at Friday, May 01, 2009 Labels: , , Posted by nyimuyar


လွန်ခဲ့တဲ့ လေးနှစ်၊ မေလ ရဲ့ ညနေခင်းတခုမှာ အဖေက သူများမလိုချင်တဲ့ ကြောင်လေးတကောင် အိမ်ကိုခေါ်လာတယ်။ ဘာလို ့မလိုချင်တာလည်းဆိုတော့ ထုံးစံအတိုင်း အကောင်လုံးမဲနေလို ့တဲ့။ ကိုယ်တွေကလည်း အမှန်အတိုင်းပြောရရင် ငယ်ငယ်တုန်းက ဖတ်ခဲ့တဲ့ စာတွေ အတိုင်း အနက်ရောင်ကြောင် အဖြူတစက်ကလေးမှ မပါတဲ့ကြောင် တကောင်ကို မမွေးချင်မိဘူး။ ဒါနဲ့ပဲ အဖေ့ကို ဝိုင်းပြောကြသေးတယ်။

အဖေကတော့ ရှင်းပြတယ် သူ ့အိမ်က သူများသာ ပေးချင်တာ စိတ်မချဘူး။ ငါတို ့က ကြောင်လည်း ချစ်တယ်၊ အကြီးကောင်ကြီး ၀ဖီးနေတာကိုကြည့်ပြီး ဂရုလည်း စိုက်မယ်ဆိုလို ့ သာ ပေးလိုက်တာ ပြန်ပေးလို ့တော့ မဖြစ်ဘူးတဲ့။ အမေ ကတော့ ပြောပါတယ် အကြီးကောင်တောင် ညိုလွန်းလို ့ ငါမမြင်တာ သူ ့ကျရင်တော့ တက်နင်းမိမလားပဲတဲ့။

အဲ့ဒီ အချိန်မှာ ကိုယ်တွေက ရှင်မွေးလွန်း အမတွေ နှိပ်စက်လို ့ အမ ဆိုတာ မမွေးချင်တဲ့အချိန်၊ ကြောင်ထီးလေးတွေ ကလည်း တောင်းရခက်၊ အကြီးကောင် ကလည်း ၀တုတ်နေတော့ ကြွက်မဖမ်း၊ အကြီးကောင်ကြီးနဲ့ အဖော်ရအောင် ကြောင်လေး နောက်တကောင်လောက်လည်း လိုချင်၊ ဒါနဲ့ပဲ အားလုံး တိုက်ဆိုင်သွားတော့ အဲ့ဒီ ကြောင်မဲလေးကိုပဲ မွေးလိုက်ကြတယ်။ နောက်ပိုင်းကျတော့ ၂ ခါလား မသိ သူ ့အရင် အိမ်က အန်တီကြီး လာလာ ကြည့်သေးတယ်။ ကိုယ်တွေ မိသားစုက တကယ်ချစ်မှန်းသိတော့ အန်တီကြီးလည်း စိတ်ချမ်းသာတယ်တဲ့။

ကို်ယ်တွေ က ကြောင်ဆို သည်းသည်းလှုပ် ချစ်တတ်တာ ဆိုတော့ အမဲလေးမို ့ အစပိုင်းသာ ဘာညာ ဖြစ်နေတာလေ။ နောက်ပိုင်းကျတော့လည်း ချစ်သွားတာပါပဲ။ ကို်ယ်တွေ အိမ်ကလည်း ကြောင်လေး တကောင် မရှိလိုက်နဲ့ လူတိုင်းက နာမည် ပေးတော့တာပါပဲ။ ကြောင်ခမြာလည်း လူတယောက် နာမည် တမျိုးခေါ်နေတော့ ဘယ်နာမည် မှတ်ရမှန်း မသိဖြစ်မလားတောင် မပြောတတ်ပါဘူး။

သူ ့ကို အရင် အကြီးကောင်ကြီး နာမည်နဲ့ လိုက်အောင် နာမည်တခုကို ရွေးပြီး ပေးလိုက်ကြတယ်။ အဖေကတော့ မဲတူးလေးတဲ့။ အမေကတော့ အကြီးကောင်ကြီးကို ကြွက်ဖြတ်ပြေးတာကို ထိုင်ကြည့်တတ်လို့ တခါတလေ ငပေါ လို ့ခေါ်တော့ အခု အမဲလေးကို ငခေါတဲ့။ ကိုယ်တွေကတော့ နာမည်အရင်းလည်း ခေါ်ရဲ့၊ အဖေ နဲ့ အမေတို ့ခေါ်တဲ့ နာမည်တွေကိုလည်း ခေါ်ရဲ့၊ စုံနေတော့တာပါပဲ။

တကယ်က ကိုယ်တွေ ကြောင်မွေးလာတဲ့ သက်တမ်းတလျှောက်မှာ အမဲရောင် ဆိုလို ့ ၂ ကောင်ပဲ မွေးဖူးတာပါ။ ပထမတကောင်က ကွပ်ပျစ်ညပ်လို ့အမြီးကောက် သွားတဲ့ တမ ဆိုတဲ့ တဲ့ ဗိုက်တပြင်လုံး ဖြူပြီး ကျန်တာ နက်နေတဲ့ ကြောင်မလေးရယ်။ အခု ကြောင်မဲလေးရယ် ပေါ့။ တကောင်လုံး မဲနက်နေတဲ့ ကြောင်ဆိုတာ အခု ကြောင်မဲလေးကျမှ စမွေးဖူးတာပါ။

ကြောင်မဲလေး ကို နင့်မှာ ဘယ်နား အဖြူပါလည်း လို ့ လိုက်ရှာကြသေးတယ်၊ နှုတ်ခမ်းမွေးက အစမဲနက်နေပြီး အဖြူတစက်တောင်မှ မပါဘူးလေ။ အဲ့ဒီလို မဲနက်လွနး်တဲ့ အကျိုးဆက်ကတော့ အမေပြောတဲ့အတိုင်း သူ ့ခမြာ ခဏခဏ တက်နင်းမိ ခံရတာတို့ တိုက်မိခံရတာတို ့ပါပဲ။ မီးပျက်တဲ့ ညတွေမှာဆို ပိုဆိုးပါတယ်။ အကြီးကောင်ကြီး ညိုညိုအရောင် တောင်မှ မမြင်ရတာ သူ ့ကျတော့ ပိုဆိုးတာ မဆန်းပါဘူး။ နောက်ပိုင်းကျတော့ သူက လည်သွားပြီ၊ ခုံအောက်တို ့ လူမသွားတဲ့နေရာတို ့မှာ နေတာပါပဲ။

သူ့ကို မြင်မြင်ချင်း ဘယ်သူမှ မချစ်ပေမယ့်။ တခဏအတွင်း အကြီးကောင်ကြီးရော ကိုယ်တွေရော ချစ်သွားကြတယ်။ ကြောင်မဲလေးက နဲနဲကြီးမှ ရောက်လာပေမယ့် လူတော်တော် ယဉ်တယ်။ ခဏလေးနဲ့ ရင်းနှီး သွားပြီး သူ အိမ်လို ဖြစ်သွားတော့တာပါပဲ။ အကြီးကောင်ကြီး က ရောက်ခါစ တစိမ်းဆိုတော့ မကြိုက်ဘူး သူတို ့ မကြာမကြာ ရန်စောင် တတ်ကြတယ်။ ဟိုက အကောင်ကြီးကြီး၊ အမဲလေးက သေးသေး သွယ်သွယ်လေး ဆိုတော့ ထုံးစံအတိုင်းပဲ ငယ်တဲ့ ကောင်က အသံအကျယ်ကြီး အော်ပြီး အသံနဲ့ ခြိမ်းခြောက်တာပေါ့ ။ ကြောင်ပေါက်စလေးသံတောင်မှ မပျောက် တတ််သေးဘူး၊

ကြောင်မဲလေးက သိပ်ကို သိမ်မွေ ့ ပျော့ပြောင်းပါတယ်၊ ပိန်သွယ်သွယ်လေး သိပ်လည်း မထွားဘူး အရမ်းလည်းမ၀ဘူး၊ ရောက်ပြီး ၁ လ ကျော်လောက် ရောက်မှ၊ အကြီးကောင်နဲ့ တည့်သွားတာပေါ့၊ ဟိုကောင်ကြီး အိပ်နေရင် အနား အတင်း တိုးကပ်ပြီးအိပ်တယ်။ အကြီးကောင်ကလည်း မကြိုက်ဘူး သိပ်ရီ ရတာပဲ ကလေးများကြနေတာပဲ။ နောင်တော့လည်း သဘောကောင်းတဲ့ အကြီးကောင်ကြီးက လက်ခံလိုက်တာပဲလေ။ နောက်တော့လည်း သူတို ့တွေ ချစ်ကြည်ရေးရသွားတာ အကြီးကောင်ကြီးရဲ့ ဗိုက်ပေါ်တောင် အမဲလေးက ခေါင်းဦးပြီး အိပ်တတ်သေးတာ။

အစာကွေျးတော့လည်း သူတို့ ၂ ကောင်ဟာ ကိုယ့် ပန်းကန် ကိုယ် ဘယ်တော့မှ မစားဘူး ခဏပဲ စားပြီး၊ သူများ ပန်းကန်ထဲက အစာတွေ သွားစားတော့တာပဲ သူများဟာ ပိုကောင်းတယ် မှတ်တယ် နဲ့ တူပါတယ်။ (တကယ်က တူတူကွေျးတဲ့ ဟာပဲ)။ အမေကတော့ တခါတလေ သူတို ့ကို စိတ်လို လက်ရရှိရင် အကြီးကောင်ကြီး နဲ့ အငယ်ကောင်လေး ဆိုပြီး ခေါ်တယ်လေ။ အခု အမေခေါ်တတ်တဲ့ အကြီးကောင်ကြီး နဲ့ ကြောင်မဲလေး ဆိုပြီးပဲ ရေးလိုက်ပါတယ်။

ကိုယ်တွေက ကြောင် ညိုကျားလေးတွေ အမွေးများတော့ အခုအမဲလေးက အကုန် ထူးဆန်းနေတော့တာပါပဲ။ ကြောင်မဲလေးတွေက အရိုးအဆစ် သွယ်တယ်၊ မတုတ်ဘူး။ ကနွဲ ့ ကလျှ ပိုနိုင်တယ်။ သူတို ့ သွယ်လျ ပုံက ပိန် တာလည်း မဟုတ်ဘူး။ အသားလည်း ကျစ်တယ်။ သူတို ့ အမွှေးက ကျစ်ပြီး တောက်နေတာပဲ။ ဆီလိုမျိုးထွက်သလား ထင်ရတယ်။ ဘာဖြစ်လို ့လည်း ဆိုတော့ အကြီးကောင်ကြီး ဆိုရင် အမွေးက ဖွာတာတာရှိသလောက် သူကျတော့ ကျစ်ပြီး ပြောင်နေတာပါပဲ။ ပထမ အဖြူစပ်တဲ့ အမဲလေးတုန်း ကလည်း အဲ့သလိုပဲ။ ဒါပေမယ့် အဲ့ဒီတုန်းက တကောင်တလေ ဖြစ်တယ် ထင်တာ။ ခုသူ့ ကျမှ ပို သတိထားမိသွားပြီး အခြား အမဲလေးတွေကို လည်း လိုက်ကြည့်မိလို ့လေ။

တကောင်လုံး အမဲ နေတဲ့ ကြောင်မဲလေးတွေ က ဘယ်နေရာက အမဲလေးတွေ ကြည့်ကြည့် တကောင်နဲ့ တကောင် တော်တော် တူပါတယ်။ ကိုယ်လုံး သွယ်မယ် အလျှားရှည်မယ် သိပ်၀လေ ့ ၀ထ မရှိဘူး၊ လမ်းလျှောက်တာ ညင်သာမယ်၊ လမ်းလျှောက်တာ လှပြီး စတိုင်ပိုကျသလားတောင် ထင်ရမယ််။ မျက်နှာတွေက တူတယ် သိပ်လည်းမရှည်သလို သိပ်လည်းပဲ မဝိုင်းဘူး။ သိပ်မွေ ့တယ်လို ့လည်း ဆိုနိုိင်တာကိုး၊ အပူချိန်လည်း အခြားအရောင်တွေ ထက် ပိုမြင့်ပါတယ်။

၂၀၀၅ မေလ လောက်မှာ အိမ်ရောက်တဲ့ ကြောင်မဲလေးက ၂၀၀၆ သြဂုတ်မှာ မြွေကိုက်ခံရပြီး ဆုံးသွားတယ်။ မဆုံးခင် မိုးမိပြီး နေမကောင်းဖြစ်နေသေးတယ် နောက်တော့ အိမ်ပြန်မလာတာ ၂ ရက်လောက်အကြာမှာ ခေါင်းရင်း အိမ်က ဦးလေးကြီးက နင်တို ့အိမ်က ကြောင်အမဲလေး လားမသိဘူး ငါ့တို ့ ခြံနောက်ဖက်မှာ သေနေတယ် ဆိုတော့မှ မြွေကိုက်ခံရပြီး ဆုံးမှန်းသိရတာပါ။ မြွေပေါက်ဒဏ်ရာနဲ့ပေါ့။

အကြီးကောင်ကြီးထက် လေးနှစ်လောက် ငယ်တော့ အကြီးကောင်ကြီးထက် ကြာကြာနေရမယ်ပဲ အောက်မေ့တာ၊ ခုတော့ သူက အရင်ထွက်သွားတယ်။ သတင်း ကြားကြားခြင်းတုန်း က တော်တော်တောင် စိတ်မကောင်း ဖြစ်လိုက်သေးတယ်။ ခဏလေး နဲ့ မြန်မြန် ၀ဠ်ကျွတ်သွားတယ် လို ့ပဲ စိတ်ဖြေရတာပါပဲ။ နောက်ရက်တွေ အကြီးကောင်ကြီးက တညောင်ညောင် အော်ရင်း လိုက်ရှာသေးတယ်ပြောလို ့ စိတ်မကောင်း ထပ်ဖြစ်ရသေးတယ်။ ဒီလိုနဲ့ပဲ ကြောင်မဲလေး လည်း ကို်ယ်တွေ ဘဝထဲက ထွက်ခွာသွားတာပါပဲ။ သူ ့ကြောင့် သာ ကိုယ်တွေက ကြောင်မဲလေးတွေကို စိတ်ဝင်စားပြီး ပိုချစ်တတ်ခဲ့တာကတော့ ငြင်းလို ့မရတဲ့ အမှန်တရား တခုဆိုတာပါပဲ။

ညီမူရာ

အကြီးကောင်ကြီးရော ကြောင်မဲလေးပါ ပေးထားတဲ့ နာမည်လေးတွေ သိပ်လှတယ်၊ ဒါပေမယ့် ထုတ် မရေးဖြစ်တော့ပါဘူး။

Share

4 comments:

  1. ကြောင်မဲလေးအကြောင်းလာဖတ်သွားတယ်။

  1. သံယောဇဉ်တွေများ တယ်ခက်တာနော်။
    တို့လဲ ကြောင်လေးတွေ သံယောဇဉ်နဲ့ ကိုယ်မရှိရင် ဘယ်သူကျွေးမလဲ ဆိုပြီး ခရီး ဟိုနားဒီနား ထွက်ချင်တာတောင် မထွက်နိုင်ဘူး။ သူတို့ဆုံးပြီဆိုရင်တော့ ခံစားရလွန်းလို့ ကိုယ်တောင် သူတို့ထက် အရင် သွားချင်မိတယ်။

  1. တို့လဲကြောင်ချစ်တတ်တယ်... အင်မတန် သံယောဇဉ်များပါတယ်။ မွေးရင်း ပွားလာလိုက်တာ ၁၂ကောင်အထိတောင် ဖြစ်သွားတယ်။ ကြောင်အမဲလဲ မွေးဘူးပါတယ်။ ဗိုက်မှာ အဖြူနဲနဲပါတယ်။ သူပျောက်တုံးက ငိုလိုက်ရတာ။

  1. ကြောင်အမည်းတွေက နွဲ့ပြီး၊ အဲ့ဒီလို သံယောဇဉ်ကြီးတက်တာတွေ တူမယ်လို့ လုံး၀မထင်ခဲ့ဘူး။ အရင်က အဲ့ဒီလို အမည်း တစ်ကောင် မွေးဖူးပါတယ်။ နောက်တော့သူများက လိုချင်လို့ ပေးလိုက်တာပျောက်သွားတယ်ပြောကြတယ်။ ကြောက်လေး နာမည်က ဂျက်နက်တဲ့။

CBox

My CBox has been hijacked by some spammer. So, CBox has been removed. Sorry for inconvenience causes.