at Tuesday, May 05, 2009 Labels: , Posted by nyimuyar


ဒီကနေ ့ ကစပြီး စင်ကာပူအစိုးရ ရဲ ့ ရုံးတော်တော်များများမှာ ဆွိုင်းဖလူး နဲ့ ပက်သက်တဲ့ ကြိုတင်ကာကွယ်ရေးတွေ လုပ်ဆောင်လာပါတယ်။ လိမ္မော်ရောင် အဆင့် ပြင်းထန်မှု နံပါတ် ၅ လို ့ သတ်မှတ် ထားတဲ့အတွက် ကြိုတင် ကာကွယ်ရေးတွေ လုပ်ဆောင် လာတာ မဆန်းပါဘူး။

အစိုးရ ရုံးတော်တော်များများ ရဲ ့ အဝင်ဝမှာ လုံခြုံရေးတွေက နာမည်၊ အိုင်စီ၊ ဒီရကိပိုင်း ဖျားသလား၊ မက်ဆီကို နဲ့ ရောဂါဖြစ်ပွားနေတဲ့ ဒေသတွေ သွားဖူးလား၊ အတူနေသူတွေ ထဲမှာ အပြင်းဖျားနေသူတွေ ရှိလား စသဖြင့် ရေးသွင်းရတဲ့ ပုံစံစာရွက်လေးတွေ ဖြည့်ခိုင်းပြီး ကိုယ်အပူချိန်ကို နားတွင်းအပူချိန်တိုင်း ကိရိယာနဲ့ တိုင်းပြီး ပုံစံစာရွက်ပေါ်ရေးသွင်း မှတ်တမ်းယူထားပါတယ်။

နောက်ပြီး အများသုံး သန့်စင်ခန်းတွေမှာလည်း ကျန်းမာရေးမြင့်တင်ရေး ဘုတ်အဖွဲ့ ရဲ့ ပညာပေး စာစောင်တွေ (အထူးသဖြင့် လက်ကို ဘယ်လို စင်ကြယ်စွာ ဆေးရမယ်ဆိုတဲ့ ပညာပေး နံရံကပ်) ပိုစတာတွေနဲ့ ပညာပေးထားပါတယ်။

broucher from www.hpb.gov.sg

Prevent Infection, Wash Your Hand (E/M) (from www.hpb.gov.sg) download link

အိမ်နီးချင်း နိုင်ငံတခုခုမှာ ကူးစက် ပျံပွားလာမယ် ဆိုရင်လည်း နယ်စပ် ဘော်ဒါတွေကို ပိတ်နိုင်တယ် ဆိုတဲ့ ကောလဟာလ များလည်း ပျံ ့နေပါတယ်။

ယူအန်ဒီပီက ဖြန့်ဝေပါတယ်ဆိုတဲ့ အိပ်ခ်ျဝမ်း အန်ဝမ်း ကာကွယ်ရေး မြန်မာလို ရေးသား ထားတဲ့ လက်ကမ်း ပညာပေး စာတစောင်လည်း အီးမေးကနေ ရရှိထား လို ့ ဒီမှာပါ ထပ်ပြီး မျှဝေလိုက်ပါတယ်။

H1N1 Pendamic Flu Broucher (UNDP Myanmar) scridb Link

အားလုံး ကြိုတင်ကာကွယ်ခြင်းဖြင့် ဘေးကင်းကြပါစေ။
ညီမူရာ ...

Share

2 comments:

  1. အကိုနဲ ့မ..တို ့ရေ.
    လည်လည်လာပြီး....ဖတ်မှတ်သွားတယ်နော်

  1. အစ်မတို့ရုံးကတော့ ခုချိန်ထိ အပူချိန်တိုင်းတာလိုမျိုး မလုပ်သေးဘူး။ မနေ့ကတော့ ဘယ်နိူင်ငံတွေ မသွားရဘူး။ မေလအတွင်း နိူင်ငံခြား ခရီးစဉ်ရှိရင် HR ကို သတင်းပို့ အစရှိသဖြင့် email ပို့ပါတယ်။ ကြိုတင်ကာကွယ်တာ အကောင်းဆုံးပါ။

CBox

My CBox has been hijacked by some spammer. So, CBox has been removed. Sorry for inconvenience causes.