at Saturday, August 08, 2009 Labels: , Posted by nyimuyar




ညီဖြစ်တဲ့ သူဆီကနေ စစ်စကို စာမေးပွဲတွေကို ရန်ကုန်မှာ ဖြေလို ့ရနေပြီ ဆိုတဲ့အကြောင်း ကြားရတယ်။ အရင်က စစ်စကို စာမေးပွဲဆိုတာ အနည်းဆုံးတော ့ ဗန်ကောက် လောက်မှာ သွားဖြေကြရတော့ အရင်းအနှီးက အတော်ကို ကြီးပါတယ်။ နေရေးထိုင်ရေး ကအစ စကားလည်း မပေါက်တော့ တော်တော်ကို ခက်တယ် ပြောရမှာပေါ့။

သူငယ်ချင်း တွေနဲ့ အသိတွေ တုန်းကဆို စင်ကာပူထက် လေယာဉ်လက်မှတ် နေထိုင်ရေး သက်သာတဲ့ ဗန်ကောက်ကို ရွေးကြတယ်။ ဒါပေမယ် ့လည်း ဗန်ကောက် ရဲ့ အားနည်းချက်က တခါမှ မရောက်ဖူးတဲ့သူ လူခံမရှိတဲ့သူများအဖို့ သိပ်မလွယ်ပါဘူး။ လူခံရှိတဲ့ သူငယ်ချင်းတွေတောင် အဆင်မပြေဘူးလို ့ ပြောယူရတဲ့အထိပါပဲ။ ဒါကြောင့် အခုလို ပြည်တွင်းမှာပဲ ဖြေလို ့ရတယ်ကြားရတော့ တော်တော် ဝမ်းသာပါတယ်။ ဘာပဲဖြစ်ဖြစ် အရင်ကထက် ပိုပြီး အဆင်ပြေသွားတယ် လို့ ဆိုရမှာပါပဲ။


Myanmar Inspirations News Letter July 2009
Cisco Systems မှ စစ်ဆေးပြီး အသိအမှတ်ပြုအောင်လက်မှတ် တိုက်ရိုက်ချီးမြှင့်
သည့် CCNA, CCNP, CCIE အစရှိသော စာမေးပွဲများအားလုံး ဇူလိုင်လ (၂၂)ရက်နေ့မှစတင်၍
ပြည်တွင်း၌ပင် ဖြေဆိုနိုင်ပါသည်။ ယခုလို Cisco စာမေးပွဲများ ဖြေဆိုနိုင်ခြင်း မှာ
မြန်မာနိုင်ငံအတွက် ပထမဦးဆုံးပင်ဖြစ်သည်။ ယခင်က Cisco စာမေးပွဲဖြေဆိုလိုသူများအဖို့
စင်ကာပူ၊ ဘန်ကောက်နှင့် ကွာလာလမ်ပူမြို့များသို့ သွားရောက်ဖြေဆိုနေကြရကြောင်း သိရှိရပြီး
ကုန်ကျစရိတ်ကြီးမားသည့်အတွက် မြန်မာကွန်ပျူတာပညာရှင် အများစုအတွက် CCNA, CCNP
ဆိုသည်မှာ လက်လှမ်းမမှီသော အောင်လက်မှတ်တစ်ခု အဖြစ်မှ လူတိုင်းလေ့လာဖြေဆိုရမည့်
ခေတ်မှီ Networking, Routing, Switching နည်းပညာ အဖြစ်သို့ ပြောင်းလဲလာတော့မည်ဖြစ်သည်။

မိုက်ခရု ိဆောဖ့်နည်းပညာစာမေးပွဲများနှင့်စာလျှင် စာမေးပွဲကြေးကြီးမြင့်ခြင်း၊ ပြည်ပသို့သွားရောက်
ဖြေဆိုရခြင်း၊ စနစ်တကျသင်ကြားပေးသော သင်တန်းများနည်းပါးခြင်း၊ လက်တွေ့အသုံးပြုရသည့်
Cisco Router နှင့် Switch များ ရှားပါးခြင်းတို့ကြောင့် ကွန်ပျူတာဝါသနာရှင်များ Cisco
နည်းပညာနောက် မလိုက်ကြသေးသော်လည်း ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်မည် ့
သူများအတွက်မှာမူ အနိမ့်ဆုံး CCNA လက်မှတ်ကိုင်နိုင်အောင် ကြိုးပမ်းကြသည်။ Cisco မှ
ပေးအပ်သော beginner level CCNA မှစ၍ specialist စာမေးပွဲများနှင့် expert level CCIE အထိ
စာမေးပွဲများအားလုံး မြန်မာအင်ဖိုတက်ရှိ Myanmar Inspirations တွင် ဖြေဆိုနိုင်သည်။ CCNA
စာမေးပွဲမှာ (၂)မျိုးရှိပြီး ၆၄၀-၈၀၂ CCNA (၁)ဘာသာတည်းဖြေဆိုပြီး CCNA ဖြစ်နိုင်သကဲ့သို့ ၆၄၀-
၈၂၂ ICND1 နှင့် ၆၄၀-၈၁၆ ICND2 (၂)ဘာသာဖြေဆို၍လည်း အောင်လက်မှတ် ရနိုင်ပါသည်။
၆၄၀-၈၀၂ စာမေးပွဲအတွက် USD $ ၂၅၀ ပေးသွင်းရမည်ဖြစ်ပြီး (၂)ဘာသာခွဲဖြေဆိုလိုသူများအဖို့
ICND1 နှင့် ICND2 စာမေးပွဲများကို တစ်ဘာသာစီ USD $၁၂၅ ဖြင့် ဖြေဆိုနိုင်ကြောင်း သိရှိရသည်။
ဖြေဆိုလိုသူများအဖို့ (၃)ရက်ကြိုတင် စာရင်းသွင်း၍ မိမိတို့ ကြိုက်နှစ်သက်ရာအချိန် ရွေးချယ်
ဖြေဆိုနိုင်ပြီး စာမေးပွဲရလဒ်ကို ဖြေဆိုပြီးပြီးခြင်း သိရှ ိနိုင်မည်ဖြစ်သည်။

ညီမူရာ...

Share

6 comments:

  1. အတော်အဆင်ပြေသွားပါတယ်။ကျွန်တော်တောင် ဒီလထဲဖြေဖို့ ပြင်နေတယ်။

  1. cisco ကိုတော့ ရှေးတုံးကတယ်လီဖုံး handset အနေနဲ့ပဲသိတယ်။ အခုမှသိတယ် စာမေးပွဲတဲ့

  1. ha ha, yeah, same to me, I just know Cisco have exam around 2005.

  1. u cannot sit CCIE lab exam in yangon, can sit in banglore, India and Tokyo, Japan only in Asia.

  1. Steve Evergreen said...

    cisco ကိုတော့ ရှေးတုံးကတယ်လီဖုံး handset အနေနဲ့ပဲသိတယ်။ အခုမှသိတယ် စာမေးပွဲတဲ့ ( ဖြစ်ရလေ ကိုစတိရယ် ) ဟုတ်ပါတယ် ကိုစတိအပြစ်လည်းမပါဘူး ရေးတဲ.လူက CISCO လို.ပြောတာကိုး CISCO exam CCNA လို.မှမရေးတာ ဟိဟိ

  1. ပြည်တွင်းမှာဘဲဖြေလို့ရတယ်ဆိုတော့အတော်ကိုအဆင်ပြေသွားတာဘဲနော်။ကောင်းလိုက်တာ

CBox

My CBox has been hijacked by some spammer. So, CBox has been removed. Sorry for inconvenience causes.