ဒီကနေ ့ မထင်မှတ်ဘဲ ဆိုက်တခုကို သွားတွေ့တယ်၊ စင်ကာပူမှာ လမ်းရှာ နေရာရှာ တဲ့ အင်တာနက်ပေါ်က မြေပုံလမ်းညွန် ဆိုက် တွေထဲမှာ နောက်ပေါက် ဆိုက်တခုပေါ့။ gothere.sg တဲ့။

အသွင်အပြင်နဲ့ သုံးရလွယ်ကူတဲ့ ဆိုက်တခုလို ့တော့ မြင်ရပါတယ်။
သွားချင်တဲ့ နေရာ ၂ ခုကို ရိုက်ပေးလိုက်တာနဲ့ တခါတည်း လမ်းညွန်ပေးတော့တာပါပဲ။

ပြီးရင် လမ်းညွန် စာမျက်နှာမှာ မြေပုံ ပေါ်လာပြီး ခရီးစဉ် စမယ့် နေရာ (အေ) နဲ့ ဆုံးမယ် ့နေရာ (ဘီ) ကို တခါတည်း အပြာရောင် လိုင်းနဲ့ ဆွဲပေးလိုက်ပါတယ်။


လမ်းလျှောက်ရမယ် ဆိုလည်း အကွာအဝေး ဘယ်လောက် ဘယ်နှစ်မိနစ် လျှောက် ရမယ် ကားစီး ရမယ်ဆိုလည်း ဘယ်နံပါတ် ကို ဘယ်နှစ်မှတ်တိုင် စီးရမယ် ခရီးစားရိတ် ဘယ်လောက် ကျမယ် ကြာချိန်ကိုလည်း တွက်ပြီး ဖော်ပြပေးပါတယ်။ လမ်းလျှောက် ရတဲ့ ကြာချိန်ကလည်း ကွက်တိပဲ၊ လျှောက်နေကျ လမ်းတွေကို ရိုက်ထည့်ကြည့်တာ အချိန်က အတိအကျပါပဲ။

စလုံးမှာ ၁၈ ရက်နေ ့ကမှ တရားဝင် အဆင့်မြင့်ခွင့် ရသွားတဲ့ ပန်းသီး ရဲ ့ အိုင်ဖုန်း ၃.၀ အိုအက်စ် အသစ် မှာတောင် သုံးလို ့ရအောင် လုပ်ပေးထားသတဲ့၊ အင်တာနက် ကွန်နက်ရှင်တော့ လိုတာပေါ့လေ။

သုံးကြည့်သလောက်တော့ လွယ်ကူပြီး သဘောကျ နေပါတယ်။ သုံးနေကျ streetdirectory.com ထက် အချို ့နေရာတွေမှာ ပိုလို ့တောင် အဆင်ပြေ ချောမွေ ့နေပါသေးတယ်။

ဘာပဲဖြစ်ဖြစ် အခုလို လမ်းညွန်ပေးတဲ့ ဝက်ဆိုက် တခုတိုးလာတာ ပိုပြီး အဆင်ပြေတာပေါ့။ အခုဆိုရင် စာရေးသူ သုံးနေကျ streetdirectory.com အပြင် gothere.sg ကိုလည်း အဓိကထား သုံးကြည့်ဖို ့ ဆုံးဖြတ်လိုက်ပြီမို ့ စာဖတ်သူတွေ လည်း ကိုယ်နဲ့ အဆင်ပြေမပြေ စမ်းသပ် သုံးနိုင်အောင် လမ်းညွန်လိုက်ရပါတယ်။

စာရေးသူ သုံးနေကျ စင်ကာပူ မှ အွန်လိုင်း ခရီးသွား လမ်းညွန် ဆိုက်များ

နာမည်ကြီး
စလုံးအစိုးရရဲ ့
ဘက်စ်ကား ခရီးစဉ်နဲ့ မှတ်တိုင် ရှာပေးတဲ့ Transit Link

ညီမူရာ...

Share

4 comments:

  1. ကျေးဇူးပါဘဲ။ သွားချင်တဲ ့နေရာကို အမြဲမတွေ ့တဲ ့တောသူပါ :)

  1. အပြင်သွားရင် လမ်းမှားနေတာကများတယ်....အခုလို အွန်လိုင်းခရီးသွားလမ်းညွှန် ဆိုက်ကလေးကို ဘလော့ဂ်မှာ တင်ပြပေးတာ ကျေးဇူးပါ း-)

  1. ကျေးဇူးပါ အွန်လိုင်းခရီးသွားလမ်းညွှန်အတွက်

  1. gothere.sg ကို ကျွန်တော်သုံးတာ တစ်နှစ်နီးပါးရှိပါပြီ။ အရင်ကထက် စာရင်တော့ တော်တော် ကောင်းလာပြီလို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် ကိုယ်သွားမယ့်နေရာကို ဒီ site တစ်ခုထဲနဲ့ မရှာဘဲ တစ်ခြားသော streetdirectory.com လို site မျိုးတွေမှာလဲ ရှာဖို့ အကြံပေးပါရစေ။ အထူးသဖြင့် bus ကားလိုင်းများကို လမ်းညွှန်တဲ့ နေရာတွေမှာ west နဲ့ east အပိုင်းတွေမှာ လမ်းကြောင်းတွေ ကိုကွေ့ပတ်ပြီး သွားခိုင်းတာမျိုးတွေ၊ နီးစပ်ရာ bus ကားလိုင်းကို မရွေးခိုင်းဘဲ သူ့ web site ကသတ်မှတ်ထားတဲ့ လမ်းကြောင်းအတိုင်းသွားခိုင်းတာမျိုးတွေကို ခနခန ကြုံရတတ်ပါတယ်။

    ချစ်ခြင်းအားဖြင့်
    ဖိုးသား။

CBox

My CBox has been hijacked by some spammer. So, CBox has been removed. Sorry for inconvenience causes.