at Sunday, March 29, 2009 Labels: , Posted by nyimuyar


Farrer Park, မူစတာဖာ နားက (Naranjan) နရန်ဂျန် ဖုံးဆိုင် လို ့ ဆိုလိုက်ရင် သိကြတဲ့သူတွေ တော်တော်များမှာပါ။ စာရေးသူတို ့သွားတိုင်းလည်း မြန်မာတွေ တဦးထက်မနည်း တွေ ့ရလေ့ရှိပါတယ်။

စလုံးက ဖုံးဆိုင် ခပ်သေးသေး အချို ့ နဲ့ မြန်မာနိုင်ငံ က ဖုံးဆိုင်အချို ့လည်း နရန်ဂျန် ကနေပြီး ဖောက်သည်ယူ ရောင်းလေ့ရှိပါတယ်။ အဲ့ဒီ ဆိုင်က လက်ကိုင်ဖုန်း တွေ ။ အိမ်သုံးဖုန်းတွေ တင်မကပါဘူး အယ်စီဒီ တီဗီတွေ။ ဒစ်ဂျစ်တယ် ကင်မရာတွေ နဲ့ အခြား အီလက်ထရွန်နစ် ပစ္စည်းတွေလည်း ရောင်းပါသေးတယ်။ အိုင်ပေါ့ တောင်ရောင်းတယ်ဗျာ။

ဗီဇ နဲ့ ဝါသနာအရ စာရေးသူက အီလက်ထရွန်နစ် ပစ္စည်းတွေရဲ ့ ဈေးကို သိချင်နေတတ်ပါတယ်။ ဒါကြောင့် နရန်ဂျန် ကို မကြာမကြာ ရောက်ပါတယ်။ အထူးသဖြင့် မူစတာဖာ ကိုသွားတိုင်း အပန်းမကြီးလို ့ ဝင်ပြီး ဈေးတွေ ငေးလေ့ရှိပါတယ်။ ကိုယ်တွေ ရွှေတွေ တောင် များတာ သူတို ့ လူမျိုးတွေ (အိန္ဒိယနွယ်ဖွားတွေ) ဆိုတာကတော့ ကြိတ်ကြိတ်တိုးပေါ့။ သူတို ့နဲ့ အပြိုင်ဈေးကို တိုးဝှေ ့ကြည့်ရ၊ ဖုံးက ကင်မရာ နဲ့ ဓာတ်ပုံရိုက်ပေါ့လေ။

နရန်ဂျန် ရဲ ့ ပစ္စည်းတွေက ဘယ်ကနေ ဘယ်လို တင်သွင်းလာလဲတော့ မသိပါဘူး။ သူတို ့ က အသစ်ဖြစ်ကြောင်းတော့ အာမခံပါတယ်။ ၀ရန်တီ တော့ မပေးပါဘူး။ Take your own risk ပါပဲ။ ဒါပေမယ့် အီလက်ထရွန်းနစ် ပစ္စည်း ဆိုတာမျိုးကလည်း တနှစ်အတွင်းတော့ ပျက်ခဲတတ်ကြတာမျိုး၊ ပျက်ချင်ရင်လည်း အခုဝယ် အခုပျက်တဲ့ အမျိုးဆိုတော့။ ရင်းရဲတဲ့ သူတွေ အဖို့တော့ တန်တယ် သုံးပျော်တယ်လို ့ ဆိုရမှာပါ။

အိုင်ပေါ့လို ဟာမျိုးကျတော့ အင်တာနေရှင်နယ် ၀ရန်တီပေးတာဆိုတော့ အွန်လိုင်း၀ရန်တီ လုပ်လို ့ရတော့ ပိုလို ့တောင် တန်ပါသေးတယ်။

စင်ကာပူ ရောက်ကာစ က နရန်ဂျန်ဆိုင် အကြောင်း သူများပြောလို ့သာ ကြားဖူးတာ မသွားတတ်ပါဘူး။ နောက်တော့ အင်တာနက်ကနေ ရှာပြီး စမ်းတဝါးဝါးသွားရတာပေါ့။

ခရမ်းရောင်လိုင်း က ဖာရာပါတ် ဘူတာရောက်ရင် ထွက်ပေါက် စီ (Exit C) ကနေထွက်ပါ။ Race Course လမ်းမကြီးပေါ်ကို ထွက်ရပါတယ်။ မြေအောက်ကနေ ထွက်လာတဲ့ မျက်နာမူရာအတိုင်း မီးပွိုင့်ကို လမ်းကူး ဆက်လျှောက်သွားရင် ၃ မိနစ်လောက်ဆို ရောက်ပါပြီ။ ဖုံးဆိုင် လေးဆိုင်လောက် တန်းစီနေပါတယ်။ နာရာဂျန် မိုဘိုင်း ဆိုပြီး လူတွေ အများဆုံး ဆိုင်ပါပဲ။

ဘူတာကနေ သွားရင် ဖုန်းဆိုင်တန်း ကို တွေ ့တွေ ့ချင်း ဒုတိယဆိုင်ပါ။ အခြားဆိုင်တွေမှာ လူမရှိသလောက်ပါပဲ။ တိုက်နံပါတ် ၁၅၄ ပါ။ သူနဲ့ ၂ဆိုင်ကျော်မှာလည်း နောက်ဆိုင်ခွဲရှိပါတယ် ၁၅၈ ပါ။ စင်ကာပူ မှာ ဈေးအပေါဆုံး နဲ့ ရောင်းနေတာဖြစ်လို ့ ဝန်ဆောင်မှုကို မျှော်လင့်လို ့မရပါဘူး။ အရေးအကြီးဆုံးက GST ဖိုး ပေးစရာမလိုတဲ့ ဆိုင်တွေ ရဲ ့ထုံးစံအတိုင်း ငွေသားပဲ လက်ခံပါတယ်။ ဘောက်ချာလိုချင်ရင် လက်ရေးနဲ့ ရေးတဲ့ ဘောက်ချာရပါမယ်။ ဦးထုပ်ကြီးတွေ နဲ့ ပန်ချာပီ တွေက ဆိုင်ပိုင်ရှင်တွေလား တာဝန်ရှိသူတွေလားတော့ မပြောတတ်ဘူး။ ဒါပေမယ့် အဲ့ဒီ ပန်ချာပီကြီးတွေကို မေးမြန်းတဲ့အခါ ပိုပြီး အဆင်ပြေပါတယ်။ (154 and 158, Race Course Road)

ဝယ်ချင်တဲ့ ဖုန်းကို အိမ်မှာကတည်းက ကြည့်ထားရပါမယ်။ လိုချင်တဲ့ ဖုန်းကို သူတို ့ ကပ်ထားတဲ့ ဆိုင်အဝင်က ဈေးနှုန်း စာရွက်မှာ ကြည့်။ ဈေးကြိုက်ရင် အထဲဝင် ပန်ချာပီ ကြီးကို ဖုန်းမော်ဒယ် နံပါတ်ပြော သူက ဖုန်းပြလိမ့်မယ်။ အပြင်ပန်း ကောင်းတယ် လိုချင်တဲ့ ဖုန်းအမျိုးအစားမှန်တာနဲ့ သူက ပိုက်ဆံပေးပါတကျီကျီ တောင်းနေလိမ့်မယ်(လူကလည်း များတာကိုး အပြစ် မဆိုသာပါဘူး) ပိုက်ဆံပေးလိုက်ပြီး ဘောက်ချာလိုချင် တခါတည်းတောင်း။ ငွေပေးပြီးမှ ဖုန်းကို ပါဝါဖွင့် ပြီး ကလိပေရော့ပဲ။ များသောအားဖြင့် သူတို ့ စမ်းပြီးသားတွေ မို ့ ကောင်းတတ်ပါတယ်။ ပြီးရင် ဟမ်းဆက်အသစ်နဲ့ ပျော်ပေတော့ပဲ။

သူငယ်ချင်း တယောက်ဝယ်ထားတာ အဲ့ဒီဆိုင်ကပဲ ၃ နှစ်လောက်ရှိပြီ ကောင်းနေတုန်းပါပဲ၊ နောက်တယောက်လည်း အဆင်ပြေပါတယ်။ စတားဟပ်က ဝယ်တဲ့ ဖုန်းတွေတောင် ၁ နှစ်လောက်ဆို ဖောက်ချင်နေတာမဟုတ်လား။
စာရေးသူ ဝယ်ထားတဲ့ ဟမ်းဆက်လည်း တာဝန်ကျေနေဆဲပါပဲ။ ဟမ်းဆက် ဝယ်ဖို ့ အကြောင်းများ ဖန်လာမယ် ဆိုရင် အီလက်ထရွန်နစ် ပစ္စည်းတွေ ရဲ ့အချိန်မရွေးပျက်တတ်တဲ့ သဘောကို နှလုံးသွင်းပြီး ဝယ်သာဝယ်လိုက်ပါ တန်သွားမှာပါ။

စာရေးသူ အပင်ပန်းခံ ပြုစုထားတဲ့ excel ဖိုင် ကိုပါ မျှဝေလိုက်ပါတယ်။ မနှစ် ဒီဇင်ဘာလ ဒုတိယပတ် နဲ့ အခုနှစ် မတ်လ ၂၈ ရက်နေ ့ဈေးတွေပါ။ ဈေးနှုန်း များ ကြည့်ရန်အတွက် ဒီမှာ နှိပ်ပါ။
မြေပုံ လမ်းညွှွှန်ကြည့်ရန် ဒီမှာ နှိပ်ပါ။

တကယ်တန်တဲ့ ဈေးနဲ့ ရောင်းတဲ့ ဆိုင်ဖြစ်တာမို ့ မသိသေးသူများ အကြောင်းတိုက်ဆိုင်ခဲ့ ရင် တခါတခေါက်လောက် သွားငေးလိုက်ပါဦးလို ့ တိုက်တွန်းလိုက်ပါတယ်။

ညီမူရာ

Share

7 comments:

  1. ဝေမျှတာ ကျေးဇူးတင်စရာပါပဲ :D

  1. ကျေးဇူးအများကြီးတင်ပါတယ်။ ဖုန်းကခဏ ခဏဟမ်းနေလို. ဝယ်ရတော့မှာမို.ပါ။

  1. ကျေးဇူးပဲ.. ကုလားကြီးကိုသွားကြည့်.. အဲဖုန်းသွားကြည့်လိုက်ပါအုံးမယ်။

  1. ဈေးတွေ သေချာပြုစုထားတာ ဝေမျှတဲ့အတွက် ကျေးဇူးပါဗျာ

  1. ကော်မရှင်ခ ရသလားမသိဘူး။
    နောက်တာပါနော်။

  1. အိုင်ဖုန်း၁ခါသွားဝယ်ဖူးပါတယ်။ဒါပေမယ့်တရုတ်လုပ်(အတုလောက်နီးနီးအဆင်မပြေပါ)လိုမျိုးဟာကြီးဖြစ်ဖူးပါတယ်။8Gပေါ့။အဲဒါနဲ့နောက်နေ့မှာ16ကိုသွားပြန်လဲတာအလိုက်ပေးလဲခ50ပေးလိုက်ရတယ်ဗျ။ကိုယ်ဝယ်မယ့်ပစ္စည်ကိုသေချာလေးစစ်ဆေးသင့်တယ်လို့အကြံပေးချင်ပါတယ်။16Gကတော့Appleအမှန်ပါပဲ။ဘယ်လိုဖြစ်လို့8Gကအတုတွေလိုဖြစ်နေလဲမသိဘူးဗျ။ဒီဇိုင်းပိုင်းကအစစ်ထက်စာရင်နဲနဲဖွာနေတယ်။

  1. ဈေးနှုနး်လေးကို update
    မလုပ်ပေးတော့ဘူးလား ဟင်
    :D :P

CBox

My CBox has been hijacked by some spammer. So, CBox has been removed. Sorry for inconvenience causes.