at Tuesday, February 10, 2009 Labels: , Posted by nyimuyar



တိုင်းတပါးမှာ နေတဲ့သူတိုင်း အနည်းနဲ့အများ ဆိုသလို မြန်မာပြည်ကို ဖုန်းခေါ်ရခက်တဲ့ ဒုက္ခခံစားဖူးကြမှာပါ။ တချိန်တခါက စာရေးသူလည်း အဲ့ဒီဒုက္ခတွေကို ကောင်းကောင်းကြီးခံစားဖူးပါတယ်။ အဲဒီတုန်းက သွားရတဲ့ နိုင်ငံကလည်း စလုံးလို မြန်မာပြည်ကို ခေါ်တဲ့ ဖုံးကဒ်တွေက မပေါ၊ ဖုံးကဒ်တွေကလည်း ပေါ်ပင်လေးတွေကို စမ်းတဝါးဝါးဝယ်ပြီး အများပြည်သူသုံး ဖုံးတွေကနေ ခေါ်ရတာပေါ့။

နောက်ပြီး စာရေးသူ ဖုံးဆက်မယ် အီးမေးလ်နဲ့ ကြိုချိန်းထားရင် သက်ထားက ဖုံးဆိုင်မှာ သွားသွားစောင့်ရတာပေါ့၊ တခါတလေ ဖုံးကဒ်ကြောင့် ဒါမှမဟုတ် ဘာမှန်းမသိတဲ့ မည်သို ့မည်ပုံ ဖြစ်သည်မသိ ဆိုတဲ့ အကြောင်းအချက်တွေကြောင့် ခေါ်တဲ့သူလည်း စိတ်မော။ စောင့်ရတဲ့သူလည်း စိတ်မော ဆိုတာတွေ ဖြစ်ကြပါတယ်။

ဒါနဲ့ပဲ အဲဒီတုန်းက ကဗျာဉာဏ်တွေကလည်း တယ်ကွန့်မြူးဆိုတော့ (နုစဉ် အခါတုန်းကပေါ့ဗျာ) ကဗျာ စာတွေ စပ်လိုက်ရောဆိုပါတော့။ ရန်ကုန် ပြန်တုန်း ဟိုဟိုဒီဒီ လျှောက်ဖွရင်း သက်ထား သိမ်းထားတဲ့ ကဗျာအချို ့ရေးထားတဲ့ စာအုပ်ရယ် အခြားကော်ပီတွေရယ် ပြန်တွေ ့လို ့ ဒီမှာ တင်လိုက်ပါတယ်။ အခြားနေရာတွေ မှာလည်း တချိန်တုန်းက တင်ဖူးပါတယ်။ ဆိုဒ်တွေ ပျက်သွားတာနဲ့ ဒေါင်းတာနဲ့ ပြန်ရှာမရ ဖြစ်ဖူးပါတယ်။

ခုတော့လည်း နည်းပညာတွေ တိုးတက်ပြီး pfingoး နဲ့ အခြား နည်းပညာကောင်းများရဲ ့ကျေးဇူးကြောင့် ဖုန်းခေါ်သူတွေ ဆက်သွယ်ရတဲ့သူတွေ အဆင်တွေ ပြေကုန်ကြတယ် ဆိုတော့ ဝမ်းသာမိပါတယ်။

မျှော်သူရင်မှာမော (၂)

နာရီကို ကြည့် စောင့်နေမိ
ခုချိန်ဆို ခေါ်သင့်ပြီ
မျှော်လင့်သူ ရင်ထဲ ...

ခေါ်သံမကြား ဖုန်းလေးနား
မျှော်ကာဇောနဲ ့ မောနေသူ
ဘယ်သူလာလို ့ နှစ်သိမ့်မယ် ...

ဖုနး်ခေါ်သံတိတ် စိုးရိမ်စိတ်နှင့်
ဆိတ်ဆိတ် ရင် ထဲ မျက်ရည်ဝဲလို ့
ရတက်ပွေ သောကနဲ့ ပူပန်ရသူလေးကို
အချစ်ရယ် ရက်စက်နိုင်အား ...

(၁၆ ဂျူလိုင် ၂၀၀၅)
-----------------------------

ခေါ်သူရင်မှာ ဇော

နာရီကိုကြည် ့ ခေါ်နေမိ
ခေါ်နေမိ အကြိမ်ကြိမ်ရှိ
ဒီချိန်ဆို သူကလေး
မျှော်နေမှာ သိနေလို ့
ဘယ်လိုပင် ကြိုးစားလည်း
ခေါ်လို ့မရ ထွက်ဒေါသ
ခေါ်လို ့မရ ထွက်ဒေါသ ...

ငါခေါ်တာ ချစ်သူနား
ရောက်သွားတာက တခြား
အလွတ်ရ နံပါတ်အား
နှိပ်လိုက်တာ အမှန်ဗျား
ပြန်ဖြေတာ နံပါတ်အမှား
ထည့်လိုက်ရတဲ့ အကြွေစေ ့များ
ထည့်လိုက်ရတဲ့ အကြွေစေ့များ ...

မတွေ ့ရတဲ ့ ချစ်သူရဲ ့
အသံလေးတော့ ကြားချင်တယ်
အိုင်ဒီဒီ ပရိုဗိုက်တာရယ်
ဒီတခါကူညီကွယ်
စိတ်လောလို ့ မောပြီတကယ်
စိတ်လောလို ့ မောပြီတကယ် ...

စိတ်ဓာတ်တွေ ပြုတ်ကျ
ဖုန်းခွက်ကို ဆောင့်ချ
သေချာပြီ ခေါ်မရ
ဆောက်တည်ရာ မရ
သူ ့ကိုလေ သတိရ
သူ ့ကိုလေ သတိရ ...

မျှော်နေတဲ့ သူ ့မျက်နှာ
စိတ်အစဉ်မှာ စွဲထင်လာ
မျှော်သူရင်မှာ မောနေမလား
မျှော်သူရင်မှာ မောနေမလား ...

ခေါ်သူရင်မှာ ဇောတွေကပ်
အလွမ်းတွေက အတောမသတ်
ကြားချင်တဲ့ ချစ်သူ ့အသံ
မကြားရတော့ ဒေါတွေကန်
ခြေလှမ်းတွေက မမှန်
ရင်မှာလေ မုန်တိုင်းထန်
ရင်မှာလေ မုန်တိုင်းထန် ...

ဒါတွေကို သူသိမလား
မေးခွန်းတွေ ကများ
စောင့်နေတဲ့ ချစ်သူကို သနား
ဖုန်းကဒ်အသစ် အလကား
နောက်ဆုံးမတော့
လေလှိုင်းရယ် မင်းရက်စက်သွား
လေလှိုင်းရယ် မင်းရက်စက်သွား ...

(၁၈ ဂျူလိုင် ၂၀၀၅)
--------------------------
ဒုတိယ ကဗျာ ကို သက်ထားက ဘယ်လိုကြီးလည်း ကဗျာနဲ့လည်း မတူဘူးဆိုလို ့ Rap တီးလုံး နဲ့ နားထောင်လေ လို ့ ပြောဖြစ်သေးတယ်။

အခုတော့လည်း နှစ်ယောက်သား ပြန်ဖတ်ရင်း ပြုံးကြ ကြည်နူးကြပေါ့။

အဲ့ဒီအချိန် ကဗျာရေးတုန်း က ငြိမ်းကို ဆိုပြီး ကဗျာတွေ အဆုံးမှာ ရေးတယ်။ အဲ့ဒီ ထက် ရှေးကျတဲ့ ကဗျာတွေ ကျတော့ စာလုံးသုံးလုံး နဲ့ ကဗျာတွေ အဆုံးမှာ သုံးတယ်။ ခုတော့ ရက်စွဲပဲ ရေးလိုက်ပါတယ်။

ညီမူရာ

Share

3 comments:

  1. အော်.. ငြိမ်းကို ဆိုတာ ညီမူရာကိုး...

  1. အခုမှ သိတယ်။ ကြည့်စမ်း

  1. အခုတော့ ကောင်းမှကောင်းပဲ။ Pfingo နဲ့ Internet SMS နဲ့ ဆိုတော့ အရင်ကထက် စာရင် အများကြီး အဆင်ပြေသွားပြီ။

CBox

My CBox has been hijacked by some spammer. So, CBox has been removed. Sorry for inconvenience causes.