at Thursday, June 11, 2009 Labels: , Posted by nyimuyar


စောင့်စားမျှော်လင့် နေသူတို ့အတွက် ပါဆင်နယ် ကွန်ပျူတာ ပြပွဲ (ပီစီရှိုး) ၂၀၀၉ ကို ဒီကနေ ့ နေ့လည် ၁၂ နာရီမှာ ဖွင့်လှစ်လိုက်ပါပြီ။

နှစ်စဉ် သုံးလ တကြိမ် အီလက်ထရွှန်းနစ် ပြပွဲ လုပ်တဲ့ စင်ကာပူမှာ ယခု ပြပွဲက ၂၀၀၉ အတွက် ဒုတိယမြောက် ပြပွဲဖြစ်ပြီး ဒီကနေ ့၁၁ ရက်နေ ့ကနေ ၁၄ ရက် တနင်္ဂနွေ နေ့အထိ ဆန်းတက် စီးတီး ၁၊၃၊၄ နဲ့ ၆ ထပ် များမှာ နေ ့စဉ် နေ့လည် ၁၂ နာရီ ကနေ ည ၉ နာရီအထိ ဝင်ကြေးအခမဲ့ ခင်းကျင်းပြသ ရောင်းချသွားမှာပါ။

ပါဝင်ပြသ ရောင်းချသူပေါင်း ၆၀၀ ကျော်တို ့က ပြသရောင်းချမှာ ဖြစ်ပြီး လေ့လာကြည့်ရှုသူ ၁ သန်းခန် ့လာရောက်ကြမယ်လို ့ မျှော်မှနး်ထားကြပါတယ်။ ကမ္ဘာ့စီးပွားရေး အကြပ်အတည်း နဲ့ ဝက်တုပ်ကွေး တို ့ ဖြစ်ပွားနေသော်လည်း ရောင်းအားကျဆင်းမှု သိပ်ပြီး သိသာစွာ မရှိနိုင်ဘူးလို ့ ကျွမ်းကျင်သူ အချို ့က ဟောကိန်း ထုတ်ထားပါတယ်။

ဝက်တုပ်ကွေး အရှိန် ရှိနေသေးတာကြောင့် ပီစီရှိုး ကို သွားမယ်ဆိုရင် ခလေးငယ်တွေကို မခေါ်သွားဖို့ အကြံပေးထားကြပါတယ်။ လိုချင်တဲ့ ပစ္စည်းတွေကို အင်တာနက်ကနေ ဈေးအရင်ကြည့်ထားဖို ့ လည်း အကြံပေးထားပါတယ်။ ဒါကြောင့် ဒီပို ့စ်မှာလည်း အင်တာနက်ကနေ ပြပွဲမှာ ဝေတဲ့ လက်ကမ်းစာစောင် နဲ့ ဈေးတွေ ကြည့်လို့ရမယ့် နေရာတွေကို စုစည်းပေးထားပါတယ်။

ဒီပွဲမှာ ထူးခြားမှုတခုက ဒီလင့်အိုင်ပီ ကင်မရာကနေ တိုက်ရိုက် ရိုက်ကူး နေတဲ့ ရုပ်ငြိမ် ဓာတ်ပုံများကို ၁၅ စက္ကန် ့တကြိမ် ထုတ်လွင့်ပေးနေတာကို စီနက်အေးရှားရဲ ့ အင်တာနက် စာမျက်နှာမှာ မြင်နေရတာပဲ ဖြစ်ပါတယ်။



စုစည်းပေးထားတဲ့ ပြပွဲ လက်ကမ်းနှင့် ဈေးနှုန်း လင့်ခ်များ (Most Updated)
live at PC Show 2009 by cNet asia
CNet Asia PC Show 2009
Hardwarezone PC Show 2009
Hardwarezone PC Show 2009 Preview
Bootstrike PC Show 2009 Price Lists and Brochures Listing
HWZ Picasa Link Brochures
drop io Link
Vr-Zone Promotion Link
The PC SHOW

ဈေးနှုန်းများကို ကြိုတင်ကြည့်ရှူ သွားရည်ကျရင်း လိုချင်တပ်မက်မှုများ ငမ်းငမ်းတက် ဖြစ်ပေါ်နိုင်ကြပါစေလို ့ ဆန္ဒပြုရင်းဖြင့်
ညီမူရာ

all credit goes to :
cnet asia
hardwarezone
bootstrike
vr-zone

...

Share

0 comments:

CBox

My CBox has been hijacked by some spammer. So, CBox has been removed. Sorry for inconvenience causes.