at Monday, May 25, 2009 Labels: , Posted by nyimuyar



ဆော့ဝဲလ် တွေ ထုတ်လုပ်မှု နည်းစနစ်တို ့ ထုံးစံအတိုင်း ဝင်းဒိုး ဆဲဗင်း (Windows 7) ဟာလည်း (beta) ဘီတာ ပြီးတော့ (RC) အာစီ ထွက်သွားပါပြီ။ မိုက်ခရိုဆော့ ရဲ့ လူသိပ်မကြိုက်တဲ့ ဗစ်စတာ ကို စတင်ရောင်းချပြီး သုံးနှစ်အကြာ ၂၀၀၉ ခုနှစ်ရဲ့ မေလ ၅ ရက်နေ့မှာ Windows 7 Release Candidate ကို မည်သူကိုမဆို ဒေါင်းလုပ် ဆွဲချ အသုံးပြုခွင့် ပေးလိုက်ပါပြီ။

အာစီ တို ့ရဲ့ မူအတိုင်း တကယ်ထုတ်လုပ် ရောင်းချတော့မယ် နောက်ဆုံး ဗားရှင်းမှာ ပါမယ့် လုပ်ဆောင်ချက်တွေ ကို မြင်တွေ ့ရမှာ ဖြစ်ပါတယ်။ ဝင်းဒိုး ဆဲဗင်း အာစီကို ၁နှစ်အခမဲ့ ပေးသုံးမှာဖြစ်ပြီး နောက်ဆုံးရောင်းချမယ့် ဗားရှင်းကို အမေရိကန် ဟောလီးဒေး ရာသီ လို ့ တင်စားခေါ်ဝေါ်ကြတဲ့ အမေရိကန် လွတ်လပ်ရေးနေ့ ဂျူလိုင် ၄ရက် ပိတ်ရက်ရှည် ရာသီ ဝန်းကျင် နားမှာ ရောင်းချလိမ့်မယ်လို ့လည်း ကျွမ်းကျင်သူတွေက ခန့်မှန်းကြပါတယ်။


ဝင်းဒိုးဆဲဗင်း အာစီ ကို ၂၀၁၀ ဇွန်လ ၁ ရက် အထိ ၁ နှစ်စွန်းစွန်း အခမဲ့ ပေးသုံးမှာ ဖြစ်ပါတယ်။ အထူး သတိထားရမှာ ကတော့ အာစီ သုံးစွဲနေသူတွေ အနေတဲ့ ၂၀၁၀ ခု မတ်လ ၁ ရက်နေ ့မှ စလို ့ ၂ နာရီ တခါ ရီစတတ် ကျသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ၂၀၁၀ မတ်လ ၁ ရက် နေ့ မတိုင်ခင် အာစီ သုံးစွဲနေသူတွေ အဖို ့ ပုံမှန် ဝင်းဒိုးတခု ကို ပြန်ပြီး အင်စတော (install) လုပ်ဖို ့ လိုမှာဖြစ်ပါတယ်။

မိုက်ခရိုဆော့ က အခု ဝင်းဒိုးဆဲဗင်း အာစီကို အင်္ဂလိပ်၊ ဂျာမန်၊ ဂျပန်၊ ပြင်သစ် နဲ့ စပိန် ဆိုပြီး ဘာသာ စကား ၅ မျိုးနဲ့ ဖြန့်ချိလိုက်တာ ဖြစ်ပါတယ်။ ဝင်းဒိုး ရဲ့ အော်တိုမစ်တစ် အပ်ဒိတ် (windows automatic update) ကို ဖွင့်ထားပါလို ့လည်း အထူးတိုက်တွန်းထားပါတယ်။

ဝင်းဒိုး ဆဲဗင်း အာစီ ကို သုံးမယ့် စက်တွေ အတွက် အနည်းဆုံး ဟာ့ဝဲလ် လိုအပ်ချက်တွေကတော့
Processor - 1 Ghz and above (for 32 bit OS or for 64 bit OS)
Memory - 1 GB of RAM (for 32-bit OS); 2 GB of RAM (for 64-bit OS)
Hard Disk - 16 GB (for 32-bit OS); 20 GB (for 64-bit OS)
Graphic - DirectX 9 graphics processor with WDDM 1.0 or higher driver

ဝင်းဒိုး ဆဲဗင်း အာစီ နှင့် အတူ ဝင်းဒိုးဆဲဗင်း ရဲ့ ဆာဗာ ဗားရှင်းဖြစ်တဲ့ ဝင်းဒိုးဆာဗာ ၂၀၀၈ အာ-၂ အာစီ (Windows Server 2008 R2 RC) ကိုလည်း ဒေါင်းလုပ် ရယူနိုင်ကြပြီဖြစ်ပါတယ်။ ဝင်းဒိုး ဆဲဗင်း အာစီ နဲ့ ဆာဗာ၂၀၀၈ အာ-၂ ကို ဒေါင်းလုပ် ကန့်သတ် မထားတာကြောင့် လိုင်စင် ကီး ကို အာစီ ဗားရှင်းတွေ သတ်တမ်းမကုန်မီ အထိ အခမဲ့ ကြိုက်သလောက် ထုတ်ယူ သုံးစွဲ နိုင်မှာ ဖြစ်ပါတယ်။

ဗစ်စတာကို မကြိုက်တဲ့ သူတွေ ထဲမှာ စာရေးသူလည်း ပါတော့ ဆဲဗင်းကို ပဲ စမ်းသုံးကြည့်ချင် နေပါတယ်။ ဖြစ်နိုင်ရင် ဗစ်စတာထက် ပေါ့တဲ့ winXP ကို ပဲ ဆက် သုံးချင်တာပါ။ အခု ဝင်းဒိုးဆဲဗင်းက အိပ်စ်ပီ လိုမျိုး ဟာ့ဒ်ဝဲလ် အနိမ့်တွေမှာလည်း သုံးလို ့ရမယ်ဆိုလို ့ မဆိုးဘူးလို ့ပဲ တွေးမိပါတယ်။ အိပ်စ်ပီ လိုမျိုး ပေါ့ပြီး ဗစ်စတာလို လှပ လုံခြုံစေရမယ်လို ့ ကြွေးကြော်ထားတဲ့ မိုက်ခရိုဆော့ ရဲ့ မျိုးဆက်သစ် ဝင်းဒိုးဆဲဗင်း ကို စမ်းသုံးကြည့်ရင်း စာရှူသူ တွေလည်း ဝါသနာပါပြီး လုပ်တတ်ကိုင်တတ် ရင်ဖြင့် စမ်းသုံးကြည့်ပါဦးလားလို့ တိုက်တွန်းရင်း မေးလိုက်ပါတယ်။

ညီမူရာ ...

ဝင်းဒိုးဆဲဗင်း အကြောင်းကို မိုက်ခရိုဆော့ရဲ့ ဝင်းဒိုးဆဲဗင်း ဘလော့မှာ ဖတ်နိုင်ပါတယ်။ Windows 7
ဝင်းဒိုးဆဲဗင်း အာစီ ဒေါင်းလုပ် ဒီမှာ ရယူနိုင်တယ်။ Windows 7 Release Candidate
ဝင်းဒိုးဆဲဗင်း ဆာဗာ ဖြစ်တဲ့ ဝင်းဒိုးဆာဗာ ၂၀၀၈ အာတူး အာစီ ကို ဒီမှာ ဒေါင်းလုပ် ရယူနိုင်ပါတယ်။

ဝင်းဒိုး ဆဲဗင်း ရဲ ့ အစမ်း ဘီတာ ဗားရှင်း

သဘောကျဆဲ ကြွေလွင့်တော့မည် ့ windows XP
၂၄ သြဂုတ် ၂၀၀၁ ခုနှစ်မှာ အပြီးသတ်ကာ ၂၅ အောက်တိုဘာ ၂၀၀၁ မှာ စတင်ဖြန်ချိ ခဲ့တဲ့ ဆယ်စုနှစ် တစုနီးပါး အောင်မြင်ကျော်ကြား လူကြိုက်များနေဆဲ winXP ကို
Extended အထောက်အပံ့ ပေးမည့် နောက်ဆုံးရက် ဧပြီလ ၈ ရက် ၂၀၁၄
hotfixes နောက်ဆုံး အထောက်အပံ့ ပေးမည့် ရက် - ၁၄ ဂျူလိုင် ၂၀၀၉
ဆားဗစ်ပက် ၂ ကို အထောက်အပံ့ပေးမည့် နောက်ဆုံးရက် - ၁၃ ဂျူလိုင် ၂၀၁၀


Release Candidate အာစီ ကို စကားလုံး အကျစ်ဆုံးနဲ့ ဘယ်လို ဘာသာပြန်ရမှန်း မသိတော့ပါဘူး။ စာရေးသူ သဘောပေါက်သလောက်ကတော့ နောက်ဆုံး ထုတ်လုပ် ဖြန်ချိမည့် အတိုင်း လျာထားခြင်း ခံရတဲ့ အရာပေါ့။ (နောက်ဆုံး ဖြန့်ချိမည် ပုံအတိုင်းပေါ့) ဒါက မြန်မာလို နားလည် သလောက်ပါ။
...

Share

0 comments:

CBox

My CBox has been hijacked by some spammer. So, CBox has been removed. Sorry for inconvenience causes.