at Saturday, April 11, 2009 Labels: , Posted by nyimuyar


ကျေးဇူးတော်ရှင် မဟာမြိုင်တောရ ဆရာတော် ဦးဇောတိက ရဲ့ တရားတပုဒ် မှာ ပါပြီး ဆရာတော်လည်း အလွန်နှစ်သက်တယ် ဆိုတဲ့ ဘုရားရှိခိုးပါ။ အလွန်တိုပြီး အဓိပ္ပါယ်လည်း အလွန်ထိမိတယ်လို့ ခံစားရပါတယ်။ ဆရာတော် ဦးဇောတိက ဟောတာ နာပြီးထဲက နှစ်သက်လွန်းလို့ လင်မယား နှစ်ယောက်လုံး ရွတ်ဖတ် ပူဇော် လာကနေ့အထိတိုင်အောင်ပါပဲ။

ပါဠိ စာသား မမှားယွင်းရအောင် ကျေးဇူးရှင် ဆရာကြီး ဦးဂိုအင်ကာ တည်ထောင် ပြုစုထားတဲ့ ပိဋကတ် သုံးပုံ ထဲကနေ မရ ရအောင် ရှာဖွေပြီး အတည်ပြုထားပါတယ်။


ကရုဏာ သီတလ ဟဒယံ၊
ပညာပဇ္ဇောတ ဝိဟတ မောဟတမံ။

သ နာရာမရ လောကဂရုံ၊
၀န္ဒေ သုဂတံ ဂတိ ဝိမုတ္တံ။

မြန်မာပြန်၊

ကရုဏာ သီတလ ဟဒယံ = မဟာ ကရုဏာ ကြောင့် အင်မတန် အေးချမ်းသောစိတ် ရှိတော်မူသော မြတ်စွာဘုရား။

ပညာပဇ္ဇောတ ဝိဟတ မောဟ တမံ = ပညာ ဆိုသော အသိဉာဏ်ဖြင့် အဝိဇ္ဇာ အမှောင်တိုက် တို့ကို ရှင်းလင်း ပယ်ရှားပြီး ဖြစ်တော်မူသော မြတ်စွာဘုရား။

သ နာရာမရ လောကဂရုံ = လူနှင့် တကွ နတ်ဗြဟ္မာ အားလုံးတို့၏ ဆရာသခင် ဖြစ်တော်မူသော မြတ်စွာဘုရား။

၀န္ဒေ သုဂတံ ဂတိ ဝိမုတ္တံ = ဂတိ ငါးပါးမှ ကင်းလွတ်ပြီး၊ ကောင်းသော စကားကိုသာ ဆိုတော်မူတတ်သော မြတ်စွာဘုရား။ ထိုမြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးကို ဝန္ဒါမိ ရိုသေမြတ်နိုး လက်အုပ်မိုး၍ ရှိခိုး ကန်တော့ပါ၏၊

မှတ်ချက်၊ အခု မြန်မာပြန်ကတော့ ဆရာတော် ဦးဇောတိက ဟောကြားတာကို နာယူ ကျက်မှတ်ထားတာ ဖြစ်ပါတယ်။

အထက်ပါ ပါဠိပိုဒ် မှာ
တိပိဋက ပါဠိ ပိဋကတ် သုံးပုံ၊
အဋ္ဌကထာ
သုတ္တံ ပိဋကတ် ၊
ဒီဃ နိကယ် ၊
သီလက္ခန္ဓဝဂ္ဂ (မြန်မာအခေါ် သုတ်သီလက္ခန်)
ဂန္တာရမ္ဘ ကထာ
ရဲ့ ပထမဆုံး အပိုဒ် ဖြစ်ပါတယ်။




ဂတိငါးပါး ဆိုတာ (သုခမှတ်စု စာအုပ်မှ)
နိရယဂတိ = ငရဲ သို့ လားခြင်း
ပေတဂတိ = ပြိတ္တာ ဘဝ သို့ လားခြင်း
တိရစ္ဆာနဂတိ = တိရစ္ဆာန် ဘဝ သို့ လားခြင်း
မနုဿဂတိ = လူ့ဘဝ သို့ လားခြင်း
ဒေ၀ဂတိ = နတ်ဘဝ သို့ လားခြင်း

ပူဇော်သူများ အနေဖြင့် မြန်မာပြန် နဲ့ပူးတွဲ ပူဇော်ရွတ်ဖတ် ပါလို ့ တိုက်တွန်းလိုပါတယ်ဗျာ။
ကျေးဇူးရှင် ပုဂ္ဂိုလ်များ ဖြစ်ကြတဲ့ ၊ မဟာမြိုင်ဆရာတော် ဦးဇောတိက နှင့် ဆရာကြီး ဦးဂိုအင်ကာ တို့ကို ဦးညွှတ်ပူဇော် ရင်း။ နှစ်သက် နာယူသူများ မြတ်စွာဘုရားရှင်၏ မဟာဂရုဏာတော် ကို အာရုံပြုကြည်ညို နိုင်ပါစေလို့ ဆန္ဒပြုလျှက် ။

ညီမူရာ


ပိဋကတ် သုံးပုံ ဆော့ဝဲလ် ကို မိမိစက်ထဲတွင် ထည့်သွင်း ပူဇော် လိုသူများ ဒီနေရာတွင် ရယူနိုင်ပါတယ်။
ပိဋကတ် သုံးပုံကို အွန်လိုင်း ဖတ်ရှု ကြည်ညိုလိုသူများ ဒီနေရာတွင် ဖတ်ရှုနိုင်ပါတယ်။
ပိဋကတ် သုံးပုံမြန်မာပြန် ကို အပိုင်းလိုက် ဖတ်ရှုလိုသူများ ဒီနေရာတွင် ရယူနိုင်ပါတယ်။
အခြား ပိဋကတ် သုံးပုံ မြန်မာပြန်ကို ဒီနေရာမှာလည်း ရယူ ဖတ်ရှုနိုင်ပါတယ်။
ပိဋကတ် သုံးပုံအကြောင်း မြန်မာဝိကီပိဒိယ မှာလည်း ကြည့်ရှူနိုင်ပါတယ်။

Share

5 comments:

  1. kom: ဖတ်သွားကြည်ညိုသွားပါတယ်။

  1. အဖိုးတန်လိုက်လေခြင်း။ သာဓု သာဓု သာဓုပါဗျို့။
    မင်္ဂလာရှိလိုက်တာ။

  1. ဖတ်သွားတယ်နော်.. ကျေးဇူးပါ။

  1. မြှတ်သား ကြည်ညိုသွားပါတယ်။

  1. သာဓု သာဓု

CBox

My CBox has been hijacked by some spammer. So, CBox has been removed. Sorry for inconvenience causes.