မစားရတာ ကြာနေပြီဖြစ်တဲ့ အီတာလျှံ ခေါက်ဆွဲ လုပ်စားဖြစ်တယ်။ အီတာလျှံ ခေါက်ဆွဲကို ကိုယ့်စိတ်ကြိုက်ချက်တာ တယ်လွယ်သကိုး။ ဆော့စ် ပုလင်းလေးဝယ် ခေါက်ဆွဲ (အလိမ်၊ အဖြောင့်) ကြိုက်တဲ့ အလုံး ဝယ်ပြီး ပြုတ်လိုက်ရုံပါပဲ။

စာရေးသူကတော့ ကြက်သွန်ဖြူ အနီ၊ ငရုတ်ကောင်း များတဲ့ အရသာ နှစ်သက်တာနဲ့ပဲ၊ ကြက်သွန်ဖြူ ကြက်သွန်နီ နဲ့ ငရုတ်ကောင်း နိုင်းချင်း တည့်ဆီသတ်၊ ဒီတခါတော့ အမဲသား နဲ့ စားရတာ ရိုးတာနဲ့ပဲ ဝက်သားကြိတ်သားနဲ့ ချက်လိုက်တယ်။ကြိတ်သား နဲ့ ရောမွှေွ။ အရသာ ပိုလတ်အောင် ခရမ်းချဉ်သီး နုတ်နုတ်စင်းပြီး ထည့်။
ဆော့စ် ထည့် ပြီး ရေ နဲနဲလေး နဲ့ ပွက်အောင်တည် ပွတ်လာရင် ရပြီပေါ့။



အီတာလျှံခေါက်ဆွဲ ဆိုတာ ပါစတာတွေ ချည်းပါပဲ။ အဲ့ဒီထဲမှာ မှ အချောင်းရှည်ရှည်လေးတွေကို စပါဂတ်တီ လို့ခေါ်ကြတာကိုး။ ဆိုတော့ အခုတခေါက်ကတော့ ပါစတာ အလိမ်ရယ် စပါဂတ်တီရယ် နှစ်မျိုးပြုတ်ဖြစ်တယ်။ ပါစတာ ခေါက်ဆွဲ အလိမ်ဖြစ်ဖြစ်၊ စပါဂတ်တီ ခေါက်ဆွဲ အချောင်းဖြစ်ဖြစ်၊ ပြုတ်တဲ့နေရာမှာ ဆား ထည့်မှ အရသာက ပိုကောင်းတာကိုး။

ပါစတာ ခေါက်ဆွဲတွေ က စာရေးသူ အကြိုက်အပျော့အမာ အနေအထားရဖို ့ မိနစ် ၂၀ လောက် ပြုတ်ရတယ်။ သူတို ့ကတော့ အထုပ်မှာရေးထားပါတယ် ၇ မိနစ်တို ့ဘာတို့၊ ဒါပေမယ့် သူတို ့ ရေးထားတဲ့ အချိန် အတိုင်းအတာနဲ့ ဆို မာလွန်းသေးတယ်။ မိနစ် ၂၀ လောက်မှ အကိုက်ပဲ၊ ရေစစ်ထား ရေကုန်တာနဲ့ ခေါက်ဆွဲတွေ ကို ပန်းကန်ထဲတည့် ဆော့စ်တွေ ဆမ််း ခက်ရင်းနဲ့ ဆွဲပေတော့။ ဆိမ့်ချင်ရင် ချိစ်ပါးပါးမွှားမွှားလေးတွေ ရောင်းတာ ရှိတယ် ဖြူးရုံပဲ။ ကိုယ်တွေ ကတော့ ပုံမှန်ဆော့စ် ထဲက ပါတဲ့ အရသာနဲ့တင် တော်တော် တက်နေပြီ၊ ဒါနဲ့ပဲ ချိစ်တခါမှ မဝယ်ဖြစ်ဖူး။

ဘာပဲဖြစ်ဖြစ် ဒီတပါတ် အီတာလျှံခေါက်ဆွဲက မစားတာကြာလို ့ ဖြစ်မယ် သိပ်ကောင်းတာပဲ။ ဒီလိုနဲ့ပဲ လေးလ တခါလောက် ဘောင်းဘီတွေ နံပါတ်ကြီးတာ လိုက်လိုက်ဝယ်နေရ ပါရောလား။

ညီမူရာ..

Share



အလုပ်တွေ ရှုပ်ပြီး သိပ်မအားတာနဲ့ပဲ ဘလော့ဖက် မလှည့်နိုင်ပါဘူး။ ဒါပေမယ့် သက်ထားကြောင့် အစားကောင်းတွေ တော့ စားဖြစ်ပါတယ်။

အခုပဲ ကြည့်လေ ငါးခေါင်းဟင်း ချက်ဖြစ်တယ်၊ စားလို ့တော်တော်ကောင်းတယ်။







ဒီထက်ကောင်းတာ ရှိသေးတယ်။ နာမည်ကြီး သိပ်နူးညံ့တဲ့ ပျဉ်းမနား မျှစ်ချဉ် ပေါ့။


နေပြည်တော် ခဏသွားတဲ့ အဖေက ရန်ကုန်ကနေ ပို ့လိုက်တာ ဒီနေ ့လည်ပဲ ရောက်တယ်။ သိပ်လတ်ဆတ်ပြီး အရသာရှိမယ့် ပုံပေါ်တာနဲ့ ချက်ခြင်းပဲ ဝက်သား သုံးထပ်သား ဝယ်ပြီး ချက်လိုက်တာ။ အရမ်းကို ကောင်းပြီး အနံအရသာ နဲ့ တကယ်ကို ပြည့်စုံပါပေတယ်ဗျာ။

ဓာတ်ပုံတွေ ကြည့်ရအောင် တင်ပေးလိုက်ပါတယ်။

ညီမူရာ
..

Share




ညီဖြစ်တဲ့ သူဆီကနေ စစ်စကို စာမေးပွဲတွေကို ရန်ကုန်မှာ ဖြေလို ့ရနေပြီ ဆိုတဲ့အကြောင်း ကြားရတယ်။ အရင်က စစ်စကို စာမေးပွဲဆိုတာ အနည်းဆုံးတော ့ ဗန်ကောက် လောက်မှာ သွားဖြေကြရတော့ အရင်းအနှီးက အတော်ကို ကြီးပါတယ်။ နေရေးထိုင်ရေး ကအစ စကားလည်း မပေါက်တော့ တော်တော်ကို ခက်တယ် ပြောရမှာပေါ့။

သူငယ်ချင်း တွေနဲ့ အသိတွေ တုန်းကဆို စင်ကာပူထက် လေယာဉ်လက်မှတ် နေထိုင်ရေး သက်သာတဲ့ ဗန်ကောက်ကို ရွေးကြတယ်။ ဒါပေမယ် ့လည်း ဗန်ကောက် ရဲ့ အားနည်းချက်က တခါမှ မရောက်ဖူးတဲ့သူ လူခံမရှိတဲ့သူများအဖို့ သိပ်မလွယ်ပါဘူး။ လူခံရှိတဲ့ သူငယ်ချင်းတွေတောင် အဆင်မပြေဘူးလို ့ ပြောယူရတဲ့အထိပါပဲ။ ဒါကြောင့် အခုလို ပြည်တွင်းမှာပဲ ဖြေလို ့ရတယ်ကြားရတော့ တော်တော် ဝမ်းသာပါတယ်။ ဘာပဲဖြစ်ဖြစ် အရင်ကထက် ပိုပြီး အဆင်ပြေသွားတယ် လို့ ဆိုရမှာပါပဲ။


Myanmar Inspirations News Letter July 2009
Cisco Systems မှ စစ်ဆေးပြီး အသိအမှတ်ပြုအောင်လက်မှတ် တိုက်ရိုက်ချီးမြှင့်
သည့် CCNA, CCNP, CCIE အစရှိသော စာမေးပွဲများအားလုံး ဇူလိုင်လ (၂၂)ရက်နေ့မှစတင်၍
ပြည်တွင်း၌ပင် ဖြေဆိုနိုင်ပါသည်။ ယခုလို Cisco စာမေးပွဲများ ဖြေဆိုနိုင်ခြင်း မှာ
မြန်မာနိုင်ငံအတွက် ပထမဦးဆုံးပင်ဖြစ်သည်။ ယခင်က Cisco စာမေးပွဲဖြေဆိုလိုသူများအဖို့
စင်ကာပူ၊ ဘန်ကောက်နှင့် ကွာလာလမ်ပူမြို့များသို့ သွားရောက်ဖြေဆိုနေကြရကြောင်း သိရှိရပြီး
ကုန်ကျစရိတ်ကြီးမားသည့်အတွက် မြန်မာကွန်ပျူတာပညာရှင် အများစုအတွက် CCNA, CCNP
ဆိုသည်မှာ လက်လှမ်းမမှီသော အောင်လက်မှတ်တစ်ခု အဖြစ်မှ လူတိုင်းလေ့လာဖြေဆိုရမည့်
ခေတ်မှီ Networking, Routing, Switching နည်းပညာ အဖြစ်သို့ ပြောင်းလဲလာတော့မည်ဖြစ်သည်။

မိုက်ခရု ိဆောဖ့်နည်းပညာစာမေးပွဲများနှင့်စာလျှင် စာမေးပွဲကြေးကြီးမြင့်ခြင်း၊ ပြည်ပသို့သွားရောက်
ဖြေဆိုရခြင်း၊ စနစ်တကျသင်ကြားပေးသော သင်တန်းများနည်းပါးခြင်း၊ လက်တွေ့အသုံးပြုရသည့်
Cisco Router နှင့် Switch များ ရှားပါးခြင်းတို့ကြောင့် ကွန်ပျူတာဝါသနာရှင်များ Cisco
နည်းပညာနောက် မလိုက်ကြသေးသော်လည်း ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်မည် ့
သူများအတွက်မှာမူ အနိမ့်ဆုံး CCNA လက်မှတ်ကိုင်နိုင်အောင် ကြိုးပမ်းကြသည်။ Cisco မှ
ပေးအပ်သော beginner level CCNA မှစ၍ specialist စာမေးပွဲများနှင့် expert level CCIE အထိ
စာမေးပွဲများအားလုံး မြန်မာအင်ဖိုတက်ရှိ Myanmar Inspirations တွင် ဖြေဆိုနိုင်သည်။ CCNA
စာမေးပွဲမှာ (၂)မျိုးရှိပြီး ၆၄၀-၈၀၂ CCNA (၁)ဘာသာတည်းဖြေဆိုပြီး CCNA ဖြစ်နိုင်သကဲ့သို့ ၆၄၀-
၈၂၂ ICND1 နှင့် ၆၄၀-၈၁၆ ICND2 (၂)ဘာသာဖြေဆို၍လည်း အောင်လက်မှတ် ရနိုင်ပါသည်။
၆၄၀-၈၀၂ စာမေးပွဲအတွက် USD $ ၂၅၀ ပေးသွင်းရမည်ဖြစ်ပြီး (၂)ဘာသာခွဲဖြေဆိုလိုသူများအဖို့
ICND1 နှင့် ICND2 စာမေးပွဲများကို တစ်ဘာသာစီ USD $၁၂၅ ဖြင့် ဖြေဆိုနိုင်ကြောင်း သိရှိရသည်။
ဖြေဆိုလိုသူများအဖို့ (၃)ရက်ကြိုတင် စာရင်းသွင်း၍ မိမိတို့ ကြိုက်နှစ်သက်ရာအချိန် ရွေးချယ်
ဖြေဆိုနိုင်ပြီး စာမေးပွဲရလဒ်ကို ဖြေဆိုပြီးပြီးခြင်း သိရှ ိနိုင်မည်ဖြစ်သည်။

ညီမူရာ...

Share

CBox

My CBox has been hijacked by some spammer. So, CBox has been removed. Sorry for inconvenience causes.