် တက်နေပြီ၊ ဒါနဲ့ပဲ ချိစ်တခါမှ မဝယ်ဖြစ်ဖူး။

ဘာပဲဖြစ်ဖြစ် ဒီတပါတ် အီတာလျှံခေါက်ဆွဲက မစားတာကြာလို ့ ဖြစ်မယ် သိပ်ကောင်းတာပဲ။ ဒီလိုနဲ့ပဲ လေးလ တခါလောက် ဘောင်းဘီတွေ နံပါတ်ကြီးတာ လိုက်လိုက်ဝယ်နေရ ပါရောလား။

ညီမူရာ..

Share

5 comments:

  1. စားချင်စရာလေး။ လုပ်စားဦးမှ စိတ်ပါတဲ့ အခါကျရင်...
    အင်း... စိတ်ကတော့ ဘယ်တော့မှ ပါမလဲ မသိဘူး။

  1. စားချင်စရာ မသက်ထားလက်ရာပါလား။ ဗိုက်တောင်ဆာလာပြီ

  1. အီတာလျှံခေါက်ဆွဲကို အရမ်းကြိုက်တယ်။ တခါမှတော့ ချက်မစားဖြစ်သေးဘူး။ ဆော့ဘယ်လောက် ထည့်ရပါသလဲ။ ဆော့ရဲ့ တံဆိပ်လေးလဲ သိပါရစေ။

  1. 1 September 2009 at 04:23  
    ဆောင်း said...

    Oregano spice လေး ထည့်ရင် ပိုမွှေးတယ် ။ ဒီမှာက အဲဒီ အမှုန် ့ရယ် mixed herb အမှုန် ့ရယ် ထည့်တယ်

  1. ညီမူရာ..ကူးကူးဆီခေါ်ထားရမယ်...
    စပါဂတီ ကြိုက်လို့.. ဟီးးး
    ဒီမှာတော့ ပွဲတိုင်း၊ အိမ်တိုင်းအဲဒါမပါမပီးလို့...
    တစ်ခါတစ်လေ..အဲဒါဘဲချပီး ထမင်းမပါလို့ အငတ်ခံနေရတာတွေများနေပီ...
    အခုတော့လဲ တစ်ဇွန်းနှစ်ဇွန်းအစမ်းစ စားကြည့်နေပီ.. းP

CBox

My CBox has been hijacked by some spammer. So, CBox has been removed. Sorry for inconvenience causes.