at Friday, June 05, 2009 Labels: , Posted by nyimuyar


Microsoft SQL Server 2005 Database ဒေတာဘေစ့် တခုကို (Backup) ဘက်ကပ် လုပ်ပြီး သိမ်းတာ မခက်ပါဘူး။ ဒါပေမယ့် အကျွမ်းတဝင် မရှိ၊ မသိခဲ့ရင်တော့ တော်တော်လေးကို ရှာရမှာပါ။ ၂၀၀၆နှောင်းပိုင်း ဘန်ကောက်ရုံးမှာ ပထမဆုံး (backup) ဘက်ကပ် လုပ်ခဲ့စဉ်က အတော်ပဲ ရွာလည်ခဲ့ဖူးပါတယ်။ ကိုယ်ကျွမ်းဝင်တဲ့ အရာမှ မဟုတ်တာကိုး။

နောင်တော့လည်း မကြာခဏ လုပ်ပေးရတော့ ထမင်းစား ရေသောက်သလို လွယ်ကူသွားပါတယ်။ အဲဒီ ပထမဆုံးအခေါက်က ဆရာသမားဖြစ်သူက ဘက်ကပ် ဘက်ကပ် အမြန်လုပ်ထားလို ့ သတိပေးတော့ တောင်ရှာရ မြောက်ရှာရ နဲ့ တော်တော်ကြီးကို ကြာသွားပါတယ်။ ခက်ခက်ခဲခဲတွေ လုပ်လို ့ပေါ့။

နောက်မှ အလွယ်တကူ Wizard လေး သုံးပြီးလုပ်လို ့ရမှန်း သိတာပါ။ အဲ့သလိုပဲ ဒီတပါတ်ထဲမှာ သူငယ်ချင်း တယောက် အဲသလို အဖြစ်မျိုး ခပ်ဆင်ဆင် ထပ်ကြုံတွေ ့ရတော့ သူ ့ကို ကူညီရင်း ပရင့်စကရင်တွေ ဖမ်းထားလိုက်ပါတယ်။ တချိန်ချိန် အသုံးလို်မယ်ထင်လို ့ ညီဖြစ်သူကိုလည်း ဒီ (Print Screen) ပရင့် စကရင်တွေ ပို့ပေးရင်း အခြား မသိသေးတဲ့ ဘော်ဒါတွေ ဗဟုသုတ နဲ့ လိုအပ်ရင် မှီငြမ်းနိုင်အောင် ဘလော့ပေါ် တင်လိုက်ပါတယ်။

အားလုံးသိကြတဲ့ အတိုင်း နည်းပညာ ဆိုတာမျိုးက မသိသူကျော်သွား သိသူဖော်စား ဆိုတော့။ အခက်အခဲ ကြုံတဲ့အခါ ဗဟုသုတများတဲ့သူက တပန်းသာ စမြဲမို ့ အခက်အခဲတွေ အလွယ်တကူ ကျော်ဖြတ်နိုင်ကြပါစေလို ့ ဆုမွန်ကောင်း တောင်းရင်းနဲ့ Print Screen များကို ရှုစားကြပါ။ ပုံအောက်က စာများကိုလည်း ဖတ်ကြပါ။


1. Go To SQL Server Management Studio

2. Login

3.Choose Db to Backup

4. Backup Dialog

5. Choose Backup File Destination

6. Locate Database File Backup Location

7. Do not forget to give file extension

8.Select Destination and Then OK

9. Backup is Processing

10. Backup Successfully Finished


ညီမူရာ ...

Share

4 comments:

  1. အဲ... ကိုညီမူရာက Software သမားမဟုတ်လားဟင် ... ဖတ်ပြီးတော့လေ ထူးဆန်းသလိုခံစားသွားရတယ်။

  1. :D sort of, but that experienced was end of 2006, when I wasn't familier with SQL 2005.

  1. restore လုပ်တာ တင်ပေး အုးံ

  1. ညီမူရာ You are male or female? or what?

CBox

My CBox has been hijacked by some spammer. So, CBox has been removed. Sorry for inconvenience causes.