at Friday, April 10, 2009 Labels: , Posted by nyimuyar



နှစ်၁၅၀ ကျော်က ရှေးအကျဆုံး ဈေးတခုဖြစ်တဲ့ ဈေးအိုကြီး လို ့ ခေါ်နိုင်မယ့် လောင်ပါးဆာ ( လော်ပါးဆက် ) ကို ရာသီဥတု သာယာတဲ့ ညချမ်းတခုမှာ ထပ်ရောက်ပါတယ်။ ရှစ်မြှောင့်ပုံ သွန်းသံတွေ နဲ့ တည်ဆောက်ထားပြီး ဗစ်တိုးရီးယား ခေတ်ရဲ ့ ဗိသုကာ လက်ရာ တွေနဲ့ မှုန်းခြယ်ထားတဲ့ စင်ကာပူနိုင်ငံရဲ ့ အမျိုးသား အထိမ်းအမှတ် တခု ဆိုရင်လည်း မမှားပါဘူး။

သွားတိုင်းလည်း တန်ဂျွန်ပါကာ ဘူတာဖက်ကနေပဲ လမ်းလျှောက်သွားလေ ့ရှိတယ်။ ဒါမှ အပြန်ဆိုရင် ဗိုက်လည်း ချောင် လမ်းလည်း နဲနဲ ပိုလျှောက်ရတာပေါ့။ ခါတိုင်း သွားနေကျ အချိန်က စောတာမို ့ စားပွဲတွေက လမ်းပေါ် မခင်းသေးတာနဲ့ပဲ မင်းယွမ်း စီးဖု (Ming Yen Seafood) ဆိုင်ရှေ ့မှာ အမြဲထိုင်ဖြစ်တယ်။

ဒီတခေါက်တော့ နဲနဲလည်း မိုးချုပ်သွားတာမို ့ လမ်းပေါ်က ဆိုင်တွေလည်း ခင်းကုန်ပြီ။ ဒါနဲ့ပဲ လမ်းပေါ်ခင်းထားတဲ့ စားပွဲတခုမှာ ထိုင်ကြပြီး မှာကြတယ်။ လမ်းပေါ်ခင်းတဲ့ စားပွဲတွေက ည ၇ နာရီထိုးမှ ခင်းရတာကိုး။

ပုဇွန် ခပ်ကြီးကြီး ၁၀ ကောင်၊ ကြက်ဆာတေး ၁ဝချောင်း၊ အမဲသား ဆာတေး ၁၀ ချောင်း (၂ဦးစာ အတွဲ လိုက်) ကို စင်း ၃၂ ပေးရတယ်။ ထုံးစံ အတိုင်း မင်းယွမ် စီးဖု ဆိုင်က စီးဖု ထမင်းကြော် ပွဲသေးတပွဲ စင်း ၄ ဒေါ်လာ တန် မှာလိုက်တယ်။ ခါတိုင်း စားတဲ့ (၂ဦးစာ အတွဲလိုက်က ၂၀ပါ၊ ပုဇွန် လေးကောင်နဲ့ ကြက်ဆာတေး ၁ဝချောင်း၊ အမဲဆာတေး ၁ဝချောင်း ပေါ့)၊ ခုတခေါက်တော့ ပုဇွန်များများ ပါတဲ့ အတွဲကို မှာလိုက်တယ်။


စားကာစက နည်းများနေမလား လို ့ ထင်နေသေးတာ နောက်တော့ မနည်းကို အားပေးရတယ်၊ ထုံးစံအတိုင်း နောက်ဆုံးတော့ ကုန်သွားတာပါပဲ။ ဗိုက်တော့ အရမ်းတင်းသွားတယ်။ တဝက်လောက် နေလို ့ အီစိမ့်လာတော့ ပက်စီ သောက်လိုက်မှ ကျန်တာ ဆက်စားလို ့ရတယ်။ ဒါတောင် ပြန်တော့ နှစ်ယောက်သား လှုပ်လီ လှုပ်လဲ့ နဲ့ မနည်းလမ်းလျှောက် ပြန်ခဲ့ရတယ်။

ရန်ကုန်က တရုတ်တန်း ၁၉ လမ်း၊ လမ်း၂၀ ညဘက်ရဲ ့ အရသာကို လိုချင်ရင် လော်ပါးဆက် သွားရတယ် လို ့ ပြောတဲ့ ဘော်ဒါတွေကို တောင် သတိရမိသေးတယ်။

လောင်ပါးဆာ (လော်ပါးဆက်) မှာ မီးတန်းပြာပြာ လေးတွေက သစ်ပင်တွေပေါ်ကနေ ချပြီး အလှထွန်းလို ့။ အောက်မှာ ဆာတေး အကင်ဆိုင်ခုံလေးတွေ အများကြီး နဲ့ စားပွဲတွေ။ မီးရောင် မလင်းတလင်းမှာ ဆာတေးဆိုင်တွေက လွင့်ပျံလာတဲ့ အကင်နံ့ သင်းထုံနေတဲ့ မီးခိုးတွေ။

လာပါ ထိုင်ပါ မှာပါ လို ့ လမ်းထဲကို လူတွေ ဝင်လာတိုင်း အပြိုင်ခေါ်နေကြတဲ့ ရွှေကြို စားပွဲထိုးတွေ။ အကင်တွေ စားနေတဲ့သူတွေ၊ ဘီယာသောက်နေတဲ့ သူတွေ၊ ရယ်မော အော်ဟစ်သံတွေ ဖန်ခွက်ခြင်း ထိရင်း ချီးယား ကမ်းပေ့ သံတွေ ကြားမှာ ခြင်္သေ့မြို ့တော်ရဲ ့ ညဟာ အသက်ဝင်လို ့ နေပါတော့တယ် ...။

ညီမူရာ


Share

6 comments:

  1. တစ်ခါစားဘူးတယ်ဗျ. အကင်တွေကတော့ မဆိုးပါဘူး. ဒါပေမဲ့ အချဉ် မကြိုက်ဘူးဗျ ချိုတိုတိုကြီး အချဉ်က ကျတော်တို့ ဗမာပါးစပ်နဲ့မထိဘူးလို့ပြောရမယ်

  1. SGX မှာလုပ်နေတဲ့ ဘော်ဒါတစ်ယောက်ကတော့ ပြောပြောနေသား။ တစ်ခါမှတော့ မရောက်သေးဘူး။ ကားပေါ်ကနေတော့ မြင်ဖူးလိုက်တယ် ညဘက်ဆိုင်တွေခင်းထားတာကို။ မြည်းစမ်းကြည့်ဦးမယ်။

  1. မဟား တရား စားပြီး လှုပ်လီ လှုပ်လဲ့ ပြန်ခဲ့ရတယ်ပေါ့လေ။ မိုးကောင်းသူတို့ ခေါ်လိုက်ပါလား။ လှုပ်လီ လှုပ်လဲ့ ပြန်စရာမလိုတော့ ဘူးပေါ့။ အဲဒီက ငါးလိပ်ကျောက်ကို ပဲငါးပိဆမ်းထားတဲ့ ဟာလဲစားကောင်းတယ်။

  1. ဘယ်လိုသွားရမလဲဟင်
    တစ်ချက်လောက် လင်းပါဦး မမညီမူယာရယ် :D
    စလုံးရောက်တာ ၂နှစ်ကျော်ပေမယ့် shoppin mall ကလွဲရင် သိပ်မရောက်ဖြစ်ဘူး ကျောင်းနဲ့ partime က နေရာယူထားလို့

  1. တခါမှမရောက်ဘူးလို့ ဒီနေ့ညတင်သွားစားပစ်လိုက် တယ်။ပုဇွန်ကင်ကိုအကြိုက်ဆုံး။အချဉ်ရည်က မကောင်းဘူး။လမ်းပေါ်မှာထိုင်စားရတာမိုက်တယ်။ အစားသောင်းကျန်းတာ ။ ဟီ ဟိ ။

  1. ဖြိုးမော် ၊ ညီ ရေ လော်ပါးဆက် ကိုသွားတဲ့ မြေပုံလင့်တင်ပေးထားပါတယ်။ ရပ်ဖယ် ဘူတာက ပိုနီးပါတယ်။ အကို တို ့က တော့ ဗိုက်ချောင်အောင် ပိုဝေးတဲ့ တန်ဂွျွန်ပါကာ ဘူတာ ဖက်ကပဲ သွားပြန်လေ့ရှိပါတယ်။

    ကျန်တဲ့ ဖတ်ရှုအားပေးသူများ အားလုံးကို ကျေးဇူးတင်လျှက် ရှိနေကြောင်းပါဗျာ။

    Map Of Lau Pa Sat

CBox

My CBox has been hijacked by some spammer. So, CBox has been removed. Sorry for inconvenience causes.