at Saturday, February 28, 2009 Labels: , Posted by nyimuyar



BLE Joo Koon Location Map (from LTA)

Image from Land Transport Authority, Singapore



အစိမ်းလိုင်း ဘွန်းလေး ဘူတာကနေ ထပ်မံ တိုးချဲ့ထားတဲ့ (BLE) ကြို ့ကုန်း Joo Koon ဘူတာအထိ ၃.၈ ကီလိုအရှည်ရှိတဲ့ ရထားလမ်းပိုင်းဟာ ယနေ ့နံနက် ၅ နာရီခွဲမှာ စတင် အသက်ဝင်လာပြီဖြစ်ပါတယ်။

စင်ကာပူ ပို ့ဆောင်ရေး ဝန်ကြီး နဲ့ အဖွဲ့က ဘွန်းလေးကနေ တိုးချဲ ့ပြေးဆွဲမယ့် ဘူတာ ၂ ခုဖြစ်တဲ့ ပိုင်အိုးနီးယား နဲ့ ကြို ့ကုန်း ဘူတာ လမ်းပိုင်းကို တရားဝင်အဖြစ် ပိုင်အိုးနီးယား ဘူတာမှာ ၂၇ ရက် ဖေဖော်ဝါရီ နေ ့လယ် ၁ နာရီ မှာ အခမ်းအနားနဲ့ ဖွင့်လှစ်ပေးလိုက်တာ ဖြစ်ပါတယ်။

တိုးချဲ ့လမ်းပိုင်းကို ပထမဆုံး ပြေးဆွဲမယ့် ရထားဟာ ၂၈ ဖေဖော်ဝါရီ (ဒီကနေ ့) မနက် ၅ နာရီ ၂၈ မိနစ် တိတိမှာ စတင် မောင်းနှင်ပြေးဆွဲမယ်လို ့ သတင်းထုတ်ပြန်ထားပါတယ်။

လူပေါင်း ၃သောင်းခွဲ ကျော်လောက် အချိန်ကုန် သက်သာ ချောမွေ ့စေတဲ့ အကျိုးခံစားခွင့်တွေ ရရှိတဲ့ ကြို ့ကုန်း တိုးချဲ့လမ်းပိုင်း ကို ၂၀၀၅ ခုနှစ် သြဂုတ်လမှာ စတင်ခဲ့တာဖြစ်ပြီး စင်ကာပူဒေါ်လာ ၄၃၆သန်း (ဘီလျှံ ၄၀) ကုန်ကျခဲ့တာ ဖြစ်ပါတယ်။

အစိမ်းလိုင်း အရှေ ့က အနောက်ပြေးဆွဲတဲ့ ရထားလမ်းပိုင်းဟာ ယခုဆိုရင် ၄၉.၂ ကီလိုမီတာ အရှည် နဲ့ ၃၁ ဘူတာ ရှိသွားပြီဖြစ်ပါတယ်။ ယခင် To Boon Lay လို ့ စာတန်းထိုးတဲ့ နေရာတွေ တံဆိပ်ကပ်ထားတဲ့ ဘူတာ က နေရာတွေ အားလုံးလည်း To Joo Koon လို ့ ပြောင်းလဲရေးထားပြီ ဖြစ်ပါတယ်။ ရထားတွေ ပေါ်က ဘူတာပြ မြေပုံတွေ ကိုလည်း မကြာမီ အချိန်တို အတွင်းမှာ အပြီးသတ် လဲလှယ်သွားမယ် လို ့ သတင်းတွေ ထုတ်ပြန်ထားတာ တွေ ့ရပါတယ်။



photo by Icemoon


၁၉၉၀ မှာ စတင်ဖွင့်လှစ် ပြေးဆွဲတဲ့ အစိမ်းလိုင်းရဲ ့ အနောက်ဖက် အဆုံး ဘူတာ ဖြစ်တဲ့ ဘွန်းလေး ဟာ ယနေ ့ကစပြီး နောက်ဆုံးဘူတာ မဟုတ်တော့ပါဘူး။ သူ ့အစား ကြို ့ကုန်း ဘူတာ က နောက်ဆုံး ဘူတာ အဖြစ် ပြောင်းလဲ နေရာယူသွားပြီ ဖြစ်ပါတယ်။

ညီမူရာ

Share

3 comments:

  1. ၄၃၆သန်း = (ဘီလျှံ ၄၀) ?

    ၄၃၆,၀၀၀ ၀၀၀ = ၄၀,၀၀၀ ၀၀၀ ၀၀၀

    What r u trying to say ?
    I just cannot get it!
    Damn

  1. The overall project cost will be about S$436 million.

    According to LTA ( Singapore ).

    http://app.lta.gov.sg/corp_press_content.asp?start=1138

  1. thanks ngapiy

CBox

My CBox has been hijacked by some spammer. So, CBox has been removed. Sorry for inconvenience causes.