at Saturday, May 30, 2009 Labels: , Posted by nyimuyar




မေလ တတိယပတ်မှာ အင်တာနက်ဘဏ် အသုံးပြုသူတွေ အတွက် သက်ဆိုင်ရာ ဘဏ်များက လုံခြုံရေးဆိုင်ရာ အထူး သတိပေးချက်ကို ထုတ်ပြန်လိုက်ပါတယ်။ လက်တလော နာမည်ကြီး စိုးရိမ်နေရတဲ့ username ၊ password နဲ့ secure PIN(One Time Pin) လျှို ့ဝှက်နံပါတ် ခိုးယူမှုတွေ ကြောင့်ပဲ ဖြစ်ပါတယ်။

ကိုယ့်စက်ထဲမှာ အင်တာနက်ကို လျှောက်သွားနေရင်း ဝင်မှန်းမသိဝင်နေတဲ့ ထရိုဂျန်ဆိုတဲ့ ပရိုဂရမ်ကနေ online iBanking တခုခုကို အသုံးပြုတဲ့အခါ ပထမဆုံး username နဲ့ password ရိုက်တဲ့ စာမျက်နှာမှာ လုံခြုံရေးအရ ခလုပ်နှိပ်ပြီး ရိုက်ထဲ့ရတဲ့ securePIN နံပါတ်ကို တခါတည်း တောင်းယူသွားမှာ ဖြစ်ပါတယ်။

DBS က ဒီလိုမျိုးလေး မြင်သာအောင် ပြထားပါတယ်။


ဒါမျိုးဆိုလို ့က အိုင်ဘဏ်ကင်းကို လုံး၀ မဝင်ပါနဲ့၊ သက်ဆိုင်ရာ ဘဏ်ကို သတင်းချက်ခြင်း ပို ့ပါ။

အရေးကြီးပြီး လိုအပ်တဲ့ အချက်အလက် အပြည့်အစုံ ရသွားတာနဲ့ ကုန်ပြီလို ့သာ မှတ်လိုက်ပေရော့ပဲ။ ကိုယ့်ငွေတွေကို သူတို ့လိုချင်တဲ့ဆီကို လုပ်ချင်သလို လုပ်သွားမှာပါ။ ဒါကြောင့် ပုံမှန်သုံးနေကျ ပုံစံမဟုတ်တဲ့ အခြေအနေမျိုးမှာဆို အိုင်ဘဏ်ကင်းတွေကို မသုံးပါနဲ့။ ကိုယ်မြင်နေကြ ပုံစံတွေ မဟုတ်တော့ဘူးဆိုတာနဲ့ ရပ်လိုက်ပါ။ ဘဏ်တွေကလည်း သူတို ့ ဖက်က ပြောင်းမယ်ဆိုရင် အစောကြီးထဲက ကြိုတင်ကြေညာထားတတ်ပါတယ်။

DBS ဘဏ်က မေလ ၂၃ ရက်နေ့မှာ အထူးကြေညာချက် ကို ထုတ်ပြန်ထားပြီး အသေးစိတ်လည်း ရေးသားထားပါတယ်။ အသေးစိတ်ကို ဒီနေရာမှာ DBS Security Alert ဖတ်ပါ။
UOB ဘဏ်ကလည်း မေလ ၂၁ ရက်နေ ့မှာ လုံခြုံရေး သတိပေးကြေညာချက်ကို ထုတ်ပြန်ထားပါတယ်။ အသေးစိတ်ကို ဒီနေရာမှာ UOB Security Alert ဖတ်ပါ။
DBS ကလည်း ပထမဆုံး စာမျက်နှာ မမြင်မှာစိုးလို ့ သေချာ သတိပေးထားပါတယ်။

Anti Virus ဆော့ဝဲလ်တွေကို အမြဲမပြတ် အဆင့်မြင့် လုံခြုံအောင် လုပ်ထားဖို့ အရေးကြီးပါတယ်။ နောက်ပြီး သုံးစွဲသူတွေ ဖက်ကလည်း ဗဟုသုတ နဲ့ သတင်း အချက်အလက်တွေကို အမြဲတမ်း မျက်ခြေမပြတ်ဖို ့ လိုပါတယ်။

အခုလို နည်းပညာခေတ်ကြီးမှာ အရာရာတိုးတက်နေသလို၊ လူတော်တော်များများကလည်း မဟုတ်တဲ့ နေရာတွေမှာ ထူးချွန်တတ်လွန်းတော့ သတိထားနေကာမှ တော်ကာကြမှာကိုး။ အိုင်ဘဏ်ကင်း ဆိုတာကလည်း ခုနောက်ပိုင်း မသုံးမဖြစ်သုံးနေရတာဆိုတော့ အွန်လိုင်း ဘဏ်အကောင့် သုံးစွဲသူအပေါင်း ဘေးအန္တရာယ်ကင်းပြီး လုံခြုံစိတ်ချမ်းသာကြပါစေလို ့ ဆုမွန်ကောင်းတောင်းရင်းဖြင့် ....

ညီမူရာ ...

OCBC Tips of how to safeguard from online fraud

Share

8 comments:

  1. မျှဝေတာ ကျေးဇူးဗျာ

  1. ကျေးဇူး။ ဟီးဟီး တစ်နေ့က ရာဟူးဝေါလက်ကနေ တစ်ခုဝယ်နေတုန်း ရုတ်တရက် ဖုန်းဝင်လာတယ်။ ဘဏ်ကလှမ်းဆက်တာ။ ခင်ဗျား အွန်လိုင်းကနေ တစ်ခုခုဝယ်နေပါသလားတဲ့ ဟုတ်ကဲ့လို့ပြောလိုက်မှာ ပြန်ချသွားတယ်။ လန့်တောင်လန့်သွားတယ်။

  1. yeah, sometime they call and check as precaution, I think withing this week most of the bank raise their security level.

  1. ကျေးဇူးပါ အခုလိုမျှဝေတာ။

  1. ဘဏ်ကိစ်စတွေအမြဲလုပ်တဲ့ ကိုယ်အိမ်ကလူကို ဖော်ဝပ်လုပ်လိုက်တယ်။ သတိပေးတဲအတွက် ကျေးဇူးတင်ပါတယ်။

  1. ကျေးဇူးပါရှင်

  1. ခုလို သေချာလေး ရေးပေးတာ ကျေးဇူးပါ။

  1. မျှဝေပေးတာ ကျေးဇူး ဟီး..ဟိ.. online ကို ကြောက်လို့ မသုံးဖြစ်ဘူး။ ရှိစုမဲ့စုလေး ပါသွားမှာစိုးလို့.. ဒါပေမယ့် အခုလိုလေး သိထားတော့ ဗဟုသုတရတယ်.. :D

    ပို့စ်နဲ့တော့ မဆိုင်ဘူး.. Cbox ကို ရုံးက စက်မှာ မမြင်ရလို့ ဒီမှာပဲ ရေးလိုက်တယ်... ရန်ကုန်အကြောင်းတွေ ရေးပေးပါ့မယ်.. အခုလောလောဆယ် ရုံးကနေ အိမ်ပြန်ရောက်ရင် စက်မသုံးဖြစ်တာများလို့ပါ.... :)

CBox

My CBox has been hijacked by some spammer. So, CBox has been removed. Sorry for inconvenience causes.