at Saturday, February 21, 2009 Labels: , Posted by nyimuyar

အလုပ်တွေရှုပ်ပြီး အရှုပ်တွေလုပ် နေရတာကြောင့် ခုတလော သိပ်မအားပါ။ ဒါပေမယ့် ဒီနေ ့တော့ မအားတဲ့ကြားထဲက သက်ထားက တိုဟူးကျိုမယ် ဆိုလို ့ ဓာတ်ပုံလေးတွေ ရိုက်ပြီး စာရေးဖြစ်ပါတယ်။

တလောက စီးတီးဟောရောက်တုန်း ပဲမှုန် ့အစိမ်းတထုပ် ဝယ်လာဖြစ်တယ်။ တိုဟူးကျိုမယ် ဆိုပြီး မအားတာနဲ့ လုပ်မစားဖြစ်လိုက်ပါဘူး။ ဒီကနေ ့မှ ပဲ အကောင်အထည် ဖော်ဖြစ်သွားတယ်။ ကျိုတဲ့နည်းကတော့ နေးတစ်မြန်မာက ကိုဇိုဇို ရဲ့ ၆ မိနစ်အမြန် ကျိုနည်းပါ။

လူ ၂ ဦးစာအတွက် ၆မိနစ် တိုဟူးကျိုနည်း

ပဲမှုန် ့ (ဆန်ချိန်ခွက်) နဲ့ ၂ ခွက်
ရေ (အဲ့ဒီဆန်ချိန်ခွက်နဲ့) ၄ခွက်ခွဲ
ပဲမှုန် ့ကို ရေနဲ သေချာ ခပ်ကြာကြာ မွှေလိုက်ပါတယ်။ ဇကာတွေက အပေါက်ကြဲနေလို ့ ဇိုဇိုကြီးရဲ ့နည်းလို ဇကာမတိုက်တော့ပါဘူး။
ဆား လက်ဖက်စားဇွန်း နဲ့ သုံးပုံတပုံ
စားဆော်ဒါ နည်းနည်း ရယ်
နနွင်းမှုန် ့ ဇွန်းဖျား လေးနဲ့ နည်းနည်း တခါထဲ ထည့်မွှေထားပါတယ်။

ပြီးတော့ အသားထူတဲ့ အိုးထဲမှာ ပဲအရည်တွေ ထည့်ပြီး မီးပြင်းဆုံးနဲ့ ၃ မိနစ် ခပ်သွက်သွက်မွှေရင်း ကျိုပါတယ်။ အရည်တွေ ပြစ်စပြုတဲ့ အနေက အဲ့ဒီ ၃ မိနစ်လောက်ဆို ရောက်ပါပြီ။ မီးကို ခပ်မြှင်းမြှင်း(အနည်းဆုံး) နဲ့ နောက်ထပ် ၃ မိနစ်လောက် မွှေရင်း ကျိုပါတယ်။





အရမ်းပြစ်လာပြီး ပဲအိုးထဲက အငွေ ့တွေ ထွက်လာပြီ ဆို မီးပိတ်ပြီး အအေးခံမယ့် ကော်ခွက်ထဲ လောင်းထည့် ခြစ်ချပါတယ်။ ရှိတဲ့ ကော်ခွက်တွေက သေးနေတော့ မဆံ့မှာ စိုးပြီး ရေခဲမုန် ့ ဝယ်စားတုန်းက ကော်ဘူး အပြာရောင် နဲ့ ထည့်အအေးခံထားပါတယ်။ အပေါ်မှာ မျက်နှာပြင်ချောအောင် ဆီသုတ်လိုက်ပါသေးတယ်။



တော်တော်ကြီး ကြာပြီး အားလုံး အေးသွားပြီဆိုမှ လှီးပြီး အသုတ် စပါယ်ရှယ်လစ် သက်ထားက တိုဟူးသုတ်ပါတော့တယ်။ ကိုယ်တိုင်ကျိုပြီး သုတ်တဲ့ တိုဟူးဆိုတော့ လတ်ဆတ်ပြီး အလွန်ပဲ စားလို ့ကောင်းပါတယ်။



အသေးစိတ် နည်းရေးပေးပြီး မျှဝေတဲ့ နေးတစ်မြန်မာက ကိုဇိုဇို ကို အထူးပဲ ကျေးဇူးတင်ပါကြောင်း နှင့် မူလ အစ ကျိုနည်း မျှပေးတယ်ဆိုတဲ့ မြန်မာကျူးပစ်က မပျိုမေ၊ မဆွီတီ တို ့ကိုလည်း ထပ်လောင်း ကျေးဇူးတင်ပါကြောင်း။


ညီမူရာ

Share

5 comments:

  1. ခြောက်မိနစ်နဲ့ ကျက်တယ်ဆိုလို့ အရမ်းပဲ စိတ်ဝင်စားသွားတယ်။ စားဆိုဒါ ထည့်တာရယ်၊ မျက်နှာပြင်ကို ဆီသုတ်တာရယ် မသိခဲ့ဘူး။ ကိုယ် ကျိုတုံးကတော့ တဗွက်ဗွက် ပွက်လာပြီး စင်တဲ့အခါ လက်တွေ အပူလောင်လွန်းလို့ ခဏခဏ လုပ်မစားဖြစ်တော့တာ။ တို့ဟူးသုတ် သိပ်ကြိုက်ပါတယ်။ ခုနည်းလေး စမ်းကြည့်ဦးမယ်။ ကျေးဇူးပါ။

  1. တိုဖူးကျိုနည်းအတွက် ကျေးဇူးပါ။ မျက်နှာပြင်ကို ဆီသုတ်ပြီး မလုပ်ဖူးဘူး။ စမ်းကြည့်ဦးမယ်။ :)

  1. တယ်ဟုတ်ပါလားဝေ့။

  1. ထို့ဟူးသုတ်လဲကောင်းတာပဲ။
    တောင်ကြီးထို့ဟူးနွေးကို ပိုစားချင်တယ်။

  1. ခရက်ဒစ်ပေးထားတာတွေ့လို့ ကျေးဇူးတင်ပါကြောင်း။

CBox

My CBox has been hijacked by some spammer. So, CBox has been removed. Sorry for inconvenience causes.