at Sunday, April 26, 2009 Labels: , Posted by nyimuyar


ဟမ်ဘာဂါ မစားဖြစ်တာ ၆လလောက် ရှိတော့မယ်ဆိုတော့ စားချင်လာတယ်။ ဆိုင်မှာရောင်းတဲ့ ဘာဂါထဲမှာ အကြိုက်ဆုံးကတော့ ဘာဂါကင်းပါပဲ။ ခုတလောကလည်း ဆိုင်တွေ မှာ ရောင်းတဲ့ အစာတွေ မသန့်လို ့ ဆိုတဲ့ သတင်းတွေ ထွက်နေတော့ ဘာမဆို အိမ်မှာပဲ လုပ်စားချင်တဲ့စိတ်က ပိုဖြစ်မိတယ်။ ဒါနဲ့ပဲ ဟမ်ဘာဂါကို အိမ်မှာပဲ လုပ်စားဖြစ်သွားတယ်။ အိမ်မှာ လုပ်တယ် ဆိုပေမယ့် assembly at home ဆိုသလိုပါပဲ။ ပေါင်မုန် တို့ ဟမ်ဘာဂါ အသားပြား တို ့ကတော့ ဝယ်ရပေါ့။

ကိုယ်က ငယ်ကတည်းက ပေါင်မုန့်ကြိုက်တော့ ဟမ်ဘာဂါကိုလည်း သိပ်ကြိုက်တာပါပဲ။ သက်ထား ကျတော့ ပေါင်မုန် ့ကြိုက်လှတယ် မဟုတ်တော့ ဟမ်ဘာဂါကိုလည်း အနှစ်သက်ကြီး မဟုတ်ပါဘူး။ အပြင်မှာ စားကြမယ် ဘာဂါ နဲ့ ကြက်ကြော် မဲခွဲကြ စတမ်းဆို ကေအက်ဖ်စီကသာ နိုင်မြဲကိုး။ ဒါပေမယ့် ဘာဂါကို အိမ်မှာ လုပ်စားမယ် ဆိုတော့ သူကလေးက စိတ်ဝင်စားပါတယ်။ အိမ်လုပ် အခြေခံ ဟမ်ဘာဂါ တလုံးဖြစ်ဖို ့ရာ လွယ်ပါတယ်။ အရသာ ရှိဖို ့သာ ခက်တာပါ။

Home Made Hamburger by NyiMuyar
ဟမ်ဘာဂါ လို ့ အမည်တွင်တဲ့ အသားပြားကို ဒီတခေါက်တော့ လုပ်ပြီးသား ၄ခုတွဲ ဘူးကလေးနဲ့လာတာ ဝယ်လိုက်ပါတယ်။ ချိစ်ပြားလေးတွေက ဝယ်ထားတာ တော်တော်ကျန်သေးလို ့ ဝယ်စရာမလိုပါဘူ။ အဲသလိုပဲ မယိုးနိစ် တွေလည်း ရှိပြန်တော့ ဝယ်စရာလို်ပါဘူး။ ဟမ်ဘာဂါ လုပ်တဲ့ ပေါင်မုန် ့လုံးကလေး ၄လုံးတထုပ်ရယ်၊ ဆလပ်ရွက်ရယ် ကိုပဲ ဝယ်ဖြစ်ပါတယ်။ သခွားသီး မစားချင်တာနဲ့ပဲ မဝယ်ဖြစ်ခဲ့ဘူး။

စစချင်း ဟမ်ဘာဂါ အသားပြားကို မီးခပ်အေးအေး နဲ့ မကပ်တဲ့ ဒယ်အိုးထဲ ဆီနည်းနည်းထည့်လို ့ ကြော်ဖြစ်တယ်။ တကယ်ဆို ကင်နိုင်ရင်တော့ ပိုကောင်းတာပေါ့၊ ဆီမထည့်ဘဲ ကင်သလို လုပ်နိုင်လည်း ကောင်းပါတယ်။ ဒါပေမယ့် မနက်စောစော သူများတွေ အိပ်တုန်း ဆီမထည့်ဘဲ ကင်သလိုလုပ်လိုက်ရင် အနံ ့ပြင်းမှာ စိုးတာနဲ့ပဲ ဆီနည်းနည်း နဲ့ ကြော်လိုက်ပါတယ်။ ဟိုဖက် ၃ မိနစ် ဒီဖက်၃ မိနစ်လောက်ဆို အပူရှိန်လည်း ကောင်းပြီး ကျက်ပါတယ်။

အသားပြား ကြော်နေတုန်း ပေါင်မုန် ့ကို ထက်ပိုင်းလှီး မီးကင်။ ကြက်သွန်နီတွေ အကွင်းလိုက်လှီး၊ ဆလပ်ရွက်ကိုလည်း အချောင်းလေးတွေလှီး ခရမ်းချဉ်သီးကိုလည်း အဝိုင်းလေးတွေလှီးပြီး ပြင်ထားရတာပေါ့။ ပေါင်မုန် ့ ကို မီးကင်လို ့ ပြီးတာနဲ့ အောက်ဖက်မှာ ထားတဲ့ ပေါင်မုန် ့ကို မယိုးနိစ် နဲ့ ဆော့စ် တွေ သုတ်ထားရပါတယ်။

ပြီးရင် ကြက်သွန်ကွင်းတွေ တင် အပေါ်ဖက်ထားမယ် ့ ပေါင်မုန့်ပေါ်မှာ ခရမ်းချဉ်သီးတွေ တင်ပြီး ဝေခြမ်း ရေးလုပ်ပါတယ်။ ပြီးတာနဲ့ အသားပြားကို တင်ပြီးမှ ချိစ်ကို ပူနေတဲ့ အသားပြား အပေါ်တင်ပါတယ်။ တခါတလေ စိတ်ကူး ပေါက်တဲ့အခါ ကင်ထားတဲ့ ကြော်ထားတဲ့ အသားပြား ဒယ်အိုးထဲက မချခင် အသားပြားပေါ်တင်ပေမယ့် ဒီတခါ တော့ အသားပြား ခပ်သေးသေးပေါ်မှာ ချိစ်အပြားကြီး ဘယ်လိုမှ တင်လို ့အဆင်မပြေတာနဲ့ပဲ ပေါင်မုန် ့ပေါ် အရင်တင်ပြီးမှ ချိစ် အုပ်လိုက်တာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ပူနေတဲ့ အသားနဲ့ အေးနေတဲ့ချိစ် အတူပူးကပ်နေဖို ့သာ လိုရင်းပါ။

ချိစ်ပြားပေါ် ပူနေတဲ့ အသားပြားတင်၊ ဒါမှ ချိစ်တွေ ပျော်ပြီး ပိုပြီး juicy ဖြစ်မှာပါ၊ ကြိုက်တတ်ရင် ဘလက်ပက်ပါ လေးဖြူး။ ပေါင်မုန် ့အပေါ်ခြမ်းကို အုပ်၊ ပွနေတာကို လက်နဲ့နဲနဲ ဖိချပေးပြီးရင် အရသာရှိတဲ့ ခပ်နွေးနွေး ဟမ်ဘာဂါတလုံး သုံးဆောင်ရန် အသင့်ဖြစ်ပါပြီ။ ဒီတခါတော့ စိတ်လို လက်ရ ဓာတ်ပုံတွေ ရိုက်ထားလိုက်နိုင်ပါတယ်။ ဟမ်ဘာဂါ ကြိုက်သူများ သွားရည်ယို နိုင်ကြပါတယ်။

beef patties in the pan
Vegi & Cheeses
Burn the Bread
Breads for us
Mayo & sauce On
Vegi On
Ham On
Cheese On
black pepper on

သက်ထားကတော့ ပြောပါတယ် ကိုကို လုပ်တဲ့ ဟမ်ဘာဂါ မဆိုးပါဘူး ကြိုက်ပါသတဲ့။ သက်ထား မှတ်ချက်ပေးတဲ့ မဆိုးပါဘူး ကြိုက်နှစ်သက်ပါတယ် ဆိုတဲ့ ဟမ်ဘာဂါလေးက ဒီမှာပါ။

Hamburger ready for serve

လုပ်စားဖြစ်သမျှ ဟမ်ဘာဂါထဲမှာ ဒီတခါပဲ ဓာတ်ပုံနဲ မှတ်တမ်းတင်ဖြစ်တာပါ။ ဓာတ်ပုံ ရိုက်ပြီးမှ ပြန်ကြည့်တော့ အမယ် စားချင်စရာဗျား လို့ ကိုယ့်ငါးချဉ် ကိုယ်ချဉ်ရင်း မှတ်ချက်ပေးမိတယ်။

ညနေဖက်ကြတော့ ဗိုက်ဆာတဲ့အချိန် နဲနဲကျော်မှ စီးတီးဟော ရောက်လို ့ ရနံ ့သစ် မှာ စားခဲ့တဲ့ ညစာပါ။ ငါးခူကြော်က ကြိုက်လွန်းလို ့သာ စားလိုက်ရတာ တကောင် ၂ ကျပ်ပေးရတယ်။ ညနေစာလေးပါ အမှတ်တမဲ့ ကြည့်သွားပါဦး။
dinner @ Ya Nant Thit

ညီမူရာ

Share

7 comments:

  1. ဘာဂါလား ကြိုက်တယ်။ စိတ်လိုလက်ရရှိတုန်းကဆို မနက်တိုင်းလုပ်ပြီး ရုံးယူယူသွားတယ်။ ရုံးရောက်မှ စားတယ်။ ခုတော့ သိပ်မလုပ်ဖြစ်ဘူး။ အဖော် မရှိရင် ခေါ်လေဗျာ။ Mos Burger လေးလဲ ကောင်းတယ်ဗျ။

  1. ဘာဂါလေး လုပ်ထားတာ လှပါတယ်။ ဒါပေမယ့် ထမင်းပဲပိုကြိုက်တယ်:D

  1. စားလို့ရတာ အကုန်ကြိုက်တယ်။ ဟမ်ဘာဂါကိုတော့ အရမ်းကြီးမကြိုက်လှဘူး။ ဒါပေမယ့်ကြုံရင်တော့ စာပါတယ်။ subway sandwich ကိုတော့ အကြိုက်ဆုံးပဲ။

  1. သူတို ့နှစ်ယောက်ထဲဖို ့ပဲလုပ်ပြီးတော့
    သူများကိုသရေယိုအောင်လုပ်တယ်
    ဟီးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

  1. ဝါးတီးဆို ကြိုက်တယ်။
    ကိုယ်ကိုယ်တိုင်တော့ ဝက်အူချောင်းပဲ
    ကြော်ထည့်ပြီး လုပ်စားဖူးတယ်။
    လက်ရှိလဲ ထမင်းဖိုးပြတ်ရင် ပေါင်မုန့်ပဲ စားဖြစ်တယ်။

  1. မနေ့က ဒီမှာလာဖတ်သွားပြီး ဒီနေ့ ဘာဂါလုပ်စားတယ်။
    တို့ကတော့ သခွားသီးပါထည့်လိုက်တယ်။

  1. ကောင်းလိုက်တဲ့ ဟမ်ဘာဂါ။
    အာလူးကြော်လေး(French Fries)လေးရောမပါဘူးလား။ကြိုက်တယ်နော်
    ပျော်ပါစေ
    လင်းကြယ်ဖြူ

CBox

My CBox has been hijacked by some spammer. So, CBox has been removed. Sorry for inconvenience causes.