at Saturday, February 07, 2009 Labels: , Posted by nyimuyar




အဌမမြောက် ကမ္ဘာ့အံ့ချီးဖွယ် တခုဖြစ်လာမယ့် ကမ္ဘာ့ ဝိပဿနာ စေတီတော်မြတ်ကြီးကို အိန္ဒိယနိုင်ငံ အနောက်ဖက် စီးပွားရေးမြို့တော် ဖြစ်တဲ့ မွန််ဘိုင်းမြို ့(ယခင် ဘုံဘေမြို့) မှာ ဒီကနေ ့ ၂၀၀၉ ခု ဖေဖော်ဝါရီလ ၇ ရက်နေ ့ နဲ့ ၈ ရက်နေ့များမှ စတင်ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။

ကမ္ဘာ့ ဝိပဿနာ စေတီတော်မြတ်ကြီး ကို စတင် တည်ထားဖို ့ ဦးဆောင်ခဲ့တာကတော့ မြန်မာနိုင်ငံသား ဝိပဿနာ တရားပြဆရာ မဟာသဒ္ဓမ္မဇောတိကဓဇ ဂုရုကြီး ဦးဂိုအင်ကာ ပဲ ဖြစ်ပါတယ်။ မွန််ဘိုင်းမြို့ မြောက်ဖက်မှာ တည်ရှိတဲ့ ဂိုရိုင်းချောင်းဘေးက ဂိုရိုင်းကျွန်း (Gorai Island) ပေါ်မှာ စီးပွားရေးလုပ်ငန်းရှင် တဦးလှူဒါန်းထားတဲ့ အမေရိကန် ဒေါ်လာ ၅ သန်းတန် မြေ ၁၁ ဧက ပေါ်မှာ ၁၉၉၇ ခုနှစ်မှာ စတင်ပြီး တည်ထားခဲ့တာပါ။


စေတီတော်ကြီး ကို မြန်မာနိုင်ငံမှာ ရှိတဲ့ ရွှေတိဂုံ စေတီတော်ကြီး ပုံအတိုင်း တည်ထားတာဖြစ်ပြီး၊ ရွှေတိဂုံ စေတီတော်ကြီးကို ပူဇော်သော အားဖြင့် မူလ ရွှေတိဂုံ စေတီတော်ကြီးထက် အမြင့်ပေ ၁ ပေ နှိမ့်ချပြီး ၃၂၅ ပေ အမြင့်သာ တည်ထားတာ ဖြစ်ပါတယ်။

အမြင့်ပေ ၃၂၅ ပေ။ အကျယ်အဝန်း အချင်း ပေ ၂၈၀ နဲ့ မြေ ၁၁ ဧကပေါ်မှာ တည်ထားတဲ့ ကမ္ဘာ့ ဝိပဿနာ စေတီတော်မြတ်ကြီး ရဲ ့ အထူးခြားဆုံး အချက်ကတော့ အတွင်း အောက်ဖက်မှာ လှိုဏ်ဂူ ပုံစံ တည်ဆောက်ထားပြီး ဒေါက်တိုင် တခုမှ မပါဘဲ၊ သံကူကွန်ကရစ်လည်း လုံး၀မသုံးဘဲ ကျောက်တုံး၊ ကျောက်သား ချည်း သက်သက် ဖြင့် ကျောက်တုံး အချင်းချင်း ချိတ်ဆက်ကျားကန်ကာ တိုင်မဲ့ တည်ထားတာ ဖြစ်ပါတယ်။ ရှေးခေတ် နည်းပညာနဲ့ ခေတ်ပေါ် အင်ဂျင်နီယာ ပညာများပေါင်းစပ် တည်ထားတာ ဖြစ်ပြီး၊ ဂုရုကြီးက နောင် နှစ်ပေါင်း ၂၀၀၀ လောက်ထိအောင် မပျက်မယွင်း တည်တံ့အောင် ရည်ရွယ် ဆောက်လုပ်ထားတာ ဖြစ်တယ်လို ့ ဆိုပါတယ်။

ဒါကြောင့်လည်း ကျောက်သားချည်း သက်သက် တည်ဆောက်ထားသော အကြီးဆုံး ဒေါက်တိုင်မဲ့ လိုဏ်ဂူကြီး အဖြစ် အဌမမြောက် ကမ္ဘာ့အံ့ချီးဖွယ် ဖြစ်လာနိုင်တယ်လို ့ ဆိုကြတာဖြစ်ပါတယ်။

အဲ့ဒီ လိုဏ်ဂူပုံစံ ဒေါက်တိုင်မပါတဲ့ စေတီအောက်ဖက်က ခန်းမ ဆောင်ကြီးထဲမှာ ဝိပဿနာ တရားအားထုတ်တဲ့ ရောဂီ ၈၀၀၀ (ရှစ်ထောင်) တပြိုက်နက် တရားအားထုတ်နိုင်မှာ ဖြစ်ပြီး လိုဏ်ဂူရဲ ့အကျယ်အဝန်းက စတုရန်းမီတာ ၆၀၀၀ (စတုရန်းပေ ၆၄၅၈၃) ကျယ်ဝန်းပါတယ်။ လိုဏ်ဂူပေါ်က စေတီတော်မှာ ဂေါတမ ဗုဒ- ရဲ ့ ဓာတ်တော်များကို ဌာပနာထားတာဖြစ်ပါတယ်။ စေတီတော်ကြီးမှာ အရံစေတီငယ် ၂ ဆူပါဝင်ပါတယ်။



စေတီတော်ကြီးကို ဂုရုကြီး ဦးဂိုအင်ကာ ရဲ ့ ဆရာရင်း၊ တရားပြဆရာကြီး ဦးဘခင် ရဲ ့ ကျေးဇူးတရားတွေကို အမှတ်ရ အောက်မေ့သော အားဖြင့် ဆရာကြီး ဦးဘခင် စိတ်ဆန္ဒ အပြင်းပြဆုံး ဖြစ်တဲ့ သာသနာ စတင်ခဲ့ရာ အိန္ဒိယနိုင်ငံ မှာ သာသနာ တခေတ်ပြန်လည်ထွန်းတောက် စေရမည် ဆိုတဲ့အတိုင်း ပြန်လည် ဖြန့်ဝေခြင်းဖြစ်ပြီး ဆရာကြီး ဦးဘခင်ရဲ ့ ကျေးဇူးတရားတွေကို ပူဇော်တာလည်း ဖြစ်ပါတယ်။

ရန်ကုန်မြို ့ အပြည်ပြည်ဆိုင်ရာ ပဋိပတ ိလုပ်ငန်းဌာန (အိုင်အမ်စီ) မှာ ဆရာကြီး ဦးဘခင် တည်ထားကိုးကွယ်ထားတဲ့ ဓမ္မရောင်ခြည်စေတီတော် ကို ပူဇော်သော အားဖြင့် စေတီတော်ကြီး ရဲ ့ အတွင်း အောက်ဖက်မှာ လိုဏ်ဂူပုံ တည်ထားခဲ့တာဖြစ်ပါတယ်။

စေတီတော်ကြီးကို ၁၁ နှစ်အတွင်း ကြိုးစား တည်ထားခဲ့တာဖြစ်ပြီး ကုန်ကျစားရိတ်ကတော့ အိန္ဒိယနိုင်ငံ သုံး ရူပီးငွေ သန်း ၈၀၀ (၈၀ ကုဋေ) (အမေရိကန် ဒေါ်လာ ၁၆.၄၃ သန်း နီးပါး) သုံးစွဲထားတာ ဖြစ်ပါတယ်။

သီရိလင်္ကာနိုင်ငံ ဆံချည် အရပ်ကနေ သီရိလင်္ကာ ဝန်ကြီးချုပ်ကိုယ်တိုင် ပင့်ဆောင်လှူဒါန်းတဲ့ ဗုဒ- ရဲ ့ အရိုး ဓာတ်တော်များ နဲ့ ဌာပနာပြု တည်ထားကိုးကွယ်ထားတဲ့ ဒီ ကမ္ဘာ့ ဝိပဿနာ စေတီတော်မြတ်ကြီး ကို ခရစ်နှစ် ၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ ့မှာ အပြီးသတ်နိုင်ခဲ့ပါတယ်။ ပထမဆုံး ဝိပဿနာ တရားစခန်း အဖြစ် ၁ ရက် တရားစခန်းကို ၂၀၀၈ ခု ဒီဇင်ဘာလ ၂၁ ရက်နေ ့မှာ ဂုရုကြီး ဦးဂိုအင်ကာ ဦးစီးကာ ကမ္ဘာ အရပ်ရပ်က တရားရောဂီ ၈၀၀၀ နဲ့ စတင်ဖွင့်လှစ်လိုက်ပါပြီ။



ဒီကနေ ့ ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ အိန္ဒိယနိုင်ငံ သမ္မတ ပရာတီ ဘာတေး က တရားဝင်ဖွင့်လှစ်ပေးမှာ ဖြစ်ပြီး ထီးတင်ပွဲကို လည်း တရက်ထဲမှာ မြန်မာရိုးရာ ဓလေ့ထုံးစံများအတိုင်း တင်လှူ ပူဇော်မှာ ဖြစ်ပါတယ်။ စေတီတော်ကြီး အတွက် မြန်မာမှု ပန်းချီ နဲ့ အနုလက်ရာများကို မြန်မာနိုင်ငံမှ ပညာရှင်များက ပြုလုပ်ပေးတာဖြစ်ပြီး ငှက်မြတ်နားတော် ကိုလည်း မြန်မာနိုင်ငံမှပဲ ပြုလုပ်ပေးထားတာ ဖြစ်ပါတယ်။ ငှက်မြတ်နားတော်နှင့် စိန်ဖူးတော်အား လေယာဉ်ပျံဖြင့် ၂ဝဝ၉ ခု ဇန်နဝါရီလ(၂၆) ရက်ခန့်တွင် အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့သို့ပို့ဆောင်ပြီး ထီးတော်မြတ်အားသင်္ဘောဖြင့် ပို့ဆောင်ခဲ့တယ် ဆိုပါတယ်

စေတီတော်ကြီးကို နှစ်စဉ် ဘုရားဖူး ၁ သိန်းခန် ့ လာရောက်ဖူးမြော် ကြည်ညိုကြမယ်လို ့လည်း ခန့်မှန်းထားကြပါတယ်။ ကမ္ဘာလှည့် ခရီးသွားများ အထူး စိတ်ဝင်စားကြမယ်လို ့လည်း သက်ဆိုင်ရာ က မှန်းထားကြပါတယ်။

စေတီတော်ကြီး တည်ထားမှုကို ဦးစီးတဲ့ တရားပြဆရာ ဂုရုကြီး ဦးဂိုအင်ကာ သည် မြန်မာနိုင်ငံသား အိန္ဒိယနွယ်ဖွား ထင်ရှားကျော်ကြားတဲ့ စီးပွားရေးသမားကြီး တဦးဖြစ်ခဲ့ပြီး ယခု ဗန-ုလ အင်တာနေရှင်နယ် လီမိတက် ပိုင်ရှင်တွေရဲ ့ ဖခင်ကြီးပါ။ ဂုရုကြီးကို ၁၉၂၄ ခုနှစ်မှာ အထက်မြန်မာပြည်မြိုတော် မန လေးမှာ ဖွားမြင်ခဲ့တာပါ။ ဂုရုကြီးတို ့ သာသနာပြု ဇနီးမောင်နှံမှာ သား ၆ ဦး ထွန်းကားပါတယ်။

ညီမူရာ

စေတီတော်ကြီး ဖွင့်ပွဲ အခမ်းအနား ဗီဒီရို ဖိုင် ဖေဖော်ဝါရီ ၈ ၂၀၀၉ခု၊
ဖေဖော်ဝါရီ ၇ ရက်နေ ့မှာ ထီးတင်ပါတယ်။ ၈ ရက်နေ ့မှာ အများပြည်သူ အတွက် ဖွင့်လှစ်ပါတယ်။


all photos from: globalpagoda.org
Reference: Global Pagoda
: S.N Goenka
: Sons of Goenka
: ဓမ္မဇောတိ တရားရိပ်သာ (ရန်ကုန်၊ ငါးထပ်ကြီးဘုရားလမ်း) Dhamma Joti
: Dhamma

Share

2 comments:

  1. GREAT !

  1. I am proud of being a buddhist and feel very lucky.

CBox

My CBox has been hijacked by some spammer. So, CBox has been removed. Sorry for inconvenience causes.