at Sunday, March 01, 2009 Labels: , Posted by nyimuyar

မနေ ့က အတူနေ ညီငယ်တယောက် က အိမ်မှာ ပုဇွန်ထုပ်ဟင်း ချက်တယ်။ ဒါနဲ့ပဲ ပုဇွန်ထုပ်ဟင်း ချက်စားချင်စိတ် အလွန်အမင်း ပေါ်ပေါက်လာပြီး ဈေးနဲနဲ ကြီးတဲ့ ပုစွန်ထုပ် ဟင်းချက်ဖြစ်သွားတယ်။

စလုံးရောက်ပြီးမှ ဒီတခါလောက်ကြီးတဲ့ ပုဇွန်တွေ မချက်ဖြစ်သေးပါဘူး။ ၄ ကောင်ကို ၉ ဒေါ်လာ စွန်းစွန်းပေးရတယ်။ ခါတိုင်း နဲနဲအကောင်ကြီးတဲ့ ပုဇွန်တောင်မှ ၁၅ ကောင်လောက်ကို ၄ ဒေါ်လာလောက်ပဲ ပေးရတာ။ အခု ၄ ကောင်ထဲကို ၉ ဒေါ်လာဆိုတော့ နှမြောစရာကြီးပေါ့။ စားချင်လွန်းလို ့ သာ ချက်ဖြစ်တာပါ။

လင်မယား နှစ်ယောက် ပုဇွန် လေးကောင် ကို ညမနက်စားကြတယ်ပေါ့။ စားနေရင်း နဲ့ ဆရာ မင်းလူရဲ ့ ပုစွန်ထုပ် ၃ ကောင်နဲ့ အဖွားကြီးတွေ အကြောင်း ၀တ ုတို အကြောင်း ပြောရင်းနဲ့ ရီမိကြသေးတယ်။ တော်သေးတာက ဒီနေ ့အိမ်ကို ဧည့်သည်မလာလို ့လေ။

ပုဇွန်ဟင်း နဲ့ လိုက်ဖက်မယ့် မုန်လာဥ ချဉ်ရည် ကိုလည်း သက်ထားက ချက်ပေးသေးတယ်။ အမှတ်တရ ပုဇွန်ထုပ် ဟင်းကို မှတ်တမ်းတင်ထား လိုက်ပါတယ်။ လမ်းကြုံတုန်းလေး ဝင်စားသွားပါဦးလား။




ညီမူရာ

Share

4 comments:

  1. အစ်မရေ ..
    လမ်းကြုံမဟုတ်ပါဘူး
    တမင်ဝင်ပြီး စားသွားတယ်။
    (အမှန်တော့် ငမ်းသွားတာ)

  1. ဂလု...

  1. good

  1. ဆရာမင်းလူ ဝတ္ထုထဲကလို ပုဇွန်ထုပ်ကို ဟိုပန်းကန်ပို့ ဒီပန်းကန်ပို့ ဖြစ်နေမှာစိုးလို့ စားချင်သော်လည်း ငေးရုံငေးပြီး လှည့်ပြန်သွားပါပြီလေ..

CBox

My CBox has been hijacked by some spammer. So, CBox has been removed. Sorry for inconvenience causes.