နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ စင်ကာပူ အိုင်တီပြပွဲ ၂၀၀၉ ကို ဒီနေ ့ ရောက်ဖြစ်တယ်။
သိကြတဲ့ အတိုင်း နှစ်စဉ် စင်ကာပူမှာ အီလက်ထရောနစ် နှင့် ဆက်စပ် ပြီး ပြသ ရောင်းချတဲ့ ပွဲ လေးပွဲ ကျင်းပပါတယ်။

မတ်လ ဆန်းမှာ IT Show။ နောက် သုံးလအကြာ ဇွန်လဆန်း မှာ ကျင်းပတဲ့ PC Show။ နောက်ထပ် ၂ လခွဲ သုံးလအကြာ သြဂုတ်လ ကုန် ဒါမှမဟုတ် စက်တင်ဘာလဆန်း မှာ ကျင်းပတဲ့ COMEX Show။ နောက်ထပ် ၂ လခွဲ သုံးလအကြာမှာ နိုဝင်ဘာလ နှောင်းပိုင်းမှာ ကျင်းပလေ့ရှိ တဲ့ SITEX Show ဆိုပြီး ပြသရောင်းချကြပါတယ်။

ပထမ သုံးပွဲက စီတီးဟော ဘူတာနဲ့ မနီးမဝေးက ဆန်းတက် အဆောက်အဦ လေးထပ် နဲ့ ခြောက်ထပ်မှာ အမြဲလိုလို ကျင်းပပြီး၊ နောက်ဆုံး ဖြစ်တဲ့ ဆိုင်းတက်စ် ပွဲတခုပဲ စင်ကာပူ အိပ်စပို ခန်းမ ၅ နဲ့ ၆ မှာ ကျင်းပတာပါ။

စင်ကာပူမှာ စီးပွားရေးတွေ ကျတဲ့ဒဏ်ကို ခံစားနေရတာကို ငြင်းလို ့မရတော့တဲ့ ၂၀၀၉ ခုနှစ်ရဲ့ အစ ပထမဆုံး ပြသရောင်းချတဲ့ ပွဲကို အားလုံးက စိတ်ဝင်စားနေကြပါတယ်။ အရင်နှစ်က ထက် ပြသရောင်းချသူ ၅၀ ဦး တိုးလာပါသတဲ့။

လျှပ်စစ် ပစ္စည်း ဆိုတာ ကလည်း အသစ်ထွက်တိုင်း ဈေးကျလေ့ ရှိရာမှာ အကျဆုံးကတော့ မန်မိုရီ နဲ့ အိပ်စတာနယ် ဟာ့ဒစ်တွေ လို ့ပဲ ပြောရတော့မှာပါပဲ။ အပေါဆုံးကတော့ ထုံးစံအတိုင်း လူတွေခင်ဗျ၊ လူတွေ၊ ကြပ်ပိတ်သိပ်နေတာပါပဲ။ နေ့ခင်း သုံးနာရီခွဲလောက် ကသွားတာ စက်လှေကား ကိုတောင် ကြားမှာ ၂ မိနစ်လောက် လူတွေ ပေးမတက်ဘဲ ခြားခိုင်းသေးတယ်။ လူတွေ အများကြီးဖြစ်နေလို ့ ၁ နာရီလောက်နဲ့ ပြန်လည်ထွက်ခွာကြဖို ့ ဆန်းတက်စ် က တီဗီကြီး နဲ့ ပြသလို စပီကာတွေနဲ့လည်း တိုက်တွန်းထားတာ မြင်ခဲ့ ကြားခဲ့ရပါတယ်။

သုံးနာရီခွဲလောက်က သွားတာ ၆ နာရီခွဲလောက်မှ ပြန်ဖြစ်တယ်။ လူတွေ တိုးရလွန်းလို ့ ကိုယ်တွေလက်တွေ တောင်မှ နာတယ်။ ဒီတခေါက် တော်တော်တိုးရတဲ့ ပွဲကိုးလို ့ ခံစားရမိပါတယ်။ အရင်ပွဲတွေတုန်းကဆို ၂ ခေါက်လောက် သွားတာ။ ဒီတပွဲတော့ တခေါက်နဲ့ပဲ တော်ပါပြီဗျာ။ မိန်းမနဲ့လည်း လူချင်းမကွဲအောင် တွဲရသေးတာကလား။ လူအုပ်ကြားထဲ လူချင်းကွဲသွားမှဖြင့် ခက်ရချည်ရဲ ့။ လက်တော့ ထည့်တဲ့အိတ်ကလေးတွေ ဖုန်းထည့်တဲ့ အိတ်ကလေးတွေ ၅၀ ရာခိုင်းနှုန်းတောင် လျှော့နေလေရဲ့။ ပရင်တာတွေလည်း တော်တော်ဈေးချတယ်။ အယ်လ်စီဒီ မော်နီတာတွေလည်း ဈေးကျပြီးရင်းကျ နဲ့ အရင်တခေါက်က ဝယ်ထားမိတာတောင် နောင်တရသလိုလို။

စလုံးတွေက လူတွေများရင် သိပ်မတိုးချင်ဘူး မျှောလိုက်နေကြတယ်။ စာရေးသူတို ့ကတော့ လိုင်းကား တိုးစီးလာခဲ့သူတွေပဲ ပျင်းတောင်ပျင်းသေးတယ်။ တိုးတယ် တွန်းတယ် တိုက်တယ် ထွက်တယ်။ ဒါတောင် သုံးနာရီလောက်ကြာသွားတယ် မဟုတ်ရင် ဘယ်လောက်ကြာမလဲမသိဘူး။

မရောက်သေးရင်တော့ သွားကြည့်လိုက်ပါဦး၊ တိုးတက်တာပေါ့။ လူကြားထဲပြောပါတယ်။

အိုင်တီရှိုး ဈေးတွေကို အွန်လိုင်းမှာလည်း မသွားခင်ကြည့်လို ့ရပါတယ်။
စီနက် အိုင်တီရှီုး စပါယ်ရှယ်လင့်ခ် : CNET Asia IT Show 2009 Star Buys
ရှိသမျှ ကမ်းသမျှ လက်ကမ်းကြော်ငြာတွေကို စကန်ဖတ်တင်ထားတဲ့ bootstrike IT Show 2009 Price Lists and Brochures Listing
ဟာ့ဝဲလ်ဇုန် အိုင်တီရှိုး အထူး HardwareZone - IT Show 09 Discussion
HardwareZone - IT Show 09 Coverage

ညီမူရာ

Share

1 comments:

  1. အေးဗျာ အမေရိကားမှာလဲ စီးပွားကျတယ် တာပြောတာ နည်းပညာ ပစ္စည်းတွေကို လူလတ်တန်းစားတွေ ဝယ်ဝယ်နေတာ တွေ့တာပဲ အင်း ... ဒူကဘာလား? ... သူတို့လိုပဲ ဝယ်မိတာပါပဲ။

CBox

My CBox has been hijacked by some spammer. So, CBox has been removed. Sorry for inconvenience causes.