at Saturday, August 29, 2009 Labels: , Posted by nyimuyar



အလုပ်တွေ ရှုပ်ပြီး သိပ်မအားတာနဲ့ပဲ ဘလော့ဖက် မလှည့်နိုင်ပါဘူး။ ဒါပေမယ့် သက်ထားကြောင့် အစားကောင်းတွေ တော့ စားဖြစ်ပါတယ်။

အခုပဲ ကြည့်လေ ငါးခေါင်းဟင်း ချက်ဖြစ်တယ်၊ စားလို ့တော်တော်ကောင်းတယ်။







ဒီထက်ကောင်းတာ ရှိသေးတယ်။ နာမည်ကြီး သိပ်နူးညံ့တဲ့ ပျဉ်းမနား မျှစ်ချဉ် ပေါ့။


နေပြည်တော် ခဏသွားတဲ့ အဖေက ရန်ကုန်ကနေ ပို ့လိုက်တာ ဒီနေ ့လည်ပဲ ရောက်တယ်။ သိပ်လတ်ဆတ်ပြီး အရသာရှိမယ့် ပုံပေါ်တာနဲ့ ချက်ခြင်းပဲ ဝက်သား သုံးထပ်သား ဝယ်ပြီး ချက်လိုက်တာ။ အရမ်းကို ကောင်းပြီး အနံအရသာ နဲ့ တကယ်ကို ပြည့်စုံပါပေတယ်ဗျာ။

ဓာတ်ပုံတွေ ကြည့်ရအောင် တင်ပေးလိုက်ပါတယ်။

ညီမူရာ
..

Share

7 comments:

  1. ငါးခေါင်းဟင်းအရမ်းကြိုက်တယ်..
    မချက်တတ်ဘူးသိလား.. သူများချက်ရင်တော့စားတတ်တယ်...
    ငါးက ဒယ်အိုးထဲက မျက်လုံးလေးပြူးပီး ကြည့်နေသလိုဘဲနော်.. :P

  1. ကြိုက်တယ် ငါးခေါင်းဟင်းကို။ ဟိုတစ်နေ့ကတောင်ချက်စားဖြစ်သေးတယ်။ဟီးဟီး ပြန်ကြွားတာ။

  1. ငါးခေါင်းတော့ ခဏခဏ ချက်စားဖြစ်တယ်ဗျ ..ဘယ်သူချက်မလဲ အီစကိုပေါ့ဗျာ။ မျစ်ချဉ်တော့ မစားရဲတော့ဘူးဗျ။ ငယ်သူတွေ စားကြပါလေ။

  1. သက်ထားလက်ရာပေါ့လေ။သွားရေကျသွားတယ်။

  1. ကြည့်ရတာ အရသာ ရှိလိုက်တာနော်။

  1. ငါးခေါင်းဟင်းရော မျှစ်ချဉ်ရော အကြိုက်တွေချည်းပဲ

  1. နှစ်မျိူးစလုံး ကြိုက်ပါတယ်။

CBox

My CBox has been hijacked by some spammer. So, CBox has been removed. Sorry for inconvenience causes.